< Ezequiel 37 >
1 A mão do SENHOR veio sobre mim, e me tirou por meio do Espírito do SENHOR, e me pôs no meio de um vale que estava cheio de ossos.
၁ထာဝရဘုရား၏တန်ခိုးတော်သည်ငါ့ကို လွှမ်းမိုး၍ကိုယ်တော်၏ဝိညာဉ်တော်သည် ငါ့ ကိုဆောင်သွားပြီးလျှင်အရိုးများဖြင့်ဖုံး လွှမ်းနေသည့်ချိုင့်ဝှမ်းတွင်ချထားတော် မူ၏။-
2 E me fez passar perto deles ao redor; e eis que havia muitos sobre a face do vale, e eis que estavam sequíssimos.
၂ကိုယ်တော်သည်ငါ့အားထိုချိုင့်ဝှမ်းတစ်လျှောက် သို့ခေါ်ဆောင်သွားတော်မူသဖြင့် ထိုအရပ်၌ အရိုးအမြောက်အမြားရှိသည့်အပြင်၊ ထို အရိုးတို့သည်အလွန်သွေ့ခြောက်လျက်နေ သည်ကိုလည်းငါမြင်ရလေသည်။-
3 E perguntou-me: Filho do homem, por acaso viverão estes ossos? E eu respondi: Senhor DEUS, tu [o] sabes.
၃ကိုယ်တော်က``အချင်းလူသားဤအရိုးတို့ သည်ပြန်၍အသက်ရှင်နိုင်ကြမည်လော'' ဟုငါ့အားမေးတော်မူလျှင်၊ ငါက``အို အရှင်ထာဝရဘုရား၊ ဤမေးခွန်း ကိုကိုယ်တော်ရှင်သာလျှင်ဖြေကြားတော် မူနိုင်ပါ၏'' ဟုလျှောက်ထား၏။
4 Então disse-me: Profetiza sobre estes ossos, e dize-lhes: Ossos secos, ouvi a palavra do SENHOR.
၄ကိုယ်တော်က``အရိုးတို့အားဟောပြောလော့။ ထာဝရဘုရားမိန့်တော်မူသောစကား တော်ကိုနားထောင်ကြရန်ထိုအရိုးတို့ အားပြောကြားလော့။-
5 Assim diz o Senhor DEUS a estes ossos: Eis que eu farei entrar espírito em vós, e vivereis.
၅ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကားသူတို့အား ငါသည်သင်တို့အထဲသို့ ထွက်သက်ဝင်သက်လေကိုမှုတ်သွင်းကာ သင် တို့အားအသက်ပြန်၍ရှင်စေတော်မူမည်။-
6 E porei nervos sobre vós, farei subir carne sobre vós, cobrirei de pele sobre vós, porei espírito em vós, e vivereis; e sabereis que eu sou o SENHOR.
၆သင်တို့တွင်အကြောများအသားများတက် စေ၍ အရေများဖြင့်ဖုံးလွှမ်းပေးမည်။ သင် တို့အထဲသို့ထွက်သက်ဝင်သက်လေကိုမှုတ် သွင်းကာသင်တို့ကိုအသက်ပြန်၍ရှင်စေ မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူသည်ကိုသင်တို့သိရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
7 Então profetizei como havia me sido mandado; e houve um ruído enquanto eu profetizava, e eis [que se fez] um tremor, e os ossos se aproximaram, cada osso a seu osso.
၇ထို့ကြောင့်ငါသည်ကိုယ်တော်မိန့်တော်မူသည့် အတိုင်းဟောပြော၏။ ယင်းသို့ဟောပြောနေ စဉ်တချွတ်ချွတ်မြည်သံကိုငါကြားရ၏။ ထိုနောက်အရိုးတို့သည်တစ်ခုနှင့်တစ်ခု ဆက်စပ်သွားကြ၏။-
8 E olhei, e eis que [havia] nervos sobre eles, e a carne subiu, e a pele cobriu por cima deles; porém não havia espírito neles.
၈ယင်းတို့ကိုငါကြည့်လျက်နေစဉ်ပင်အရိုး တို့အပေါ်မှာ အကြောများပေါ်လာ၍ အသားတက်လျက်အရေဖုံးလေ၏။ သို့ ရာတွင်အသက်မရှိသေး။
9 Então me disse: Profetiza ao espírito, profetiza, ó filho do homem, e dize ao espírito: Assim diz o Senhor DEUS: Vem dos quatro ventos, ó espírito, e sopra sobre estes mortos, para que vivam.
၉ဘုရားသခင်ကငါ့အား``အချင်းလူသား၊ လေအားဟောပြောလော့။ အရပ်ရှစ်မျက်နှာ မှတိုက်ခတ်လာကာဤလူသေကောင်များ ပြန်၍အသက်ရှင်စေရန် ထွက်သက်ဝင်သက် လေကိုမှုတ်သွင်းရန်အရှင်ထာဝရဘုရား မိန့်တော်မူကြောင်းလေအားဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
10 E profetizei como havia me sido mandado; então o espírito entrou neles, e viveram, e se puseram de pé, um exército extremamente grande.
၁၀ထို့ကြောင့်ငါသည်ကိုယ်တော်မိန့်တော်မူ သည်အတိုင်းဟောပြော၏။ ထိုအခါလူ သေအလောင်းတို့သည်ထွက်သက်ဝင်သက် လေကိုရရှိကာအသက်ရှင်လာပြီးလျှင် မတ်တတ်ရပ်ကြကုန်၏။ ထိုသူတို့သည် တပ်မတော်ကြီးဖွဲ့စည်းလောက်အောင် များပြားသတည်း။
11 Então me disse: Filho do homem, estes ossos são toda a casa de Israel. Eis que eles dizem: Nossos ossos se secaram, e nossa esperança pereceu; fomos exterminados.
၁၁ဘုရားသခင်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်ထိုအရိုးများနှင့်တူ ကြ၏။ သူတို့ကငါတို့သည်သွေ့ခြောက်လျက် သေ၍နေလေပြီ။ အနာဂတ်အတွက်မျှော် လင့်စရာမရှိတော့ဟုဆိုကြ၏။-
12 Portanto profetiza, e dize-lhes: Assim diz o Senhor DEUS: Eis que eu abrirei vossos sepulturas, ó povo meu, e vos farei subir de vossas sepulturas, e vos trarei à terra de Israel.
၁၂သို့ဖြစ်၍ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အားဟောပြောလော့။ ငါ အရှင်ထာဝရဘုရားသည်သူတို့၏သင်္ချိုင်း များကိုဖွင့်လှစ်တော်မူမည်ဟုပြောကြား လော့။ ငါသည်သူတို့ကိုထုတ်ပြီးနောက် ဣသရေလပြည်သို့ပြန်လည်ခေါ်ဆောင် သွားမည်။-
13 E sabereis que eu sou o SENHOR, quando eu abrir vossas sepulturas, e vos fizer subir de vossas sepulturas, ó povo meu.
၁၃ငါ၏လူမျိုးအားမြှုပ်နှံထားရာသင်္ချိုင်း များကိုဖွင့်လှစ်၍သူတို့အားထုတ်သော အခါ ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းသူတို့သိရှိကြလိမ့်မည်။-
14 E porei meu espírito em vós, e vivereis, e vos porei em vossa terra; e sabereis que eu, o SENHOR, falei e fiz, diz o SENHOR.
၁၄ငါသည်ငါ၏ဝိညာဉ်တော်ကိုသူတို့အား ပေးသွင်း၍ သူတို့အားအသက်ပြန်၍ရှင် လာစေပြီးလျှင် မိမိတို့ကိုယ်ပိုင်ပြည်တွင် နေထိုင်စေမည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်။ ငါသည်ဤအမှုကိုပြု မည်ဟုကတိထားတော်မူပြီ။ ဤကား ငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
15 E veio a mim a palavra do SENHOR, dizendo:
၁၅တစ်ဖန်အရှင်ထာဝရဘုရား၏နှုတ်ကပတ် တော်သည်ငါ့ထံသို့ရောက်လာ၏။-
16 Tu, pois, ó filho do homem, toma para ti agora uma vara de madeira, e escreve nela: A Judá, e aos filhos de Israel, seus companheiros. Toma para ti depois outra vara de madeira, e escreve nela: A José, vara de Efraim, e a toda a casa de Israel, seus companheiros.
၁၆ကိုယ်တော်က``အချင်းလူသား၊ တုတ်တစ်ချောင်း ကိုယူ၍`ယုဒနိုင်ငံနှင့်သူ၏မိတ်ဆွေဣသ ရေလနိုင်ငံအတွက်' ဟုရေးမှတ်လော့။ ထို နောက်အခြားတုတ်တစ်ချောင်းကိုယူ၍ `ဣသရေလနိုင်ငံနှင့်သူ၏မိတ်ဆွေ ယောသပ်နှင့်သက်ဆိုင်သည့်ဧဖရိမ်၏ တုတ်' ဟုရေးမှတ်လော့။-
17 E junta-as um à outra, para que sejam um para ti como uma só vara de madeira; e serão uma em tua mão.
၁၇ထိုတုတ်နှစ်ချောင်းကိုတစ်ချောင်းတည်းဟု ထင်ရအောင်သင်၏လက်တွင်ကိုင်ထားလော့။-
18 E quando te falarem os filhos de teu povo, dizendo: Por acaso não nos explicarás que tu [queres dizer] com isso?
၁၈ယင်းသို့ပြုသည်မှာအဘယ်သို့အဋ္ဌိပ္ပါယ် ရှိပါသနည်းဟု သင်၏အမျိုးသားတို့ ကမေးမြန်းကြလိမ့်မည်။-
19 [Então] tu lhes dirás: Assim diz o Senhor DEUS: Eis que eu tomo a vara de José que esteve na mão de Efraim, e das tribos de Israel seus companheiros, e os juntarei com ele à vara de Judá, e as farei uma só vara, e serão uma minha mão.
၁၉ထိုအခါငါအရှင်ထာဝရဘုရားသည် ဧဖရိမ်ကိုင်ထားသည့်ယောသပ်၏တုတ်နှင့် ဣသရေလအမျိုးအနွယ်နှင့်သူ၏အပေါင်း ပါတို့ကိုယူလျက် ယုဒနိုင်ငံ၏တုတ်တစ် ချောင်းနှင့်အတူထား၍ တစ်ချောင်းတည်း ဖြစ်သောတုတ်ကိုငါကိုင်ထားတော်မူမည် ဖြစ်ကြောင်းသူတို့အားပြောကြားလော့။
20 E as varas sobre as quais houverdes escrito estarão em tua mão diante dos olhos deles;
၂၀``သင်ရေးမှတ်ထားသောတုတ်နှစ်ချောင်းကို လူများမြင်သာအောင်လက်တွင်ကိုင်ထား လော့။-
21 Dize-lhes, pois: Assim diz o Senhor DEUS: Eis que eu tomarei os filhos de Israel dentre as nações para onde foram, e os ajuntarei desde os arredores e os trarei à sua [própria] terra;
၂၁ထိုနောက်ငါအရှင်ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့အား သူတို့ ရောက်ရှိနေရာလူမျိုးတကာတို့အထဲမှ ထုတ်ယူစုသိမ်းပြီးလျှင် သူတို့ကိုယ်ပိုင်တိုင်း ပြည်သို့ခေါ်ဆောင်လာမည်ဖြစ်ကြောင်းထို သူတို့အားပြောပြလော့။-
22 E deles farei uma nação na terra, nos montes de Israel; e um único rei será rei deles todos; e nunca mais serão duas nações, nem nunca mais serão divididos em dois reinos;
၂၂ငါသည်သူတို့အားထိုပြည်တွင်ဣသရေလ တောင်များပေါ်မှာလူမျိုးတစ်မျိုးတည်း ဖြစ်စေတော်မူမည်။ သူတို့၌အုပ်စိုးမည့် ဘုရင်တစ်ပါးတည်းရှိလိမ့်မည်။ လူမျိုး နှစ်မျိုးနိုင်ငံနှစ်နိုင်ငံကွဲပြားလျက် မရှိရ။-
23 E nunca mais se contaminarão com seus ídolos, nem com suas abominações, nem com qualquer de suas transgressões; e os livrarei de todas as suas habitações em que pecaram, e os purificarei; assim eles serão meu povo, e eu serei o Deus deles.
၂၃သူတို့သည်နောက်တစ်ဖန်စက်ဆုပ်ဖွယ်ရာ ရုပ်တုများအားဖြင့်မိမိတို့ကိုမညစ် ညမ်းစေရ။ အပြစ်ကူးလွန်မှုအားဖြင့် စာရိတ္တမပျက်စီးရ။ ငါသည်သူတို့အား အပြစ်ဒုစရိုက်နှင့်ဖောက်ပြန်မှုအမျိုး မျိုးမှကယ်တင်၍စင်ကြယ်စေမည်။ သူတို့ သည်ငါ၏လူမျိုးတော်ဖြစ်၍ငါသည် လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။-
24 E meu servo Davi será rei sobre eles, e todos eles terão um [só] pastor; e andarão em meus juízos, guardarão meus estatutos, e os praticarão.
၂၄ငါ၏အစေခံဒါဝိဒ်ကဲ့သို့သောဘုရင် သည်သူတို့၏ဘုရင်ဖြစ်လိမ့်မည်။ သူတို့ အားလုံးသိုးထိန်းတစ်ပါးတည်း၏လက် အောက်၌စုစည်းကြလျက် ငါ၏ပညတ် တော်တို့ကိုသစ္စာရှိစွာစောင့်ထိန်း၍ငါ ၏အမိန့်ကိုနာခံကြလိမ့်မည်။-
25 E habitarão na terra que dei a meu servo Jacó, na qual vossos pais habitaram; e nela habitarão eles, seus filhos, e os filhos de seus filhos para sempre; e meu servo Davi será o príncipe deles eternamente.
၂၅သူတို့သည်မိမိတို့ဘိုးဘေးများနေထိုင် ခဲ့ကြသည့်ပြည်တည်းဟူသောငါ၏အစေ ခံယာကုပ်အား ငါပေးအပ်သည့်ပြည်တွင် နေထိုင်ရကြလိမ့်မည်။ သူတို့နည်းတူသူ တို့၏သားသမီးများနှင့်အဆက်အနွယ် အပေါင်းတို့သည်ထိုပြည်တွင်အစဉ်အမြဲ နေထိုင်ရကြလိမ့်မည်။ ငါ၏အစေခံဒါဝိဒ် ကဲ့သို့သောဘုရင်သည်သူတို့ကိုအစဉ် အုပ်စိုးလိမ့်မည်။-
26 E farei com eles um pacto de paz; será um pacto perpétuo com eles; e os porei, e os multiplicarei, e porei meu santuário no meio deles para sempre.
၂၆ထာဝစဉ်ငြိမ်းချမ်းရေးအတွက်သူတို့နှင့် ပဋိညာဉ်ပြုမည်။ သူတို့အားတည်ထောင်ပေး လျက်လူဦးရေတိုးပွားစေ၍ ငါ၏ဗိမာန် တော်ကိုသူတို့ပြည်တွင်အစဉ်အမြဲတည် စေမည်။-
27 E com eles estará meu tabernáculo; serei o Deus deles, e ele serão meu povo.
၂၇ငါသည်ထိုအရပ်တွင်သူတို့နှင့်အတူကိန်း ဝပ်၍သူတို့၏ဘုရားဖြစ်လိမ့်မည်။ သူတို့ သည်လည်းငါ၏လူမျိုးတော်ဖြစ်ကြလိမ့် မည်။-
28 E as nações saberão que eu, o SENHOR, santifico a Israel, quando meu santuário estiver no meio deles para sempre.
၂၈ငါသည်သူတို့၏အလယ်၌ငါ၏ဗိမာန် တော်ကိုအစဉ်အမြဲတည်ရှိစေသောအခါ ငါသည်ဣသရေလအမျိုးသားတို့အား ငါသည်သန့်ရှင်းစေတော်မူကြောင်းကိုလူ မျိုးတကာတို့သိရှိကြလိမ့်မည်'' ဟု မိန့်တော်မူ၏။