< Deuteronômio 28 >
1 Acontecerá, se você ouvir diligentemente a voz de Javé seu Deus, observar para cumprir todos os seus mandamentos que eu lhe ordeno hoje, que Javé seu Deus o elevará acima de todas as nações da terra.
၁ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည် ကျင့်စောင့်ခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် လူမျိုးတကာတို့ ထက် သင့်ကို ချီးမြှောက်တော်မူမည်။
2 Todas estas bênçãos virão sobre você, e o alcançarão, se você ouvir a voz de Yahweh, seu Deus.
၂သင်၏ဘုရားသခင် ထာဝရဘုရား၏ စကား တော်ကို နားထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက် လတံ့သော ကောင်းကြီးမင်္ဂလာများ ဟူမူကား။
3 Você será abençoado na cidade, e você será abençoado no campo.
၃သင်သည် မြို့၌ မင်္ဂလာရှိလိမ့်မည်၊ တော၌ မင်္ဂလာ ရှိလိမ့်မည်။
4 Você será abençoado no fruto de seu corpo, no fruto de sua terra, no fruto de seus animais, no aumento de seu gado e nos filhotes de seu rebanho.
၄သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့် ၎င်း၊ တိရစ္ဆာန်ဘွားသော သားငယ်အားဖြင့်၎င်း၊ သိုးနွား အစီးအပွားအားဖြင့်၎င်း မင်္ဂလာရှိလိမ့်မည်။
5 Sua cesta e seu cocho de amassar serão abençoados.
၅ခြင်တောင်း၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း မင်္ဂလာရှိလိမ့်မည်။
6 Serás abençoado quando entrares e serás abençoado quando saíres.
၆မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာ ရှိလိမ့် မည်၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်။
7 Yahweh fará com que seus inimigos que se levantam contra você sejam atingidos antes de você. Eles sairão contra você de uma maneira, e fugirão diante de você de sete maneiras.
၇သင့်တဘက်၌ ထသော ရန်သူတို့ကို သင့်မျက် မှောက်၌ ထာဝရဘုရားသည် ဒဏ်ခံစေတော်မူမည်။ သူတို့သည် တလမ်းတည်းဖြင့် သင်ရှိရာသို့ လာသော် လည်း၊ လမ်းခုနှစ်သွယ်ဖြင့် သင့်ရှေ့မှ ပြေးကြလိမ့်မည်။
8 Yahweh ordenará a bênção sobre você em seus celeiros, e em tudo a que você colocar sua mão. Ele o abençoará na terra que Yahweh seu Deus lhe dá.
၈သင်၏ ဘဏ္ဍာတိုက်၌၎င်း၊ သင်ပြုလေရာရာ၌ ၎င်း၊ ထာဝရဘုရားသည် သင့်အပေါ်မှာ မင်္ဂလာ ရောက် စေခြင်းငှာ မိန့်တော်မူမည်။ သင်၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသောပြည်၌ သင့်ကို ကောင်းကြီး မင်္ဂလာပေးတော်မူမည်။
9 Javé vos estabelecerá para um povo santo para si mesmo, como ele vos jurou, se guardardes os mandamentos de Javé vosso Deus, e andardes nos seus caminhos.
၉သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏
10 Todos os povos da terra verão que você é chamado pelo nome de Iavé, e terão medo de você.
၁၀သင်သည် ထာဝရဘုရား၏ နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကို ခံရသည်ဟု လူမျိုးခပ်သိမ်းတို့ သည် သိမြင်၍ သင့်ကို ကြောက်ရွံ့ကြလိမ့်မည်။
11 Javé te concederá abundante prosperidade no fruto de teu corpo, no fruto de teu gado e no fruto de tua terra, na terra que Javé jurou a teus pais te dar.
၁၁ထာဝရဘုရားသည် သင့်အား ပေးခြင်းငှာ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ ဥစ္စာပစ္စည်း၊ သားသမီး၊ တိရစ္ဆာန်အတိုးအပွား၊ မြေအသီးအနှံများကို ကြွယ်ဝစေတော်မူမည်။
12 Yahweh lhe abrirá seu bom tesouro no céu, para dar a chuva de sua terra em sua estação e para abençoar todo o trabalho de sua mão. Você emprestará a muitas nações, e não tomará emprestado.
၁၂ထာဝရဘုရားသည် အချိန်တန်မှ သင်၏ပြည်၌ မိုဃ်းရွာစေခြင်းငှာ၎င်း၊ သင်ပြုလေရာရာ၌ ကောင်းကြီးပေးခြင်းငှာ၎င်း၊ ဘဏ္ဍာတော်တိုက် တည်းဟူ သော မိုဃ်းကောင်းကင်ကို ဖွင့်တော်မူမည်။ သင်သည် လူမျိုးများတို့အား ချေးငှားရသောအခွင့် ရှိလိမ့်မည်။ သူတို့သည် သင့်အား ချေးငှားရသောအခွင့် မရှိရ။
13 Yahweh fará de você a cabeça, e não a cauda. Você estará somente acima, e não estará abaixo, se escutar os mandamentos de Javé seu Deus que eu lhe ordeno hoje, para observar e fazer,
၁၃ထာဝရဘုရားသည် သင့်ကို အမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေတော်မူသဖြင့်၊ သင်သည် အောက်၌မနေရ ဘဲ အပေါ်၌သာ နေရသောအခွင့် ရှိလိမ့်မည်။ ယနေ့ ငါဆင့်ဆိုသော၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင်လျှင်၎င်း၊
14 e não se afastará de nenhuma das palavras que eu lhe ordeno hoje, para a mão direita ou para a esquerda, para ir atrás de outros deuses para servi-los.
၁၄ယနေ့ ငါဆင့်ဆိုသော စကားတော်လမ်းမှထွက် ၍ လက်ျာဘက်၊ လက်ဝဲဘက်သို့မလွှဲ၊ အခြားတပါးသော ဘုရားနောက်သို့ လိုက်၍ ဝတ်မပြုဘဲနေလျှင်၎င်း၊ ထိုသို့ သော ကျေးဇူးတော်ကို ခံရလိမ့်မည်။
15 Mas acontecerá, se você não ouvir a voz de Javé, seu Deus, para cumprir todos os seus mandamentos e seus estatutos que eu lhe ordeno hoje, que todas estas maldições virão sobre você e o ultrapassarão.
၁၅ယနေ့ ငါဆင့်ဆိုသော သင်၏ဘုရားသခင် ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူချက် အလုံးစုံတို့ ကို ကျင့်စောင့်ခြင်းငှာ စကားတော်ကို နားမထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက်လတံ့သော ကျိန်ခြင်း အမင်္ဂ လာများဟူမူကား၊
16 Você será amaldiçoado na cidade, e você será amaldiçoado no campo.
၁၆သင်သည် မြို့၌ အမင်္ဂလာရှိလိမ့်မည်၊ တော၌ အမင်္ဂလာရှိလိမ့်မည်။
17 Sua cesta e seu cocho de amassar serão amaldiçoados.
၁၇ခြင်တောင်း၌၎င်း၊ မုန့်နယ်သော ခွက်၌၎င်း အမင်္ဂလာရှိလိမ့်မည်။
18 O fruto de seu corpo, o fruto de seu solo, o aumento de seu gado e os filhotes de seu rebanho serão amaldiçoados.
၁၈သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့် ၎င်း၊ သိုးနွားအစီးအပွားအားဖြင့်၎င်း အမင်္ဂလာရှိလိမ့် မည်။
19 Você será amaldiçoado quando entrar, e será amaldiçoado quando sair.
၁၉မိမိအိမ်ထဲသို့ ဝင်သောအခါ အမင်္ဂလာရှိလိမ့် မည်။ ပြင်သို့ ထွက်သောအခါ အမင်္ဂလာရှိလိမ့်မည်။
20 Yahweh enviará sobre você maldição, confusão e repreensão em tudo o que você colocar sua mão para fazer, até que você seja destruído e até que pereça rapidamente, por causa do mal de seus atos, pelos quais você me abandonou.
၂၀ထာဝရဘုရားကို စွန့်၍ ပြုမိသော ဒုစရိုက် အပြစ်ကြောင့် အလျင်အမြန် ပျက်စီးဆုံးရှုံးခြင်းသို့ မရောက်မှီတိုင်အောင်၊ ပြုလေရာရာ၌ ကျိန်ဆဲခြင်း၊ နှောင့်ရှက်ခြင်း၊ ကဲ့ရဲ့ခြင်းတို့ကို သင့်အပေါ်မှာ သက် ရောက်စေတော်မူမည်။
21 Yahweh fará com que a pestilência se agarre a você, até que ele o tenha consumido de fora da terra onde você entra para possuí-la.
၂၁သင်သွား၍ ဝင်စားလတံ့သောပြည်မှ သုတ် သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင်၊ ကာလနာကို သင်၌ စွဲစေတော်မူမည်။
22 Yahweh irá golpeá-lo com consumo, com febre, com inflamação, com calor ardente, com a espada, com a ferrugem e com o míldio. Eles o perseguirão até que você pereça.
၂၂ထာဝရဘုရားသည် သင့်ကို တူလာ၊ ဖျားနာ၊ ဒလခက်နာ၊ ခရခရနာဖြင့်၎င်း၊ ထားဘေး၊ လေထိ၍ အပင်သေဘေး၊ အရည်ယို၍ အပင်သေဘေးဖြင့်၎င်း ဒဏ်ခတ်တော်မူ၍၊ သင်သည် မပျက်စီးမှီတိုင်အောင် ထိုဘေးတို့သည် လိုက်ကြလိမ့်မည်။
23 Seu céu que está sobre sua cabeça será de bronze, e a terra que está sob você será de ferro.
၂၃သင့်ခေါင်းပေါ်မှာ မိုဃ်းကောင်းကင်သည် ကြေးဝါကဲ့သို့၎င်း၊ သင့်အောက်၌ မြေသည် သံကဲ့သို့၎င်း ဖြစ်လိမ့်မည်။
24 Yahweh fará a chuva de sua terra pó e poeira. Ela cairá sobre você do céu, até que você seja destruído.
၂၄ထာဝရဘုရားသည် သင့်နေရာပြည်၌ ရွာသော မိုဃ်းရေကို မြေမှုန့်၊ ဖုံဖြစ်စေတော်မူသဖြင့်၊ သင်သည် မပျက်စီးမှီတိုင်အောင် သင့်အပေါ်မှာ ကျရလိမ့်မည်။
25 Yahweh fará com que você seja atingido antes de seus inimigos. Você sairá um caminho contra eles, e fugirá sete caminhos antes deles. Você será jogado para frente e para trás entre todos os reinos da terra.
၂၅သင်၏ရန်သူရှေ့မှာ ထာဝရဘုရားသည် သင့်ကို ဒဏ်ပေးတော်မူမည်။ သင်သည် တလမ်းတည်းဖြင့် သူတို့ ရှိရာသို့ သွားသော်လည်း၊ လမ်းခုနှစ်သွယ်ဖြင့် သူတို့ရှေ့မှ ပြေး၍ မြေပေါ်မှာရှိသော အတိုင်းတိုင်း အပြည်ပြည်သို့ ပြောင်းသွားရလိမ့်မည်။
26 Seus corpos mortos serão alimento para todas as aves do céu, e para os animais da terra; e não haverá ninguém que os afugente.
၂၆သင်၏အသေကောင်သည် မိုဃ်းကောင်းကင် ငှက်၊ တောသားရဲစားစရာ့ဘို့ ဖြစ်ရလိမ့်မည်။ ထိုတိရစ္ဆာန် တို့ကို အဘယ်သူမျှ မမောင်းရ။
27 Yahweh vos atingirá com os furúnculos do Egito, com os tumores, com o escorbuto, e com a coceira, da qual não podereis ser curados.
၂၇ထာဝရဘုရားသည် သင့်ကို အဲဂုတ္တုအနာစိမ်း၊ မြင်းသရိုက်နာ၊ ဝဲနာ၊ မပျောက်နိုင်သော ယားနာဖြင့် ဒဏ်ခတ်တော်မူမည်။
28 Yahweh irá golpeá-lo com loucura, com cegueira e com espanto do coração.
၂၈ရူးသောအနာ၊ မျက်စိကန်းသောအနာ၊ မိန်းမောတွေဝေသောအနာဖြင့် ဒဏ်ခတ်တော်မူ၍၊
29 Você vai apalpar ao meio-dia, como os apalpões cegos na escuridão, e não prosperará em seus caminhos. Vocês só serão oprimidos e roubados sempre, e não haverá ninguém para salvá-los.
၂၉မျက်စိကန်းသောသူသည် မှောင်မိုက်၌ စမ်း သပ်ရသကဲ့သို့၊ သင်သည် မွန်းတည့်အချိန်၌ပင် စမ်းသပ် ရလိမ့်မည်။ သင်ပြုသောအမှု၌ မအောင်ဘဲ ညှဉ်းဆဲခြင်း၊ လုယူခြင်းကိုသာ ခံရလိမ့်မည်။ အဘယ်သူမျှ မကယ်တင် ရ။
30 Você desposará uma esposa, e outro homem se deitará com ela. Construirás uma casa, e não morarás nela. Você plantará uma vinha, e não usará seus frutos.
၃၀မိန်းမနှင့်လက်ထပ်ပြီးသော်လည်း အခြားသော သူသည် ပေါင်းဘော်ရလိမ့်မည်။ အိမ်ကို ဆောက်သော် လည်း ကိုယ်တိုင်မနေရ။ စပျစ်ဥယျာဉ်ကို စိုက်သော် လည်း စပျစ်သီးကို မဆွတ်မယူရ။
31 Seu boi será morto diante de seus olhos, e você não comerá nada dele. Seu burro será violentamente retirado de diante de seu rosto, e não será restaurado a você. Suas ovelhas serão entregues a seus inimigos, e você não terá ninguém para salvá-lo.
၃၁သင့်နွားကို သင့်မျက်မှောက်၌ သတ်၍သေ သော်လည်း သင့်ကိုယ်တိုင်မစားရ။ သင့်မြည်းကို သင့်ရှေ့ မှောက်၌ အနိုင်အထက်ယူသွားပြီးမှ၊ နောက်တဖန်ပြန်၍ မပေးရ။ သင့်သိုးတို့ကို သင့်ရန်သူ၌ အပ်သောအခါ ကယ်နှုတ်သောသူမပေါ်မရှိရ။
32 Seus filhos e suas filhas serão dados a outro povo. Seus olhos olharão e falharão com saudade deles durante todo o dia. Não haverá poder em sua mão.
၃၂သင့်သားသမီးတို့သည် သူတပါးလက်သို့ရောက် ၍၊ သင့်မျက်စိသည် တနေ့လုံး မြော်ကြည့်လျက် အားကုန် လိမ့်မည်။ သင့်လက်သည်လည်း ခွန်အားမရှိရ။
33 Uma nação que você não conhece comerá o fruto de sua terra e todo o seu trabalho. Você só será oprimido e esmagado sempre,
၃၃သင် မသိမကျွမ်းသောလူမျိုးသည် သင့်နေရာ ပြည်၏ အသီးအနှံကို၎င်း၊ သင်လုပ်ဆောင်၍ရသော ဥစ္စာကို၎င်း စားလိမ့်မည်။ သင်သည် ညှဉ်းဆဲနှိပ်စက် ခြင်းကိုသာ အစဉ်မပြတ် ခံရလိမ့်မည်။
34 para que as vistas que você vê com seus olhos o deixem louco.
၃၄ထိုသို့ ကိုယ်တိုင်တွေ့မြင်သော အမှုကြောင့် သင်သည် အရူးဖြစ်ရလိမ့်မည်။
35 Yahweh lhe acertará nos joelhos e nas pernas com uma ferida que não poderá ser curada, desde a sola do pé até a coroa da cabeça.
၃၅ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက၊ ခြေဘဝါးမှစ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင် သော အနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။
36 Yahweh vos levará, e a vosso rei que colocareis sobre vós, a uma nação que não conheceis, nem vós nem vossos pais. Ali servireis a outros deuses da madeira e da pedra.
၃၆ထာဝရဘုရားသည်၊ သင်ချီးမြှောက်သော ရှင် ဘုရင်ကို သင်နှင့်သင့်ဘိုးဘေးတို့ မသိမကျွမ်းဘူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတပါးသော ဘုရား၊ သစ်သားဘုရား၊ ကျောက်ဘု ရားတို့ကို ဝတ်ပြုရလိမ့်မည်။
37 Vós vos tornareis um espanto, um provérbio e uma palavra de ordem entre todos os povos onde Iavé vos conduzirá.
၃၇ထာဝရဘုရားသည် သင့်ကို ဆောင်သွားတော်မူ သော အပြည်ပြည်တို့၌ သင်သည် အံ့ဩရာ၊ ပုံခိုင်းရာ၊ ကဲ့ရဲ့ရာဖြစ်လိမ့်မည်။
38 Você levará muitas sementes para o campo e pouco se reunirá, pois o gafanhoto as consumirá.
၃၈သင်သည် များစွာသော မျိုးစေ့ကို လယ်သို့ယူ သွား၍ ကျိုင်းကောင်တို့သည် ကိုက်စားသောကြောင့်၊ နည်းသောစပါးကို သိမ်းရလိမ့်မည်။
39 Vocês plantarão vinhedos e os vestirão, mas não beberão do vinho, nem colherão, pois os vermes os comerão.
၃၉စပျစ်ဥယျာဉ်တို့ကို စိုက်၍ ပြုစုသော်လည်း၊ ပိုးများ ကိုက်စားသောကြောင့် ကိုယ်တိုင် စပျစ်သီးကို မဆွတ်ရ၊ စပျစ်ရည်ကိုလည်း မသောက်ရ။
40 Você terá oliveiras em todas as suas bordas, mas não se ungirá com o azeite, pois suas azeitonas cairão.
၄၀သင့်နေရာအရပ်ရပ်၌ သံလွင်ပင်ရှိသော်လည်း၊ အသီးမမှည့်မှီ ကြွေသောကြောင့် သင်သည် သံလွင်ဆီနှင့် ကိုယ်ကိုမလိမ်းရ။
41 Você será pai de filhos e filhas, mas eles não serão seus, pois eles irão para o cativeiro.
၄၁သားသမီးကို ဘွားမြင်သော်လည်း၊ သူတို့နှင့် မပျော်မမွေ့ရ။ ရန်သူတို့သည် သိမ်းသွားကြလိမ့်မည်။
42 Locusts consumirá todas as suas árvores e os frutos do seu solo.
၄၂သင့်နေရာပြည်၌ သစ်ပင်ရှိသမျှ၊ မြေအသီးအနှံ ရှိသမျှကို ကျိုင်းကောင်တို့သည် ကိုက်စားကြလိမ့်မည်။
43 O estrangeiro que estiver entre vocês subirá acima de vocês cada vez mais alto, e vocês descerão cada vez mais baixo.
၄၃သင်နှင့်အတူနေသော တပါးအမျိုးသားသည် မြင့်လျက်၊ သင့်အပေါ်သို့ တက်လိမ့်မည်။ သင်မူကား၊ အောက်သို့ဆင်း၍ နေရလိမ့်မည်။
44 Ele emprestará a vocês e vocês não emprestarão a ele. Ele será a cabeça, e vocês serão a cauda.
၄၄သူသည် သင့်အား ချေးငှားသောအခွင့်ရှိလိမ့် မည်။ သင်မူကား၊ သူ့အားချေးငှားသော အခွင့်မရှိရ။ သူသည် ခေါင်းဖြစ်၍၊ သင်သည် အမြီးဖြစ်လိမ့်မည်။
45 Todas estas maldições virão sobre você, e o perseguirão e o ultrapassarão, até que seja destruído, porque você não ouviu a voz de Javé, seu Deus, para cumprir seus mandamentos e seus estatutos que ele lhe ordenou.
၄၅သင်၏ဘုရားသခင် ထာဝရဘုရား ထားတော်မူ သော စီရင်ထုံးဖွဲ့ချက်တရားကို စောင့်ရှောက်ခြင်းငှာ၊ သင်သည် စကားတော်ကို နားမထောင်သောကြောင့်၊ မပျက်စီးမှီတိုင်အောင် ဤကျိန်ခြင်းအမင်္ဂလာ ရှိသမျှတို့ သည် သင့်အပေါ်မှာ သက်ရောက်လျက်၊ သင့်ကိုလိုက်၍ မှီလျက် ရှိကြလိမ့်မည်။
46 Eles serão por um sinal e por uma maravilha para você e para sua prole para sempre.
၄၆သင့်အပေါ်၌၎င်း၊ သင့်အမျိုးအနွယ်အပေါ်၌ ၎င်း၊ အစဉ်မပြတ် နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှု ဖြစ်ကြလိမ့်မည်။
47 Porque não serviste a Javé teu Deus com alegria e com alegria de coração, em razão da abundância de todas as coisas;
၄၇သင်သည် ဥစ္စာကြွယ်ဝသောအခါ၊ ဝမ်းမြောက် ရွှင်လန်းသောစိတ်နှင့် သင်၏ဘုရားသခင် ထာဝရဘုရား ၏ အမှုတော်ကို မဆောင်မရွက်သောကြောင့်၊
48 portanto, servirás a teus inimigos que Javé envia contra ti, na fome, na sede, na nudez e na falta de todas as coisas. Ele colocará um jugo de ferro no seu pescoço até que ele o tenha destruído.
၄၈ထာဝရဘုရားစေလွှတ်တော်မူသော ရန်သူ၏ အမှုကို သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်းနှင့်တကွ၊ အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည် မပျက်စီးမှီတိုင်အောင် သင့်လည်ပင်း၌ သံထမ်းဘိုးကို တင်ထားတော်မူမည်။
49 Javé trará uma nação contra você de longe, do fim da terra, como a águia voa: uma nação cuja língua você não entenderá,
၄၉ရွှေလင်းတပျံတတ်သကဲ့သို့ လျင်မြန်သောလူ မျိုး၊ ကြမ်းတမ်းသောမျက်နှာနှင့် ပြည့်စုံလျက်၊
50 uma nação de expressões faciais ferozes, que não respeita os idosos, nem mostra favor aos jovens.
၅၀အသက်ကြီးသူကို မရိုသေ၊ အသက်ငယ်သူကို မသနားတတ်သော လူမျိုးကို၊ ဝေးသောအရပ်၊ မြေကြီး စွန်းမှ ထာဝရဘုရားသည် ခေါ်၍ သင့်ကို တိုက်စေတော် မူမည်။
51 eles comerão o fruto de seu gado e o fruto de sua terra, até que você seja destruído. Eles também não lhe deixarão grãos, vinho novo, azeite, o aumento de seu gado, ou os filhotes de seu rebanho, até que eles tenham causado a sua perecimento.
၅၁သင်သည် မပျက်စီးမှီတိုင်အောင်၊ ထိုရန်သူ သည် သင်၏သိုးသငယ်၊ နွားသငယ်၊ မြေအသီးအနှံကို စားရလိမ့်မည်။ သင့်ကို မဖျက်ဆီးမှီတိုင်အောင်၊ ဆန် စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးနွားအစီးအပွားကို သင့်အဘို့ မချန်မထားရ။
52 Eles o sitiarão em todos os seus portões até que seus muros altos e fortificados, nos quais você confiou, desçam por toda a sua terra. Eles o cercarão em todos os seus portões em toda a sua terra que Yahweh seu Deus lhe deu.
၅၂သင့်နေရာပြည်အရပ်ရပ်တို့၌ သင်ကိုးစားသော မြို့ရိုး၊ မြင့်၍ ခိုင်ခံ့သော မြို့ရိုးတို့သည် မပြိုမကျမှီ တိုင် အောင်၊ သင့်နေရာမြို့ ရှိသမျှတို့ကို ဝိုင်းထားလိမ့်မည်။ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်အရပ်ရပ်တို့၌၊ မြို့ရှိသမျှတို့ကိုလည်း ဝိုင်းထားလိမ့် မည်။
53 Você comerá o fruto de seu próprio corpo, a carne de seus filhos e de suas filhas, que Yavé seu Deus lhe deu, no cerco e na angústia com que seus inimigos o afligirão.
၅၃ထိုသို့ ဝိုင်းထား၍ ရန်သူသည် ကျဉ်းကျပ်စေ သောအခါ၊ ကိုယ်ရင်သွေး တည်းဟူသော သင်၏ဘုရား သခင် ထာဝရဘုရားပေးတော်မူသော သားသမီးတို့၏ အသားကို သင်စားရလိမ့်မည်။
54 O homem que for terno entre vós, e muito delicado, seu olho será mau para seu irmão, para a esposa que ama, e para o resto de seus filhos que lhe resta,
၅၄သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်းကျပ် စေသောအခါ၊
55 para que não dê a nenhum deles a carne de seus filhos que comerá, porque nada lhe resta, no cerco e na angústia com que vosso inimigo vos angustiará em todos os vossos portões.
၅၅အလွန်နူးညံ့သိမ်မွေ့သော ယောက်ျားသည် စားစရာ အလျှင်း မကျန်ကြွင်းသောကြောင့်၊ မိမိသား သမီး၏ အသားကို စားရသော်လည်း၊ မိမိညီအစ်ကို၊ မိမိ ရင်ခွင်၌ ရှိသော မယား ကျန်ကြွင်းသေးသော သားသမီး တို့ကို မနာလိုသောစိတ်ရှိ၍၊ ထိုအသားကို သူတို့အား မဝေမပေးဘဲ စားလိမ့်မည်။
56 A mulher terna e delicada entre vocês, que não se atreveria a colocar a planta de seu pé no chão por delicadeza e ternura, seu olho será maligno para o marido que ama, para seu filho, para sua filha,
၅၆သင့်နေရာမြို့တို့ကို ရန်သူဝိုင်းထား၍ ကျဉ်း ကျပ်စေသောအခါ၊
57 toward sua jovem que sai de entre seus pés, e para seus filhos que ela carrega; pois ela os comerá secretamente por falta de todas as coisas no cerco e na angústia com que seu inimigo os angustiará em seus portões.
၅၇အလွန်နူးညံ့သိမ်မွေ့သဖြင့် မြေကို မနင်းဝံ့သော မိန်းမသည်လည်း၊ စားစရာအလျှင်း မရှိသောကြောင့်၊ မိမိရင်ခွင်၌ရှိသော လင်၊ မိမိသားသမီး၊ မိမိဝမ်းထဲက ထွက်သော အချင်း၊ မိမိဘွားမြင်သော သူငယ်တို့ကို မနာလိုသောစိတ်ရှိ၍၊ မိမိသူငယ်ကို တိတ်ဆိတ်စွာ စားရလိမ့်မည်။
58 Se você não observar fazer todas as palavras desta lei que estão escritas neste livro, para que você possa temer este nome glorioso e temível, YAHWEH seu Deus,
၅၈သင်၏ဘုရားသခင် ထာဝရဘုရားသည် ဘုန်းကြီး၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကြောက်စေခြင်းငှာ၊ ဤကျမ်းစာ၌ ရေးထားသော ဤတရားတော်ကို စကားအလုံးစုံတို့ကို သင်သည် မကျင့် မစောင့်ဘဲ နေလျှင်၊
59 então Yahweh fará suas pragas e as pragas de sua prole temerem, mesmo grandes pragas, e de longa duração, e de doenças severas, e de longa duração.
၅၉ထာဝရဘုရားသည် သင်ခံရသောဘေး၊ သင့်အ မျိုးအနွှယ် ခံရသော ဘေးတို့ကို အံ့ဩဘွယ်သော ဘေး၊ အလွန်ကြီး၍ မြဲမြံသောဘေး၊ အလွန်ပြင်း၍ မြဲမြံ သောရောဂါဝေဒနာ ဖြစ်စေတော်မူမည်။
60 Ele trará novamente sobre você todas as doenças do Egito, das quais você tinha medo; e elas se apegarão a você.
၆၀ထိုမှတပါး၊ သင်ကြောက်တတ်သော အဲဂုတ္တု ပြည်၏ အနာရောဂါရှိသမျှတို့ကို သင့်အပေါ်မှာ သက် ရောက်စေတော်မူသဖြင့်၊ သင်၌ ထိုအနာရောဂါတို့သည် စွဲကပ်ကြလိမ့်မည်။
61 Também toda doença e toda peste que não estiver escrita no livro desta lei, Javé as trará sobre você até que você seja destruído.
၆၁ထိုမှတပါး၊ ဤပညတ္တိကျမ်းစာ၌ ရေး၍မထား သော အနာရောဂါ ဘေးဥပဒ်ရှိသမျှတို့ကို သင်သည် မပျက်စီးမှီတိုင်အောင်၊ သင့်အပေါ်မှာ ထာဝရဘုရား သက်ရောက်စေတော်မူမည်။
62 Vocês serão poucos em número, apesar de terem sido as estrelas do céu para a multidão, porque não ouviram a voz de Javé, seu Deus.
၆၂သင်သည် အရေအတွက်အားဖြင့် မိုဃ်းကောင်း ကင် ကြယ်ကဲ့သို့များသော်လည်း၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင်သော ကြောင့် နည်းနည်းဖြစ်ရလိမ့်မည်။
63 Acontecerá que, enquanto Javé se alegrou por você para fazer-lhe o bem e multiplicá-lo, assim Javé se alegrará por você para fazê-lo perecer e destruí-lo. Você será arrancado da terra que você vai possuir.
၆၃သင့်ကို ကျေးဇူးပြု၍ များပြားစေသောအမှု၌ ထာဝရဘုရား ပျော်မွေ့တော်မူသည်နည်းတူ၊ တဖန် သင့်ကို ဖျက်ဆီး၍ အကျိုးနည်းစရာ အမှု၌ ပျော်မွေ့ တော်မူသဖြင့်၊ သင်သွား၍ ဝင်စားလတံ့သော ပြည်ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။
64 Yahweh o espalhará entre todos os povos, de um extremo ao outro da terra. Ali servireis a outros deuses que não conheceis, nem vós nem vossos pais, nem mesmo madeira e pedra.
၆၄ထာဝရဘုရားသည်လည်း၊ မြေကြီးစွန်းတဘက် မှသည် တဘက်တိုင်အောင်၊ လူမျိုးအပေါင်းတို့တွင် သင့်ကို အရပ်ရပ် ကွဲပြားစေတော်မူသဖြင့်၊ သင်နှင့်သင့် ဘိုးဘေးတို့ မသိဘူးသော အခြားတပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။
65 Entre estas nações não encontrarás facilidade, e não haverá descanso para a planta de teu pé; mas Javé te dará ali um coração trêmulo, uma falha de olhos e um pingo de alma.
၆၅ထိုလူမျိုးတို့တွင် သင်သည် သက်သာခြင်းမရှိရာ၊ နေရာမကျရာ။ နှလုံးတုန်လှုပ်ခြင်း၊ မျက်စိမြော်၍ အား ကုန်ခြင်း၊ ဝမ်းနည်းခြင်းအကြောင်းကို ထာဝရဘုရား စီရင်တော်မူသဖြင့်၊
66 Sua vida ficará em dúvida diante de você. Você terá medo noite e dia, e não terá nenhuma garantia de sua vida.
၆၆သင်သည် အသက်ဆုံးလုသည်ဖြစ်၍၊ နေ့ညဉ့် မပြတ်စိုးရိမ်လျက် သေဘေးနှင့် လွတ်မည်မလွတ်မည်ကို မသိဘဲလျက် နေရလိမ့်မည်။
67 De manhã você dirá: “Gostaria que fosse de noite” e à noite você dirá: “Gostaria que fosse de manhã”, pelo medo de seu coração que você temerá, e pelas visões que seus olhos verão.
၆၇သင်၏စိတ်နှလုံးထဲမှာ ကြောက်ရွံ့ရသောအ ကြောင်း၊ သင့်မျက်စိနှင့် မြင်ရသောအရာကြောင့်၊ နံနက် အချိန်၌ သင်က၊ ညဉ့်ရောက်ပါစေဟူ၍၎င်း၊ ညဉ့်အချိန်၌ နံနက်ရောက်ပါစေဟူ၍၎င်း ဆုတောင်းရလိမ့်မည်။
68 Yahweh o trará novamente ao Egito com navios, pelo qual eu lhe disse que nunca mais o veria novamente. Lá vocês se oferecerão a seus inimigos para escravos e escravas, e ninguém os comprará.
၆၈ထိုလမ်းကို နောက်တဖန် သင်မမြင်ရဟု မိန့် တော်မူသောလမ်းဖြင့် ထာဝရဘုရားသည် တဖန် သင့်ကို အဲဂုတ္တုပြည်သို့ သင်္ဘောနှင့် ပို့ဆောင်တော်မူသဖြင့်၊ ထို ပြည်တွင် ကျွန်ယောက်ျား၊ ကျွန်မိန်းမဖြစ်စေခြင်းငှာ ရန်သူတို့၌ ရောင်းကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှ သင့်ကို မဝယ်လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြော လေ၏။ ပညတ်တော်တို့ကို စောင့်၍ လမ်းတော်သို့ လိုက်လျှင်၊ ထာဝရဘုရား ကျိန်ဆိုသည်အတိုင်း၊ သင့်ကို ကိုယ်တော် အဘို့ သန့်ရှင်းသော အမျိုးအစဉ် အမြဲဖြစ်စေတော်မူ မည်။