< 1 Crônicas 22 >
1 Então David disse: “Esta é a casa de Deus Javé, e este é o altar de holocausto para Israel”.
၁ထို့ကြောင့်ဒါဝိဒ်က``ဤအရပ်ကားထာဝရ အရှင်ဘုရားသခင်၏ဗိမာန်တော်တည် ဆောက်ရမည့်အရပ်ဖြစ်၏။ ဤနေရာသည် ဣသရေလပြည်သားတို့မီးရှို့ရာယဇ် ပူဇော်ရန်နေရာဖြစ်၏'' ဟုဆို၏။
2 David deu ordens para reunir os estrangeiros que estavam na terra de Israel; e colocou pedreiros para cortar pedras vestidas para construir a casa de Deus.
၂ဒါဝိဒ်မင်းသည်ဣသရေလနိုင်ငံတွင်နေ ထိုင်ကြသောလူမျိုးခြားအပေါင်းတို့ကို စုရုံးစေ၍လုပ်အားပေးစေတော်မူ၏။ အချို့သောသူတို့သည်ဗိမာန်တော် အဆောက်အအုံအတွက်ကျောက်တုံး များကိုဆစ်ရကြ၏။-
3 David preparou ferro em abundância para os pregos das portas dos portões e para os acoplamentos, e bronze em abundância sem peso,
၃မင်းကြီးသည်အိမ်ရိုက်သံများပြုလုပ်ရန် နှင့်ဝင်းတံခါးကြီးများအတွက် ပျဉ်ဆက် ကိရိယာများပြုလုပ်ရန်သံအမြောက် အမြားကိုထုတ်ပေးတော်မူ၏။ ချိန်တွယ်၍ ပင်မရနိုင်အောင်များပြားသောကြေးဝါ များကိုထုတ်ပေးတော်မူ၏။-
4 e cedros sem número, para os sidônios e o povo de Tiro trouxe cedros em abundância para David.
၄တုရုနှင့်ဇိဒုန်မြို့များမှလူတို့အား အာရဇ် သစ်အမြောက်အများကိုလည်းအထံတော် သို့ယူဆောင်လာစေတော်မူ၏။-
5 David disse: “Salomão meu filho é jovem e terno, e a casa que será construída para Iavé deve ser extremamente magnífica, de fama e de glória em todos os países. Por isso, vou me preparar para ela”. Assim, Davi se preparou abundantemente antes de sua morte.
၅ဒါဝိဒ်သည်``ငါ၏သားရှောလမုန်တည်ဆောက် မည့်ဗိမာန်တော်သည်ခမ်းနားထည်ဝါ၍ ကမ္ဘာ ပေါ်တွင်ထင်ပေါ်ကျော်ကြားရပေမည်။ သို့ ရာတွင်ရှောလမုန်သည်အသက်အရွယ် ငယ်၍အတွေ့အကြုံနည်းပါးသေးသူ ဖြစ်သဖြင့် ငါသည်ဗိမာန်တော်အတွက် ပြင်ဆင်မှုများကိုပြုလုပ်ပေးမည်'' ဟု တွေးတောဆင်ခြင်ကာ မကွယ်လွန်မီဗိမာန် တော်တည်ဆောက်ရန်ပစ္စည်းအမြောက် အမြားကိုအသင့်စုဆောင်းလေသည်။
6 Então ele chamou por Salomão seu filho, e ordenou-lhe que construísse uma casa para Iavé, o Deus de Israel.
၆မင်းကြီးသည်သားတော်ရှောလမုန်ကို ခေါ်ယူပြီးလျှင် ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ဗိမာန်တော်တစ်ဆောင်ကိုတည်ဆောက်ရန် အမိန့်ပေးတော်မူ၏။-
7 David disse a Salomão, seu filho: “Quanto a mim, estava em meu coração construir uma casa em nome de Javé, meu Deus.
၇ဒါဝိဒ်က``ငါ့သား၊ ငါသည်ဘုရားသခင် ထာဝရဘုရား၏နာမတော်ကိုချီးမြှောက် ရန်အတွက် ဗိမာန်တော်တစ်ဆောင်ကိုတည် ဆောက်လိုသည်။-
8 Mas a palavra de Javé veio a mim, dizendo: 'Vocês derramaram sangue abundantemente e fizeram grandes guerras'. Não construirás uma casa em meu nome, porque derramaste muito sangue sobre a terra à minha vista”.
၈သို့ရာတွင်ထာဝရဘုရားကငါသည် လူအမြောက်အမြားကိုသတ်ခဲ့သူ၊ စစ်ပွဲ အမြောက်အများကိုဝင်ခဲ့သူဖြစ်သဖြင့် ငါဖြစ်ပွားစေခဲ့သည့်သွေးထွက်သံယိုမှု အပေါင်းကိုအကြောင်းပြု၍ ငါ့အားဗိမာန် တော်တည်ဆောက်ခွင့်ကိုပေးတော်မမူ။-
9 Eis que vos nascerá um filho, que será um homem de paz”. Eu lhe darei descanso de todos os seus inimigos ao redor; pois seu nome será Salomão, e darei paz e sossego a Israel em seus dias.
၉သို့သော်ကိုယ်တော်သည်ငါ့အားကတိတော် ကိုပေးတော်မူ၏။ ကိုယ်တော်က`သင်သည်တိုင်း နိုင်ငံကိုငြိမ်းချမ်းစွာအုပ်စိုးမည့်သားတစ် ဦးကိုရလိမ့်မည်။ သူသည်မိမိရန်သူများ နှင့်ငြိမ်းချမ်းစွာနေနိုင်ရေးကိုငါပေးမည်။ သူသည်မိမိနန်းသက်အတွင်း ဣသရေလ အမျိုးသားတို့အားငြိမ်းချမ်းလုံခြုံစွာ ထားမည်ဖြစ်၍၊ ရှောလမုန် ဟုနာမည်တွင်လိမ့်မည်။-
10 Ele construirá uma casa em meu nome; e ele será meu filho, e eu serei seu pai; e estabelecerei o trono de seu reino sobre Israel para sempre'.
၁၀သူသည်ငါ၏အဖို့ဗိမာန်တော်တစ်ဆောင် ကိုတည်ဆောက်ရလိမ့်မည်။ သူသည်ငါ၏ သားဖြစ်ရလိမ့်မည်။ ငါသည်လည်းသူ၏ အဖဖြစ်လိမ့်မည်။ သူ၏နန်းဆက်သည် ဣသရေလနိုင်ငံတွင်အစဉ်အမြဲတည် လိမ့်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ပြော ကြားတော်မူ၏။
11 Agora, meu filho, que Javé esteja contigo e te faça prosperar, e construa a casa de Javé, teu Deus, como ele falou a teu respeito.
၁၁ထိုနောက်ဒါဝိဒ်သည်ဆက်၍``ငါ့သား၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည်သင်နှင့် အတူရှိပါစေသော။ ကတိတော်ရှိသည့် အတိုင်းသင်သည်ကိုယ်တော်အဖို့ဗိမာန် တော်ကိုအောင်မြင်စွာတည်ဆောက်နိုင်ပါ စေသော။-
12 Que Javé te dê discrição e compreensão, e te coloque no comando de Israel, para que possas manter a lei de Javé teu Deus”.
၁၂သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အားကိုယ်တော်၏တရားတော်အရ ဣသရေလနိုင်ငံကိုအုပ်စိုးနိုင်ရန်ထိုး ထွင်းဉာဏ်နှင့်အသိပညာကိုပေးသနား တော်မူပါစေသော။-
13 Então você prosperará, se observar os estatutos e as ordenanças que Javé deu a Moisés a respeito de Israel. Seja forte e corajoso. Não tenham medo e não fiquem consternados.
၁၃သင်သည်ဣသရေလအမျိုးသားတို့ အတွက် မောရှေအားထာဝရဘုရားပေး တော်မူသောပညတ်တော်တို့ကိုစောင့်ထိန်း ပါမူ သင်၏အကြံအစည်ထမြာက်လိမ့် မည်။ အားမာန်တင်း၍စိတ်ချယုံကြည် လော့။ အဘယ်အရာကိုမျှမကြောက်နှင့်။-
14 Agora, eis que em minha aflição preparei para a casa de Javé cem mil talentos de ouro, um milhão de talentos de prata, bronze e ferro sem peso; pois está em abundância. Eu também preparei madeira e pedra; e você pode acrescentar a eles.
၁၄ငါသည်ဗိမာန်တော်တည်ဆောက်ရန်အတွက် ရွှေတန်ချိန်လေးထောင်ခန့်ကိုလည်းကောင်း၊ ငွေတန်ချိန်လေးသောင်းနီးပါးမျှကိုလည်း ကောင်းကြိုးစား၍စုဆောင်းထားခဲ့၏။ ထိုမှ တစ်ပါးလည်းအချိန်မရေမတွက်နိုင်အောင် များပြားသောကြေးဝါနှင့်သံများလည်း ငါ့မှာရှိ၏။ သစ်များ၊ ကျောက်များလည်း အဆင်သင့်ရှိ၏။ သို့ရာတွင်သင်သည် ထပ်မံ၍စုဆောင်းရလိမ့်ဦးမည်။-
15 Também há com vocês trabalhadores em abundância - cortadores e trabalhadores de pedra e madeira, e todos os tipos de homens que são hábeis em todo tipo de trabalho;
၁၅သင့်မှာများစွာသောအလုပ်သမား များရှိ၏။ ကျောက်ဆစ်သမားများ၊ ပန်းရံ များ၊ လက်သမားများနှင့်၊-
16 do ouro, da prata, do bronze e do ferro, não há número. Levantem-se e façam, e que Yahweh esteja com vocês”.
၁၆ရွှေ၊ ငွေ၊ ကြေးဝါ၊ သံတို့နှင့်သက်ဆိုင်သော လက်မှုပညာသည်အမျိုးမျိုးတို့လည်း များစွာရှိ၏။ သင်သည်ယခုပင်အလုပ် ကိုစတင်လော့။ ထာဝရဘုရားသည်သင် နှင့်အတူရှိတော်မူပါစေသော'' ဟုမိန့် တော်မူ၏။
17 David também ordenou a todos os príncipes de Israel que ajudassem Salomão, seu filho, dizendo:
၁၇ဒါဝိဒ်သည်ဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့အား ရှောလမုန်ကိုကူညီ ကြရန်မိန့်မှာတော်မူ၏။-
18 “Não é Javé o seu Deus com você? Ele não lhe deu descanso de todos os lados? Pois ele entregou os habitantes da terra nas minhas mãos; e a terra está subjugada diante de Iavé e diante de seu povo.
၁၈မင်းကြီးက``သင်၏ဘုရားသခင်ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိနေတော်မူ လျက် သင်တို့အားအရပ်တကာတွင်ငြိမ်း ချမ်းသာယာမှုကိုပေးတော်မူပြီ။ ကိုယ်တော် သည်ယခင်ကဤပြည်တွင်နေထိုင်ကြသူ တို့အားငါ၏လက်သို့အပ်တော်မူ၍ ငါ သည်သူတို့အားထာဝရဘုရားနှင့် ကိုယ်တော်၏လူမျိုးတော်အတွက်နှိမ် နင်းခဲ့၏။-
19 Agora ponha seu coração e sua alma para seguir Yahweh seu Deus. Levantai-vos, pois, e construí o santuário de Javé Deus, para trazer a arca da aliança de Javé e os vasos sagrados de Deus para a casa que será construída em nome de Javé”.
၁၉သို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမှုတော်ကိုစိတ်ရောကိုယ်ပါ ဆောင်ရွက်ကြလော့။ ထာဝရဘုရား၏နာမ တော်ကိုချီးမြှောက်ရန်ဗိမာန်တော်ကိုစတင် တည်ဆောက်ကြလော့။ သို့မှသာလျှင်သင်တို့ သည်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်နှင့် ကိုယ်တော်အားဝတ်ပြုကိုးကွယ်မှု ဆိုင်ရာအမွန်အမြတ်ထားသည့်အခြား ဝတ္ထုပစ္စည်းအသုံးအဆောင်များကိုဗိမာန် တော်တွင်ထားရှိနိုင်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။