< Êxodo 16 >

1 Depois que partiram de Elim, toda a congregação dos filhos de Israel veio ao deserto de Sim, que está entre Elim e Sinai, aos quinze dias do segundo mês depois que saíram da terra do Egito.
တဖန် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ဧလိမ် အရပ်မှ ထွက်၍ ခရီးသွား ကြ၏။ အဲဂုတ္တု ပြည် မှ ထွက်သွား သောနောက်၊ ဒုတိယ လ ဆယ် ငါး ရက် နေ့တွင် ၊ ဧလိမ် အရပ်နှင့် သိနာ တောင် စပ်ကြား မှာ သိန် တော သို့ ရောက် ကြ၏။
2 E toda a congregação dos filhos de Israel murmurou contra Moisés e Arão no deserto;
ထိုတော ၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့က၊
3 E diziam-lhes os filhos de Israel: Bom seria se tivéssemos morrido por meio do SENHOR na terra do Egito, quando nos sentávamos junto às panelas das carnes, quando comíamos pão em fartura; pois nos tirastes a este deserto, para matar de fome a toda esta multidão.
ငါတို့သည် အဲဂုတ္တု ပြည် ၌ အမဲသား ချက်သော အိုး ကင်းနား မှာ ထိုင် ၍ ဝ စွာစား ရသောအခါ ၊ ထာဝရဘုရား ၏ လက် တော်ဖြင့် သေ လျှင် သာ၍ကောင်း၏။ ယခု မူကား၊ ဤ စည်းဝေး လျက်ရှိသောလူအပေါင်း တို့ကို ငတ်မွတ် ခြင်းအားဖြင့် သတ် လိုသောငှာ ၊ ဤ တော အရပ်သို့ ဆောင် ခဲ့ပြီတကားဟု မောရှေ နှင့် အာရုန် ကို အပြစ်တင် ၍ မြည်တမ်းလျက်ဆို ကြ၏။
4 E o SENHOR disse a Moisés: Eis que eu vos farei chover pão do céu; e o povo sairá, e colherá para cada um dia, para que eu lhe prove se anda em minha lei, ou não.
ထိုအခါ ထာဝရဘုရား က ကြည့်ရှု လော့။ ငါ သည် သင် တို့အဘို့ မိုဃ်းကောင်းကင် က မုန့် မိုဃ်း ကို ရွာစေမည်။ လူ တို့သည် နေ့တိုင်းထွက် ၍ တနေ့ စားလောက်အောင် သိမ်း ယူရကြမည်။ ငါ ၏တရား အတိုင်း ကျင့် မည်လော၊ မ ကျင့်လောဟု ထို သို့သောအားဖြင့် သူ တို့ကို ငါစုံစမ်း မည်။
5 Mas ao sexto dia prepararão o que coletarem, que será o dobro do que costumam colher cada dia.
နေ့ တိုင်းသိမ်းယူ သော အရာ ထက် ၊ ခြောက် ရက်မြောက်သောနေ့ ၌ နှစ်ဆ ကို သိမ်းယူ ၍ ပြင် ရကြမည်ဟု မောရှေ အား မိန့် တော်မူ၏။
6 Então disse Moisés e Arão a todos os filhos de Israel: À tarde sabereis que o SENHOR vos tirou da terra do Egito:
မောရှေ နှင့် အာရုန် တို့ကလည်း ၊ ထာဝရဘုရား သည် သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် တော်မူသည် ဟု ယနေ့ညဦး ယံ၌ သင်တို့သိ ကြလိမ့်မည်။
7 E à próxima manhã vereis a glória do SENHOR; porque ele ouviu as vossas murmurações contra o SENHOR; pois quem somos nós, para que vós murmureis contra nós?
နံနက် ယံ၌ လည်း ၊ ထာဝရဘုရား ၏ ဘုန်း တော်ကို မြင် ရကြလိမ့်မည်။ ထာဝရဘုရား ကို အပြစ်တင်လျက် မြည်တမ်း ကြသောအသံကိုကြား တော်မူပြီ။ ငါ တို့ကို အပြစ်တင်လျက် မြည်တမ်း စေခြင်းငှာ ၊ ငါ တို့သည် အဘယ်သို့ သောသူဖြစ် သနည်းဟု ဣသရေလ အမျိုးသား အပေါင်း တို့အား ဆို လေ၏။
8 E disse Moisés: o SENHOR vos dará à tarde carne para comer, e à manhã pão em fartura; pois o SENHOR ouviu as vossas murmurações com que murmurais contra ele; pois quem somos nós? As vossas murmurações não são contra nós, mas sim contra o SENHOR.
တဖန် လည်းမောရှေ က၊ ထာဝရဘုရား သည် ညဦး ယံ၌ သင် တို့စား စရာအမဲသား ကို၎င်း ၊ နံနက် ယံ၌ ဝ လောက်အောင် မုန့် ကို၎င်းပေး တော်မူသောအခါ ၊ ဤစကားပြည့်စုံလိမ့်မည်။ သင် တို့သည် အပြစ်တင်လျက် မြည်တမ်း ကြသော အသံကို ထာဝရဘုရား ကြား တော်မူပြီ။ ငါ တို့သည် အဘယ်သို့ သောသူဖြစ် သနည်း။ သင် တို့သည် အပြစ်တင်လျက် မြည်တမ်း ကြသော စကားသည်၊ ငါ တို့ကို မ ထိ မခိုက်၊ ထာဝရဘုရား ကို ထိခိုက် သည်ဟု ဆို လေ၏။
9 E disse Moisés a Arão: Dize a toda a congregação dos filhos de Israel: Aproximai-vos à presença do SENHOR; que ele ouviu vossas murmurações.
တဖန် သင် တို့သည် အပြစ်တင်လျက်၊ မြည်တမ်း သောအသံကို ထာဝရဘုရား ကြား တော်မူသည် ဖြစ်၍ ၊ အထံ တော်သို့ ချဉ်းကပ် ကြလော့ဟု ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို လော့ဟု အာရုန် ကို မှာ ထားသည်အတိုင်း ၊
10 E falando Arão a toda a congregação dos filhos de Israel, olharam até o deserto, e eis a glória do SENHOR, que apareceu na nuvem.
၁၀အာရုန် သည် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို သောအခါ၊ သူတို့သည် တော သို့ မြော် ကြည့်၍ ၊ မိုဃ်းတိမ် ၌ ထင်ရှား သော ထာဝရဘုရား ၏ ဘုန်း တော်ကို မြင် ရကြ၏။
11 E o SENHOR falou a Moisés, dizendo:
၁၁ထာဝရဘုရား ကလည်း ၊ ဣသရေလ အမျိုးသား တို့သည် အပြစ်တင်လျက် မြည်တမ်း သောအသံကို ငါကြား ရပြီ။
12 Eu ouvi as murmurações dos filhos de Israel; fala-lhes, dizendo: Ao entardecer comereis carne, e pela manhã vos fartareis de pão, e sabereis que eu sou o SENHOR vosso Deus.
၁၂ညဦး ယံ၌ သင်တို့သည် အမဲသား ကို စား ရကြလိမ့်မည်။ နံနက် ယံ၌ လည်း မုန့် နှင့် ဝ ရကြလိမ့်မည်။ ငါ သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်းကို သိ ကြလိမ့်မည်ဟု သူ တို့ကို ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
13 E vinda a tarde subiram codornizes que cobriram o acampamento; e à manhã desceu orvalho em derredor do acampamento.
၁၃ညဦး ယံ၌ ငုံး ငှက်တို့သည် တပ် ကိုအနှံ့အပြားတက် လာကြ၏။ နံနက် ယံ၌ လည်း တပ် ပတ်လည် အရပ်ရပ်တွင် နှင်း ကျ လျက်ရှိ၏။
14 E quando o orvalho cessou de descer, eis sobre a face do deserto uma coisa miúda, redonda, miúda como uma geada sobre a terra.
၁၄နှင်း တက် ပြီးသောအခါ ၊ နှင်းခဲ ကဲ့သို့ သေးသေး လုံးလုံး အရာသည် မြေ မျက်နှာပေါ် မှာ ရှိရစ်လေ၏။
15 E vendo-o os filhos de Israel, se disseram uns aos outros: Que é isto? porque não sabiam que era. Então Moisés lhes disse: É o pão que o SENHOR vos dá para comer.
၁၅ထို အရာကို ဣသရေလ အမျိုးသား တို့သည် မြင် သောအခါ ၊ အဘယ် အရာနည်းဟု မ သိ သောကြောင့် ၊ တ ယောက်ကို တယောက်မေး ကြ၏။ မောရှေ ကလည်း ၊ ဤ အရာသည်သင် တို့စားစရာ ဘို့ ထာဝရဘုရား ပေး သနားတော်မူသော မုန့် ဖြစ်၏။
16 Isto é o que o SENHOR mandou: Colhereis dele cada um segundo puder comer; um gômer por cabeça, conforme o número de vossas pessoas, tomareis cada um para os que estão em sua tenda.
၁၆လူတိုင်း မိမိ တဲ ၌ ရှိသော သူ အရေအတွက် နှင့်အညီ၊ လူအသီးအသီး စား လောက်အောင် တယောက်တဩမဲ စီ သိမ်းယူ ကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
17 E os filhos de Israel o fizeram assim: e recolheram uns mais, outros menos:
၁၇ဣသရေလ အမျိုးသား တို့သည် ထိုသို့ ပြု ၍ ၊ အနည်း အများ အလိုက် သိမ်းယူ ကြ၏။
18 E mediam-no por gômer, e não sobrava ao que havia recolhido muito, nem faltava ao que havia recolhido pouco: cada um recolheu conforme o que havia de comer.
၁၈ဩမဲ တောင်းနှင့် ခြင် ကြသောအခါ ၊ များ များရသောသူမ ပို ၊ နည်းနည်း ရသောသူ မ လို ၊ အသီးအသီး တို့သည် စား လောက်အောင် သိမ်း ယူကြ၏။
19 E disse-lhes Moisés: Nenhum deixe nada disso para amanhã.
၁၉မောရှေ ကလည်း ၊ နံနက် တိုင်အောင် အဘယ်သူမျှ မ ကျန် စေနှင့်ဟု ဆို သော်လည်း ၊
20 Mas eles não obedeceram a Moisés, mas sim que alguns deixaram dele para outro dia, e criou bichos, e apodreceu-se; e irou-se contra eles Moisés.
၂၀အချို့တို့သည် မောရှေ စကားကို နား မ ထောင်ဘဲ၊ နံနက် တိုင်အောင် ကျန် စေသဖြင့် ၊ ပိုး ဖြစ် ၍ နံ လေသော် ၊ မောရှေ သည် အမျက် ထွက်၏။
21 E recolhiam-no cada manhã, cada um segundo o que havia de comer: e logo que o sol aquecia, derretia-se.
၂၁ထိုသူ အသီးအသီးတို့သည် နေ့ တိုင်း မိမိ တို့စား လောက် သမျှကို သိမ်းယူ ကြ၏။ နေ ပူ သောအခါ အရေ ဖြစ်လေ၏။
22 No sexto dia recolheram comida em dobro, dois gômeres para cada um; e todos os príncipes da congregação vieram a Moisés, e contaram-lhe isso.
၂၂ခြောက် ရက်မြောက်သောနေ့ ၌ ၊ မုန့် နှစ်ဆ တည်းဟူသောတယောက်နှစ် ဩမဲ စီ သိမ်း ရကြ၏။ ထိုအကြောင်းကို ပရိသတ် အုပ် အပေါင်း တို့သည် မောရှေ အား ကြားပြော လေ၏။
23 E ele lhes disse: Isto é o que o SENHOR disse: Amanhã é o repouso, o santo sábado do SENHOR; o que houverdes de assar, assai-o hoje, e o que houverdes de cozinhar, cozinhai-o; e tudo o que vos sobrar, guardai-o para amanhã.
၂၃သူကလည်း၊ နက်ဖြန် နေ့သည် ထာဝရဘုရား ရှေ့ ၌ သန့်ရှင်း သောဥပုသ် နေ့၊ ငြိမ်ဝပ် စွာနေရသောနေ့ဖြစ်၏။ မုန့်ကို ပေါင်း ချင်သည်အတိုင်း ပေါင်း ကြလော့။ ပြုတ် ချင်သည်အတိုင်း ပြုတ် ကြလော့။ ကျန် သောအရာ ကို နံနက် တိုင်အောင် စောင့် ၍ သို ထားကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
24 E eles o guardaram até a manhã, segundo que Moisés havia mandado, e não se apodreceu, nem houve nele bicho.
၂၄မောရှေ မှာ ထားသည်အတိုင်း ၊ နံနက် တိုင်အောင် သို ထားကြ၏။ နံ ခြင်းနှင့် ကင်းလွတ် ၏။ ပိုး လည်း မ ရှိ။
25 E disse Moisés: Comei-o hoje, porque hoje é sábado do SENHOR: hoje não achareis no campo.
၂၅မောရှေ ကလည်း ၊ ကျန်သောအရာကို ယနေ့ စား ကြလော့။ ယနေ့ သည် ထာဝရဘုရား ၏ ဥပုသ် နေ့ဖြစ်၏။ ယနေ့ တွင် ထိုအရာကို တော ၌ မ တွေ့ ရ။
26 Nos seis dias o recolhereis; mas o sétimo dia é sábado, no qual não se achará.
၂၆ခြောက် ရက် ပတ်လုံးသိမ်းယူ ရကြ၏။ ဥပုသ် နေ့တည်းဟူသောခုနစ် ရက်မြောက်သောနေ့ တွင် မ ရှိ မတွေ့ရဟု ဆို လေ၏။
27 E aconteceu que alguns do povo saíram no sétimo dia a recolher, e não acharam.
၂၇ခုနစ် ရက်မြောက်သောနေ့ ၌ ၊ အချို့ တို့သည် သိမ်းယူ ခြင်းငှာ ထွက်သွား ရာတွင်၊ ရှာ၍ မ တွေ့ ရကြ။
28 E o SENHOR disse a Moisés: Até quando não querereis guardar meus mandamentos e minhas leis?
၂၈ထာဝရဘုရား ကလည်း၊သင်တို့သည်ငါ့ ပညတ် တရား များတို့ကိုအဘယ် မျှကာလ ပတ်လုံးငြင်းပယ် ကြလိမ့်မည်နည်း။
29 Olhai que o SENHOR vos deu o sábado, e por isso vos dá no sexto dia pão para dois dias. Fique, pois, cada um em sua morada, e ninguém saia de seu lugar no sétimo dia.
၂၉ထာဝရဘုရား သည် ဥပုသ် နေ့ကို သင် တို့အား ပေး တော်မူပြီ။ ထိုကြောင့် ခြောက် ရက်မြောက်သောနေ့ ၌ နှစ်ရက် အတွက်မုန့် ကိုပေး တော်မူ၏။ လူ တိုင်းမိမိ နေရာ ၌နေ စေ၊ ခုနစ် ရက်မြောက်သောနေ့ ၌ မိမိ နေရာ မှ အဘယ်သူမျှ မ သွား စေနှင့်ဟု မောရှေ အား မိန့် တော်မူ၏။
30 Assim o povo repousou o sétimo dia.
၃၀ထိုကြောင့် လူ များတို့သည်ခုနစ် ရက်မြောက်သောနေ့ ၌ ငြိမ်ဝပ် စွာနေကြ၏။
31 E a casa de Israel o chamou maná; e era como semente de coentro, branco, e seu sabor como de bolos com mel.
၃၁ဣသရေလ အမျိုးသား တို့သည် ထို စားစရာကို မန္န ဟုခေါ်ဝေါ် ကြ၏။ နံနံ စေ့ ကဲ့သို့ ဖြစ်၍ ဖြူ သောအဆင်းရှိ၏။ ပျားရည် နှင့် ရောသောမုန့်ကြွပ် နှင့် အရသာ တူ ၏။
32 E disse Moisés: Isto é o que o SENHOR mandou: Encherás um gômer dele para que se guarde para vossos descendentes, a fim de que vejam o pão que eu vos dei a comer no deserto, quando eu vos tirei da terra do Egito.
၃၂မောရှေ ကလည်း ၊ သင် တို့ကိုအဲဂုတ္တု ပြည် မှ ငါ နှုတ်ဆောင် သောအခါ ၊ တော ၌ သင် တို့အား ကျွေး သော မုန့် ကို၊ သင် တို့အမျိုး အစဉ်အဆက်တို့သည်မြင် စေခြင်းငှာ ၊ သူတို့အဘို့သို ထားရသောဩမဲ တဩမဲကိုဖြည့် ကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
33 E disse Moisés a Arão: Toma um vaso e põe nele um gômer cheio de maná, e põe-o diante do SENHOR, para que seja guardado para vossos descendentes.
၃၃တဖန် အာရုန် ကို လည်း၊ အိုး တလုံး ကိုယူ ၍ မန္န တဩမဲ ကိုအပြည့် ထည့် ပြီးလျှင်၊ သင် တို့လူမျိုး အစဉ်အဆက်ဘို့ စောင့် စေခြင်းငှာ ၊ ထာဝရ ဘုရားရှေ့တော်၌ သို ထားလော့ဟုဆို ၍၊
34 E Arão o pôs diante do testemunho para guardá-lo, como o SENHOR o mandou a Moisés.
၃၄မောရှေ ကို ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ထိုမန္နကိုအာရုန် စောင့် စေခြင်းငှာ ၊ သက်သေ တော်ရှေ့ မှာသို ထားလေ၏။
35 Assim os filhos de Israel comeram maná por quarenta anos, até que entraram em terra habitada; comeram maná até que chegaram ao limite da terra de Canaã.
၃၅ဣသရေလ အမျိုးသား တို့သည်၊ လူနေ ရာပြည် သို့ မ ရောက် မှီတိုင်အောင်၊ အနှစ် လေးဆယ် ပတ်လုံးမန္န ကိုစား ကြ၏။ ခါနာန် ပြည် နယ်နိမိတ် သို့ မ ရောက် မှီတိုင်အောင် မန္န ကိုစား ကြ၏။
36 E um gômer é a décima parte do efa.
၃၆ဩမဲ မူကား ၊ ဧဖာ ဆယ်စု တစုဖြစ်သတည်း။

< Êxodo 16 >