< 1 Samuel 20 >

1 E Davi fugiu de Naiote que é em Ramá, e veio diante de Jônatas, e disse: Que fiz eu? qual é minha maldade, ou qual meu pecado contra teu pai, que ele busca minha vida?
ဒါဝိဒ် သည် ရာမ မြို့၊ နာယုတ် ရွာမှ ပြေး ၍ ယောနသန် ထံသို့ ရောက် ပြီးလျှင် ၊ ကျွန်ုပ်သည် အဘယ်သို့ ပြု ဘိသနည်း။ အဘယ် အပြစ် ရှိသနည်း။ ခမည်းတော် သည် ကျွန်ုပ် အသက် ကို ရှာ မည်အကြောင်း ၊ ကျွန်ုပ် သည် အဘယ် ဒုစရိုက် ကို ပြုဘိသနည်းဟုမေးသော်၊
2 E ele lhe disse: Em nenhuma maneira; não morrerás. Eis que meu pai nenhuma coisa fará, grande nem pequena, que não a revele a mim; por que pois me encobrirá meu pai este negócio? Não será assim.
ယောနသန်က၊ ဤအမှုဝေးပါစေသော။ သင်သည် မ သေ ရ။ ကျွန်ုပ် အဘ သည် ကျွန်ုပ် အား မ ပြော ဘဲ အမှု အကြီး အငယ် တစုံတခု ကိုမျှ မ ပြု တတ်။ ဤအမှုမှန်လျှင် ကျွန်ုပ် မသိစေခြင်းငှါအဘယ်ကြောင့် ဝှက်ထား မည်နည်း။ ဤ အမှု မ မှန်ဘူးဟု ပြန်ပြော ၏။
3 E Davi voltou a jurar, dizendo: Teu pai sabe claramente que eu achei favor diante de teus olhos, e dirá: Não saiba isto Jônatas, para que não tenha pesar: e certamente, vive o SENHOR e vive tua alma, que apenas há um passo entre mim e a morte.
ဒါဝိဒ် ကလည်း၊ ကျွန်ုပ်သည် သင်၏ မိတ်ဆွေဖြစ်ကြောင်းကို သင် ၏ အဘ သည် အမှန်သိ သဖြင့်၊ ယောနသန် စိတ် မသာ ရှိမည်စိုးရိမ်၍ သူသည် ဤ အမှုကို မ သိ စေနှင့်ဟု ပြောဆို ပါပြီ။ အကယ်စင်စစ် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင့် အသက် လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ် နှင့် သေ ဘေးစပ်ကြား မှာ အသွား တလှမ်းသာ ရှိပါသည်ဟု အကျိန် နှင့် ဆို၏။
4 E Jônatas disse a Davi: Que diga tua alma, e eu o farei por ti?
ယောနသန် ကလည်း ၊ သင့် စိတ် နှလုံးအလိုရှိသည်အတိုင်း ကျွန်ုပ်ပြု ပါမည်ဟု ဒါဝိဒ် အား ဆို လျှင်၊
5 E Davi respondeu a Jônatas: Eis que amanhã será nova lua, e eu costumo sentar-me com o rei a comer: mas tu deixarás que me esconda no campo até à tarde do terceiro dia.
ဒါဝိဒ် က၊ နက်ဖြန် နေ့သည် လဆန်း နေ့ဖြစ်၍ ၊ ကျွန်ုပ် သည် ရှင်ဘုရင် နှင့်အတူ စားပွဲ တော်နားမှာ မထိုင် ဘဲ မနေသင့်။ သို့သော်လည်း ကျွန်ုပ် သွား ၍ သုံး ရက်နေ့ ညဦး တိုင်အောင် တော ၌ ပုန်းရှောင် လျက် နေပါရစေ။
6 Se teu pai fizer menção de mim, dirás: Rogo-me muito que o deixasse ir logo a Belém sua cidade, porque todos os de sua linhagem têm ali sacrifício anual.
သင် ၏ အဘ သည် ကျွန်ုပ် မ ရှိသည်ကို မှတ်မိ လျှင် ၊ ဒါဝိဒ် ၏ အဆွေ အမျိုးအပေါင်း တို့သည် နှစ် စဉ်ပွဲ ခံ ချိန်ရှိသောကြောင့် ၊ မိမိ နေရာ ဗက်လင် မြို့ သို့ သွား ရမည်အကြောင်း ၊ ကျပ်ကျပ်အခွင့်ပန် ပါ၏ဟု လျှောက် ပါ။
7 Se ele disser, Está bem, teu servo terá paz; mas se se irar, sabe que a malícia está nele completa.
အဘက ကောင်းပြီ ဟုဆို လျှင် ၊ ကိုယ်တော် ကျွန် သည် ချမ်းသာ ရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုး လျှင် ၊ ဘေး ပြုမည် အကြံ ရှိသည်ကို သဘောကျပါ။
8 Farás, pois, misericórdia com teu servo, já que trouxeste teu servo a aliança do SENHOR contigo: e se maldade há em mim mata-me tu, que não há necessidade de levar-me até teu pai.
ကိုယ်တော် ကျွန် ၌ ကျေးဇူး ပြု ပါ။ ထာဝရဘုရား ၏ ပဋိညာဉ် ကို ကိုယ်တော် ကျွန် နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ် ၌ အပြစ် ရှိ လျှင် ကိုယ်တော် တိုင် သတ် ပါ။ အဘယ်ကြောင့် အဘ ထံသို့ ဆောင် သွားရပါမည်နည်းဟု ယောနသန် အား ဆို ၏။
9 E Jônatas lhe disse: Nunca tal te suceda; antes bem, se eu entendesse ser completa a malícia de meu pai, para vir sobre ti, não havia eu de revelá-lo a ti?
ယောနသန် က ထိုသို့သောအမှု ဝေး ပါစေသော။ ကျွန်ုပ် အဘ သည် သင် ၌ ဘေး ပြုမည်ဟု အကြံ ရှိသည်ကို ကျွန်ုပ်သည် အမှန်သိ လျှင် သင့် အား မ ပြော ဘဲနေလိမ့်မည်လောဟု ဆို ၏။
10 Disse então Davi a Jônatas: Quem me dará aviso? Ou que se teu pai te responder asperamente?
၁၀ဒါဝိဒ် ကလည်း ၊ ခမည်းတော် သည် ကြမ်းတမ်း စွာ ပြန် ပြောလျှင် ၊ ကျွန်ုပ် အား အဘယ်သူ ကြား ပြောလိမ့်မည်နည်းဟု ယောနသန် အား မေး သော်၊
11 E Jônatas disse a Davi: Vem, saiamos ao campo. E saíram ambos ao campo.
၁၁ယောနသန် က၊ ငါတို့သည် တော သို့ သွား ကြကုန်အံ့ဟု ဒါဝိဒ် အား ဆို လျက် ၊ နှစ် ယောက်တို့သည် တော သို့ထွက်သွား ကြ၏။
12 Então disse Jônatas a Davi: Ó SENHOR Deus de Israel, quando houver eu perguntado a meu pai amanhã a esta hora, ou depois de amanhã, e ele parecer bem para com Davi, se então não enviar a ti, e o revelar a ti,
၁၂ယောနသန် ကလည်း ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန် နေ့၊ သန်ဘက် နေ့၌ ကျွန်ုပ် အဘ ကို စုံစမ်း သောအခါ သူသည် ဒါဝိဒ် ၌ ကောင်း သော အကြံရှိ၍ သင့် ကို ကျွန်ုပ်မ ကြားလိုက်ဘဲ နေသော်၎င်း၊
13 O SENHOR faça assim a Jônatas, e isto acrescente. Mas se a meu pai parecer bem fazer-te mal, também te o revelarei, e te enviarei, e te irás em paz: e seja o SENHOR contigo, como foi com meu pai.
၁၃သို့မဟုတ်ကျွန်ုပ် အဘ သည် ဘေး ပြုခြင်းငှါ အလို ရှိ၍ သင်သည် ငြိမ်ဝပ် စွာ သွား ရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်၎င်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရား သည် ကျွန်ုပ် အဘ နှင့်အတူ ရှိ ခဲ့ပြီးသကဲ့သို့ သင် နှင့်အတူ ရှိ ပါစေသော။
14 E se eu viver, farás comigo misericórdia do SENHOR; mas se for morto,
၁၄သင်သည် ကျွန်ုပ် အသက် ရှင်စဉ် အခါ၌သာ အသက်ချမ်းသာစေခြင်းငှါ ထာဝရဘုရား အလိုတော်အတိုင်း ကျေးဇူး ပြု ရမည်မက၊
15 Não tirarás perpetuamente tua misericórdia de minha casa, nem quando o SENHOR exterminar um por um os inimigos de Davi da face da terra.
၁၅ထာဝရဘုရား သည် ဒါဝိဒ် ၏ ရန်သူ အပေါင်းတို့ကို မြေကြီး ပေါ် က ပယ်ရှင်း တော်မူသောနောက်မှာလည်း၊ ကျွန်ုပ် အမျိုးအနွယ် ၌ အစဉ်အမြဲ ကျေးဇူး ပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်၎င်း၊
16 Assim Jônatas fez aliança com a casa de Davi, dizendo: O SENHOR o exija da mão dos inimigos de Davi.
၁၆သစ္စာပျက်လျှင် ဒါဝိဒ် ၏ ရန်သူ တို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ် ၏ အမျိုးအနွယ် နှင့် ပဋိညာဉ်ဖွဲ့ သဖြင့် ၎င်း၊
17 E voltou Jônatas a jurar a Davi, porque o amava, porque o amava como à sua alma.
၁၇ကိုယ် ဝိညာဉ် ကို ချစ် သကဲ့သို့ဒါဝိဒ်ကို ချစ် သောကြောင့် ၊ ချစ်သောစိတ်အားကြီး၍ ဒါဝိဒ် အား အထပ်ထပ် ကျိန်ဆို ၏။
18 Disse-lhe logo Jônatas: Amanhã é lua nova, e tua falta será percebida, porque teu assento estará vazio.
၁၈တဖန် ယောနသန် က၊ နက်ဖြန် နေ့သည် လဆန်း နေ့ဖြစ်၍ ၊ သင် ထိုင် ရာအရပ် လပ် လျှင် သင်မ ရှိကြောင်း ထင်ရှားလိမ့်မည်။
19 Estarás, pois, três dias, e logo descerás, e virás ao lugar de onde estavas escondido o dia do incidente, e esperarás junto à pedra de Ezel;
၁၉သင်သည် သုံး ရက်နေပြီးမှ အလျင်အမြန် ဆင်းလာ သဖြင့် ၊ အရင်အမှု ရှိစဉ် ပုန်းရှောင် ၍ နေရာ အရပ်သို့ ရောက် လျှင် ၊ ဧဇေလ ကျောက် နား မှာ နေ ရမည်။
20 E eu atirarei três flechas até aquele lado, como que me exercitando ao alvo.
၂၀ကျွန်ုပ် သည်လည်း ၊ စက် ကို ပစ် ဟန်ပြု၍၊ ထိုကျောက်နား သို့ မြှား သုံး စင်းပစ် မည်။
21 E logo enviarei o criado dizendo-lhe: Vai, busca as flechas. E se disser ao jovem: Eis ali as flechas mais aqui de ti, toma-as: tu virás, porque tens paz, e nada há de mal, vive o SENHOR.
၂၁မြှား တို့ကို သွား ၍ ရှာ ချေဟု လူ ကလေးကို စေခိုင်း သောအခါ ၊ မြှား တို့သည် နင့် အနား မှာရှိ၏။ ကောက် တော့ဟု သေချာစွာ ပြော လျှင် လာ ခဲ့ပါ။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ဘေး မ ရှိ၊ ချမ်းသာ ရပြီ။
22 Mas se eu disser ao jovem assim: Eis ali as flechas mais ali de ti: vai-te, porque o SENHOR te enviou.
၂၂သို့မဟုတ် ၊ မြှား တို့သည် နင့် ကို လွန် ပြီဟု လုလင် အား ဆို လျှင် သွား လော့။ ထာဝရဘုရား သည် သင့် ကို လွှတ်လိုက် တော်မူ၏။
23 E quanto às palavras que eu e tu falamos, seja o SENHOR entre mim e ti para sempre.
၂၃ယခု ငါတို့နှစ်ယောက် ပြော သော အမှု ၌ကား၊ ထာဝရဘုရား သည် သင် နှင့် ကျွန်ုပ် စပ်ကြား မှာ အစဉ် ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။
24 Então Davi se escondeu no campo, e vinda que foi a lua nova, sentou-se o rei a comer pão.
၂၄ဒါဝိဒ် သည် တော ၌ ပုန်းရှောင် ၍ နေ၏။ လဆန်း နေ့ရောက် မှ ရှင် ဘုရင်သည် စားတော်ခေါ် ခြင်းငှါ ထိုင် ၏။
25 E o rei se sentou em sua cadeira, como costumava, no assento junto à parede, e Jônatas se levantou, e sentou-se Abner ao lado de Saul, e o lugar de Davi estava vazio.
၂၅ထုံးစံအတိုင်းထရံ နား မှာ ရှင်ဘုရင် ထိုင် လျှင် ၊ ယောနသန် ထ ၍ အာဗနာ သည် ရှောလု အနား မှာ ထိုင် ၏။ ဒါဝိဒ် ၏ နေရာ ထိုင်ရာသည် လပ် ၏။
26 Mas aquele dia Saul não disse nada, porque se dizia: Haverá lhe acontecido algo, e não está limpo; não estará purificado.
၂၆သို့ရာတွင် ရှောလု က အကြောင်းတစုံတခု ရှိလိမ့်မည်။ သူ သည် မ စင်ကြယ်။ အကယ်၍ သူ သည် မ စင်ကြယ် ဟု ထင်မှတ် ၍ ထို နေ့၌ တိတ်ဆိတ် စွာနေ၏။
27 O dia seguinte, o segundo dia da lua nova, aconteceu também que o assento de Davi estava vazio. E Saul disse a Jônatas seu filho: Por que não veio a comer o filho de Jessé hoje nem ontem?
၂၇နက်ဖြန် နေ့ လဆန်း နှစ် ရက်နေ့၌ ဒါဝိဒ် ၏ နေရာ ထိုင်ရာသည်လပ် သောကြောင့် ရှောလု က၊ ယေရှဲ သား သည် စား ပွဲတော်သို့ မနေ့က မလာ၊ ယနေ့ လည်း မ လာ ဘဲ အဘယ်ကြောင့် နေသနည်းဟု သား တော် ယောနသန် အား မေး လျှင်၊
28 E Jônatas respondeu a Saul: Davi me pediu encarecidamente lhe deixasse ir até Belém.
၂၈ယောနသန် က၊ ဒါဝိဒ် သည် ဗက်လင် မြို့သို့ သွားရမည်အကြောင်းကျပ်ကျပ်အခွင့် ပန်လျက်၊
29 E disse: Rogo-te que me deixes ir, porque temos sacrifício os de nossa linhagem na cidade, e meu irmão mesmo me mandou; portanto, se achei graça em teus olhos, farei uma escapada agora, e visitarei a meus irmãos. Por isto, pois, não veio.
၂၉အကျွန်ုပ် သွားရသောအခွင့် ကိုပေး ပါလော့။ အကျွန်ုပ် အဆွေအမျိုး တို့သည် ထိုမြို့ ၌ ယဇ် ပွဲကို ဆောင်ကြပါ၏။ အကျွန်ုပ် အစ်ကို လည်း မှာ လိုက်ပါပြီ။ စိတ် တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား ၍ အစ်ကို တို့ကို မြင် ရမည်အကြောင်းအခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထို့ကြောင့် စားပွဲ တော်သို့ မ လာ ပါဟု ရှောလုအား လျှောက် လေ၏။
30 Então Saul se acendeu contra Jônatas, e disse-lhe: Filho da pervertida e rebelde! Não sei eu que tu escolheste ao filho de Jessé para vergonha tua, e para vergonha da nudez de tua mãe?
၃၀ထိုအခါ ရှောလု သည် ယောနသန် ကို အမျက် ထွက် ၍ ၊ မြောက်မထား သော မိန်းမ၏သား ၊ သင် သည် ကိုယ်တိုင်အရှက် ကွဲသည်တိုင်အောင် ၎င်း၊ သင့် အမိ အဝတ် ကျွတ်၍ အရှက် ကွဲသည့်တိုင်အောင် ၎င်း၊ ယေရှဲ ၏သား ဘက် ၌ နေသည်ကို ငါမ သိ သလော။
31 Porque todo o tempo que o filho de Jessé viver sobre a terra, nem tu serás firme, nem teu reino. Envia, pois, agora, e traze-o a mim, porque morrerá.
၃၁ယေရှဲ ၏သား သည် မြေကြီး ပေါ် မှာ အသက် ရှင်သည်ကာလ ပတ်လုံး သင် နှင့် သင် ၏နိုင်ငံ မ တည် ရ။ ယခု စေလွှတ် ၍ သူ ကိုခေါ် ခဲ့။ သူ သည် အသေ ခံရမည်ဟုဆို လျှင်၊
32 E Jônatas respondeu a seu pai Saul, e disse-lhe: Por que morrerá? O que ele fez?
၃၂ယောနသန် က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေ ခံရမည်နည်း။ အဘယ်သို့ ပြု ဘိသနည်းဟု အဘ ရှောလု အား မေး လေသော်၊
33 Então Saul lhe lançou uma lança para feri-lo: de onde entendeu Jônatas que seu pai estava determinado a matar a Davi.
၃၃ရှောလု သည် ယောနသန်ကို မှန်စေခြင်းငှါ လှံ တိုကို လက်လွှတ် ၍ ထိုး လေ၏။ သို့ဖြစ်၍ အဘ သည် ဒါဝိဒ် ကိုသတ် မည်အကြံရှိသည်ကို ယောနသန် သည် သိ သဖြင့်၊
34 E levantou-se Jônatas da mesa com exaltada ira, e não comeu pão o segundo dia da lua nova: porque tinha dor por causa de Davi, porque seu pai lhe havia afrontado.
၃၄အမျက် ထွက်၍ ၊ ထိုလဆန်း နှစ် ရက်နေ့ ၌ အစာ မ စား ဘဲ ထ သွား၏။ မိမိ အဘ သည် ဒါဝိဒ်ကို အရှက် ခွဲသောကြောင့် ဒါဝိဒ် အတွက် ညှိုးငယ် သောစိတ် ရှိ၏။
35 Ao outro dia de manhã, saiu Jônatas ao campo, ao tempo marcado com Davi, e um jovem pequeno com ele.
၃၅နံနက် ရောက် မှ ဒါဝိဒ် နှင့် ချိန်းချက် သော အချိန်၌ ၊ ယောနသန် သည် လူ ကလေးကို ခေါ်၍ တော သို့ သွား ၏။
36 E disse a seu jovem: Corre e busca as flechas que eu atirar. E quando o jovem ia correndo, ele atirava a flecha que passava mais além dele.
၃၆လူ ကလေးအား လည်း ပြေး တော့။ ငါ ပစ် သော မြှား တို့ကို ရှာ တော့ဟုဆို ၍ လူ ကလေးသည် ပြေး သောအခါ သူ့ ကို လွန် အောင်မြှား တစင်းကို ပစ် လေ၏။
37 E chegando o jovem onde estava a flecha que Jônatas havia atirado, Jônatas deu vozes atrás o jovem, dizendo: Não está a flecha mais além de ti?
၃၇ယောနသန် ပစ် သော မြှား ကျရာ အရပ် သို့ လူ ကလေးရောက် သောအခါ ၊ ယောနသန် က၊ မြှား တစင်းသည် နင့် ကို လွန် ပြီမ ဟုတ်လော။
38 E voltou a gritar Jônatas atrás o jovem: Apressa-te, corre, não pares. E o jovem de Jônatas agarrou as flechas, e veio a seu senhor.
၃၈ကြိုးစား၍ အလျင်အမြန် ပြေး တော့။ မ နေ နှင့်ဟု လူ ကလေးနောက် မှာ ဟစ် လေ၏။ လူ ကလေးသည်လည်း မြှား တို့ကို ကောက် ၍ မိမိ သခင့် ထံသို့ ပြန် လာ၏။
39 Porém nenhuma coisa entendeu o jovem: somente Jônatas e Davi entendiam o negócio.
၃၉သို့ရာတွင် လူ ကလေးသည် ထိုအမှု ကို နား မ လည်။ ယောနသန် နှင့် ဒါဝိဒ် သာ နားလည် ကြ၏။
40 Logo deu Jônatas suas armas a seu jovem, e disse-lhe: Vai-te e leva-as à cidade.
၄၀ယောနသန် သည် မိမိ လက်နက် တို့ကို လူ ကလေး၌ အပ် ၍ မြို့ ထဲသို့ယူ သွားတော့ဟု ဆို ၏။
41 E logo que o jovem se havia ido, se levantou Davi da parte do sul, e inclinou-se três vezes prostrando-se até a terra: e beijando-se o um ao outro, choraram o um com o outro, ainda que Davi chorou mais.
၄၁လူ ကလေးသွား သောနောက် ၊ ဒါဝိဒ် သည် တောင် မျက်နှာအရပ်က ထ ၍ မြေ ပေါ် မှာ ပြပ်ဝပ် လျက် သုံး ကြိမ် တိုင်အောင်ဦးညွှတ် ပြီးလျှင် ၊ သူတို့သည် တယောက် ကို တယောက်နမ်း လျက် မျက်ရည် ကျလျက်၊ ဒါဝိဒ် သည်သာ၍ ပြုသည်တိုင်အောင်ပြုကြ၏။
42 E Jônatas disse a Davi: Vai-te em paz, que ambos juramos pelo nome do SENHOR, dizendo: o SENHOR seja entre mim e ti, entre minha descendência e a tua descendência para sempre.
၄၂ယောနသန် ကလည်း ၊ ထာဝရဘုရား သည် သင် နှင့် ကျွန်ုပ် စပ်ကြား ၊ သင့် အမျိုးအနွယ် နှင့် ကျွန်ုပ် အမျိုးအနွယ် စပ်ကြား မှာ အစဉ်အမြဲ ရှိ တော်မူစေသတည်းဟူ၍ထာဝရဘုရား ၏ နာမ တော်ကို တိုင်တည် သဖြင့် ၊ ငါ တို့နှစ် ယောက်သည် ကျိန်ဆိုကြသည်ကိုထောက် ၍၊ ငြိမ်ဝပ် စွာ သွား တော့ဟု ဒါဝိဒ် အား ဆို လျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။

< 1 Samuel 20 >