< Deuteronômio 5 >

1 E chamou Moisés a todo Israel, e disse-lhes: Ouve, Israel, os estatutos e regulamentos que eu pronuncio hoje em vossos ouvidos: e aprendei-os, e guardai-os, para praticá-los.
တဖန် မောရှေ သည် ဣသရေလ အမျိုးသားအပေါင်း တို့ကိုခေါ် ၍ ၊ အိုဣသရေလ အမျိုးသားတို့၊ ယနေ့ သင် တို့အား ငါ ဟောပြော သော စီရင် ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင် ၍ ကျင့် ခြင်းငှာ သတိ ပြုမည် အကြောင်းနားထောင် ကြလော့။
2 O SENHOR nosso Deus fez pacto conosco em Horebe.
ငါ တို့ဘုရား သခင်ထာဝရဘုရား သည် ဟောရပ် တောင်၌ ငါ တို့နှင့် ပဋိညာဉ် ပြု တော်မူ၏။
3 Não com nossos pais fez o SENHOR este pacto, a não ser conosco todos os que estamos aqui hoje vivos.
ထို ပဋိညာဉ် တရားကို ထာဝရဘုရား သည် ငါ တို့ ဘိုးဘေး များနှင့် သာ ပြု တော်မူသည်မ ဟုတ်။ ယနေ့ ပင် အသက်ရှင် ၍ ဤ အရပ် ၌ ရှိသမျှ သော ငါ တို့နှင့် ပြုတော်မူ၏။
4 Face a face falou o SENHOR convosco no monte do meio do fogo,
ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ထဲက သင် တို့နှင့် မျက်နှာ ချင်းဆိုင်၍ မိန့် မြွက်တော်မူ၏။
5 (Eu estava então entre o SENHOR e vós, para vos anunciar a palavra do SENHOR; porque vós tivestes temor do fogo, e não subistes ao monte; ) dizendo:
ထိုအခါ သင်တို့သည် မီး ကိုကြောက် ၍ တောင် ပေါ် သို့ မ တက် ဝံ့သောကြောင့် ၊ ငါ သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ခြင်းငှာ ၊ ထာဝရဘုရား နှင့် သင် တို့စပ်ကြား မှာ ရပ် နေ၏။
6 Eu sou o SENHOR teu Deus, que te tirei da terra do Egito, de casa de servos.
မိန့်မြွက်တော်မူသောစကားဟူမူကား၊ ငါ သည် သင့် ကို ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ် ဆောင်ယူခဲ့ ပြီးသော သင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
7 Não terás deuses estranhos diante de mim.
ငါ မှတပါး အခြား သောဘုရား ကို မ ကိုးကွယ် နှင့်။
8 Não farás para ti escultura, nem imagem alguma de coisa que está acima nos céus, ou abaixo na terra, ou nas águas debaixo da terra:
အထက် မိုဃ်း ကောင်းကင်၌ ၎င်း၊ အောက် အရပ် မြေကြီး ပေါ် ၌၎င်း၊ မြေကြီး အောက် ရေ ထဲ ၌၎င်း ရှိသော အရာ နှင့် ပုံ သဏ္ဍာန်တူစွာ ရုပ်တု ဆင်းတုကို ကိုယ် အဘို့ မ လုပ် နှင့်။
9 Não te inclinarás a elas nem lhes servirás: porque eu sou o SENHOR teu Deus, forte, zeloso, que visito a iniquidade dos pais sobre os filhos, e sobre a terceira geração, e sobre a quarta, aos que me aborrecem,
ဦး မ ချ၊ ဝတ် မ ပြုနှင့်။ အကြောင်း မူကား၊ သင် ၏ဘုရား သခင်၊ ငါ ထာဝရဘုရား သည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ ကိုမုန်း သောသူတို့ ၏ အမျိုးအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္ထ အဆက်တိုင်အောင် ၊ အဘ တို့၏ အပြစ် ကို သား တို့၌ ဆပ် ပေးစီရင်သောဘုရား၊
10 E que faço misericórdia a milhares aos que me amam, e guardam meus mandamentos.
၁၀ငါ့ ကိုချစ် ၍ ငါ့ ပညတ် တို့ကိုကျင့် သောသူတို့ ၏ အမျိုးအစဉ်အဆက် အထောင် အသောင်းတိုင်အောင် ကရုဏာ ကို ပြ သောဘုရား ဖြစ်၏။
11 Não tomarás em vão o nome do SENHOR teu Deus; porque o SENHOR não dará por inocente ao que tomar em vão seu nome.
၁၁သင် ၏ဘုရား သခင်ထာဝရဘုရား ၏ နာမတော် ကို မုသာ နှင့် ဆိုင်၍ မ မြွက် မဆိုနှင့်။ အကြောင်း မူကား၊ နာမ တော်ကို မုသာ နှင့် ဆိုင်၍ မြွက်ဆို သောသူ ကို အပြစ်မရှိဟု ထာဝရဘုရား မှတ် တော်မ မူ။
12 Guardarás o dia do repouso para santificá-lo, como o SENHOR teu Deus te mandou.
၁၂သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေခြင်းငှာ ၊ ထိုနေ့ရက်ကို စောင့် လော့။
13 Seis dias trabalharás e farás toda tua obra:
၁၃ခြောက် ရက် ပတ်လုံးအလုပ် မျိုး ကို ကြိုးစား ၍ လုပ်ဆောင် လော့။
14 Mas no sétimo é repouso ao SENHOR teu Deus: nenhuma obra farás tu, nem teu filho, nem tua filha, nem teu servo, nem tua serva, nem tua boi, nem tua asno, nem nenhum animal teu, nem tua peregrino que está dentro de tuas portas: para que descanse teu servo e tua serva como
၁၄သတ္တမ နေ့ရက် သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ ဥပုသ် နေ့ဖြစ်၏။ ထိုနေ့၌ သင် မှစ၍သင် ၏သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ နွား မြည်း အစရှိသောသင် ၏တိရစ္ဆာန် ၊ သင် ၏တံခါး အတွင်း ၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ် မ လုပ် ရ။ သင် သည် ငြိမ်ဝပ်စွာ နေသကဲ့သို့ ၊ သင် ၏ကျွန် ယောက်ျား မိန်းမ တို့သည် ငြိမ်ဝပ် စွာ နေရကြမည်။
15 E lembra-te que foste servo em terra do Egito, e que o SENHOR teu Deus te tirou dali com mão forte e braço estendido: pelo qual o SENHOR teu Deus te mandou que guardes no dia do repouso.
၁၅သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ကြောင်း ကို၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် အားကြီး သော လက်ရုံး တော်ကို ဆန့် ၍ ၊ ထို ပြည်မှ သင့် ကို နှုတ်ဆောင် တော်မူကြောင်း ကို၎င်းအောက်မေ့ လော့။ ထို အကြောင်းကြောင့်၊ သင်သည် ဥပုပ် နေ့ကို စောင့် ရမည်ဟု သင် ၏ ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူ၏။
16 Honra a teu pai e a tua mãe, como o SENHOR teu Deus te mandou, para que sejam prolongados teus dias, e para que te vá bem sobre a terra que o SENHOR teu Deus te dá.
၁၆သင် ၏ဘုရားသခင် ထာဝရဘုရား ပေး သနား တော်မူသောပြည် ၌ သင် သည် အသက်တာ ရှည် ၍ ကောင်းစား ရမည်အကြောင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင်၏ မိဘ ကို ရိုသေ စွာပြုလော့။
17 Não cometerás homicídio.
၁၇လူအသက်ကို မ သတ် နှင့်။
18 Não adulterarás.
၁၈သူ့မယားကိုမ ပြစ်မှား နှင့်။
19 Não furtarás.
၁၉သူ့ဥစ္စာကို မ ခိုး နှင့်။
20 Não dirás falso testemunho contra teu próximo.
၂၀ကိုယ် နှင့်စပ်ဆိုင် သောသူ တဘက် ၌ မ မှန်သော သက်သေ ကို မ ခံ နှင့်။
21 Não cobiçarás a mulher de teu próximo, nem desejarás a casa de teu próximo, nem sua terra, nem seu servo, nem sua serva, nem seu boi, nem seu asno, nem nenhuma coisa que seja de teu próximo.
၂၁ကိုယ် နှင့်စပ်ဆိုင် သောသူ ၏မယား ကို တပ်မက် သောစိတ် မ ရှိစေနှင့်။ ကိုယ် နှင့်စပ်ဆိုင် သောသူ ၏အိမ် ၊ လယ်ယာ ၊ ကျွန် ယောက်ျား မိန်းမ ၊ နွား မြည်း မှစ၍ ကိုယ် နှင့်စပ်ဆိုင် သောသူ ၏ ဥစ္စာ တစုံ တခုမျှ တပ်မက် လိုချင်သောစိတ် မ ရှိစေနှင့်ဟု မိန့်တော်မူ၏။
22 Estas palavras falou o SENHOR a toda vossa congregação no monte, do meio do fogo, da nuvem e da escuridão, a grande voz: e não acrescentou mais. E escreveu-os em duas tábuas de pedra, as quais deu a mim.
၂၂ထို စကား တော်ကို ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ၊ မိုဃ်းတိမ် ၊ ထူထပ် သော မှောင်မိုက်ထဲက ကြီးစွာ သောအသံ နှင့် သင် တို့စည်းဝေးရာ ပရိသတ် အပေါင်း တို့အား မိန့် မြွက်တော်မူ၏။ ထပ် ၍မိန့်မြွက် တော်မမူ။ ထိုစကားတော်ကိုလည်း ကျောက် ပြား နှစ် ပြား ပေါ် မှာရေး ၍ ငါ ၌ အပ် တော်မူ၏။
23 E aconteceu, que como vós ouvistes a voz do meio das trevas, e vistes ao monte que ardia em fogo, aproximastes a mim todos os príncipes de vossas tribos, e vossos anciãos;
၂၃သင် တို့သည် မှောင်မိုက် ထဲက စကား သံကို ကြား ၍ ၊ တောင်ထိပ် သည် မီး လောင် လျက်ရှိသောအခါ ၊ သင် တို့မျိုးနွယ် တို့၌ မင်း ဖြစ်သောသူ၊ အသက်ကြီး သူတို့ သည် ငါ့ ထံသို့ ချဉ်းကပ် ၍၊
24 E dissestes: Eis que, o SENHOR nosso Deus nos mostrou sua glória e sua grandeza, e ouvimos sua voz do meio do fogo: hoje vimos que o SENHOR fala ao homem, e este vive.
၂၄အကျွန်ုပ် တို့ ဘုရားသခင် ထာဝရဘုရား သည် ဘုန်း တန်ခိုး အာနုဘော်တော်ကို အကျွန်ုပ် တို့အား ပြ တော်မူပြီ။ မီး ထဲက စကားတော်အသံ ကို အကျွန်ုပ်တို့သည် ကြား ရပါပြီ။ ဘုရားသခင် သည် လူ နှင့် နှုတ်ဆက် တော်မူ သော်လည်း ၊ လူသည် အသက်ရှင် သေးသည်ကို၊ ယနေ့ ၌ အကျွန်ုပ်တို့သည် သိမြင် ရပါပြီ။
25 Agora pois, por que morreremos? Que este grande fogo nos consumirá: se voltarmos a ouvir a voz do SENHOR nosso Deus, morreremos.
၂၅အကျွန်ုပ်တို့သည် အဘယ် ကြောင့်ယခု သေ ရပါ မည်နည်း။ ဤ ကြီးစွာ သောမီး ဖြင့် အကျွန်ုပ်တို့သည် ဆုံးရှုံး ပါလိမ့်မည်။ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသောအသံ တော်ကိုတဖန် ကြား ရလျှင် သေ ရပါလိမ့်မည်။
26 Porque, que é toda carne, para que ouça a voz do Deus vivente que fala do meio do fogo, como nós a ouvimos, e viva?
၂၆အသက်ရှင် တော်မူသောဘုရားသခင် သည်မီး ထဲက မိန့် မြွက်တော်မူ သောအသံ တော်ကို အကျွန်ုပ် တို့ ကြားရ သကဲ့သို့ အဘယ် လူ သတ္တဝါသည် ကြား ၍ အသက်ရှင် သနည်း။
27 Chega tu, e ouve todas as coisas que disser o SENHOR nosso Deus; e tu nos dirás todo o que o SENHOR nosso Deus te disser, e nós ouviremos e faremos.
၂၇ကိုယ်တော် သည် အနီးအပါးသို့ ချဉ်း သွား၍ ၊ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသမျှ ကို နားထောင် တော်မူပါ။ အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် အား မိန့် တော်မူသမျှ ကို ဆင့်ဆို တော်မူပါ။ အကျွန်ုပ်တို့သည် နားထောင် ၍ ပြု ပါမည်ဟု လျှောက်ဆိုကြ၏။
28 E ouviu o SENHOR a voz de vossas palavras, quando me faláveis; e disse-me o SENHOR: Ouvi a voz das palavras deste povo, que eles te falaram: bem está tudo o que disseram.
၂၈ထိုသို့ သင် တို့သည် ငါ့ အား လျှောက် သော စကား ကို ထာဝရဘုရား ကြား တော်မူ၏။ ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် သင့် အား လျှောက် သော စကား သံ ကို ငါကြား ရပြီ။ လျှောက် လေသမျှ သော စကား သည် လျောက်ပတ် ပေ၏။
29 Quem dera que tivessem tal coração, que me temessem, e guardassem todos os dias todos meus mandamentos, para que a eles e a seus filhos lhes fosse bem para sempre!
၂၉သူ တို့နှင့် သား မြေးအစဉ် အဆက်တို့သည် ချမ်းသာ ရမည်အကြောင်း ၊ ငါ့ ကို ကြောက်ရွံ့ ၍ ငါ ပညတ် သမျှ တို့ကို အစဉ် စောင့်ရှောက် ချင်သောစိတ် နှင့် ပြည့်စုံ ကြပါစေသော။
30 Vai, dize-lhes: Voltai-vos a vossas tendas.
၃၀တဲ များသို့ ပြန် သွား ကြလော့ဟု သူ တို့အား ပြော လော့။
31 E tu fica aqui comigo, e te direi todos os mandamentos, e estatutos, e regulamentos que lhes hás de ensinar, a fim que os ponham agora por obra na terra que eu lhes dou para possuí-la.
၃၁သင် မှာမူကား ၊ ဤ အရပ်၌ ငါ့ အနားမှာ ရပ် နေ လော့။ သူ တို့အား ငါ အပိုင် ပေး သော ပြည် ၌ သူတို့ကျင့် ဘို့ရာ သင်သည် သူ တို့အား သွန်သင် ရသော စီရင် ထုံးဖွဲ့ ချက်၊ ပညတ် တရားအလုံးစုံ တို့ကို ငါ မြွက်ဆိုမည်ဟု ငါ့အား မိန့်တော်မူ၏။
32 Olhai, pois, que façais como o SENHOR vosso Deus vos mandou: não vos desvieis à direita nem à esquerda;
၃၂သို့ဖြစ်၍ သင် တို့၏ ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင် တို့သည် ကျင့် အံ့သောငှာ စောင့် နေရကြမည်။ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ မရှောင်ရကြ။
33 Andai em todo caminho que o SENHOR vosso Deus vos mandou, para que vivais, e vos vá bem, e tenhais longos dias na terra que haveis de possuir.
၃၃သင်တို့ဝင်စား လတံ့သော ပြည် ၌ သင် တို့သည် သေဘေး လွတ်လျက် ချမ်းသာ ရ၍ ၊ အသက်တာ ရှည်မည် အကြောင်း ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသော လမ်း အပေါင်း တို့၌ ရှောက်သွား ရကြမည်။

< Deuteronômio 5 >