< 2 Coríntios 12 >
1 Verdadeiramente não me convém me orgulhar; porque eu virei para as visões e revelações do Senhor.
၁ဝါကြွားခြင်းသည်အကျိုးမရှိသော်လည်းငါ ဝါကြွားရဦးမည်။ သို့ဖြစ်၍သခင်ဘုရား ငါ့အားပြတော်မူသောရူပါရုံများနှင့် ဗျာဒိတ်တော်များအကြောင်းကိုဖော်ပြမည်။-
2 Conheço um homem em Cristo que, catorze anos atrás, foi arrebatado até o terceiro céu (se no corpo, não sei; se fora do corpo, não sei; Deus o sabe).
၂ခရစ်တော်၏တပည့်တော်တစ်ဦးသည်လွန်ခဲ့ သောတစ်ဆယ့်လေးနှစ်ကကောင်းကင်ဘုံ တတိယအဆင့်သို့တိုင်အောင်ချီဆောင် ခြင်းကိုခံရသည်ကိုငါသိ၏။ (ဤသို့ ချီဆောင်ခြင်းခံရသည်မှာတကယ့်ဖြစ် ပျက်သလား၊ သို့မဟုတ်ရူပါရုံလားငါ မသိ။ ဘုရားသခင်သာလျှင်သိတော်မူ၏။-)
3 E sei que o tal homem (se no corpo, se fora do corpo, não sei; Deus o sabe),
၃တစ်ဖန်ငါဆိုသည်ကားထိုသူသည်ပရဒိသု ဘုံသို့ချီဆောင်ခြင်းကိုခံရ၍လူတို့နှုတ်ဖြင့် မမြွက်မဆိုအပ်၊ မြွက်ဆို၍လည်းမဖြစ်နိုင် သည့်စကားများကြားရသည်ကိုငါသိ၏။ (ထိုသို့ချီဆောင်ခြင်းကိုခံရသည်မှာ တကယ်ဖြစ်ပျက်သလားသို့မဟုတ်ရူပါရုံ လားငါမသိ။ ဘုရားသခင်သာလျှင်သိ တော်မူ၏။-)
4 Foi arrebatado ao paraíso, e ouviu palavras inexprimíveis, que ao homem não é lícito falar.
၄
5 D [este] tal eu me orgulharei, mas de mim mesmo não me orgulharei, a não ser em minhas fraquezas.
၅သို့ဖြစ်၍ထိုသူ၏အကြောင်းကိုငါကြွား ဝါမည်။ သို့သော်မိမိ၏အားနည်းချက်များ မှတစ်ပါးအခြားအရာများအကြောင်း ကိုကြွားဝါလိမ့်မည်မဟုတ်။-
6 Porque se eu quiser me orgulhar, não serei tolo; porque direi a verdade; porém eu me contenho, para que ninguém me considere mais do que aquilo que vê em mim, ou ouve de mim.
၆ငါကြွားဝါလိုပါမူသူရူးဖြစ်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ငါသည်ဟုတ်မှန်သည့် စကားကိုသာပြောဆိုခြင်းဖြစ်မည်။ သို့သော် အဘယ်သူမျှမိမိကိုယ်တိုင်မြင်ရကြား ရသည်ထက်ပို၍ ငါ့အားအထင်မကြီး စေလိုသဖြင့်ငါသည်ကြွားဝါလိမ့်မည် မဟုတ်။
7 E para que eu não ficasse arrogante pela excelência das revelações, me foi dado um espinho na carne, [que é] um mensageiro de Satanás, para me atormentar, para que eu não ficasse arrogante.
၇ငါမြင်ရသည့်အံ့သြဖွယ်ရူပါရုံများ ကြောင့်ငါ့ကိုယ်ကိုအထင်မကြီးစေရန်ငါ သည်မိမိကိုယ်ခန္ဓာတွင်နာကျင်သော ဝေဒနာကိုခံစားနေရ၏။ ထိုဝေဒနာ သည်စာတန်၏စေတမန်သဖွယ်ငါ့ကို ဒဏ်ခတ်၍ငါ၏မာန်မာနကိုချိုးနှိမ်၏။-
8 Três vezes eu orei ao Senhor por causa disso, para que [isso] de afastasse de mim.
၈ထိုဝေဒနာကိုဖယ်ရှားပေးတော်မူရန်ငါ သည်သခင်ဘုရားထံတော်သို့သုံးကြိမ် တိုင်တိုင်ဆုတောင်းပတ္ထနာပြုခဲ့၏။ သို့ရာ တွင်ကိုယ်တော်က ``ငါ၏ကျေးဇူးတော်ကို သာလျှင်သင်လိုအပ်ပေသည်။ သင်အား နည်းသောအခါငါ့တန်ခိုးသည်အထင် ရှားဆုံးဖြစ်၏'' ဟုဖြေကြားတော်မူ၏။-
9 Mas ele me disse: “Minha graça te basta, porque meu poder se aperfeiçoa na fraqueza”. Por isso, com muito prazer, eu me orgulharei nas minhas fraquezas, para que o poder de Cristo habite em mim.
၉သို့ဖြစ်၍ငါသည်ခရစ်တော်၏တန်ခိုး တော်တွင်ခိုလှုံနိုင်ရန် ငါ၏အားနည်းချက် များကြောင့်အထူးဝမ်းမြောက်လျက်ဂုဏ် ယူဝါကြွား၏။-
10 Por isso tenho prazer nas fraquezas, nos insultos, nas necessidades, nas perseguições, nas angústias por causa de Cristo; porque quando estou fraco, então fico forte.
၁၀ငါသည်အားနည်းသောအခါ၌တန်ခိုးနှင့် ပြည့်စုံလျက်ရှိသဖြင့် ခရစ်တော်၏အတွက် ကြောင့်အားနည်းခြင်း၊ စော်ကားခြင်း၊ ဆင်းရဲ ခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းနှင့်အနှောင့် အယှက်တို့ကိုခံနေရစဉ်ရောင့်ရဲတင်းတိမ် မှုရှိ၏။
11 Eu me fiz de tolo ao me orgulhar; [mas] vós me obrigastes [a isso]; porque eu devia ser louvado por vós, pois eu em coisa nenhuma fui inferior aos “superapóstolos”, ainda que eu nada seja.
၁၁ငါသည်လူမိုက်ကဲ့သို့ပြုလေပြီ။ သို့ရာတွင် သင်တို့ကငါ့ကိုလူမိုက်ဖြစ်အောင်ပြုကြ၏။ သင်တို့သည်ငါ့ကိုထောက်ခံသင့်သူများ ဖြစ်ပေသည်။ ငါသည်မရေရာသောသူဖြစ် စေကာမူသင်တို့၏ထူးမြတ်သည့်တမန် တော်များထက်အဘယ်နည်းနှင့်မျှမညံ့။-
12 Os sinais do [meu] apostolado foram efetuados entre vós em toda paciência, em sinais, milagres e maravilhas.
၁၂ငါသည်တမန်တော်တစ်ပါးဖြစ်ကြောင်းကို နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ရာများအား ဖြင့်သင်တို့အားစိတ်ရှည်လက်ရှည်ငါ သက်သေပြခဲ့၏။-
13 Afinal, qual foi a coisa em que fostes inferiores às outras igrejas, a não ser em que eu mesmo não vos fui incômodo? Perdoai-me esta injustiça!
၁၃သင်တို့အားငွေရေးကြေးရေးတာဝန်ကို မပေးခဲ့သည်မှအပ ငါသည်သင်တို့အား အခြားအသင်းတော်များနှင့်တန်းတူထား ၍ဆက်ဆံခဲ့၏။ ဤသို့မမျှမတပြုမိ သည့်အတွက်ငါ့အားခွင့်လွှတ်ကြရန် တောင်းပန်ပါ၏။
14 Eis que estou prestes a vir pela terceira vez até vós, e não vos serei incômodo como um peso. Porque eu não busco o [que é] vosso, mas sim a vós. Porque os filhos não devem guardar bens para os pais, mas sim os pais para os filhos.
၁၄ငါသည်ယခုသင်တို့ထံသို့တတိယအကြိမ် လာရန်အသင့်ရှိပြီ။ သို့ရာတွင်ငါ၏အတွက် သင်တို့အားတာဝန်ကြီးလေးစေမည်မဟုတ်။ သင်တို့၏ငွေကြေးဥစ္စာများကိုငါအလို မရှိ။ သင်တို့ကိုသာလျှင်ငါအလိုရှိ၏။ သား သမီးများကမိဘများအဖို့စုဆောင်း ရကြသည်မဟုတ်။ မိဘများကသာလျှင် သားသမီးများအဖို့စုဆောင်းရကြသည်။-
15 E eu de muita boa vontade me gastarei, e me deixarei gastar por vossas almas, ainda que quanto mais eu vos amo, menos sou amado.
၁၅ငါသည်သင်တို့ကိုကူညီရန်ဝမ်းမြောက်စွာ မိမိ၏ဥစ္စာနှင့်အားအင်ကိုကုန်ခန်းစေမည်။ ငါသည်သင်တို့ကိုဤမျှချစ်လျှင်သင်တို့ ကငါ့ကိုလျော့၍ချစ်ကြမည်လော။
16 Mas que assim seja, que eu não fui incômodo para convosco. Mas, como eu era astuto, eu vos tomei por engano!
၁၆ငါသည်သင်တို့အားဝန်မလေးစေခဲ့ကြောင်း ကိုသင်တို့ဝန်ခံကြလိမ့်မည်။ သို့ရာတွင်ငါသည် ပရိယာယ်ဖြင့်သင်တို့အားလိမ်လည်လှည့်စား ခဲ့သည်ဟုတစ်စုံတစ်ယောက်ကစွပ်စွဲလိမ့်မည်။-
17 Por acaso eu me aproveitei de vós, por meio de alguém que enviei até vós?
၁၇မည်ကဲ့သို့ငါလှည့်စားခဲ့သနည်း။ သင်တို့ထံ သို့ငါစေလွှတ်သူတစ်ဦးဦးအားဖြင့် ငါ သည်သင်တို့ထံမှအခွင့်ကောင်းယူခဲ့ဖူး သလော။-
18 Eu roguei a Tito, e enviei ao irmão com ele; por acaso Tito se aproveitou de vós? Por acaso não andamos nós no mesmo espírito, e nos mesmos passos?
၁၈ငါသည်တိတုအားသင်တို့ထံသို့သွားရန် တောင်းပန်စေလွှတ်ခဲ့၏။ အခြားခရစ်ယာန် ညီအစ်ကိုတစ်ဦးကိုလည်းသူနှင့်အတူ ထည့်လိုက်၏။ တိတုသည်သင်တို့ထံမှ အခွင့်ကောင်းယူခဲ့သည်ဟုဆိုမည်လော။ သူနှင့်ငါသည်သဘောချင်းတူ၍တစ် လမ်းတည်းလိုက်လျှောက်ကျင့်သုံးကြ သူများမဟုတ်လော။
19 Pensais ainda que nós nos desculpamos convosco? Falamos diante de Deus em Cristo; e [fazemos] tudo isto, ó amados, para vossa edificação.
၁၉ငါတို့သည်ယခုတစ်ချိန်လုံးမိမိတို့ကိုယ် ကိုကွယ်ကာပြောဆိုလျက်နေကြသည်ဟု သင်တို့ထင်ကောင်းထင်ကြလိမ့်မည်။ ငါတို့ သည်ထိုသို့ပြောဆိုနေခြင်းမဟုတ်။ ခရစ် တော်သွန်သင်ပေးသည့်အတိုင်းဘုရား သခင်ရှေ့တော်မှောက်တွင်ပြောဆိုနေခြင်း သာဖြစ်၏။ ချစ်သူတို့၊ ငါတို့ပြုသမျှ သောအမှုအရာတို့သည်သင်တို့၏ အကျိုးအတွက်ဖြစ်ပေသည်။-
20 Porque eu temo que, quando vier, eu não vos encontre da maneira que eu quero; e vós me encontreis da maneira que não quereis; para que não [haja] brigas, invejas, iras, rivalidades, difamações, fofocas, arrogâncias e tumultos.
၂၀သင်တို့ထံရောက်သောအခါငါတွေ့မြင် လိုသည့်အခြေအနေမျိုးတွင်သင်တို့ အားမတွေ့ရမည်ကိုလည်းကောင်း၊ သင် တို့သည်လည်းမိမိတို့မြင်လိုသည့်အခြေ အနေတွင်ငါတို့အားမတွေ့ရကြမည် ကိုလည်းကောင်းစိုးရိမ်မိ၏။ ခိုက်ရန်ဖြစ် ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ် ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ တီးတိုး ဂုံးချောခြင်း၊ မောက်မာထောင်လွှားခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းတို့ကိုငါ တွေ့ရမည်ကိုစိုးရိမ်မိ၏။-
21 Para que, quando eu vier outra vez, meu Deus não me humilhe para convosco, e chore por muitos dos que antes pecaram, [e ainda] se não arrependeram da imundícia, e fornicação, e promiscuidade que cometeram.
၂၁နောက်တစ်ဖန်သင်တို့ထံသို့လာသောအခါ ငါ၏ဘုရားသခင်သည် ငါ့အားသင်တို့ရှေ့ တွင်အရှက်ရစေတော်မူလိမ့်မည်လောဟူ၍ လည်းကောင်း၊ ယခင်ကအပြစ်ကူးခဲ့ကြ ပြီးနောက်ယခုတိုင်အောင်ပင်နောင်တမရဘဲ အကျင့်ပျက်ပြားလျက်သူတစ်ပါးအိမ်ရာ ကိုပြစ်မှား၍ကာမဂုဏ်လိုက်စားလျက်ရှိ နေကြသူများအတွက် ငါသည်မျက်ရည် ကျရလိမ့်မည်လောဟူ၍လည်းကောင်း စိုးရိမ်မိ၏။