< Êxodo 19 >
1 No terceiro mês após os filhos de Israel terem saído da terra do Egito, nesse mesmo dia eles entraram no deserto do Sinai.
၁ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည် မှထွက်ခွာလာပြီးနောက် တတိယလ၊ တစ်ရက် နေ့တွင်သိနာဟုခေါ်သောတောကန္တာရသို့ ရောက်ရှိလာကြ၏။-
2 Quando partiram de Rephidim, e chegaram ao deserto do Sinai, acamparam no deserto; e ali Israel acampou diante da montanha.
၂သူတို့သည်ရေဒိမ်အရပ်မှထွက်ခွာလာပြီး နောက် သိနာတောကန္တာရသို့ဝင်ရောက်ကြ ပြီးတောင်ခြေရင်းတွင်စခန်းချကြသည်။-
3 Moisés subiu a Deus, e Javé o chamou para fora da montanha, dizendo: “Isto é o que você dirá à casa de Jacó, e dirá aos filhos de Israel”:
၃မောရှေသည်ဘုရားသခင်ကိုဖူးတွေ့ရန် တောင်ပေါ်သို့တက်လေ၏။ တောင်ပေါ်တွင်ထာဝရဘုရားသည်မောရှေ ကိုခေါ်၍၊ ယာကုပ်၏အဆက်အနွယ်ဣသ ရေလအမျိုးသားတို့အားဆင့်ဆိုခိုင်း သည်ကား၊-
4 'Vocês viram o que eu fiz aos egípcios, e como eu os aborreci nas asas das águias, e os trouxe até mim.
၄``ငါသည်အီဂျစ်အမျိုးသားတို့အားမည်ကဲ့သို့ ဒဏ်ခတ်ခဲ့ပုံကိုလည်းကောင်း၊ လင်းယုန်ငှက်၏ အတောင်များဖြင့်သယ်ဆောင်သကဲ့သို့၊ ငါသည် သင်တို့ကိုဘေးမဲ့လုံခြုံစွာသယ်ဆောင်ခဲ့ပုံ ကိုလည်းကောင်းသင်တို့မြင်ရကြပြီ။-
5 Portanto, agora, se de fato obedecerdes à minha voz e guardardes o meu pacto, então sereis minha própria posse entre todos os povos; pois toda a terra é minha;
၅သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
6 e sereis para mim um reino de sacerdotes e uma nação santa”. Estas são as palavras que falareis aos filhos de Israel”.
၆သင်တို့သည်ငါ့အတွက်သီးသန့်ထားသော လူမျိုး၊ ငါ၏အမှုတော်ကိုဆောင်ရွက်သော ယဇ်ပုရောဟိတ်များဖြစ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အားပြောလော့'' ဟုမိန့်တော်မူ၏။-
7 Moisés veio e chamou os anciãos do povo, e pôs diante deles todas estas palavras que Iavé lhe ordenou.
၇သို့ဖြစ်၍မောရှေသည်တောင်ပေါ်ကဆင်းလာ ခဲ့ပြီးလျှင် ခေါင်းဆောင်များကိုဆင့်ခေါ်၍ ထာဝရဘုရားမိန့်မှာတော်မူသမျှကို ပြောကြားလေ၏။-
8 Todas as pessoas responderam juntas, e disseram: “Tudo o que Javé falou, nós faremos”. Moisés relatou as palavras do povo a Yahweh.
၈ထိုအခါလူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်မှာတော်မူသမျှကိုလိုက် နာပါမည်'' ဟုတညီတညွတ်တည်းပြောကြား ကြ၏။ မောရှေသည်လည်းလူအပေါင်းတို့၏ ဖြေကြားချက်ကိုထာဝရဘုရားထံလျှောက် ထားလေ၏။
9 Yahweh disse a Moisés: “Eis que venho a ti numa nuvem espessa, para que o povo possa ouvir quando eu falar contigo, e possa também acreditar em ti para sempre”. Moisés disse as palavras do povo a Iavé.
၉ထာဝရဘုရားက မောရှေအား``သင်နှင့်ငါ ပြောသောစကားကိုလူတို့သည်ကြား၍၊ သင့် ကိုယခုမှစ၍ယုံကြည်လာကြစေရန် ငါ သည်ထူထပ်သောမိုးတိမ်တိုက်ဖြင့်သင့်ထံ ကြွလာမည်'' ဟုမိန့်တော်မူ၏။ မောရှေသည်လူတို့ဖြေကြားချက်ကို ထာဝရ ဘုရားထံလျှောက်ထားလေ၏။-
10 Yahweh disse a Moisés: “Ide ao povo, e santificai-os hoje e amanhã, e deixai-os lavar suas vestes,
၁၀ထာဝရဘုရားကမောရှေအား``လူအပေါင်း တို့အား ထာဝရဘုရားကိုဝတ်ပြုကိုးကွယ် ရန်ပြင်ဆင်သည့်အနေဖြင့် ယနေ့နှင့်နက်ဖြန် နေ့တွင်မိမိတို့ကိုယ်ကိုသန့်စင်စေရန်ပြော လော့။ သူတို့သည်မိမိတို့အဝတ်များကို ဖွပ်လျှော်၍၊-
11 e estejam prontos para o terceiro dia; pois no terceiro dia Yahweh descerá à vista de todo o povo do Monte Sinai.
၁၁တတိယနေ့တွင်ဝတ်ပြုကိုးကွယ်ရန် အသင့် ရှိစေရမည်။ ထိုနေ့၌လူအပေါင်းတို့ရှေ့တွင် ငါထာဝရဘုရားသည်သိနာတောင်ပေါ် သို့ကြွဆင်းတော်မူမည်။-
12 Você deve estabelecer limites para as pessoas ao redor, dizendo: 'Cuidado para não subir a montanha, nem tocar sua fronteira'. Quem tocar a montanha será certamente morto.
၁၂သင်သည်တောင်၏ပတ်လည်တွင်လူတို့ကို မကျော်ဖြတ်စေရန်စည်းသတ်မှတ်၍၊ သူတို့ အားတောင်ပေါ်သို့မတက်ရန်နှင့်တောင်အနီး သို့မချဉ်းကပ်ရန်ပညတ်လော့။ တောင်ကို နင်းမိသောသူအားသေဒဏ်ခံစေရမည်။-
13 Nenhuma mão lhe tocará, mas ele certamente será apedrejado ou abatido; seja animal ou homem, ele não viverá”. Quando a trombeta soar longa, eles subirão à montanha”.
၁၃ထိုသူကိုမည်သူမျှလက်နှင့်မထိရဘဲ ကျောက်ခဲနှင့်ဖြစ်စေ၊ မြားနှင့်ဖြစ်စေပစ်၍ သတ်ရမည်။ အဆိုပါပညတ်ချက်ကိုကူး လွန်ခဲ့လျှင်လူသော်လည်းကောင်း၊ တိရစ္ဆာန် သော်လည်းကောင်းသေဒဏ်ခံရမည်။ တံပိုး မှုတ်သံကိုကြားရသောအခါလူတို့သည် တောင်သို့လာရကြမည်'' ဟုမိန့်တော်မူ ၏။
14 Moisés desceu da montanha para o povo, e santificou o povo; e eles lavaram suas roupas.
၁၄ထိုနောက်မောရှေသည်တောင်ပေါ်မှဆင်းလာ ၍ လူတို့အားဝတ်ပြုကိုးကွယ်ရန်ပြင်ဆင် စေ၏။ ထိုကြောင့်သူတို့သည်အဝတ်များ ကိုဖွပ်လျှော်ကြ၏။-
15 Ele disse ao povo: “Estejam prontos até o terceiro dia”. Não tenha relações sexuais com uma mulher”.
၁၅မောရှေကသူတို့အား``တတိယနေ့တွင် အသင့်ရှိစေကြလော့။ ဤအတောအတွင်း မယားနှင့်မဆက်ဆံကြနှင့်'' ဟုပြော ကြားလေ၏။
16 No terceiro dia, quando era manhã, havia trovões e relâmpagos, e uma nuvem espessa na montanha, e o som de uma trombeta extremamente alta; e todas as pessoas que estavam no acampamento tremeram.
၁၆တတိယနေ့တွင်တောင်ပေါ်၌မိုးချုန်း၍ လျှပ်စီးလက်ပြီးလျှင်ထူထပ်သောမိုးတိမ် ကျရောက်လေသည်။ အလွန်ကျယ်လောင်သော တံပိုးမှုတ်သံလည်းထွက်ပေါ်လာ၏။ ထို အခါစခန်းထဲရှိလူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။-
17 Moisés conduziu o povo para fora do acampamento ao encontro de Deus; e eles ficaram na parte mais baixa da montanha.
၁၇ဘုရားသခင်ကိုဖူးတွေ့ရန်မောရှေသည် လူတို့ကိုစခန်းမှခေါ်ဆောင်လာသဖြင့်၊ သူတို့သည်တောင်ခြေ၌ရပ်နေကြ၏။-
18 Todo o Monte Sinai fumava, porque Javé descia sobre ele em fogo; e sua fumaça subia como a fumaça de uma fornalha, e toda a montanha tremia muito.
၁၈ထာဝရဘုရားသည်သိနာတောင်ပေါ်သို့ မီးတောက်မီးလျှံအသွင်ဖြင့်ကြွဆင်းလာ သည်ဖြစ်၍၊ တောင်တစ်ခုလုံးမီးခိုးဖြင့်ဖုံး လွှမ်းလျက်ရှိလေ၏။ မီးဖိုမှမီးခိုးတက် သကဲ့သို့မီးခိုးသည်အထက်သို့တက်၍ တစ်တောင်လုံးပြင်းစွာမြေငလျင်လှုပ် လေ၏။-
19 Quando o som da trombeta cresceu cada vez mais alto, Moisés falou, e Deus lhe respondeu por uma voz.
၁၉တံပိုးမှုတ်သံသည်လည်းပို၍ကျယ်လာ၏။ မောရှေလျှောက်ဆိုသည့်အခါ ဘုရားသခင် သည်မိုးကြိုးသံဖြင့်ဖြေကြားတော်မူ၏။-
20 Yahweh desceu no Monte Sinai, até o topo da montanha. Javé chamou Moisés para o topo da montanha, e Moisés subiu.
၂၀ထာဝရဘုရားသည်သိနာတောင်ထိပ်ပေါ် သို့ကြွဆင်းလာ၍ မောရှေအားတောင်ထိပ် ပေါ်သို့ခေါ်တော်မူလျှင်မောရှေတက်သွား လေ၏။-
21 Yahweh disse a Moisés: “Desça, avise o povo, para que ele não se aproxime de Yahweh para olhar, e muitos deles pereçam.
၂၁ထာဝရဘုရားကမောရှေအား``သင်သည် တောင်အောက်သို့ဆင်း၍၊ လူတို့ငါ့ကိုဖူး မြင်ရန်သတ်မှတ်ထားသောစည်းကိုကျော် ဖြတ်၍မလာရန်သတိပေးလော့။ ဖြတ် ကျော်လျှင်လူအများသေကြလိမ့်မည်။-
22 Let os sacerdotes também, que se aproximam de Iavé, se santificam, para que Iavé não se aproxime deles”.
၂၂ငါ့အနီးသို့ချဉ်းကပ်လာသောယဇ်ပုရော ဟိတ်များပင်လျှင် မိမိတို့ကိုယ်ကိုသန့်စင် စေရမည်။ ထိုသို့မပြုလျှင်ငါသည်သူတို့ အားဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
23 Moisés disse a Javé: “O povo não pode subir ao Monte Sinai, pois você nos avisou, dizendo: 'Fixe limites ao redor da montanha e santifique-a'”.
၂၃ထိုအခါမောရှေက ထာဝရဘုရားအား``ကိုယ် တော်သည်တောင်ကိုသန့်ရှင်းရာဌာနအဖြစ် သတ်မှတ်၍ ပတ်လည်တွင်စည်းတားထားစေ သောကြောင့်လူတို့သည်တောင်ပေါ်သို့မတက် နိုင်ကြပါ'' ဟုလျှောက်ထားလေ၏။
24 Yahweh disse-lhe: “Vá para baixo! Trará Arão consigo, mas não deixe que os sacerdotes e o povo se separem para subir até Yahweh, para que ele não se revolte contra eles”.
၂၄ထာဝရဘုရားက``သင်သည်တောင်အောက် သို့ဆင်း၍ အာရုန်ကိုခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်များနှင့်လူတို့ကိုမူကား ငါ့ထံ သို့ဝင်ခြင်းငှာစည်းကိုမဖြတ်ကျော်စေရ။ စည်းကိုဖောက်ဖျက်လျှင်သူတို့ကိုဒဏ်ခတ် မည်'' ဟုမိန့်တော်မူ၏။-
25 Então Moisés foi até o povo e lhes disse.
၂၅ထိုအခါမောရှေသည်တောင်အောက်သို့ဆင်း ၍ ထာဝရဘုရားမိန့်မှာသမျှကိုလူတို့ အားပြောကြားလေ၏။