< Ezequiel 45 >
1 E quando repartirdes por sortes a terra em herança, proporcionareis uma oferta ao SENHOR: um lugar santo na terra; o comprimento será de vinte e cinco mil canas, e a largura de dez mil; este será santificado em todo o seu contorno ao redor.
၁ဣသရေလအနွယ်အပေါင်းတို့အားမြေယာ ကိုခွဲဝေပေးပြီးနောက် ထာဝရဘုရားအဖို့ မြေတစ်ကွက်ကိုမြင့်မြတ်သန့်ရှင်းသောနယ် မြေအဖြစ်သီးသန့်ထားရမည်။ ယင်းသည် အလျားရှစ်မိုင်၊ အနံခြောက်မိုင်ရှိရမည်။ ထိုနယ်မြေတစ်ခုလုံးသည်မြင့်မြတ်သန့် ရှင်းလိမ့်မည်။-
2 Deste [terreno] serão para o santuário quinhentas [canas] de comprimento, e quinhentas de largura, em quadrado ao redor; terá cinquenta côvados ao redor para seus espaços abertos.
၂ဗိမာန်တော်အတွက်စတုရန်းရှစ်ရာလေး ဆယ်ပေရှိသောမြေကွက်ပါဝင်ရမည်။ ထို မြေကွက်ပတ်လည်တွင်အနံရှစ်ဆယ့်လေး ပေရှိသောမြေလပ်ရှိရမည်။-
3 E desta medida medirás o comprimento de vinte e cinco mil [côvados], e a largura de dez mil; e ali estará o santuário, [e] o lugar santíssimo.
၃အလွန်သန့်ရှင်းမြင့်မြတ်သည့်ဌာနတည်း ဟူသောဗိမာန်တော်တည်ရှိမည်။-
4 Este será o lugar santo da terra. Eles será para os sacerdotes que trabalham no santuário, que se achegam para servir ao SENHOR; e lhes servirá de lugar para casas, e de lugar santo para o santuário.
၄ဗိမာန်တော်တွင်ထာဝရဘုရား၏ထံတော် သို့ချဉ်းကပ်၍ အမှုတော်ကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်သီးသန့်ထားရာ သန့်ရှင်းမြင့်မြတ်သည့်ဌာနပါရှိ၍ သူတို့ နေထိုင်ရန်အိမ်များရှိရာအပိုင်းနှင့်ဗိမာန် တော်တည်ရှိရာအပိုင်းပါရှိလိမ့်မည်။-
5 E os levitas trabalhadores do templo terão como propriedade [uma área de] vinte e cinco mil [côvados] de comprimento, e dez mil de largura, com vinte câmaras.
၅ကျန်မြေကွက်တစ်ဝက်တွင်ဗိမာန်တော် ဝေယျာဝစ္စကိုဆောင်ရွက်ရသူလေဝိအနွယ် ဝင်တို့အတွက်မြို့များတည်ဆောက်ရန်ဖြစ် ရမည်။
6 E [para] propriedade da cidade dareis cinco mil [canas] de largura e vinte e cinco mil de comprimento, em frente da oferta para o santuário; [esta] será para toda a casa de Israel.
၆မြို့တစ်မြို့တည်ရန်အတွက်အလျားရှစ်မိုင်၊ အနံရှစ်မိုင်ရှိသောမြေယာကိုလည်းဖယ် ထားရမည်။ ထိုမြေယာသည်သန့်ရှင်းမြင့် မြတ်သည့်နယ်မြေနှင့်ကပ်လျက်နေပြီးလျှင် ဣသရေလအမျိုးသားတို့နေထိုင်ရန် အတွက်ဖြစ်ရမည်။
7 E o príncipe terá [sua parte] de um lado e do outro da oferta ao santuário e da propriedade da cidade, diante da oferta para o santuário, e diante da propriedade da cidade, desde o canto ocidental para o ocidente, e desde o canto oriental para o oriente; e será o comprimento, em frente de uma das partes, desde o limite ocidental até o limite oriental.
၇နန်းစံနေဆဲမင်းသားအတွက်မြေယာတစ် ကွက်ကိုလည်းဖယ်ထားရမည်။ ယင်းသည်သန့် ရှင်းမြင့်မြတ်သည့်နယ်မြေ၏အနောက်ဘက် နယ်နိမိတ်မှအနောက်ဘက်သို့လားသော်မြေ ထဲပင်လယ်အထိ၊ အရှေ့ဘက်သို့လားသော် တိုင်းပြည်၏အရှေ့နယ်နိမိတ်အထိဖြစ်ရ မည်။ ယင်း၏အလျားသည်ဣသရေလအမျိုး နွယ်တစ်နွယ်အတွက်သတ်မှတ်ထားသည့်နယ် မြေ၏အလျားအတိုင်းဖြစ်ရမည်။-
8 Esta terra será sua propriedade em Israel, e meus príncipes nunca mais oprimirão a meu povo; ao invés disso entregarão a terra para a casa de Israel, conforme suas tribos.
၈ဤနယ်မြေသည်နန်းစံနေဆဲဖြစ်သောမင်း သား၏ဝေစုဖြစ်စေရမည်။ သို့မှသာလျှင် သူသည်ပြည်သူတို့အားနှိပ်စက်ကလူမပြု တော့ဘဲဣသရေလအနွယ်အသီးသီးတို့ အားကြွင်းကျန်သည့်မြေယာများကိုပိုင် ဆိုင်ခွင့်ပေးလိမ့်မည်။
9 Assim diz o Senhor DEUS: Já basta, ó príncipes de Israel! Acabai a violência e a assolação; fazei juízo e justiça; tirai vossas imposições de meu povo, diz o Senhor DEUS.
၉အရှင်ထာဝရဘုရားက``အချင်းဣသရေလ မင်းသားတို့၊ သင်တို့အပြစ်ကူးလွန်လျက် နေသည်မှာကြာလေပြီ။ သင်တို့၏အကြမ်း ဖက်မှုနှင့်နှိပ်စက်ကလူပြုမှုတို့ကိုရပ်စဲ ကြလော့။ မှန်ရာတရားမျှတရာတို့ကိုပြု ကျင့်ကြလော့။ သင်တို့သည်ငါ၏လူမျိုးတော် အားတိုင်းပြည်မှနောက်ထပ်ဘယ်အခါ၌မျှ မနှင်မထုတ်ရကြ။ ဤကားသင်တို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
10 Tereis balanças justas, efa justo, e bato justo.
၁၀``လူတိုင်းပင်အလေးမှန်တင်းမှန်ကိုအသုံး ပြုရကြမည်။
11 O efa e o bato serão de uma mesma medida; que o bato contenha a décima parte de um ômer, e o efa a décima parte de um ômer; a medida deles será conforme o ômer.
၁၁``ကုန်ခြောက်ကိုခြင်တွယ်သည့်ဧဖာသည် အရည်ကိုခြင်တွယ်သည့်ဗတ်နှင့်တူညီရမည်။ ဟောမဲကိုအမှီပြု၍ခြင်တွယ်ရသည်။ တစ်ဟောမဲတွင်တစ်ဆယ်ဧဖာသို့မဟုတ် တစ်ဆယ်ဗက်ရှိသတည်း။
12 E o siclo [será] de vinte geras: vinte siclos, mais vinte e cinco siclos, mais quinze siclos, vos serão uma mina.
၁၂``သင်တို့၏အလေးများသည်အောက်ပါ အတိုင်းဖြစ်ရမည်။ နှစ်ဆယ်ဂေရာသည်တစ်ကျပ်၊ခြောက်ဆယ်ကျပ် သည်တစ်မာနေဖြစ်၏။
13 Esta será a oferta que oferecereis: a sexta parte de um efa de ômer do trigo; também dareis a sexta parte de um efa de ômer da cevada.
၁၃``သင်တို့သည်ပူဇော်သကာများဆက်သရာ တွင်အောက်ပါအခြေခံမူကိုအသုံးပြုရ ကြမည်။ ဂျုံဆန်သို့မဟုတ်မုယောဆန်ကို ပေးလှူသောအခါသင်တို့ရိတ်သိမ်း၍ရ ရှိသည့် ဂျုံဆန်ပမာဏ၏ခြောက်ဆယ်ပုံတစ်ပုံ၊မုယော ဆန်ပမာဏ၏ခြောက်ဆယ်ပုံတစ်ပုံ၊သံလွင် ဆီကိုသင်တို့၏သံလွင်ပင်များမှထွက်ရှိ သမျှ၏တစ်ရာပုံတစ်ပုံကိုပေးလှူရမည်။ (ယင်းကိုဗတ်ဖြင့်ချိန်တွယ်ရမည်။ ဆယ်ဗတ် လျှင်တစ်ဟောမဲ၊ သို့မဟုတ်တစ်ကောရရှိ၏။) ဣသရေလပြည်၊ ရေများသောစားကျက် များမှ သိုးအကောင်နှစ်ရာလျှင်တစ်ကောင် ကျပူဇော်ရမည်။ ``သင်တို့၏အပြစ်များမှဖြေလွှတ်ကြစေ ရန်ဘောဇဉ်ပူဇော်သကာများမီးရှို့ရာယဇ် နှင့်မိတ်သဟာယအတွက်တိရစ္ဆာန်များကို ယူဆောင်လာရမည်။ ဤကားငါအရှင် ထာဝရဘုရား၏အမိန့်တော်ဖြစ်၏။
14 E quanto ao estatuto do azeite, [oferecereis] um bato de azeite, (o bato que é a décima parte de um coro, [que] é um ômer de dez batos; porque dez batos são um ômer).
၁၄
15 E uma cordeira de cada duzentas do rebanho, da terra mais regada de Israel, para oferta de alimento, para holocausto e para oferta de gratidão, a fim de fazer expiação por eles, diz o Senhor DEUS.
၁၅
16 Todo o povo desta terra terá que dar esta oferta para o príncipe de Israel.
၁၆``ပြည်သူအပေါင်းတို့သည်ဤပူဇော်သကာ များကိုနန်းစံနေဆဲမင်းသားထံသို့ယူ ဆောင်သွားရကြမည်။-
17 E o príncipe terá que dar os holocaustos, as ofertas de alimento, e as ofertas de bebidas, nas solenidades, nas luas novas, nos sábados, e em todas as festas da casa de Israel; ele fará a expiação pelo pecado, a oferta de alimento, o holocausto, e as ofertas de gratidão, para fazer expiação pela casa de Israel.
၁၇လဆန်းနေ့၊ ဥပုသ်နေ့နှင့်အခြားပွဲနေ့တို့၌ ဣသရေလအမျိုးသားတစ်ရပ်လုံးအတွက် မီးရှို့ရာယဇ်အတွက်တိရစ္ဆာန်များ၊ ဘောဇဉ် ပူဇော်သကာများနှင့်စပျစ်ရည်ပူဇော် သကာများကိုနန်းစံနေဆဲမင်းသားသည် ဆက်သရသောတာဝန်ရှိသည်။ သူသည် ဣသရေလအမျိုးသားတို့အပြစ်များ ပြေစေခြင်းငှာအပြစ်ဖြေရာယဇ်၊ ဘောဇဉ် ပူဇော်သကာ၊ မီးရှို့ရာယဇ်နှင့်မိတ်သဟာယဇ် တို့အတွက်စီမံရမည်'' ဟုမိန့်တော်မူ၏။
18 Assim diz o Senhor DEUS: Ao primeiro [mês], ao primeiro [dia] do mês, tomarás um bezerro sem defeito filho de vaca, e purificarás o santuário.
၁၈အရှင်ထာဝရဘုရားကငါ့အား``သင်သည် ပထမလ၊ လဆန်းတစ်ရက်နေ့၌ဗိမာန်တော် ကိုသန့်စင်စေရန်အတွက် အပြစ်အနာအဆာ ကင်းသည့်နွားထီးတစ်ကောင်ကိုယဇ်ပူဇော် ရမည်။-
19 E o sacerdote tomará do sangue do sacrifício pela expiação, e porá [dele] sobre os umbrais da casa, e sobre as quatro pontas da aresta do altar, e sobre os umbrais da porta do pátio interno.
၁၉ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် ကောင်၏သွေးအနည်းငယ်ကိုယူ၍ ဗိမာန် တော်တံခါးတိုင်များ၊ ယဇ်ပလ္လင်၏ထောင့် လေးထောင့်နှင့် တံတိုင်းအတွင်းရှိဝင်းသို့ ဝင်ရာတံခါးတိုင်များကိုသုတ်ရမည်။-
20 Assim também farás no sétimo [dia] do mês pelos que pecaram sem intenção ou por ignorância; assim expiarás a casa.
၂၀မည်သူမဆိုအမှုမဲ့အမှတ်မဲ့သော်လည်း ကောင်း၊ မသိနားမလည်သဖြင့်သော်လည်း ကောင်းအပြစ်ကူးလွန်မိခဲ့လျှင်ထိုသူ အပြစ်ဖြေရန်အတွက်ထိုလဆန်းခုနစ် ရက်နေ့၌ဤနည်းအတိုင်းပင်ပြုရမည်။ ဤ နည်းအားဖြင့်သင်သည်ဗိမာန်တော်ကိုသန့် စင်စွာထားရှိရမည်။
21 No primeiro [mês], aos catorze dias do mês, tereis a páscoa, festa de sete dias; será comido pão sem fermento.
၂၁ပထမလ၊ လဆန်းတစ်ဆယ့်လေးရက်နေ့ ၌ပသခါပွဲတော်ကိုစတင်ကျင်းပရမည်။ လူတိုင်းပင်တဆေးမဲ့မုန့်ကိုခုနစ်ရက်တိုင် တိုင်စားရကြမည်။-
22 E no mesmo dia o príncipe preparará por si e por todo o povo desta terra um bezerro de expiação pelo pecado.
၂၂ပွဲတော်ပထမနေ့၌နန်းစံနေဆဲမင်းသား သည်မိမိ၏အတွက်နှင့်လူအပေါင်းတို့ အတွက်အပြစ်ဖြေရာယဇ်အဖြစ်နွားထီး တစ်ကောင်ကိုပူဇော်ရမည်။-
23 E nos sete dias da festa ele preparará um holocausto ao SENHOR: sete bezerros e sete carneiros sem defeito, cada dia dos sete dias; e um bode como expiação pelo pecado a cada dia.
၂၃သူသည်ခုနစ်ရက်ပတ်လုံးနေ့စဉ်နေ့တိုင်း ထာဝရဘုရားအားအပြစ်အနာဆာကင်း သည့်နွားထီးခုနစ်ကောင်နှင့်သိုးထီးခုနစ် ကောင်ကိုမီးရှို့ရာယဇ်အဖြစ်ဖြင့်လည်းကောင်း၊ ဆိတ်ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ် အဖြစ်ဖြင့်လည်းကောင်းပူဇော်ရမည်။-
24 Também preparará uma oferta de alimento: um efa para cada bezerro, e um efa para cada carneiro; e um him de azeite para cada efa.
၂၄ယဇ်ပူဇော်သောနွားထီးတစ်ကောင်နှင့်သိုးထီး တစ်ကောင်လျှင်မုန့်ညက်တင်းဝက်၊ သံလွင်ဆီ တစ်ပိဿာငါးဆယ်သားကိုလည်းပူဇော်ရ မည်။
25 No sétimo [mês], aos quinze dias do mês, na festa, ele fará o mesmo [todos] os sete dias, quanto ao sacrifício pela expiação, ao holocausto, à oferta de alimento, e ao azeite.
၂၅``သတ္တမလ၊ လဆန်းဆယ့်ငါးရက်နေ့၌အစ ပြုသောသကေနေပွဲတော်အတွက်မင်းသား သည်ပွဲတော်ရက်ခုနစ်ရက်တိုင်တိုင်နေ့စဉ် အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မုန့်ညက်နှင့် သံလွင်ဆီပူဇော်သကာတို့ကိုယခင်ကနည်း အတိုင်းပူဇော်ရမည်'' ဟုမိန့်တော်မူ၏။