< 2 Reis 13 >

1 No ano vinte e três de Joás filho de Acazias, rei de Judá, começou a reinar Jeoacaz filho de Jeú sobre Israel em Samaria; e reinou dezessete anos.
ယုဒ ရှင်ဘုရင် အာခဇိ သား ယောရှ နန်းစံ နှစ်ဆယ် သုံး နှစ် တွင် ၊ ယေဟု သား ယောခတ် သည် ရှမာရိ မြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို ဆယ် ခုနစ် နှစ် စိုးစံ၏
2 E fez o que era mau aos olhos do SENHOR, e seguiu os pecados de Jeroboão filho de Nebate, o que fez pecar a Israel; e não se separou deles.
ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် တို့ကို မ ရှောင် ၊ လိုက် လေ၏
3 E acendeu-se o furor do SENHOR contra Israel, e entregou-os em mão de Hazael rei da Síria, e em mão de Ben-Hadade filho de Hazael, por longo tempo.
ထိုကြောင့် ထာဝရဘုရား သည် ဣသရေလ အမျိုးကို အမျက် ထွက် ၍ ၊ ယောခတ်မင်း လက်ထက်ကာလပတ်လုံး၊ ရှုရိ ရှင်ဘုရင် ဟာဇေလ နှင့် သူ၏သား ဗင်္ဟာဒဒ် လက် သို့ ဣသရေလအမျိုးကို အပ် တော်မူ၏
4 Mas Jeoacaz orou à face do SENHOR, e o SENHOR o ouviu: porque olhou a aflição de Israel, pois o rei da Síria os afligia.
တဖန် ယောခတ် သည် ထာဝရဘုရား ကို တောင်းပန် လေ၏။ ရှုရိ ရှင်ဘုရင် ညှဉ်းဆဲ ၍ ဣသရေလ အမျိုးသည် အလွန် ခံရကြောင်း ကို ထာဝရဘုရား သည် မြင် ၍ ယောခတ်စကားကို နားထောင် တော်မူ၏
5 (E deu o SENHOR salvador a Israel, e saíram de sob a mão dos sírios; e habitaram os filhos de Israel em suas moradas, como antes.
ရှုရိ ရှင် ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး ၍ ၊ စပါးနင်း ရာတွင် လွင့်သောအမှုန့် ကဲ့သို့ ဖြစ် စေသဖြင့် ၊ မြင်းစီး သူရဲ၊ ငါးကျိပ် ၊ ရထား တဆယ် ၊ ခြေ သည်သူရဲတသောင်း ကိုသာ ယောခတ် ၌ ကြွင်း စေ၏
6 Contudo isso não se apartaram dos pecados da casa de Jeroboão, o que fez pecar a Israel: neles andaram; e também o bosque permaneceu em Samaria.)
ထို့ကြောင့် ထာဝရဘုရား သည် ကယ်တင် သော သခင်ကိုပေး တော်မူသဖြင့် ၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက် မှ ထွက်မြောက် ၍ အထက် ကနည်းတူ မိမိ တို့နေရာ ၌ နေ ရကြ၏
7 Porque não lhe havia restado gente a Jeoacaz, a não ser cinquenta cavaleiros, e dez carros, e dez mil homens a pé; pois o rei da Síria os havia destruído, e os havia posto como pó para pisar.
သို့ရာတွင် ဣသရေလ အမျိုးကို ပြစ်မှား စေသော ယေရောဗောင် မင်းမျိုး ၏ ဒုစရိုက်အပြစ် တို့ကို မ ရှောင် ၊ လိုက်ကြ၏။ ရှမာရိ မြို့၌ လည်း အာရှရ ပင် ရှိသေး၏
8 Os demais dos feitos de Jeoacaz, e tudo o que fez, e suas valentias, não estão escritos no livro das crônicas dos reis de Israel?
ယောခတ် ပြု မူသော အမှု အရာကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
9 E descansou Jeoacaz com seus pais, e sepultaram-no em Samaria: e reinou em seu lugar Joás seu filho.
ယောခတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သားတော် ယဟောရှ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏
10 O ano trinta e sete de Joás rei de Judá, começou a reinar Joás filho de Jeoacaz sobre Israel em Samaria; e reinou dezesseis anos.
၁၀ယုဒ ရှင်ဘုရင် ယောရှ နန်းစံ သုံးဆယ် ခုနစ် နှစ် တွင် ၊ ယောခတ် သား ယဟောရှ သည် ရှမာရိ မြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို ဆယ် ခြောက် နှစ် စိုးစံ၏
11 E fez o que era mau aos olhos do SENHOR: não se separou de todos os pecados de Jeroboão filho de Nebate, o que fez pecar a Israel; neles andou.
၁၁ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် ကိုမ ရှောင် ၊ အကုန်အစင် လိုက်လေ၏
12 Os demais dos feitos de Joás, e todas as coisas que fez, e seu esforço com que guerreou contra Amasias rei de Judá, não estão escritos no livro das crônicas dos reis de Israel?
၁၂ယဟောရှ ပြုမူသော အမှု အရာကြွင်း လေသမျှ ၊ ယုဒ ရှင်ဘုရင် အာမဇိ ကို စစ်တိုက် ရာတွင် ၊ တန်ခိုးကြီးခြင်း အရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏
13 E dormiu Joás com seus pais, e sentou-se Jeroboão sobre seu trono: e Joás foi sepultado em Samaria com os reis de Israel.
၁၃ယဟောရှ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဣသရေလ ရှင် ဘုရင်တို့နှင့်အတူ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်း ကိုခံ လေ၏။ သားတော်ယေရောဗောင် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏
14 Estava Eliseu enfermo daquela sua enfermidade de que morreu. E desceu a ele Joás rei de Israel, e chorando diante dele, disse: Meu pai, meu pai, carro de Israel e seus cavaleiros!
၁၄ထိုအခါ ဧလိရှဲ သည် သေနာ စွဲ၍ နာ နေစဉ် တွင်၊ ဣသရေလ ရှင်ဘုရင် ယဟောရှ သည်လာ ၍ သူ့ ရှေ့ မှာ ငိုကြွေး လျက် ငါ့ အဘ ၊ ငါ့ အဘ ၊ ဣသရေလ ရထား ၊ ဣသရေလ မြင်း ပါတကားဟု ဆို ၏
15 E disse-lhe Eliseu: Toma um arco e umas flechas. Tomou ele então um arco e umas flechas.
၁၅ဧလိရှဲ ကလည်း ၊ လေး နှင့် မြှား တို့ကို ယူ လော့ဟု ဆို သည်အတိုင်း ရှင်ဘုရင်ယူ ၏
16 E disse Eliseu ao rei de Israel: Põe tua mão sobre o arco. E pôs ele sua mão sobre o arco. Então pôs Eliseu suas mãos sobre as mãos do rei,
၁၆လေး ကိုတင် လော့ဟု တဖန် ဆို သည်အတိုင်း လေးကိုတင် ၍ ၊ ဧလိရှဲ သည် မိမိ လက် ကို ရှင်ဘုရင် လက် ပေါ် မှာ တင် လျက်၊ “
17 E disse: Abre a janela de até o oriente. E quando ele a abriu disse Eliseu: Atira. E atirando ele, disse Eliseu: Flecha de salvação do SENHOR, e flecha de salvação contra Síria: porque ferirás aos sírios em Afeque, até consumi-los.
၁၇အရှေ့ ပြတင်းပေါက် ကို ဖွင့် လော့ဟုဆို ၍ ဖွင့် လေ၏။ ပစ် လော့ဟုဆို သည်အတိုင်း ရှင်ဘုရင်သည် ပစ် လေ၏။ ဧလိရှဲ ကလည်း ၊ ထာဝရဘုရား ကယ်တင် တော်မူရာမြှား ၊ ရှုရိ မင်းလက်မှ ကယ်နှုတ် ရာမြှား ဖြစ်၏။ အာဖက် မြို့၌ ရှုရိ လူတို့ကို အကုန်အစင် လုပ်ကြံ ရ လိမ့်မည်ဟု ဆို ၏
18 E voltou-lhe a dizer: Toma as flechas. E logo que o rei de Israel as tomou, disse-lhe: Fere a terra. E ele feriu três vezes, e cessou.
၁၈မြှား တို့ကိုယူ ဦးလော့ဟု တဖန် ဆို သည်အတိုင်း ၊ ရှင် ဘုရင်သည် ယူ ၏။ မြေ ပေါ်သို့ ရိုက် လော့ဟုဆို ၍ သုံး ကြိမ် ရိုက် လေ၏
19 Então o homem de Deus, irou-se com ele, lhe disse: A ferir cinco ou seis vezes, feririas a Síria, até não restar ninguém: porém agora três vezes ferirás a Síria.
၁၉ထိုအခါ ဘုရား သခင်၏လူ သည် အမျက် ထွက်၍ ၊ အဘယ်ကြောင့်ငါး ကြိမ်ခြောက် ကြိမ်မရိုက် သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိ လူတို့ကို အကုန်အစင်လုပ်ကြံ ရ လိမ့်မည်။ ယခု မူကား ၊ သုံး ကြိမ် သာ လုပ်ကြံ ရလိမ့်မည်ဟု ဆို ၏
20 E morreu Eliseu, e sepultaram-no. Entrado o ano vieram tropas de moabitas à terra.
၂၀ဧလိရှဲ သေ ၍ သင်္ဂြိုဟ် ခြင်းကိုခံပြီးမှ ၊ နောင် နှစ် တွင် မောဘ တပ်သား တို့သည် ဣသရေလပြည် ကို တိုက်လာ ကြ၏
21 E aconteceu que ao sepultar uns um homem, subitamente viram uma tropa, e lançaram ao homem no sepulcro de Eliseu: e quando o morto chegou a tocar os ossos de Eliseu, reviveu, e levantou-se sobre seus pés.
၂၁ဣသရေလလူတို့သည် လူ တယောက်ကို သင်္ဂြိုဟ် စဉ်တွင်၊ မောဘတပ် လာသည်ကို မြင် ၍ ၊ အလောင်းကို ဧလိရှဲ သင်္ချိုင်း တွင်း၌ ချ ထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲ အရိုး တို့ကို ထိ သောအခါ ၊ အသက်ရှင် ပြန်သဖြင့် မတ်တတ်ထ ၏
22 Hazael, pois, rei da Síria, afligiu a Israel todo o tempo de Jeoacaz.
၂၂ရှုရိ ရှင်ဘုရင် ဟာဇေလ သည် ယောခတ် လက်ထက် ကာလပတ်လုံး ဣသရေလ အမျိုးကို ညှဉ်းဆဲ ၏
23 Mas o SENHOR teve misericórdia deles, e compadeceu-se deles, e olhou-os, por amor de seu pacto com Abraão, Isaque e Jacó; e não quis destruí-los nem lançá-los de diante de si até agora.
၂၃ထာဝရဘုရား သည် သူ တို့ကို သနား စုံမက်၍ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ် ကို အောက်မေ့ လျက် သူ တို့ကို မ ဖျက်ဆီး ၊ အထံ တော်မှ မ နှင်ထုတ် သေးဘဲ ကြည့်ရှု ပြုစုတော်မူ၏
24 E morreu Hazael rei da Síria, e reinou em seu lugar Ben-Hadade seu filho.
၂၄ရှုရိ ရှင်ဘုရင် ဟာဇေလ သေ ၍ ၊ သားတော် ဗင်္ဟာဒဒ် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏
25 E voltou Joás filho de Jeoacaz, e tomou da mão de Ben-Hadade filho de Hazael, as cidades que ele havia tomado da mão de Jeoacaz seu pai em guerra. Três vezes o bateu Joás, e restituiu as cidades a Israel.
၂၅ဟာဇေလသည် စစ်တိုက်၍ ယောခတ် မင်း လက် မှ နှုတ်ယူ သော မြို့ ရွာတို့ကို ယောခတ် သား ယဟောရှ သည် ဟာဇေလ သား ဗင်္ယာဒဒ် လက် မှ နှုတ်ယူ ၏။ သုံး ကြိမ် တိုင်အောင်ယဟောရှ သည်နိုင်၍ ဣသရေလ မြို့ ရွာတို့ကို ရပြန်လေ၏

< 2 Reis 13 >