< Neemias 9 >
1 No dia vinte e quatro do mesmo mês, os filhos de Israel se reuniram em jejum, com sacos, e com terra sobre si.
၁ထိုလ နှစ် ဆယ်လေး ရက် နေ့တွင် ၊ ဣသရေလ အမျိုးသားတို့သည် အစာ ရှောင်လျက် ၊ လျှော်တေ အဝတ် ကိုဝတ်လျက်၊ ကိုယ် ၌ မြေမှုန့် ကို တင်လျက် စည်းဝေး ကြ၏။
2 E a descendência de Israel já havia se separado de todos os estrangeiros; então puseram-se de pé, confessaram seus pecados, e as iniquidades de seus pais.
၂ထိုအခါ ဣသရေလ အမျိုးစစ်ဖြစ်သောသူတို့ သည် တပါး အမျိုးသားရှိသမျှ တို့နှင့် ကွာ ၍၊ ကိုယ် အပြစ် နှင့် ဘိုးဘေး တို့၏ အပြစ် များကို ဘော်ပြ တောင်းပန်ကြ၏။
3 Pois, levantados de pé em seu lugar, leram no livro da lei de SENHOR seu Deus uma quarta parte do dia, e em [outra] quarta parte confessaram e adoraram ao SENHOR seu Deus.
၃မိမိ တို့နေရာ ၌ ရပ်နေ ၍ ၊ မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ္တိ ကျမ်းစာ ကို နေ့ လေး စုတစု ဘတ် ကြ၏။ အပြစ်ကို ဘော်ပြ တောင်းပန်၍၊ မိမိ တို့ ဘုရား သခင်ထာဝရဘုရား ကို နေ့လေး စုတစုကိုးကွယ် ကြ၏။
4 E Jesua, Bani, Cadmiel, Serebias, Buni, Sebanias, Bani e Quenai, se puseram de pé na escadaria dos Levitas, e clamaram em alta voz ao SENHOR seu Deus.
၄ထိုအခါ လေဝိ သားယောရှု ၊ ဗာနိ ၊ ကပ်မျေလ ၊ ရှေဗနိ ၊ ဗုန္နိ ၊ ရှေရဘိ ၊ ဗာနိ ၊ ခေနနိ တို့သည် ပလ္လင် ပေါ် မှာရပ် ၍၊ သူ တို့၏ ဘုရား သခင်ထာဝရဘုရား အား ကြီးစွာ သောအသံ နှင့် ကြွေးကြော် ကြ၏။
5 E os levitas Jesua, Cadmiel, Bani, Hasbaneias, Serebias, Hodias, Sebanias e Petaías, disseram: Levantai-vos, bendizei ao SENHOR vosso Deus para todo o sempre: Bendito o teu glorioso nome, que está exaltado sobre toda bênção e louvor.
၅တဖန် လေဝိ သားယောရှု ၊ ကပ်မျေလ ၊ ဗာနိ ၊ ဟာရှဗနိ ၊ ရှေရဘိ ၊ ဟောဒိယ ၊ ရှေဗနိ ၊ ပေသဟိ တို့က ထ ကြလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် အစဉ် အမြဲမင်္ဂလာရှိတော်မူစေသတည်းဟု ကောင်းကြီး ပေးကြလော့။ ကောင်းကြီး ပေးခြင်း၊ ချီးမွမ်း ခြင်း အမျိုးမျိုး ထက် ကြီး မြင့်၍ ဘုန်း ကြီးသော ကိုယ်တော် ၏ နာမ သည် မင်္ဂလာ ရှိပါစေသတည်း။
6 Tu és o único, SENHOR! Tu fizeste o céu, o céu dos céus, e toda o seu exército; a terra e tudo quanto nela há; os mares e tudo quanto neles há; e tu vivificas a todos; os exércitos dos céus te adoram.
၆ကိုယ်တော် သာလျှင် ထာဝရဘုရား ဖြစ်တော်မူ ၏။ အမြင့်ဆုံးသော ကောင်းကင် နှင့် ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့ကို၎င်း၊ မြေကြီး နှင့် မြေကြီး ပေါ် မှာ ရှိ ရှိသမျှတို့ကို၎င်း၊ ပင်လယ် နှင့် ပင်လယ် ၌ ပါသမျှ တို့ကို၎င်းဖန်ဆင်း တော်မူ၏။ အလုံးစုံ တို့ကို စောင့်မ တော်မူ ၏။ ကောင်းကင် ဗိုလ်ခြေ တို့သည် ကိုယ်တော် ကို ကိုးကွယ် ကြပါ၏။
7 Tu és, SENHOR, o Deus que escolheste a Abrão, e o tiraste de Ur dos caldeus, e puseste nele o nome Abraão;
၇အိုထာဝရ အရှင်ဘုရား သခင်၊ ကိုယ်တော် သည် အာဗြံ ကို ရွေးချယ် ၍ ခါလဒဲ ပြည်၊ ဥရ မြို့မှ ခေါ် ခဲ့ပြီးလျှင် အာဗြဟံ ဟူသောအမည် ကိုပေး တော်မူ ၏။
8 E achaste o coração dele fiel diante de ti, e fizeste com ele o pacto para lhe dar a terra dos cananeus, dos heteus, dos amorreus, dos perizeus, dos jebuseus, e dos girgaseus, para a dares à sua descendência; e cumpriste as tuas palavras, porque és justo.
၈ရှေ့ တော်၌ သူ့ သဘော ဖြောင့် သည်ကို တွေ့ သောကြောင့်၊ ခါနနိ ပြည် ၊ ဟိတ္တိ ပြည်၊ အာမောရိ ပြည်၊ ဖေရဇိ ပြည်၊ ယေဗုသိ ပြည်၊ ဂိရဂါရှိ ပြည်တို့ကို အာဗြဟံ အမျိုးအနွယ် အား ငါပေး မည်ဟု ဝန်ခံသည် အတိုင်း သစ္စာ တော်မပျက်ပြု တော်မူ၏။
9 E olhaste para a aflição de nossos pais no Egito, e ouviste o clamor deles junto ao mar Vermelho;
၉အဲဂုတ္တု ပြည်၌ အကျွန်ုပ် တို့၏ ဘိုးဘေး များ ခံရသောညှဉ်းဆဲ ခြင်းကိုမြင် ၍ ၊ ဧဒုံ ပင်လယ် နား မှာ သူ တို့ အော်ဟစ် သောအသံကို ကြား တော်မူ၏။
10 E deste sinais e maravilhas a Faraó, e a todos os seus servos, e a todo o povo de sua terra; porque sabias que os tratariam com soberba; e assim fizeste famoso o teu nome, tal como o é hoje.
၁၀ဖာရော ဘုရင်နှင့် သူ ၏ကျွန် များ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် အကျွန်ုပ်တို့၏ ဘိုးဘေးတို့ကို စော်ကား စွာပြုသောကြောင့် ၊ ကိုယ်တော်သည် ကြည့်ရှု၍ နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြ တော်မူ၍ ၊ သိတင်းတော်သည် ယနေ့ တိုင်အောင် ကျော်စောလျက်ရှိပါ၏။
11 E dividiste o mar diante deles, e passaram por meio do mar a seco; e lançaste a seus perseguidores nas profundezas, como uma pedra em águas violentas.
၁၁သူတို့သည် ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက် သွားမည်အကြောင်း သူ တို့ရှေ့ မှာ ပင်လယ် ကို ခွဲ တော်မူ၏။ ညှဉ်းဆဲ သောသူတို့ ကိုကား၊ နက် သောရေ ထဲ သို့ ကျောက် ကိုပစ်သကဲ့သို့ ပစ် တော်မူ၏။
12 E com coluna de nuvem os guiaste de dia, e com coluna de fogo de noite, para os iluminares no caminho por onde haviam de ir.
၁၂ထိုမှတပါး၊ နေ့ အချိန်၌ မိုဃ်းတိမ် တိုင် အားဖြင့် ၎င်း ၊ ညဉ့် အချိန် ၌ သူ တို့သွား ရာလမ်း ကို လင်း စေသော မီး တိုင် အားဖြင့် ၎င်း ၊ သူ တို့ကို ပို့ဆောင် တော်မူ၏။
13 E sobre o monte de Sinai desceste, e falaste com eles desde o céu; e deste-lhes regras justas, leis verdadeiras, e estatutos e mandamentos bons.
၁၃ကိုယ်တော်တိုင်လည်း၊ သိနာ တောင် ပေါ် သို့ ဆင်းသက် ၍ မိုဃ်းကောင်းကင် ထဲက ဗျာဒိတ် သံကို လွှတ် သဖြင့် ၊ ဟုတ်မှန် ဖြောင့်မတ်သော စီရင် ထုံးဖွဲ့ချက်ပညတ် တရား တို့ကို အပ် ပေးတော်မူ၏။
14 E ensinaste a eles teu santo sábado; e lhes mandaste preceitos e estatutos, por meio de teu servo Moisés.
၁၄သန့်ရှင်း သော ဥပုသ် နေ့ရက်တော်ကို ဘော်ပြ ၍ ၊ ကိုယ်တော် ကျွန် မောရှေ အားဖြင့် နည်းနာ ဥပဒေသပညတ် တရား တို့ကိုလည်း ထား တော်မူ၏။
15 E deste-lhes pão do céu em sua fome, e em sua sede lhes tiraste águas da pedra; e disseste a eles que entrassem para tomar posse da terra, pela qual juraste com mão erguida, que a darias a eles.
၁၅သူ တို့မွတ်သိပ် ခြင်းနှင့် ရေငတ် ခြင်းကို ပြေစေခြင်းငှါ၊ မိုဃ်းကောင်းကင် မုန့် နှင့် ကျောက် ထဲက ထုတ် သော ရေ ကို ပေး တော်မူ၏။ သူ တို့ပိုင် ဘို့ ကျိန်ဆိုတော်မူသောပြည် ထဲ သို့ဝင် ၍ သိမ်းယူမည်အကြောင်းမိန့် တော်မူ၏။
16 Porém eles, nossos pais, agiram com soberba; endureceram sua cerviz, e não deram ouvidos a teus mandamentos,
၁၆သို့ရာတွင် အကျွန်ုပ် တို့ဘိုးဘေး တို့သည် မာန ထောင်လွှား၍ ၊ ခိုင်မာ သော လည်ပင်း နှင့် ပညတ် တော်ကို နား မ ထောင်ကြ။
17 E recusaram [te] ouvir, e não se lembraram de tuas maravilhas que havias feito com eles; ao invés disso, endureceram sua cerviz, e em sua rebelião levantaram um líder para voltarem à sua escravidão. Porém tu, que és Deus que perdoas, clemente e misericordioso, tardio para se irar, e grande em bondade, não os desamparaste.
၁၇သူ တို့တွင် ပြု တော်မူသော အံ့ဘွယ် သောအမှု တို့ကို မ အောက်မေ့။ အာဏာတော်ကို ငြင်းဆန် လျက် ၊ လည်ပင်း ခိုင်မာ သည် ဖြစ်၍၊ ကျွန်ခံ ရာ အဲဂုတ္တုပြည်သို့ ပြန် လိုသောငှါ ၊ လူကြီး တဦးကိုချီးမြှောက် ကြ၏။ သို့ရာတွင် ကိုယ်တော် သည် အပြစ် ကိုဖြေတတ်သောဘုရား ၊ ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည် ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူသောကြောင့်သူ တို့ကို စွန့်ပစ် တော်မ မူ။
18 Até quando fizeram para si bezerro de fundição, e disseram: Este é teu Deus que te tirou do Egito; e cometeram grandes blasfêmias;
၁၈ထိုမျှမက သူတို့သည် နွား သငယ်အရုပ် ကို သွန်း ၍၊ အိုဣသရေလအမျိုး၊ ဤ ဘုရားသည် သင့် ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်သော သင် ၏ ဘုရား ဖြစ်တော်မူ၏ဟု ဆို လျက် ၊ အလွန် ပြစ်မှား သော်လည်း၊
19 Tu, contudo, pela tua grande misericórdia não os abandonaste no deserto; a coluna de nuvem nunca se afastou deles de dia, para os guiar pelo caminho, nem a coluna de fogo de noite, para os iluminar no caminho pelo qual haviam de ir.
၁၉ကိုယ်တော် သည် အထူး သဖြင့်သနား တတ် သော ဘုရားဖြစ်တော်မူ၍၊ တော ၌ သူ တို့ကို စွန့်ပစ် တော် မ မူ။ နေ့ အချိန်၌ လမ်းပြ သော မိုဃ်းတိမ် တိုင် မ ပျောက် ၊ ညဉ့် အချိန်၌ သူ တို့သွား ရာလမ်း ကို လင်း စေသော မီး တိုင် လည်း မကွယ်။
20 E deste o teu bom Espírito para os ensinar, e não tiraste o teu maná de suas bocas, e lhes deste água em sua sede.
၂၀သူ တို့အား သွန်သင် စရာဘို့ ကောင်း သော ဝိညာဉ် တော်ကိုပေး တော်မူ၏။ သူ တို့စားရသောကိုယ်တော် ၏ မန္န ကိုရုပ်သိမ်း တော်မ မူ။ သူ တို့ အငတ် ပြေစေခြင်းငှါ ၊ ရေ ကိုလည်း ပေး တော်မူ၏။
21 Assim os sustentaste por quarenta anos no deserto; de nenhuma coisa tiveram falta; suas roupas não se envelheceram, nem seus pés se incharam.
၂၁အနှစ် လေး ဆယ်ပတ်လုံးသူတို့ကို အလျှင်း မ ဆင်းရဲ စေခြင်းငှါ ကျွေးမွေး တော်မူ၏။ သူ တို့အဝတ် မ ဟောင်း မနွမ်းရ။ သူ တို့ခြေ သည်လည်း မ ပွန်းမရောင် ရ။
22 Também lhes deste reinos e povos, e os repartistes por cantos; assim tomaram posse da terra de Siom, a terra do rei de Hesbom, e a terra de Ogue, rei de Basã.
၂၂နောက် မှတပါးအမျိုးသား တို့၏ တိုင်း နိုင်ငံများ ကို သူ တို့အား အကုန်အစင်ဝေဖန် ၍ ပေး သနားတော်မူသဖြင့်၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် နှင့် ဗာရှန် ရှင်ဘုရင် ဩဃ အစိုးရသောပြည်တို့ကို သိမ်းယူ ကြ၏။
23 E multiplicaste seus filhos como as estrelas do céu, e os trouxeste à terra, da qual tinhas dito a seus pais, que entrariam para tomarem posse dela.
၂၃သူ တို့သား မြေးတို့ကို မိုဃ်းကောင်းကင် ကြယ် ကဲ့သို့ များပြား စေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ ဝင် ၍ သိမ်းယူ မည်အကြောင်း ၊ သူ တို့၏ ဘိုးဘေး တို့အား ဂတိ ထားတော်မူ၏၊ ထို ပြည် ထဲ သို့သွင်း တော်မူသဖြင့်၊
24 Assim os filhos vieram, e tomaram posse daquela terra; e abateste diante deles aos moradores do território, os cananeus, e os entregaste em suas mãos, como também a seus reis, e aos povos do território, para que fizessem deles à sua vontade.
၂၄သား မြေးတို့သည်ဝင် ၍ သိမ်းယူ ကြ၏။ သူ တို့ ရှေ့ မှာ ထိုပြည်သား ခါနာနိ လူတို့ကို နှိပ်စက် တော်မူ၍ ၊ ရှင်ဘုရင် အစရှိသော ပြည်သူ ပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူ တို့လက် သို့ အပ် တော်မူ၏။
25 E tomaram cidades fortificadas e terra fértil, e tomaram posse de casas cheias de toda fartura, cisternas cavadas, vinhas e olivais, e muitas árvores frutíferas; e comeram, se fartaram, engordaram, e se deleitaram pela tua grande bondade.
၂၅ထိုသို့သူတို့သည် ခိုင်ခံ့ သောမြို့ များ၊ မြေကောင်း သောပြည် ၊ ဥစ္စာနှင့် ပြည့် သောအိမ် ၊ တူး ပြီးသောရေတွင်း ၊ များပြားသော စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အသီး သီးသော အပင် တို့ကိုသိမ်းယူ ၍ ၊ ဝ စွာစား သောက်လျက် အသားဆူဖြိုး ၍ ကျေးဇူး တော်ကြွယ်ဝ ခြင်း၌ မွေ့လျော် ကြ၏။
26 Porém eles foram desobedientes, e se rebelaram contra ti; desprezaram tua lei, e mataram teus profetas que lhes alertavam para que convertessem a ti; assim fizeram grandes abominações.
၂၆သို့ရာတွင် အမိန့်တော်ကို နား မထောင်၊ ပုန်ကန် လျက် တရား တော်ကို ကျော နောက် သို့ ပစ် ထားကြ၏။ အထံ တော်သို့ ပြန်လာ စေခြင်းငှါ ၊ ဆုံးမ သော ကိုယ်တော် ၏ ပရောဖက် တို့ကိုသတ် ၍ အလွန် ပြစ်မှားခြင်းကို ပြု ကြ ၏။
27 Por isso tu os entregaste nas mãos de seus inimigos, os quais os afligiram; e no tempo de sua angústia clamaram a ti, e tu desde os céus os ouviste; e segundo tua grande misericórdia tu lhes davas libertadores, que os salvaram da mão de seus inimigos.
၂၇ထိုကြောင့် ၊ သူ တို့ကို နှောင့်ရှက် သော ရန်သူ လက် သို့ အပ် လိုက် တော်မူ၏။ ဆင်းရဲ ခံရ၍ ကိုယ်တော် ကို အော်ဟစ် ကြသောအခါ ၊ ကောင်းကင် ဘုံက နားထောင် ၍ ၊ ကရုဏာ ကျေးဇူးတော် ကြွယ်ဝ သည်အတိုင်း ၊ ရန်သူ လက် မှ ကယ်လွှတ် သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်း စေတော်မူ၏။
28 Mas assim que tinham repouso, voltavam a fazer o mal diante de ti; e tu os abandonavas nas mãos de seus inimigos, para que os dominassem. E eles se convertiam, e clamavam a ti, e tu os ouvias desde os céus; e segundo tua misericórdia muitas vezes os livraste.
၂၈တဖန် ချမ်းသာ ရသောအခါ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု ပြန် ကြသောကြောင့်၊ ရန်သူ အစိုးရ မည်အကြောင်း တဖန်အပ် တော်မူ၏။ သူတို့သည်ပြန်လာ ၍ ကိုယ်တော် ကို အော်ဟစ် ကြသောအခါ ၊ ကောင်းကင် ဘုံ က နားထောင် ၍ ၊ ကရုဏာ တော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ၏။
29 E os alertaste, para os fazer voltar à tua lei; porém eles agiram com soberba, e não deram ouvidos teus mandamentos; ao invés disso, pecaram contra teus juízos, os quais quem praticar, por causa deles viverá; e deram as costas, endureceram sua cerviz, e não deram ouvidos.
၂၉တရား တော်ကို ကျင့်ပြန် စေခြင်းငှါ ဆုံးမ တော်မူသော်လည်း ၊ သူတို့သည် နား မ ထောင်၊ မာန ထောင်လွှားကြ၏။ ကျင့် သောသူ ၌ အသက် ရှင်စရာ အကြောင်းဖြစ် သော စီရင် တော်မူချက်တို့ကို လွန်ကျူး ကြ၏။ ခိုင်မာ သော လည်ပင်း နှင့် ရုန်း လျက်နား မ ထောင်ဘဲ နေကြ၏။
30 Porém os suportaste por muitos anos, e os alertaste com teu Espírito por meio de teus profetas, mas não deram ouvidos; por isso tu os entregaste nas mãos dos povos das terras.
၃၀နှစ် ပေါင်းများစွာ သူ တို့ကို သည်းခံ ၍ ၊ ကိုယ်တော် ၏ ပရောဖက် တို့၌ ရှိသောကိုယ်တော် ၏ ဝိညာဉ် အားဖြင့် ဆုံးမ တော်မူသော်လည်း သူတို့သည် နား မ ထောင်သောကြောင့် ၊ ဤပြည်သူ ပြည်သားတို့လက် သို့ အပ် တော်မူ၏။
31 Mas por tua grande misericórdia não os destruíste por completo, nem os desamparaste; porque tu és Deus clemente e misericordioso.
၃၁သို့ရာတွင် ကိုယ်တော် သည် ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့် ပြည့်စုံသောဘုရား ဖြစ်၍ ၊ ကရုဏာ တော် ကြွယ်ဝ သောကြောင့်၊ သူ တို့ကို ရှင်းရှင်း ဖျက်ဆီး တော်မ မူ။ စွန့်ပစ် တော်မ မူ။
32 Agora pois, Deus nosso, Deus grande, poderoso e temível, que guardas o pacto e a bondade, não consideres pouco toda a opressão que alcançou a nós, nossos reis, nossos príncipes, nossos sacerdotes, nossos profetas, nossos pais, e todo o teu povo, desde os dias dos reis da Assíria até o dia de hoje.
၃၂သို့ဖြစ်၍ ၊ အို အကျွန်ုပ် တို့၏ဘုရား ၊ ကြီးမြတ် ၍ မဟာ တန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက် ဘွယ်သော ဘုရား ၊ ကရုဏာ ပဋိညာဉ် တော်ကို စောင့် တော်မူသောဘုရား၊ အာရှုရိ ရှင်ဘုရင် လက်ထက် မှစ၍ ယနေ့ တိုင်အောင် ၊ အကျွန်ုပ် တို့ ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော် ၏ လူ အပေါင်း တို့အပေါ် သို့ ရောက် သော ဘေးဒဏ် ရှိသမျှ ကို ပမာဏ မပြုဘဲ နေတော်မ မူပါနှင့်။
33 Tu, porém, és justo em tudo quanto veio sobre nós; porque agiste fielmente, mas nós agimos perversamente.
၃၃ကိုယ်တော် မူကား အကျွန်ုပ် တို့အပေါ် သို့ရောက် စေသမျှ သော အမှု၌ တရား တော်မူ၏။ အကျွန်ုပ် တို့သည် မ တရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင် တော်မူပြီ။
34 E nossos reis, nossos príncipes, nossos sacerdotes, e nossos pais, não praticaram tua lei, nem deram ouvidos a teus mandamentos e teus testemunhos, com que os alertavas.
၃၄အကျွန်ုပ် တို့ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ အဆွေအမျိုးသူကြီးတို့သည် တရား တော်ကိုမ စောင့်။ ပေး ထားတော်မူသော ပညတ် များနှင့် သက်သေခံ ချက် များတို့ကို နား မ ထောင်ကြ။
35 Porque eles, mesmo em seu reino, nos muitos bens que lhes deste, e na terra espaçosa e fértil que entregaste a deles, não te serviram, nem se converteram de suas más obras.
၃၅ကြီး သောကျေးဇူး ကို ပြုလျက်အပ်ပေး တော်မူ၍ ၊ သူ တို့ပိုင်သော နိုင်ငံ ၊ သနားတော်မူသောပြည် ကြီး ၊ ပြည် ကောင်း ၌နေရသော်လည်း၊ အမှု တော်ကိုမ ဆောင်မရွက်၊ မိမိ တို့ပြု သောဒုစရိုက် ကို မ ရှောင် ဘဲနေကြပါ၏။
36 Eis que hoje somos servos, na terra que havias dado a nossos pais para que comessem seus fruto e o seu bem, eis que nela somos servos.
၃၆ဘိုးဘေး တို့သည် အလွန်မြတ် သော အသီး အနှံကို စား ရသောအခွင့်နှင့်သူတို့အားပေး သနားတော်မူ သော ပြည် ၌ အကျွန်ုပ် တို့သည် ယနေ့ အစေခံ ကျွန် ဖြစ်ကြပါ၏။ သူ့ ကျွန် ခံရကြပါ၏။
37 E sua grande renda é para os reis que puseste sobre nós por nossos pecados; e eles à sua vontade dominam sobre nossos corpos e sobre nossos animais, e estamos em grande angústia.
၃၇အကျွန်ုပ် တို့အပြစ် ကြောင့် ၊ အကျွန်ုပ် တို့အပေါ် မှာ ခန့် ထားတော်မူသော ရှင် ဘုရင်တို့သည် ဤပြည်၌ ကြွယ်ဝ စွာဖြစ်သော အသီး အနှံကို သိမ်းစားမြဲရှိကြပါ၏။ အကျွန်ုပ် တို့၏ ကိုယ် နှင့် တိရစ္ဆာန် များကို သူတို့သည် ကိုယ် အလိုအလျောက်အစိုးပိုင် ၍ ၊ အကျွန်ုပ် တို့သည် အလွန် ဆင်းရဲ ခံလျက်နေရပါသည်ဟု မြွက်ဆိုကြ၏။
38 A por causa de tudo isso nós fazemos [um pacto] fiel, e o escrevemos, e nossos príncipes, nossos Levitas, e nossos sacerdotes o selaram.
၃၈ထို အကြောင်းအရာများကို ငါ တို့သည် ဆင်ခြင် ပြီးမှ ၊ သစ္စာပြု၍ စာချုပ်ကိုလည်း ရေး ထားလျက် ၊ ငါ တို့ အကြီး အကဲ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် တံဆိပ် ခတ်ကြ၏။