< Ezequiel 14 >
1 E vieram a mim [alguns] dos anciãos de Israel, e se sentaram diante de mim.
၁ဣသရေလအမျိုးသားခေါင်းဆောင်အချို့ တို့သည် ငါ့ထံသို့လာ၍ ရှေ့တော်တွင်ထိုင် ကြ၏။-
2 Então veio a mim a palavra do SENHOR, dizendo:
၂ထိုအခါထာဝရဘုရား၏နှုတ်ကပတ် တော်သည် ငါ့အားမိန့်ကြားတော်မူ၏။-
3 Filho do homem, estes levantaram ídolos em seus corações e puseram o tropeço de sua maldade diante de seus rostos. Por acaso devo eu deixar que me consultem?
၃ကိုယ်တော်က``အချင်းလူသားဤသူတို့ သည်ရုပ်တုများကိုစွဲလမ်းသောစိတ်ရှိ ၍ မိမိရှေ့တွင်ထိမိ၍လဲစရာဖြစ်စေ ကြကုန်ပြီ။ သူတို့သည်အဖြေကိုငါ့ထံ မှရလိမ့်မည်ဟုထင်မှတ်ကြသလော။
4 Portanto fala com eles, e dize-lhes: Assim diz o Senhor DEUS: Qualquer homem da casa de Israel que levantar a seus ídolos em seu coração, e puser o tropeço de sua maldade diante de seu rosto, e vier ao profeta, eu, o SENHOR responderei ao que vier conforme a multidão de seus ídolos.
၄``သူတို့အားငါအရှင်ထာဝရဘုရား အ ဘယ်သို့မိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ကိုယ်တော်ကဣသရေလအမျိုးသားတိုင်း သည်ရုပ်တုများကိုစိတ်စွဲလမ်း၍ မိမိတို့ ရှေ့တွင်ကောက်ကျစ်သောထိမိ၍လဲစရာ ကိုချထားပြီးမှ ပရောဖက်ထံသို့ချဉ်း ကပ်၍မေးမြန်းစုံစမ်းမှုကိုပြု၏။ ထိုသူ အားငါထာဝရဘုရားဖြေကြားမည်။ ထိုအဖြေကား ထိုသူကိုးကွယ်သည့်ရုပ် တုများရထိုက်သောအဖြေဖြစ်သည်။-
5 Para eu tomar a casa de Israel em seus corações, pois todos se tornaram estranhos de mim por causa de seus ídolos.
၅ထိုရုပ်တုများသည်ဣသရေလအမျိုး သားတို့အား ငါနှင့်ဝေးကွာစေပြီ။ သို့ရာ တွင်သူတို့သည်ငါပေးသည့်အဖြေကြောင့် ငါ့အားတစ်ဖန်ပြန်၍သစ္စာစောင့်ကြလိမ့် မည်။''
6 Portanto dize à casa de Israel: Assim diz o Senhor DEUS: Convertei-vos, virai-vos de costas a vossos ídolos, e desviai vossos rostos de todas as vossas abominações.
၆``သို့ဖြစ်၍ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့။ ငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကားနောင်တရကြလော့။ စက် ဆုပ်ဖွယ်ကောင်းသောသင်တို့၏လုပ်ရပ်များ ကိုစွန့်ပစ်၍ ရုပ်တုတို့ကိုထားခဲ့ကြလော့။''
7 Porque qualquer homem da casa de Israel, e dos estrangeiros que moram em Israel, que houver deixado de me seguir, e levantar seus ídolos em seu coração, e puser diante de seu rosto o tropeço de sua maldade, e vier ao profeta para me consultar por meio dele, eu, o SENHOR, lhe responderei por mim mesmo.
၇``ငါ၏ထံမှလွဲဖယ်၍ရုပ်တုများကိုကိုး ကွယ်ကာ မိမိတို့ရှေ့တွင်ကောက်ကျစ်၍လဲ စရာကိုချထားလျက်ပရောဖက်ထံလာ ရောက်စုံစမ်းမေးမြန်းသော ဣသရေလ အမျိုးသားသို့မဟုတ်ဣသရေလနိုင်ငံ ၌ နေထိုင်သူလူမျိုးခြားအားငါထာဝရ ဘုရားအဖြေပေးမည်။-
8 E porei meu rosto contra tal homem, e farei com que ele seja um sinal e um ditado, e o cortarei do meio do meu povo; e sabereis que eu sou o SENHOR.
၈ငါသည်သူတို့ကိုအတိုက်အခံပြုမည်။ သူ့ ကိုစံနမူနာနှင့်ကဲ့ရဲ့ပုံဆောင်ခံရသူအ ဖြစ်အသုံးပြုမည်။ ငါ၏လူမျိုးတော်အသိုင်း အဝိုင်းမှဖယ်ရှားမည်။ သို့မှသာလျှင်ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။
9 E se o profeta se enganar e falar alguma palavra, eu o SENHOR enganei ao tal profeta; e estenderei minha mão contra ele, e eu o destruirei do meio de meu povo Israel.
၉``ပရောဖက်သည်ဖြားယောင်းခြင်းခံရ၍ ပရောဖက်ပြုသည်ဆိုအံ့။ ထိုသူအားငါ ထာဝရဘုရားဖြားယောင်းခြင်းပင်ဖြစ်၏။ ငါ၏လက်ကိုဆန့်လျက် သူ့အားတိုက်ခိုက် ၍ဣသရေလအမျိုးသားတို့ထဲမှဖယ် ရှားမည်။-
10 E levarão sua maldade; tal como a maldade do que pergunta, assim será a maldade do profeta;
၁၀ထိုပရောဖက်နှင့်သူ့ထံသို့စုံစမ်းမေးမြန်း သူအပါအဝင် တူညီသောအပြစ်ဒဏ်ကို ခံရကြလိမ့်မည်။-
11 Para que a casa de Israel não mais se desvie de me seguir, nem se contaminem mais com todas as seus transgressões; e então serão meu povo, e eu serei seu Deus, diz o Senhor DEUS.
၁၁ဣသရေလအမျိုးသားတို့သည်ငါ့ကို ပစ်ပယ်၍ မိမိတို့ကိုယ်ကိုအပြစ်များဖြင့် မညစ်ညမ်းစေရန် ဤသို့ငါပြုမည်။ သူတို့ သည်ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည် လည်းသူတို့၏ဘုရားဖြစ်မည်'' ဟုမိန့် တော်မူ၏။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
12 E veio a mim a palavra do SENHOR, dizendo:
၁၂ထာဝရဘုရား၏နှုတ်ကပတ်တော် သည်ငါ့ထံသို့ရောက်လာ၏။-
13 Filho do homem, quando uma terra pecar contra mim, rebelando-se gravemente, então estenderei minha mão contra ela, quebrarei o sustento de pão dela, mandarei nela fome, e cortarei dela homens e animais;
၁၃``အချင်းလူသား၊ အကယ်၍တိုင်းနိုင်ငံတစ် ခုသည် အပြစ်ကူးလွန်၍ငါ့အားသစ္စာဖောက် ခဲ့သော် ငါသည်လက်တော်ကိုဆန့်တန်း၍ထို နိုင်ငံသို့ရိက္ခာကိုဖြတ်တောက်မည်။ အစာငတ် မွတ်ခေါင်းပါးခြင်းဘေးသက်ရောက်စေ၍ လူနှင့်တိရစ္ဆာန်ကိုပါသုတ်သင်ပစ်မည်။-
14 E ainda que estivessem no meio dela estes três homens, Noé, Daniel, e Jó, eles por sua justiça livrariam [somente] suas almas, diz o Senhor DEUS.
၁၄အကယ်၍ထိုနိုင်ငံတွင်နောဧ၊ ဒံယေလနှင့် ယောဘတို့သုံးဦးပင်ရှိနေစေကာမူ သူတို့ ၏ကောင်းမြတ်သောအကျင့်သည်သူတို့၏ အသက်ကိုသာလျှင်ချမ်းသာရာရစေလိမ့် မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
15 E se eu fizer passar os animais perigosos pela terra, e eles a despojarem, e ela for tão assolada que ninguém possa passar por ela por causa dos animais,
၁၅``သို့တည်းမဟုတ်ငါသည်လူတို့အားသုတ် သင်ရန် သားရဲတိရစ္ဆာန်များကိုစေလွှတ်သဖြင့် ထိုပြည်၌လူသူကင်းမဲ့လျက်ဖြတ်သန်း သွားလာရန်မဖြစ်နိုင်အောင် သားရဲတိရစ္ဆာန် များကြောင့်အန္တရာယ်ရှိလိမ့်မည်။-
16 e estes três homens estivessem no meio dela, vivo eu, diz o Senhor DEUS, que não livrariam nem filhos nem filhas; somente eles ficariam livres, e a terra seria assolada.
၁၆ထိုအခါငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သည်နှင့် အညီ ထိုသူသုံးဦးသည်ထိုအရပ်တွင်နေ ထိုင်လျက်ပင်ရှိနေစေကာမူ မိမိတို့၏ သားသမီးများကိုကယ်နိုင်ကြလိမ့်မည် မဟုတ်။ မိမိတို့အသက်ကိုသာလျှင်ကယ် နိုင်ကြလိမ့်မည်။ ထိုပြည်သည်လည်းလူ သူကင်းမဲ့လိမ့်မည်။''
17 Ou [se] eu trouxer a espada sobre a tal terra, e disser: Espada, passa pela terra; e eu exterminar dela homens e animais,
၁၇``သို့တည်းမဟုတ်ငါသည် ထိုပြည်တွင်စစ် မက်ဖြစ်ပွားစေလျက်လူရောတိရစ္ဆာန်ပါ ပယ်ရှင်းပစ်ရန်ဖျက်ဆီးတတ်သည့်လက် နက်များကိုစေလွှတ်သောအခါ၊-
18 Ainda que estes três homens estivessem nela, vivo eu, diz o Senhor DEUS, que não livrariam filhos nem filhas; somente eles ficariam livres.
၁၈ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ ထို သူသုံးဦးတို့သည်ထိုအရပ်တွင်နေထိုင် လျက်ပင်ရှိနေစေကာမူ သူတို့သည်မိမိ တို့၏သားသမီးများကိုပင်ကယ်နိုင် ကြလိမ့်မည်မဟုတ်။ မိမိတို့အသက်သာ လျှင်ချမ်းသာရာရနိုင်ကြလိမ့်မည်။''
19 Ou [se] eu mandar pestilência sobre tal terra, e derramar meu furor sobre ela com sangue, para exterminar dela homens e animais,
၁၉``ငါသည်ထိုပြည်အား အနာရောဂါကပ် ဆိုက်စေလျက်အမျက်တော်အားဖြင့် မြောက် မြားစွာရှိသောလူနှင့်တိရစ္ဆာန်တို့ကိုသေ ကြေပျက်စီးစေလျှင်၊-
20 Ainda que Noé, Daniel, e Jó estivessem no meio dela, vivo eu, diz o Senhor DEUS, que não livrariam filho nem filha; eles por sua justiça livrariam suas [próprias] almas.
၂၀ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ နောဧ၊ ဒံယေလနှင့်ယောဘတို့သည်ထို အရပ်တွင်နေထိုင်လျက်ပင်ရှိကြစေကာ မူ သူတို့သည်မိမိတို့၏သားသမီးများ ကိုကယ်နိုင်ကြလိမ့်မည်မဟုတ်။ မိမိတို့ အသက်ကိုသာလျှင်ချမ်းသာရာရစေ နိုင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
21 Porque assim diz o Senhor DEUS: Quanto mais se eu enviar meus quatro calamitosos julgamentos, espada, fome, animais perigosos, e pestilência, contra Jerusalém, para exterminar dela homens e animais!
၂၁အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်လူနှင့်တိရစ္ဆာန်တို့ကိုဖျက် ဆီးပစ်ရန်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ သားရဲတိရစ္ဆာန်တို့၏ဘေးနှင့် အနာရောဂါဘေးတည်းဟူသောအဆိုး ရွားဆုံးသောဘေးကြီးလေးပါးကိုယေရု ရှလင်မြို့ပေါ်သို့သက်ရောက်စေမည်။-
22 Porém eis que restarão nela [alguns] sobreviventes, filhos e filhas, que serão transportados. Eis que eles chegarão até vós, e vereis seu caminho e seus feitos; e ficareis consolados do mal que eu trouxe sobre Jerusalém, de tudo que trouxe sobre ela.
၂၂အကယ်၍ထိုဘေးများမှလွတ်မြောက်သူ သားသမီးများရှိ၍ သူတို့သည်သင်တို့ ထံသို့ရောက်လာကြသောအခါသူတို့ ၏ပြုမူလုပ်ဆောင်ချက်များကိုကြည့်၍ ယေရုရှလင်မြို့အားငါအပြစ်ဒဏ်ပေး ရာ၌ ပေးသမျှအပြစ်ဒဏ်များသည် လည်းတရားကြောင်းကိုသင်ကောင်းစွာ သိရှိရလိမ့်မည်။-
23 E eles vos consolarão quando virdes seu caminho e seus feitos; e sabereis que não sem razão que fiz tudo quanto fiz nela, diz o Senhor DEUS.
၂၃သင်သည်သူတို့၏ပြုမူလုပ်ဆောင်ချက် များကိုမြင်သောအခါ ငါသည်အဘယ် အမှုကိုမျှအကြောင်းမဲ့ပြုတော်မမူ တတ်ကြောင်းကို ကောင်းစွာသိရှိနားလည် လာလိမ့်မည်'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။