< Miquéias 1 >
1 Palavra do SENHOR que veio a Miqueias, o morastita, nos dias de Jotão, Acaz, [e] Ezequias, reis de Judá; que ele viu sobre Samaria e Jerusalém.
၁ယုဒနိုင်ငံတွင်ယောသံဘုရင်၊ အာခတ်ဘုရင်၊ ဟေဇကိဘုရင်တို့စိုးစံသည့်အချိန်ကာလ ၌ ထာဝရဘုရားသည်မောရရှမြို့သား မိက္ခာအားဤသို့ဗျာဒိတ်ပေးတော်မူ၏။ ထာဝရဘုရားသည်ရှမာရိမြို့နှင့် ယေရုရှလင်မြို့တို့နှင့်စပ်လျဉ်း၍ အောက် ပါအကြောင်းအရာများကိုဖော်ပြတော် မူ၏။
2 Ouvi vós todos os povos; presta atenção tu, ó terra, e tudo o que nela há; pois o Senhor DEUS será testemunha contra vós, o Senhor desde seu santo templo.
၂လူမျိုးအပေါင်းတို့၊ကြားနာကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့နားထောင် ကြလော့။ အရှင်ထာဝရဘုရားသည်သင်တို့တစ် ဘက်မှ သက်သေခံတော်မူမည်။ နားထောင်ကြလော့၊ ထာဝရဘုရားသည်ကောင်းကင်ဘုံရှိဗိမာန် တော်မှ မိန့်ကြားတော်မူ၏။
3 Porque eis que SENHOR está saindo de seu lugar, e descerá, e pisará os lugares altos da terra.
၃ထာဝရဘုရားသည်သန့်ရှင်းရာဌာန တော်မှ ကြွဆင်းလာ၍၊တောင်ထိပ်များပေါ်တွင် စက်တော်ဖြန့်တော်မူမည်။
4 E os montes debaixo dele se derreterão, e os vales se fenderão como a cera diante do fogo, como as águas se derramam por um precipício.
၄ထိုအခါ၌တောင်များသည်မီးနှင့်တွေ့သော ဖယောင်းကဲ့သို့အရည်ပျော်လိမ့်မည်။ ထိုနောက်တောင်ကုန်းမှတောင်အောက်သို့ ရေစီးဆင်းသကဲ့သို့ချိုင့်ဝှမ်းထဲသို့စီးဆင်း လိမ့်မည်။
5 Tudo isto é por causa da transgressão de Jacó e dos pecados da casa de Israel. Qual é a transgressão de Jacó? Não é Samaria? E quais são os altos de Judá? Não é Jerusalém?
၅ဣသရေလအမျိုးသားတို့သည် အပြစ် ကူးလွန်၍ဘုရားသခင်အားပုန်ကန်ကြ သောကြောင့် ဤအဖြစ်မျိုးနှင့်တွေ့ကြုံရ ကြမည်။ ဣသရေလအမျိုးသားတို့၏ ပုန်ကန်မှုအတွက် မည်သူ့ကိုအပြစ်တင် ရပါမည်နည်း။ ရှမာရိမြို့တော်မဟုတ် လော။ ယုဒလူမျိုးများကိုးကွယ်နေသည့် မြင့်ရာအရပ်ကားအဘယ်မှာနည်း။ ယေရုရှလင်မြို့တော်၌မဟုတ်လော။-
6 Por isso tornarei a Samaria em amontoado de pedras no campo, em plantação de vinhas; e derrubarei suas pedras no vale, e descobrirei seus fundamentos.
၆ထို့ကြောင့်ထာဝရဘုရားက``ငါသည် ရှမာရိမြို့ကိုကွင်းပြင်၌မြို့ပျက်ကဲ့ သို့လည်းကောင်း၊ စပျစ်ပင်စိုက်ရာအရပ် ကဲ့သို့လည်းကောင်းဖြစ်စေမည်။ ငါသည် မြို့ပျက်မှကျောက်တုံးကျောက်ခဲတို့ကို ချိုင့်ဝှမ်းထဲသို့သွန်ချ၍မြို့အောက်ခြေ ကိုလှန်ပစ်မည်။-
7 E todas suas imagens de escultura serão esmigalhadas, e todos seus salários de prostituta serão queimados com fogo, e destruirei todos os seus ídolos; porque do salário de prostituta os ajuntou, e para salário de prostituta voltarão.
၇ရုပ်တုရှိသမျှကိုကျိုးပဲ့ကြေမွစေမည်။ ရုပ်တုတို့အားပူဇော်သောလက်ဆောင်ပစ္စည်း ရှိသမျှကိုမီးရှို့ဖျက်ဆီးမည်။ ရုပ်တုရှိ သမျှကိုအမှိုက်ပုံဖြစ်စေမည်။ ရှမာရိ မြို့သည်ဤအရာများကိုရုပ်တုကိုးကွယ် မှုဖြင့်စုဆောင်းရရှိ၏။ ဘုရားကျောင်း ပြည့်တန်ဆာလုပ်ငန်းနှင့် ရန်သူများသည် ယင်းတို့ကိုကိုးကွယ်ရန်သိမ်းယူသွား ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
8 Portanto lamentarei e uivarei, e andarei descalço e nu; farei uivos como de chacais, e lamentos como de filhotes de avestruzes.
၈ထိုအခါမိက္ခာက``ထိုအတွက်ကြောင့်ငါ သည်ငိုကြွေးမြည်တမ်းမည်။ ငါသည်ဝမ်း နည်းကြောင်းပြရန်ဖိနပ်မစီး၊ အဝတ် အင်္ကျီမဝတ်ဆင်ဘဲလှည့်လည်မည်။ ငါ သည်ခွေးအကဲ့သို့အူ၍ငှက်ကုလား အုတ်ကဲ့သို့ညည်းညူမည်။-
9 Porque suas feridas são incuráveis, que já chegaram até Judá; [isto] já chegou até a porta do meu povo, até Jerusalém.
၉ရှမာရိမြို့၏ဒဏ်ရာဒဏ်ချက်တို့ကိုကုသ ၍မရနိုင်။ ယုဒပြည်သည်လည်းထိုကဲ့သို့ သောကံကြမ္မာနှင့်တွေ့ကြုံရတော့မည်။ ငါ ၏အမျိုးသားတို့နေထိုင်ရာယေရုရှလင် မြို့တံခါးများသို့ဘေးအန္တရာယ်ဆိုက် ရောက်လာသည်'' ဟုဆိုလေ၏။
10 Não anunciai [isto] em Gate, nem choreis tanto; revolve-te no pó em Bete-Le-Afra.
၁၀ဂါသမြို့ရှိရန်သူများအားငါတို့စစ်ရေး နိမ့်သည့်သတင်းကိုမကြားပြောနှင့်။ သင် တို့ငိုကြွေးနေခြင်းကိုသူတို့မမြင်စေနှင့်။ ဗေသောဖရာမြို့သားတို့၊ စိတ်ပျက်အား လျော့ကြောင်းပြရန်မြေမှုန့်၌လူးလှိမ့်နေ ကြလော့။-
11 Passa-te com vergonha descoberta, ó moradora de Safir; a moradora de Zaanã não sai; pranto há em Bete-Ezel; seu apoio foi tomado de vós.
၁၁ရှဖိရမြို့သားတို့၊ အဝတ်အချည်းစည်း ဖြင့်အရှက်ကွဲလျက်သုံ့ပန်းအဖြစ်ရောက် ကြလော့။ ဇာနန်မြို့သားတို့သည်မြို့ပြင် သို့မထွက်ဝံ့ကြ။ ဗေသဇေလမြို့သား တို့ငိုကြွေးသံကိုသင်တို့ကြားရသော အခါ ထိုမြို့တွင်သင်တို့ခိုလှုံနိုင်မည် မဟုတ်ကြောင်းသိရလိမ့်မည်။-
12 Porque a moradora de Marote anseiam à espera do bem; pois um mal desceu do SENHOR até a porta de Jerusalém.
၁၂မာရုတ်မြို့သားတို့သည်လူးလှိမ့်လျက် ဝေဒနာခံနေကြ၏။ ထာဝရဘုရား သည်ယေရုရှလင်မြို့အား ဘေးဒုက္ခရောက် စေတော့မည်ဖြစ်၍ ငါတို့မြို့သားတို့သည် စိတ်တထင့်ထင့်နှင့်အကူအညီစောင့် မျှော်နေကြ၏။-
13 Liga os cavalos à carruagem, ó moradora de Laquis (ela é o princípio do pecado à filha de Sião), porque em ti foram achadas as transgressões de Israel.
၁၃လာခိရှမြို့တွင်နေထိုင်သူတို့၊ စစ်ရထား များကိုမြင်းကကြလော့။ သင်တို့သည် ဣသရေလပြည်သူတို့၏စံနမူနာကို လိုက်၍ အပြစ်ကူးလွန်ကြ၏။ သင်တို့ အပြစ်ကူးလွန်စေသကဲ့သို့ ယေရုရှလင် မြို့အားလည်းအပြစ်ကူးလွန်စေကြ၏။-
14 Portanto, tu darás presentes de despedida a Moresete-Gate; as casas de Aczibe serão enganosas aos reis de Israel.
၁၄ယုဒပြည်သားတို့၊ မောရရှက်ဂါသမြို့ကို လည်းလက်လွှတ်လိုက်ကြလော့။ ဣသရေလ ဘုရင်တို့သည် အာခဇိပ်မြို့သားတို့ထံမှ အကူအညီရလိမ့်မည်မဟုတ်။
15 Ainda trarei a ti um conquistador, ó moradora de Maressa; a glória de Israel virá até Adulão.
၁၅မရေရှမြို့သားတို့၊ ထာဝရဘုရားသည် သင်တို့၏မြို့ကိုရန်သူ့လက်သို့အပ်တော် မူမည်။ ဣသရေလခေါင်းဆောင်များသည် အဒုလံဥမင်လှိုဏ်ခေါင်းသို့ထွက်ပြေး ပုန်းအောင်းရလိမ့်မည်။-
16 Faz em ti calva, e rapa-te por causa dos filhos a quem gostavas; aumenta tua calva como a águia; porque foram levados de ti em cativeiro.
၁၆ယုဒပြည်သားတို့၊ သင်တို့ချစ်သောသား သမီးများအတွက်ဝမ်းနည်းပူဆွေးကြောင်း ပြသည့်အနေဖြင့် သင်တို့၏ဆံပင်ကိုရိတ် ကြလော့။ သင်တို့၏သားသမီးများကို တိုင်းတစ်ပါးသို့သိမ်းယူသွားကြမည် ဖြစ်သောကြောင့် သင်တို့၏ဦးခေါင်းကို လင်းတငှက်ခေါင်းကဲ့သို့ပြောင်အောင် ရိတ်ကြလော့။