< 5 >

1 Clama agora! Haverá alguém que te responda? E a qual dos santos te voltarás?
ယခု ဟစ်ခေါ် ပါ။ အဘယ်သူထူး လိမ့်မည်နည်း။ သန့်ရှင်း သူတို့တွင် အဘယ် သူကို ကြည့် မျှော်မည်နည်း။
2 Pois a ira acaba com o louco, e o zelo mata o tolo.
ဒေါသ သည် လူမိုက် ကို ဖျက်ဆီး တတ်၏။ ပညာ မရှိသောသူသည် လည်း ငြူစူ သောသဘောအားဖြင့်သေ ခြင်းသို့ ရောက်တတ်၏။
3 Eu vi ao louco lançar raízes, porém logo amaldiçoei sua habitação.
မိုက် သောသူအမြစ် စွဲသည်ကို ငါ မြင် သောအခါ ၊ သူ ၏နေရာ ကို ချက်ခြင်း ကျိန်ဆဲ ၏။
4 Seus filhos estarão longe da salvação; na porta são despedaçados, e não há quem os livre.
သူ ၏သား သမီးတို့သည် ဘေး လွတ်ရာအရပ်နှင့် ဝေး ကြ၏။ ရုံး တော်ရှေ့၌ ညှဉ်းဆဲ ခြင်းကို ခံရသောအခါ ကယ်နှုတ် သောသူ တ ယောက်မျှမရှိ။
5 O faminto devora sua colheita, e a tira até dentre os espinhos; e o assaltante traga sua riqueza.
သူ ရိတ် သောစပါးကို မွတ်သိပ် သောသူသည်၊ ဆူး ပင်ကာသောခြံ အထဲ ကယူ သွား၍ စား တတ်၏။ သူ ၏ ပစ္စည်း ဥစ္စာကိုလည်း ရေငတ်သောသူသည် မျို တတ်၏။
6 Porque a aflição não procede do pó da terra, nem a opressão brota do chão.
မြေမှုန့် ထဲက အမှုရောက်သည်မ ဟုတ်။ ဒုက္ခ သည် မြေ ပေါ်မှာ မပေါက်တတ်။
7 Mas o ser humano nasce para a opressão, assim como as faíscas das brasas se levantam a voar.
မီးပွါး တို့သည် အထက် သို့ပျံ တက်သည်နည်းတူ ၊ လူ သည်ဒုက္ခ ၌ ကျင်လည်ခြင်းငှါ မွေးဘွား ၏။
8 Porém eu buscaria a Deus, e a ele confiaria minha causa;
ငါ မူကား ဘုရား သခင်ကို မျှော်လင့် မည်။ ကိုယ် အမှု ကို ဘုရား သခင်၌ အပ် မည်။
9 [Pois] ele é o que faz coisas grandiosas e incompreensíveis, e inúmeras maravilhas.
ဘုရားသခင် သည် ကြီး သောအမှု၊ စစ် ၍မ ကုန်နိုင်သောအမှု၊ ရေတွက် ၍မ ဆုံး၊ အံ့ဩ ဘွယ်သော အမှု တို့ကို ပြု တော်မူ၏။
10 Ele é o que dá a chuva sobre a face da terra, e envia águas sobre os campos.
၁၀မြေ ပေါ် မှာမိုဃ်း ရွာစေသဖြင့် လယ် တို့၌ ရေ ကိုပေး တော်မူ၏။
11 Ele põe os humildes em lugares altos, para que os sofredores sejam postos em segurança.
၁၁ထိုသို့နှိမ့်ချ လျက်ရှိသောသူတို့ကို ချီးမြှောက် တော်မူ၏။ ငြိုငြင် သောသူတို့ကိုလည်း ဝမ်းသာစေတော်မူ ၏။
12 Ele frustra os planos dos astutos, para que suas mãos nada consigam executar.
၁၂ပရိယာယ် ပြုသောသူတို့၏ အမှုကိုမ အောင်စေခြင်းငှါ သူတို့အကြံ ကို ဖျက် တော်မူ၏။
13 Ele prende aos sábios em sua própria astúcia; para que o conselho dos perversos seja derrubado.
၁၃ပညာ ရှိတို့ကို သူ တို့၏ပရိယာယ် အားဖြင့် ဘမ်းဆီး တော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင် ခြင်း ကို အချည်းနှီး ဖြစ်စေတော်မူ၏။
14 De dia eles se encontram com as trevas, e ao meio-dia andam apalpando como de noite.
၁၄ထိုသူတို့သည် နေ့ အချိန်၌ မှောင်မိုက် ကိုတွေ့ ၍၊ ညဉ့် အချိန်၌ကဲ့သို့ မွန်းတည့် အချိန်၌ စမ်းသပ် လျက် သွားလာရကြ၏။
15 Porém livra ao necessitado da espada de suas bocas, e da mão do violento.
၁၅ထိုသူ တို့စီရင်သောထား ဘေးမှ ၎င်း ၊ အားကြီး သောသူတို့၏ လက် မှ ၎င်း ၊ ဆင်းရဲသား တို့ကို ကယ်နှုတ် တော်မူ၏။
16 Pois ele é esperança para o necessitado, e a injustiça tapa sua boca.
၁၆ထိုသို့ ဆင်းရဲသား တို့သည် မြော်လင့် ရာအခွင့် ရှိ ကြ၏။ အဓမ္မ သည်လည်း မိမိ နှုတ် ကို ပိတ် ထားရ၏။
17 Eis que bem-aventurado é o homem a quem Deus corrige; portanto não rejeites o castigo do Todo-Poderoso.
၁၇အပြစ်နှင့်အလျောက်ဘုရား သခင်စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာ ရှိ၏။ ထိုကြောင့် အနန္တ တန်ခိုးရှင် ဆုံးမ တော်မူခြင်းကို မထီမဲ့မြင် မ ပြုပါနှင့်။
18 Pois ele faz a chaga, mas também põe o curativo; ele fere, mas suas mãos curam.
၁၈ထိုအရှင်သည် အနာ ကိုဖြစ်စေ၍ ၊ ထိုအနာ ကိုလည်း စည်း တော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက် တော်နှင့် သက်သာ စေတော်မူ၏။
19 Em seis angústias ele te livrará, e em sete o mal não te tocará.
၁၉သင့် ကိုအမှု ခြောက် ပါးထဲက နှုတ် ယူတော်မူသည် သာမက၊ ခုနစ် ပါးသောအမှု၌ လည်း ဘေး တစုံတခုမျှ မ ထိ မခိုက်ရ။
20 Na fome ele te livrará da morte, e na guerra [livrará] do poder da espada.
၂၀အစာခေါင်းပါး သောအခါ သေဘေး မှ ၎င်း ၊ စစ်တိုက် သောအခါ ထား ဘေးမှ ၎င်း၊ သင့် ကို ရွေးနှုတ် တော်မူလိမ့်မည်။
21 Do açoite da língua estarás encoberto; e não temerás a destruição quando ela vier.
၂၁သင်သည်ကဲ့ရဲ့ ခြင်းဘေးနှင့် ကင်းလွတ် ၍ ပျက်စီး ခြင်းဘေးရောက် သော်လည်း မ ကြောက် ရ။
22 Tu rirás da destruição e da fome, e não temerás os animais da terra.
၂၂ပျက်စီး ခြင်းဘေးနှင့် အစာ ခေါင်းပါးခြင်းဘေးကို ရယ်မော ၍ တော သားရဲ တို့ကိုလည်း မ ကြောက် ရ။
23 Pois até com as pedras do campo terás teu pacto, e os animais do campo serão pacíficos contigo.
၂၃အကြောင်း မူကား၊ လယ် ၌ကျောက်ခဲ တို့သည် သင် နှင့် ပဋိညာဉ် ပြု၍ တော သားရဲ တို့သည် သင် နှင့် မိဿဟာယ ဖွဲ့ကြလိမ့်မည်။
24 E saberás que há paz em tua tenda; e visitarás tua habitação, e não falharás.
၂၄သင်သည်ကိုယ် အိမ် ၌ ငြိမ်သက် ခြင်းရှိကြောင်း ကို တွေ့ ၍ ကိုယ် နေရာ အရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက် စရာအကြောင်းမ ရှိရ။
25 Também saberás que tua semente se multiplicará, e teus descendentes serão como a erva da terra.
၂၅သင် ၌သား သမီးများပြား ၍ ၊ သင့် အမျိုး အနွယ်သည် မြေ ပေါ်မှာ မြက်ပင် နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင် ရလိမ့်မည်။
26 Na velhice virás à sepultura, como o amontoado de trigo que se recolhe a seu tempo.
၂၆အချိန် တန်လျှင် သိမ်းယူ သောကောက် လှိုင်းကဲ့သို့ ၊ သင်သည် အသက် ကြီးရင့်၍ သင်္ချိုင်း သို့ ရောက် ရ လိမ့်မည်။
27 Eis que é isto o que temos constatado, e assim é; ouve-o, e pensa nisso tu para teu [bem].
၂၇ဤ အမှုကို ငါတို့သည် စစ်ဆေး ၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင် ပါ။ အသင့်နှလုံး သွင်း ထားပါဟု မြွက်ဆို၏။

< 5 >