< Êxodo 20 >
1 Deus falou todas estas palavras, dizendo:
၁ထိုအခါ ဘုရားသခင် မိန့်တော်မူသော စကားများဟူမူကား၊
2 “Eu sou Yahweh, vosso Deus, que vos tirei da terra do Egito, da casa da servidão”.
၂ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
3 “Vocês não terão outros deuses diante de mim.
၃ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
4 “Não fareis para vós mesmos um ídolo, nem qualquer imagem de algo que esteja nos céus acima, ou que esteja na terra abaixo, ou que esteja nas águas debaixo da terra:
၄အထက်မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ် မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသော အရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။
5 não vos inclinareis diante deles, nem os servireis, pois eu, Javé vosso Deus, sou um Deus ciumento, visitando a iniqüidade dos pais sobre os filhos, sobre a terceira e quarta geração daqueles que me odeiam,
၅ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင်၌အပြစ်ရှိသည် ဟု ယုံလွယ်သောဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက် တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊
6 e demonstrando amorosa bondade para com milhares daqueles que me amam e guardam meus mandamentos.
၆ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင်၊ ကရုဏာကို ပြသော ဘုရားဖြစ်၏။
7 “Você não usará indevidamente o nome de Javé, seu Deus, pois Javé não o considerará sem culpa quem usar indevidamente seu nome.
၇သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ။
8 “Lembre-se do dia de sábado, para mantê-lo santo.
၈ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို အောက်မေ့လော့။
9 Você trabalhará seis dias e fará todo o seu trabalho,
၉ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။
10 mas o sétimo dia é um sábado para Yahweh seu Deus. Não trabalharás nele, nem tu, nem teu filho, nem tua filha, nem teu servo, nem tua serva, nem tua serva, nem teu animal, nem teu estrangeiro que está dentro de tuas portas;
၁၀သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။
11 pois em seis dias Javé fez o céu e a terra, o mar e tudo o que neles há, e descansou no sétimo dia; portanto Javé abençoou o sábado, e o santificou.
၁၁အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင် ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။
12 “Honre seu pai e sua mãe, para que seus dias sejam longos na terra que Yahweh seu Deus lhe dá.
၁၂သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည် အကြောင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။
13 “Você não deve assassinar.
၁၃လူအသက်ကို မသတ်နှင့်။
14 “Você não cometerá adultério.
၁၄သူ့မယားကို မပြစ်မှားနှင့်။
15 “Você não deve roubar.
၁၅သူ့ဥစ္စာကို မခိုးနှင့်။
16 “Você não deve prestar falso testemunho contra seu próximo.
၁၆ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကို မခံနှင့်။
17 “Você não cobiçará a casa de seu vizinho. Não cobiçarás a mulher de teu vizinho, nem seu servo, nem sua criada, nem seu boi, nem seu burro, nem nada que seja de teu vizinho”.
၁၇ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။
18 Todas as pessoas perceberam os trovões, os relâmpagos, o som da trombeta e o fumo da montanha. Quando as pessoas o viram, tremeram, e ficaram à distância.
၁၈လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွှေ့၍ အဝေး၌ ရပ်နေကြ၏။
19 Disseram a Moisés: “Fale conosco e nós mesmos escutaremos; mas não deixe Deus falar conosco, para que não morramos”.
၁၉မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။
20 Moisés disse ao povo: “Não tenhais medo, pois Deus veio para vos testar, e que seu temor esteja diante de vós, para que não pequeis”.
၂၀မောရှေကလည်း၊ မစိုးရိမ်ကြနှင့်။ သင်တို့ကို စုံစမ်းခြင်းငှာ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှာ၎င်း၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အား ပြောဆို၏။
21 O povo ficou à distância, e Moisés se aproximou da escuridão espessa onde Deus estava.
၂၁လူများတို့သည်လည်း အဝေး၌ ရပ်နေကြ၏။ မောရှေမူကား၊ ဘုရားသခင်ရှိတော်မူရာ ထူထပ်သော မှောင်မိုက်သို့ ချဉ်းကပ်လေ၏။
22 Yahweh disse a Moisés: “Isto é o que vocês dirão aos filhos de Israel: 'Vocês mesmos viram que eu falei com vocês do céu'.
၂၂ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့အား ပြန်ပြောရသော စကားဟူမူကား၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ။
23 Certamente não fareis deuses de prata ou deuses de ouro para vós mesmos estarem ao meu lado”.
၂၃ငါ့ကို ကိုးကွယ်သောအမှု၌ ကိုယ်သုံးဘို့ ငွေဘုရား၊ ရွှေဘုရားကို မလုပ်ရ။
24 Fareis um altar de terra para mim, e nele sacrificareis vossos holocaustos e vossas ofertas pacíficas, vossas ovelhas e vosso gado. Em todos os lugares onde eu gravar meu nome, virei até vós e vos abençoarei.
၂၄ငါ့အဘို့ မြေယဇ်ပလ္လင်ကို တည်ရမည်။ ထိုပလ္လင်ပေါ်မှာ သင်၏မီးရှို့သောယဇ်၊ မိဿဟာယယဇ် တည်းဟူသော သင်၏သိုးနွားတို့ကို ယဇ်ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့နာမကို ကိုးကွယ်ရာအရပ်ခပ်သိမ်းတို့၌၊ သင့်ဆီသို့ ငါကြွလာ၍ ကောင်းကြီးပေးမည်။
25 Se me fizerdes um altar de pedra, não o construireis de pedras cortadas; pois se levantardes vossa ferramenta sobre ele, vós o poluístes.
၂၅သင်သည် ကျောက်ယဇ်ပလ္လင်ကို ငါ့အဘို့ တည်လျှင်၊ ဆစ်သောကျောက်ကို မတည်ရ။ သံတန်ဆာပါ၍ တည်သောယဇ်ပလ္လင်သည် ညစ်ညူးခြင်းရှိ၏။
26 Não subireis por degraus até meu altar, para que vossa nudez não seja exposta a ele”.
၂၆သင်၌ ရှက်စရာအကြောင်း မထင်မပေါ်စေခြင်းငှာ၊ ယဇ်ပလ္လင်ပေါ်သို့ လှေကားဖြင့် မတက်ရဟု မိန့်တော်မူ၏။