< Isaías 19 >

1 Revelação sobre o Egito: Eis que o SENHOR vem montado numa veloz nuvem, e ele virá ao Egito; e os ídolos do Egito tremerão perante sua presença; e o coração dos egípcios se derreterá dentro de si;
အဲဂုတ္တု ပြည် နှင့် ဆိုင်သော ဗျာဒိတ် တော်ကား၊ ကြည့်ရှု လော့။ ထာဝရဘုရား သည် လျင်မြန် သော မိုဃ်းတိမ် ကို စီး ၍ အဲဂုတ္တု ပြည်သို့ ကြွ တော်မူ၏။ ရှေ့ တော်၌ အဲဂုတ္တု ပြည်၏ ရုပ်တု ဆင်းတုတို့သည် လှုပ်ရှား ၍ ၊ အဲဂုတ္တု ပြည်၏ နှလုံး သည် သူ ၏အထဲ မှာ အရည် ကျိုလျက် ရှိလိမ့်မည်။
2 Porque instigarei egípcios contra egípcios, e cada um lutará contra seu irmão, e cada um contra seu próximo; cidade contra cidade, reino contra reino.
အဲဂုတ္တု ပြည်သားတို့သည် အချင်းချင်းတ ယောက်နှင့် တယောက် ရန်ပြု စေခြင်းငှါ ငါနှိုးဆော် သဖြင့် ၊ သူတို့သည် ညီအစ်ကို ချင်း တယောက်နှင့် တ ယောက်၊ အိမ်နီးချင်း တယောက်နှင့်တယောက်၊ တမြို့ နှင့် တမြို့ ၊ တနိုင်ငံ နှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည်။
3 E o espírito dos egípcios se esvaziará dentro de si, e destruirei seu conselho; então eles perguntarão ao ídolos, encantadores, adivinhos que consultam espíritos de mortos, e feiticeiros.
အဲဂုတ္တု ပြည်၏ စိတ် သည် သူ ၏အထဲ မှာ ပျက် လိမ့်မည်။ သူ ၏အကြံ ကိုလည်း ငါဖျက် မည်။ သူတို့သည် ရုပ်တု တို့၌၎င်း ၊ ပြုစား သောသူတို့၌ ၎င်း ၊ နတ်ဝင်နှင့် စုန်း တို့၌၎င်း ဆည်းကပ် ကြလိမ့်မည်။
4 E entregarei os egípcios nas mãos de um duro senhor, e um rei rigoroso dominará sobre eles, diz o SENHOR dos exércitos.
အဲဂုတ္တု ပြည်သားတို့ကို ကြမ်းကြုတ် သော သခင် တို့ လက် သို့ ငါအပ် သဖြင့် ၊ ပြင်းထန် သော ရှင်ဘုရင် တပါးသည် အုပ်စိုး လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့် တော်မူ၏။
5 E as águas do mar se acabarão; e o rio se esvaziará e se secará.
ထိုအခါပင်လယ် ရေ ပြတ် လိမ့်မည်။ မြစ် ရေ လည်း လျော့ ၍ ခန်းခြောက် လိမ့်မည်။
6 E os rios terão mau cheiro; os canais do Egito serão esvaziados e se secarão; as canas e os juncos murcharão.
ချောင်း ရေများလည်း ပုပ် ကြလိမ့်မည်။ အဲဂုတ္တု မြစ် လက်ကြားတို့လည်း ရေ ပြတ်၍ ခန်းခြောက်သဖြင့်၊ ကျူပင် နှင့် ကိုင်း ပင်တို့သည် ညှိုးနွမ်း ကြလိမ့်မည်။
7 A relva junto ao rio, junto às margens dos rio, e todas as plantações junto ao rio se secarão, serão removidas, e se perderão.
မြစ် လက်ကြားနားနှင့် ချောင်း ဝ နား မှာ ပေါက် သော မြက်ပင် အစရှိသော၊ မြစ် နားမှာ စိုက် သမျှ တို့သည် ညှိုးနွမ်း ပျက်စီး ပ ပျောက်ကြလိမ့်မည်။
8 E os pescadores gemerão e todos os que lançam anzol no rio lamentarão; e os que estendem rede sobre as águas perderão o ânimo.
တံငါ တို့သည် ညည်းတွား ကြလိမ့်မည်။ မြစ် ၌ ငါးမျှား ကို ချ သမျှ သောသူတို့သည် မြည်တမ်း ၍ ရေ ပေါ် မှာ ပိုက်ကွန် ကို ဖြန့် တတ်သောသူတို့ သည် စိတ်ပျက် ကြလိမ့်မည်။
9 E ficarão envergonhados os que trabalham com linho fino e os que tecem panos brancos.
ပိုက်ဆန် လုပ် သောသူနှင့် ဈာ မျိုးကို ရက် သောသူတို့ သည်လည်း အကျိုးနည်း ရှိကြလိမ့်မည်။
10 Os fundamentos serão quebrados, e os empregados sentirão aflição na alma.
၁၀အမှီ တကဲတို့သည် ပျက် ၍၊ အခ စား သောသူအပေါင်း တို့သည် ညှိုးငယ် သောစိတ် ရှိကြလိမ့်မည်။
11 Na verdade, os príncipes de Zoã são uns tolos; o conselho dos “sábios” de Faraó se tornou imprudente. Como é que dizeis a Faraó: Sou filho de sábios, sou descendente dos antigos reis?
၁၁အကယ်စင်စစ်ဇောန မင်း တို့သည် အရူး ဖြစ် ကြ၏။ ဖာရော ဘုရင်၏ တိုင်ပင် မှူးမတ် တို့သည် မိုက် သောအကြံ ကိုပေးကြ၏။ ကျွန်တော်သည် ပညာရှိ အမျိုး ၊ ရှေး ဘုရင် တို့ အနွှယ် ဖြစ်ပါသည်ဟု ဖာရော ဘုရင်အား အဘယ်ကြောင့် လျှောက် ကြသနည်း။
12 Onde estão agora os teus sábios? Avisem-te, pois, e informem o que o SENHOR dos exércitos determinou contra o Egito.
၁၂သူ တို့သည် အဘယ်မှာ ရှိကြသနည်း။ သင် ၏ ပညာရှိ တို့သည် အဘယ်မှာရှိကြသနည်း။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည် တဘက် ၌ အဘယ်သို့ ကြံစည် တော်မူသည်ကို ယခု ပြော ကြပါစေ။ ဘော်ပြ ကြပါစေ။
13 Os príncipes de Zoã se tornaram tolos, os príncipes de Nofe estão enganados; e o Egito será levado ao erro pelos [que são] pedra de esquina de suas tribos.
၁၃ဇောန မင်း တို့သည် အရူး ဖြစ်ကြပြီ။ နောဗ မင်း တို့သည် မှားယွင်း ကြပြီ။ အဲဂုတ္တု ပြည်၏ အမျိုး အနွယ်များကိုအုပ်သော အကြီးအကဲ တို့ကိုလည်း မှားယွင်း စေ ကြပြီ။
14 O SENHOR derramou um espírito de confusão em seu interior, e levaram o Egito a errar em toda a sua obra, tal como o bêbado que se revolve em seu vômito.
၁၄ထာဝရဘုရား သည် အဲဂုတ္တုပြည်၏ အလယ်၌ ယစ်မူး သော သဘော ကို ပြင်ဆင် တော်မူသဖြင့် ၊ ယစ်မူး သောသူသည် မိမိ အန်ဖတ် ၌ လဲ သကဲ့သို့ ၊ အဲဂုတ္တု ပြည် သားတို့သည် ပြု လေသမျှ တို့၌ မှားယွင်း ကြပြီ။
15 E não haverá obra alguma que a cabeça ou a cauda, o ramo ou o junco, possa fazer para proveito do Egito.
၁၅အဲဂုတ္တု ပြည်၏ ဦးခေါင်း ဖြစ်စေ ၊ အမြီး ဖြစ်စေ၊ စွန်ပလွံ လက်ဖြစ်စေ ၊ ကိုင်း ပင်ဖြစ်စေ၊ ပြီးစီး နိုင်သော အမှု အလျှင်းမ ရှိရ။
16 Naquele dia os egípcios serão como mulheres; e tremerão e temerão por causa do mover da mão do SENHOR dos exércitos, que moverá contra eles.
၁၆ထို ကာလ ၌ အဲဂုတ္တု လူတို့သည် မိန်းမ ကဲ့သို့ ဖြစ် ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် သူ တို့အပေါ် မှာ လက် တော်ကို လှုပ်ရှား တော်မူသောကြောင့်၊ ကြောက်လန့် တုန်လှုပ် ကြလိမ့်မည်။
17 E a terra de Judá será um assombro ao egípcios; todo aquele que dela lhe mencionarem, terá medo dentro de si, por causa da determinação do SENHOR dos exércitos, que determinou contra eles.
၁၇ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အဲဂုတ္တု ပြည် တဘက် ၌ ကြံစည် တော်မူသောအကြံ အစည်ကြောင့် ၊ ယုဒ ပြည် သည်လည်း အဲဂုတ္တု ပြည်၌ ကြောက်မက် ဘွယ်ဖြစ်လိမ့်မည်။ ယုဒ ပြည်ဟူ၍ပြော ကာမျှ နှင့် လူတိုင်း ကြောက်ရွှံ့ ကြလိမ့်မည်။
18 Naquele dia haverá cinco cidades na terra do Egito que falem a língua de Canaã e prestem juramento ao SENHOR dos exércitos; uma delas será chamada Cidade da Destruição.
၁၈ထို ကာလ ၌ အဲဂုတ္တု ပြည် တွင် ၊ မြို့ ငါး မြို့တို့သည် ခါနာန် ဘာသာ စကားကို ပြော ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏ သစ္စာ တော်ကိုခံ ကြလိမ့်မည်။ ထိုမြို့တို့တွင်၊ တ မြို့ကို သူရိယာ မြို့ ဟူ၍ခေါ်ဝေါ် ကြ လိမ့်မည်။
19 Naquele dia haverá um altar ao SENHOR no meio do Egito, e uma coluna ao SENHOR junto a sua fronteira.
၁၉ထို ကာလ ၌ အဲဂုတ္တု ပြည် အလယ် တွင် ၊ ထာဝရဘုရား ကို ပူဇော်ရာယဇ် ပလ္လင် ရှိ လိမ့်မည်။ ပြည် စွန်း နား တွင် လည်း ထာဝရဘုရား အဘို့ မှတ်တိုင် ရှိလိမ့်မည်။
20 E isso servirá como sinal e como testemunho ao SENHOR dos exércitos na terra do Egito; pois clamarão ao SENHOR por causa de seus opressores, e ele lhes mandará um salvador e defensor que os livre.
၂၀ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ် လက္ခဏာဖြစ် လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ သက်သေ လည်း ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ညှဉ်းဆဲ ခြင်းကို ခံရသောကြောင့် ၊ ထာဝရဘုရား ကို အော်ဟစ် ကြသည်ရှိ သော်၊ ကယ်တင် သောအရှင်၊ အမှုစောင့် သခင်ကို သူ တို့ရှိရာသို့ စေ လွှတ် တော်မူ၍ ၊ ထိုသခင်သည် ကယ်တင် တော်မူ၏။
21 E o SENHOR se fará conhecido no Egito, e os egípcios conhecerão ao SENHOR naquele dia; e eles o servirão [com] sacrifícios e ofertas, e farão votos ao SENHOR, e [os] cumprirão.
၂၁အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြ သည်ဖြစ်၍၊ ထို ကာလ ၌ အဲဂုတ္တု လူတို့သည် ထာဝရဘုရား ကို သိ သောကြောင့်၊ ပူဇော် သက္ကာအလှု ဒါနကို ဆက်ကပ်၍ ဝတ်ပြု ကြလိမ့်မည်။ ထာဝရဘုရား ရှေ့ တော်၌ သစ္စာ ဂတိထား ၍ ၊ ထားသည့်အတိုင်း ပြု ကြလိမ့်မည်။
22 E o SENHOR ferirá aos egípcios: ferirá mas [os] curará; e eles se converterão ao SENHOR, e ele aceitará suas orações, e os curará.
၂၂ထာဝရဘုရား သည်လည်း အဲဂုတ္တု ပြည်ကို ဒဏ်ခတ် ၍ ၊ ခတ် ပြီးသော ဒဏ်ရာကို ပျောက် စေတော်မူမည်။ သူတို့သည်လည်း၊ ထာဝရဘုရား ထံ တော်သို့ ပြောင်းလဲ ကြ သည့်ကာလ၊ သူ တို့တောင်းပန်ခြင်းကို နားထောင် ၍ ဒဏ်ရာကို ပျောက် စေတော်မူမည်။
23 Naquele dia haverá uma estrada do Egito à Assíria; e os assírios virão ao Egito, e os egípcios à Assíria; e os egípcios prestarão culto junto com os assírios.
၂၃ထို ကာလ ၌ အဲဂုတ္တု ပြည်မှ သည် အာရှုရိ ပြည် တိုင်အောင် ၊ လမ်း တွင် လိမ့်မည်။ အာရှုရိ လူသည် အဲဂုတ္တု ပြည်သို့ ၎င်း၊ အဲဂုတ္တု လူသည်၊ အာရှုရိ ပြည်သို့ ၎င်း သွားလာ ၍ အဲဂုတ္တု လူနှင့် အာရှုရိ လူတို့သည် တညီတညွတ်တည်း ဝတ်ပြု ကြလိမ့်မည်။
24 Naquele dia Israel será o terceiro entre o Egito e a Assíria, uma bênção no meio da terra;
၂၄ထို ကာလ ၌ ဣသရေလ အမျိုးသည် အဲဂုတ္တု အမျိုးနှင့် ၎င်း ၊ အာရှုရိ အမျိုးနှင့် ၎င်း ပေါင်း၍၊ တတိယ အမျိုးတည်းဟူသောမြေကြီး အလယ် ၌ မင်္ဂလာ ပြုသော အမျိုး ဖြစ် လိမ့်မည်။
25 Porque o SENHOR dos exércitos os abençoará, dizendo: Bendito seja o meu povo do Egito, e a Assíria, obra de minhas mãos, e Israel, minha herança.
၂၅ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကလည်း၊ ငါ ၏ လူ အဲဂုတ္တု အမျိုး၊ ငါ ပြုပြင် သော အာရှုရိ အမျိုး၊ ငါ ၏ အမွေ ဥစ္စာဖြစ်သော ဣသရေလ အမျိုးသည် မင်္ဂလာ ရှိစေသတည်းဟု ကောင်းကြီး ပေး တော်မူလိမ့်မည်။

< Isaías 19 >