< Salmos 33 >
1 Cantai ao SENHOR, vós [que sois] justos; aos corretos convém louvar.
၁ဖြောင့်မတ် သောသူတို့၊ ထာဝရဘုရား ကို အမှီပြု ၍ ရွှင်လန်း စွာ သီချင်းဆိုကြလော့။ ထောမနာ ပြုခြင်း အကျင့်သည် သဘောဖြောင့် သောသူတို့နှင့် ထိုက်တန် လျောက်ပတ်ပေ၏။
2 Louvai ao SENHOR com harpa; cantai a ele com alaúde [e] instrumento de dez cordas.
၂စောင်း တီး၍ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ ကြိုးဆယ် ပင်ရှိသောတူရိယာ နှင့် ထောမနာသီချင်း ဆို ကြလော့။
3 Cantai-lhe uma canção nova; tocai [instrumento] bem com alegria.
၃ရှေ့ တော်၌အသစ် သောသီချင်း ကို ဆို ကြလော့။ တံပိုး မှုတ်ခြင်းနှင့်တကွ သာယာ စွာ တီး ကြလော့။
4 Porque a palavra do SENHOR é correta; e todas suas obras [são] fiéis.
၄အကြောင်း မူကား၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ် ပေ၏။ စီရင်တော်မူသမျှ သော အမှု တို့သည်လည်း သစ္စာ တရား နှင့် ညီကြ၏။
5 Ele ama a justiça e o juízo; a terra está cheia da bondade do SENHOR.
၅ဖြောင့်မတ် စွာကျင့်ခြင်းနှင့် တရား သဖြင့် စီရင်ခြင်း ကို နှစ်သက် တော်မူ၏။ ပထဝီမြေကြီး သည် ထာဝရဘုရား ၏ ကျေးဇူး တော်နှင့် ပြည့်ဝ လျက်ရှိ၏။
6 Pala palavra do SENHOR foram feitos os céus; e todo o seu exército [foi feito] pelo sopro de sua boca.
၆ထာဝရဘုရား ၏ နှုတ်ကပတ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို၎င်း၊ နှုတ် တော်အသက် အားဖြင့် မိုဃ်း ကောင်းကင်တန်ဆာ များကို၎င်းဖန်ဆင်း တော်မူ၏။
7 Ele junta as águas do mar como se estivessem empilhadas; aos abismos ele põe como depósitos de tesouros.
၇သမုဒ္ဒရာ ရေ ကို စုပုံ စုဝေး စေတော်မူ၏။ နက်နဲ သောသမုဒ္ဒရာကိုလည်း လုံခြုံ ရာအရပ်တို့၌ သိုထား တော်မူ ၏။
8 Toda a terra, tenha temor ao SENHOR; todos os moradores do mundo prestem reverência a ele.
၈ထာဝရဘုရား ကို မြေကြီး တပြင်လုံး ကြောက်ရွံ့ စေ။ လောကီ နိုင်ငံ သားအပေါင်း တို့သည် ရိုသေ လေးမြတ်ကြစေ။
9 Porque ele falou, [e logo] se fez; ele mandou, [e logo] apareceu.
၉အကြောင်း မူကား၊ ထာဝရ ဘုရားမြွက်ဆို ၍ ၊ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ ၍၊ မိန့် တော်မူသည်အတိုင်း တည် လျက်နေ၏။
10 O SENHOR desfez a intenção das nações; ele destruiu os planos dos povos.
၁၀ထာဝရဘုရား သည် တပါးအမျိုးသား တို့၏ တိုင်ပင် ခြင်းကို ပယ် တော်မူ၏။ လူစု တို့၏ကြံစည် ခြင်းကိုလည်း ဖျက်ဆီး တော်မူ၏။
11 O conselho do SENHOR permanece para sempre; as intenções de seu coração [continuam] de geração após geração.
၁၁ထာဝရဘုရား ၏ ပြဌာန်း တော်မူခြင်းသည် ကာလ အနန္တနှင့် ဆိုင်၍၊ စိတ် နှလုံးတော်၏ အကြံ အစည်တို့သည် သား စဉ်မြေးဆက်အဆုံးတိုင်အောင် တည် ကြ လိမ့်မည်။
12 Bem-aventurada [é] a nação em que seu Deus é o SENHOR; o povo que ele escolheu para si por herança.
၁၂ထာဝရဘုရား သည် အကြင် အမျိုး ၏ ဘုရား ဖြစ်၍၊ အကြင်လူစု ကို မိမိ အမွေ ဥစ္စာဘို့ ရွေးကောက် တော်မူ၏၊ ထိုအမျိုးနှင့် ထို လူစုသည် မင်္ဂလာ ရှိ၏။
13 O SENHOR olha desde os céus; ele vê a todos os filhos dos homens.
၁၃ထာဝရဘုရား သည် ကောင်းကင် ဘုံက ကြည့်ရှု ၍၊ လူ သား အပေါင်း တို့ကို မြင် တော်မူ၏။
14 Desde sua firme morada ele observa a todos os moradores da terra.
၁၄ကျိန်းဝပ် တော်မူရာ အရပ် က ကြည့်ရှု ၍၊ မြေကြီး ပေါ် မှာနေ သောသတ္တဝါအပေါင်း တို့ကို မှတ် တော်မူ၏။
15 Ele forma o coração de todos eles; ele avalia todas as obras deles.
၁၅သူ တို့၏ စိတ် နှလုံးရှိသမျှ တို့ကို ဖန်ဆင်း ၍၊ သူ တို့ကျင့်သမျှ သောအကျင့် တို့ကိုလည်း ဆင်ခြင် တော်မူ ၏။
16 O rei não se salva pela grandeza de [seu] exército, nem o valente escapa do perigo pela [sua] muita força.
၁၆ရှင်ဘုရင် မည်သည်ကား၊ များစွာ သောအလုံး အရင်းအားဖြင့် ချမ်းသာ မ ရ။ သူရဲ သည်လည်း ခွန်အား ကြီး သောအားဖြင့် ကယ်လွှတ် ခြင်းသို့မ ရောက်။
17 O cavalo é falho como segurança, com sua grande força não livra do perigo.
၁၇မြင်း သော်လည်း ဘေး လွတ်ခြင်းအမှုကို မ တတ် နိုင်။ ကြီးစွာ သော ခွန်အား ဗလဖြင့် မ ကယ် ယူနိုင်။
18 Eis que os olhos do SENHOR [estão] sobre aqueles que o temem, sobre os que esperam pela sua bondade.
၁၈ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ နှင့် ကရုဏာ တော်ကို ခိုလှုံ သောသူတို့သည်၊
19 Para livrar a alma deles da morte, e para os manter vivos durante a fome.
၁၉သေ ဘေးနှင့် ကင်းလွတ် မည်အကြောင်း ၊ အစာ ခေါင်းပါး သည် ကာလ၌ အသက် ရှင်မည်အကြောင်း ၊ သူ တို့ကိုကြည့်ရှု လျက် ရှိတော်မူ၏။
20 Nossa alma espera no SENHOR; ele [é] nossa socorro e nosso escudo.
၂၀ငါ တို့၏ဝိညာဉ် သည် ထာဝရဘုရား ကို မြော်လင့် လျက်နေ၏။ ထိုဘုရား သည် ငါ တို့ကို မစ သောသူ၊ ကွယ်ကာ သောသူဖြစ်တော်မူ၏။
21 Porque nele nosso coração se alegra, porque confiamos no nome de sua santidade.
၂၁သန့်ရှင်း သောနာမ တော်ကို ခိုလှုံ သောကြောင့် ၊ ငါ တို့သည် ထာဝရ ဘုရား၌ ဝမ်းမြောက် ခြင်းရှိကြ၏။
22 Que tua bondade, SENOR, esteja sobre nós, assim como nós esperamos em ti.
၂၂အိုထာဝရဘုရား ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကိုးစား သည်နှင့်အညီ ၊ အကျွန်ုပ် တို့အပေါ် မှာ ကရုဏာ တော် သက်ရောက် ပါစေသော။