< Jeremias 19 >

1 Assim diz o SENHOR: Vai, e compra uma jarra de barro de oleiro, e [toma contigo] dos anciãos do povo e dos anciãos dos sacerdotes;
ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် အိုးထိန်းသမားထံသို့ သွား၍ ရေဘူးကိုယူပြီးလျှင်၊ အသက် ကြီးသော လူ၊ အသက်ကြီးသော ယဇ်ပုရောဟိတ် အချို့ တို့နှင့်တကွ၊
2 E sai ao vale do filho de Hinom, que fica à entrada da porta oriental; e ali declara as palavras que eu te disser.
ဟရသိတ်တံခါးပြင်၊ ဟိန္နုံသား၏ ချိုင့်သို့သွား၍၊ ငါမိန့်တော်မူသည်အတိုင်း ကြွေးကြော်ရမည့်စကား ဟူမူကား၊
3 E dize: Ouvi a palavra do SENHOR, ó reis de Judá, e moradores de Jerusalém. Assim diz o SENHOR dos exércitos, Deus de Israel: Eis que trarei calamidade sobre este lugar, de tal modo que quem o ouvir, lhe retinirão os ouvidos.
အိုယုဒရှင်ဘုရင်များနှင့် ယေရုရှလင်မြို့သား များတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြ လော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားခါးသည်တိုင်အောင်၊ ငါသည် ဤအရပ်၌ ဘေးရောက်စေမည်။
4 Pois me abandonaram, e profanaram este lugar, e queimaram nele incenso a outros deuses, que nunca tinham conhecido, nem eles, nem seus pais, nem os reis de Judá; e encheram este lugar com sangue de inocentes;
အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြ ပြီ။ ကိုယ်တိုင်မသိ၊ ဘိုးဘေးများမသိ၊ ယုဒရှင်ဘုရင်များ မသိသော တကျွန်းတနိုင်ငံ ဘုရားတို့ ရှေ့မှာ၊ ဤအရပ်၌ နံ့သာပေါင်းကို မီးရှို့သဖြင့်၊ ဤအရပ်ကို တကျွန်း တနိုင်ငံ မြေဖြစ်စေကြပြီ။ အပြစ်မရှိသော သူတို့၏ အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ။
5 E edificaram altares a Baal, para queimarem a fogo seus filhos [como] holocaustos a Baal; coisa esta que nunca [lhes] mandei, nem falei, nem jamais pensei em meu coração.
ငါမစီရင်မမှာထား၊ ငါအလျှင်းအလိုမရှိသော ဝတ်တည်းဟူသော၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့၍၊ ပူဇော်ရာ ဝတ်ပြုခြင်းငှါ၊ ဗာလဘုရားဘို့ ကုန်းတို့ကို တည်လုပ်ကြပြီ။
6 Por isso eis vêm dias, diz o SENHOR, que este lugar não se chamará mais Tofete, nem Vale do filho de Hinom, mas sim Vale da Matança.
သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအရပ်ကို တောဖက်အရပ်ဟူ၍မခေါ်၊ ဟိန္နုံသား၏ ချိုင့်ဟူ၍မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
7 E tornarei vazio o conselho de Judá e de Jerusalém neste lugar; e os farei cair à espada diante de seus inimigos, e nas mãos dos que buscam [tirar] suas vidas; e darei seus cadáveres por comida às aves do céu e aos animais da terra;
ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည် သော အကြံအစည်ကို ဤအရပ်၌ ငါဖျက်မည်။ ရန်သူ၏ ထားဖြင့်၎င်း၊ သတ်ခြင်းငှါ ရှာသောသူ၏ လက်ဖြင့်၎င်း၊ သူတို့ကို ငါဆုံးစေမည်။ သူတို့အသေကောင် များကိုလည်း မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲစားစရာဘို့ ငါထား မည်။
8 E farei desta cidade espanto e assovio; todo aquele que passar por ela se espantará e assoviará por causa de todas as suas pragas.
ဤမြို့ကိုလည်း လူဆိတ်ညံရာ၊ ကဲ့ရဲ့သံကို ကြားရာအရပ်ဖြစ်စေမည်။ လမ်း၌ရှောက်သွားသမျှသော သူတို့သည် ဤမြို့ခံရသော ဘေးအလုံးစုံတို့ကို မြင်သော အခါ၊ အံ့ဩ၍ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
9 E farei com que comam a carne de seus filhos e a carne de suas filhas; e cada um comerá a carne de seu próximo durante o cerco e a opressão com que os seus inimigos e os que buscam [tirar] suas vidas lhes oprimirão.
သတ်ခြင်းငှါ ရှာကြံသောရန်သူများတို့သည် ဝိုင်း၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ်လျက် နေ၍၊ ကိုယ်သားသမီး အသားကို ငါစားစေမည်။ အချင်း ချင်းတယောက်အသားကို တယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊
10 Então quebrarás a jarra perante os olhos dos homens que tiverem ido contigo,
၁၀သင်နှင့်အတူ သွားသောသူတို့ရှေ့တွင်၊ ရေဘူး ကိုခွဲလော့။
11 E lhes dirás: Assim diz o SENHOR dos exércitos: Assim quebrarei a este povo e a esta cidade, como quem quebra um vaso de oleiro, que não pode mais ser restaurado; e em Tofete serão enterrados, pois não haverá [outro] lugar para enterrar.
၁၁ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက၊ နောက်တဖန်မပြင်နိုင်အောင် ရေဘူးကို ခွဲသကဲ့သို့၊ ဤလူများနေသော ဤမြို့ကို ငါခွဲမည်။ တောဖက်အရပ်၌ သင်္ဂြိုဟ်ရာမြေ မလောက်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။
12 Assim farei a este lugar, diz o SENHOR, e a seus moradores, para fazer desta cidade como a Tofete.
၁၂ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဤသို့ ငါပြု၍ ဤမြို့ကို တောဖက်အရပ်ကဲ့သို့ ဖြစ်စေမည်။
13 E as casas de Jerusalém, e as casas dos reis de Judá, serão imundas tal como o lugar de Tofete; todas as casas sobre cujos telhados foi queimado incenso a todo o exército do céu, e derramaram ofertas de bebida a deuses estrangeiros.
၁၃အကြင်အိမ်မိုးအပေါ်မှာ ကောင်းကင်တန်ဆာ ရှိသမျှုတို့အား နံ့သာပေါင်းကို မီးရှို့၍၊ အခြားတပါးသော ဘုရားများရှေ့၌ သွန်းလောင်းရာပူဇော်သက္ကာပြု၏။ ထိုအိမ်ရှိသမျှတို့နှင့်တကွ ယေရုရှလင်မြို့ အိမ်များ၊ ယုဒ ရှင်ဘုရင်၏ နန်းတော်များတို့သည် တောဖက်အရပ်ကဲ့သို့ မစင်ကြယ်ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။
14 Então voltou Jeremias de Tofete, onde o SENHOR tinha lhe mandado profetizar, e se pôs em pé no pátio da casa do SENHOR, e disse a todo o povo:
၁၄ထိုအခါ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရား စေလွှတ်တော်မူရာ တောဖက်အရပ်က၊ ယေရမိသည် ပြန်လာ၍ ဗိမာန်တော်တန်တိုင်း၌ ရပ်လျက်၊
15 Assim diz o SENHOR dos exércitos, Deus de Israel: Eis que eu trago sobre esta cidade e sobre todas as suas vilas todo o mal que falei contra ela; pois endureceram seu pescoço para não ouvirem minhas palavras.
၁၅ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့သားတို့သည် ငါ့စကားကို နားမထောင်ခြင်းငှါ၊ မိမိတို့ လည်ပင်းကို ခိုင်မာစေသောကြောင့်၊ ငါခြိမ်းသမျှ သောဘေးဒဏ်တို့ကို၊ ဤမြို့ရွာရှိသမျှတို့အပေါ်မှာ သက်ရောက်စေမည်ဟူသော အမိန့်တော်ကို လူအပေါင်း တို့အား ဆင့်ဆိုလေ၏။

< Jeremias 19 >