< 1 Crônicas 21 >

1 Mas Satanás se levantou contra Israel, e incitou a Davi a que contasse a Israel.
နောက် တဖန်စာတန် သည် ဣသရေလ အမျိုး တဘက် ၌ထ ၍ ဣသရေလ အမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ် ကို တိုက်တွန်း လေ၏။
2 E disse Davi a Joabe e a os príncipes do povo: Ide, contai a Israel desde Berseba até Dã, e trazei-me o número deles para que eu o saiba.
ဒါဝိဒ် ကလည်း ၊ လူပေါင်းမည်မျှရှိသည်ကို ငါသိ မည်အကြောင်း ၊ ဗေရရှေဘ မြို့မှ သည် ဒန် မြို့တိုင်အောင် သွား ၍ ဣသရေလ အမျိုးသားတို့ ကိုရေတွက် ပြီးလျှင် ၊ စာရင်းကို ငါ့ ထံသို့ သွင်း လော့ဟု ဗိုလ်ချုပ်မင်းယွာဘ နှင့် အရာရှိ တို့အား မိန့် တော်မူ၏။
3 E disse Joabe: Acrescente o SENHOR a seu povo cem vezes outros tantos. Rei senhor meu, não são todos estes servos de meu senhor? Para que procura meu senhor isto, que será pernicioso a Israel?
ယွာဘ ကလည်း၊ ထာဝရဘုရား သည် မိမိ လူ တို့ကို ထပ်၍အဆ တရာ တိုးပွါး စေခြင်းငှါပြုတော်မူပါစေသော။ သို့ရာတွင်အရှင် မင်းကြီး ၊ ဣသရေလ လူအပေါင်း တို့သည် သခင် ၏ကျွန် ဖြစ်ပါသည် မ ဟုတ်လော။ သို့ဖြစ်၍ကျွန်တော် သခင် သည် ဤ အမှုကိုအဘယ်ကြောင့် စီရင်တော်မူသနည်း။ ဣသရေလ အမျိုး ပြစ်မှား စရာ အကြောင်းကို အဘယ်ကြောင့် ပြု တော်မူသနည်းဟု လျှောက် လေ၏။
4 Mas o mandamento do rei pode mais que Joabe. Saiu por tanto Joabe, e foi por todo Israel; e voltou a Jerusalém, e deu a conta do número do povo a Davi.
သို့သော်လည်း အမိန့် တော်သည် ယွာဘ စကားကို နိုင် သဖြင့် ၊ ယွာဘ သည်ထွက် ၍ ဣသရေလ ပြည် တရှောက်လုံး သို့ သွား ပြီးမှ ၊ ယေရုရှလင် မြို့သို့ ပြန်လာ ၏။
5 E achou-se em todo Israel que tiravam espada, onze vezes cem mil; e de Judá quatrocentos e setenta mil homens que tiravam espada.
လူ ပေါင်းစာရင်း ကို ဒါဝိဒ် အား ဆက် ၍ ၊ ဣသရေလ အမျိုး၌ ထား ကိုင် သူရဲ တသန်း နှင့် တသိန်း ၊ ယုဒ အမျိုး၌ ထား ကိုင် သူရဲ လေးသိန်း နှင့် ခုနစ်သောင်းရှိ ၏။
6 Entre estes não foram contados os levitas, nem os filhos de Benjamim, porque Joabe abominava o mandamento do rei.
သို့ရာတွင် ယွာဘ သည် အမိန့် တော်ကို ရွံ သောကြောင့် ၊ လေဝိ အမျိုးနှင့် ဗင်္ယာမိန် အမျိုးကို အခြားသော အမျိုးထဲသို့ သွင်း၍ မ ရေတွက်။
7 Assim desagradou este negócio a os olhos de Deus, e feriu a Israel.
ဒါဝိဒ်ပြုသောအမှုကိုဘုရားသခင် သည် အလို တော်မရှိသဖြင့် ၊ ဣသရေလ အမျိုးကို ဒဏ်ခတ် တော်မူ မည်ဖြစ်၍၊
8 E disse Davi a Deus: Pequei gravemente em fazer isto: rogo-te que faças passar a iniquidade de teu servo, porque eu ei feito muito loucamente.
ဒါဝိဒ် က၊ အကျွန်ုပ်ပြု မိသော အမှု ၌အလွန် ပြစ်မှား ပါပြီ။ ကိုယ်တော် ကျွန် ၏ အပြစ် ကို ဖြေရှင်း တော်မူပါ။ အကျွန်ုပ်သည် အလွန် မိုက် သော အမှုကို ပြုမိပါပြီဟု ဘုရားသခင် အား တောင်းပန် လေ၏။
9 E falou o SENHOR a Gade, vidente de Davi, dizendo:
ထာဝရဘုရား သည် ဒါဝိဒ် ၏ ပရောဖက် ဂဒ် ကို ခေါ်၍၊
10 Vai, e fala a Davi, e dize-lhe: Assim disse o SENHOR: Três coisas te proponho; escolhe de elas uma que eu faça contigo.
၁၀ဒါဝိဒ် ထံသို့ သွား လော့။ အရာသုံး ပါးကို သင့် အား ငါ ပြ ၏။ သင် ၌ ငါပြု စရာဘို့ တပါးပါး ကိုရွေး လော့ဟု ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို လော့ဟု မိန့် တော်မူသည်အတိုင်း၊
11 E vindo Gade a Davi, disse-lhe: Assim disse o SENHOR:
၁၁ဂဒ် သည်ဒါဝိဒ် ထံသို့ သွား ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊
12 Escolhe-te, ou três anos de fome; ou ser por três meses defeito diante de teus inimigos, e que a espada de teus adversários te alcance; ou por três dias a espada do SENHOR e pestilência na terra, e que o anjo do SENHOR destrua em todo o termo de Israel. Olha, pois, o que responderá ao que me enviou.
၁၂သုံး နှစ် ပတ်လုံးအစာ အာဟာရခေါင်းပါးသော ဘေး၊ သုံး လ ပတ်လုံးသင့် ကို ရန်သူ လိုက်မှီ ၍ ထား ဖြင့် လုပ်ကြံ သောဘေး၊ သုံး ရက် ပတ်လုံးပြည် တော် ၌ ကာလနာ တည်းဟူသောထာဝရဘုရား ၏ ထား တော် ကို၊ ထာဝရဘုရား ၏ကောင်းကင်တမန် သည် ကိုင်၍ ဣသရေလ ပြည် တရှောက်လုံး ကို ဖျက်ဆီး သော ဘေးတို့တွင် တပါးပါးကိုရွေး လော့ဟု မိန့်တော်မူသည် ဖြစ်၍ ၊ အကျွန်ုပ် ကို စေလွှတ် တော်မူသောသူအား အဘယ်သို့ ပြန် လျှောက်ရမည်ကို ဆင်ခြင် တော်မူပါဟု လျှောက် လေ၏။
13 Então Davi disse a Gade: Estou em grande angústia: rogo que eu caia na mão do SENHOR; porque suas misericórdias são muitas em extremo, e que não caia eu em mãos de homens.
၁၃ဒါဝိဒ် ကလည်း၊ ငါ သည် ကျဉ်းမြောင်း ရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား ၏လက် တော်သို့ ရောက် ပါစေ။ ကရုဏာ တော်ကြီး လှ၏။ လူ လက် သို့ မ ရောက် ပါစေနှင့်ဟုဂဒ် အား ပြန်ပြော ၏။
14 Assim o SENHOR deu pestilência em Israel, e caíram de Israel setenta mil homens.
၁၄ထာဝရဘုရား သည်လည်း၊ ဣသရေလ အမျိုး၌ ကာလနာ ကို လွှတ်လိုက် တော်မူ၍ လူ ခုနစ် သောင်း သေ ကြ၏။
15 E enviou o SENHOR o anjo a Jerusalém para destruí-la: mas estando ele destruindo, olhou o SENHOR, e arrependeu-se daquele mal,
၁၅ယေရုရှလင် မြို့ကို ဖျက်ဆီး စေခြင်းငှါ ဘုရားသခင် သည် ကောင်းကင်တမန် ကို စေလွှတ် တော်မူသည် အတိုင်း ၊ ကောင်းကင်တမန် ဖျက်ဆီး မည်ဟု အားထုတ်သောအခါ၊ ထာဝရဘုရား သည် ကြည့်ရှု လျက်၊ ထိုဘေး ကြောင့် နောင်တရ တော်မူ၍၊ တန် ပြီ။ သင့် လက် ကို ရုပ်သိမ်း လော့ဟု ဖျက်ဆီး သော ကောင်းကင် တမန်အား မိန့် တော်မူ၏။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည်၊ ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်း အနား မှာ ရပ်နေ ၏။
16 E levantando Davi seus olhos, viu ao anjo do SENHOR, que estava entre o céu e a terra, tendo uma espada nua em sua mão, estendida contra Jerusalém. Então Davi e os anciãos se prostraram sobre seus rostos, cobertos de sacos.
၁၆ဒါဝိဒ် သည် မျှော်ကြည့် ၍၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည်ယေရုရှလင် မြို့အပေါ် မှာထား ကို မိုး လျက်မိုဃ်း ကောင်းကင်နှင့် မြေကြီး ကြား မှာ ရပ်နေ သည် ကိုမြင် လျှင် ၊ ကိုယ်တိုင်မှစ၍ဣသရေလအမျိုးသားအသက်ကြီး သူတို့သည် လျှော်တေ အဝတ်ကို ဝတ် လျက် မြေပေါ်မှာ ပြပ်ဝပ် လျက်နေကြ၏။
17 E disse Davi a Deus: Não sou eu o que fez contar o povo? Eu mesmo sou o que pequei, e certamente fiz mal; mas estas ovelhas, que fizeram? Ó SENHOR, Deus meu, seja agora tua mão contra mim, e contra a casa de meu pai, e não haja praga em teu povo.
၁၇ဒါဝိဒ် ကလည်း ၊ ပြည်သား တို့ကို ရေတွက် စေခြင်းငှါ စီရင် သော သူကား အကျွန်ုပ် ဖြစ်ပါသည်မ ဟုတ်လော။ အကျွန်ုပ်ပြစ်မှား ပါပြီ။ အလွန်ဒုစရိုက် ကို ပြုမိပါပြီ။ ဤ သိုး တို့မူကား အဘယ်သို့ ပြု မိပါသနည်း။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ၏လူ တို့ကို ဒဏ်ခတ် ခြင်းငှါလက် တော်ကိုသူတို့အပေါ်သို့ ရောက်စေတော်မ မူပါနှင့်။ အကျွန်ုပ် နှင့် အကျွန်ုပ် အဆွေအမျိုး အပေါ် သို့ ရောက် စေတော်မူပါဟု ဘုရားသခင် အား တောင်းပန် လေ၏။
18 E o anjo do SENHOR ordenou a Gade que dissesse a Davi, que subisse e construísse um altar a o SENHOR na era de Ornã jebuseu.
၁၈ထိုအခါဒါဝိဒ် သည် သွား ၍၊ ယေဗုသိ လူ အရောန ၏ကောက်နယ် တလင်း၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် စေခြင်းငှါ ပြော ရမည်အကြောင်း ၊ ထာဝရဘုရား ၏ကောင်းကင်တမန် သည် ဂဒ် ကို မှာထား သဖြင့်၊
19 Então Davi subiu, conforme a palavra de Gade que lhe havia dito em nome do SENHOR.
၁၉ဂဒ်ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော် အတိုင်း ဒါဝိဒ် သည် သွား လေ၏။
20 E voltando-se Ornã viu o anjo; pelo que se esconderam quatro filhos seus que com ele estavam. E Ornã trilhava o trigo.
၂၀အရောန သည်စပါး ကိုနယ် စဉ်တွင်၊ လှည့်ကြည့် ၍ ရှင် ဘုရင်ကို မြင် သောအခါ ၊ သား လေး ယောက်နှင့်တကွ ပုန်းရှောင် ၍နေ၏။
21 E vindo Davi a Ornã, olhou este, e viu a Davi: e saindo da eira, prostrou-se em terra a Davi.
၂၁ဒါဝိဒ် သည် အရောန ရှိရာ သို့ ရောက် သောအခါ ၊ အရောန ကြည့် ၍ ဒါဝိဒ် ကိုမြင် လျှင် ၊ ကောက်နယ် တလင်း မှ ဆင်း ၍ ဒါဝိဒ် ရှေ့ မှာဦးချ ပြပ်ဝပ်လေ၏။
22 Então disse Davi a Ornã: Dá-me este lugar da eira, em que edifique um altar a o SENHOR, e dá-o a mim por seu devido preço, para que cesse a praga do povo.
၂၂ဒါဝိဒ် ကလည်း၊ လူ တို့တွင် ကာလနာ ဘေးကို ငြိမ်း စေမည်အကြောင်း ၊ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို ငါတည် လိုသည်ဖြစ်၍ ၊ ဤကောက်နယ် တလင်းအရပ် ကို အဘိုး ထိုက်သည်အတိုင်း ရောင်း ပါဟု အမိန့် ရှိသော်၊
23 E Ornã respondeu a Davi: Toma-o para ti, e faça meu senhor o rei o que bem lhe parecer; e ainda os bois darei para o holocausto, e os trilhos para lenha, e trigo para a oferta de alimentos; eu dou tudo.
၂၃အရောန က၊ ကျွန်တော် သခင် အရှင်မင်းကြီး ယူ တော်မူပါ။ စိတ် တော်ရှိသည်အတိုင်း ပြု တော်မူပါ။ မီး ရှို့ရာယဇ်ဘို့ နွား များ၊ ထင်း ဘို့ ကောက်နယ် တန်ဆာများ၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ဂျုံ စပါးများအလုံးစုံ ကို ကျွန်တော် ဆက် ပါ၏ဟု ဒါဝိဒ် အား လျှောက် လျှင်၊
24 Então o rei Davi disse a Ornã: Não, mas sim que efetivamente a comprarei por seu justo preço: porque não tomarei para o SENHOR o que é teu, nem sacrificarei holocausto que nada me custe.
၂၄ဒါဝိဒ် မင်းကြီး က၊ ထိုသို့ငါမ ယူရ။ စင်စစ်အဘိုး ထိုက်သည်အတိုင်း ပေး ၍ငါဝယ်မည်။ သင့် ဥစ္စာကို ထာဝရဘုရား အဘို့ ငါမ သိမ်း။ ကိုယ်ငွေ မကုန်ဘဲ မီး ရှို့ရာ ယဇ်ကို မပူဇော် လိုဟု အရောန အား ဆို သဖြင့်၊
25 E deu Davi a Ornã pelo lugar seiscentos siclos de ouro por peso.
၂၅ရွှေ ခြောက် ပိဿာ ကို ချိန်ပေး၍ ထိုအရပ်ကို ဝယ် ပြီးမှ၊
26 E edificou ali Davi um altar a o SENHOR, em o que ofereceu holocaustos e sacrifícios pacíficos, e invocou a o SENHOR, o qual lhe respondeu por fogo dos céus em o altar do holocausto.
၂၆ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ၍ ၊ မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် လေ၏။ ထိုသို့ ထာဝရဘုရား ကို ပဌနာ ပြုသောအခါ ၊ မီး ရှို့ရာယဇ်ပလ္လင် ပေါ် သို့ မီး ကျသဖြင့် ကောင်းကင် ထဲက ထူး တော်မူ၏။
27 E como o SENHOR falou ao anjo, ele voltou sua espada à bainha.
၂၇ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ ကောင်းကင် တမန်သည် မိမိ ထား ကို ထားအိမ် ၌ သွင်းထား ပြန်၏။
28 Então vendo Davi que o SENHOR lhe havia ouvido na eira de Ornã jebuseu, sacrificou ali.
၂၈ထာဝရဘုရား သည် ယေဗုသိ လူ အရောန ၏ ကောက်နယ် တလင်း၌ ထူး တော်မူသည်ကို ဒါဝိဒ် သိမြင် လျှင် ၊ ထို အရပ်၌ ယဇ် ပူဇော်ခြင်းအမှုကို ပြုလေ၏။
29 E o tabernáculo do SENHOR que Moisés havia feito no deserto, e o altar do holocausto, estavam então no alto de Gibeão:
၂၉တော ၌ မောရှေ လုပ် ခဲ့သော ထာဝရဘုရား ၏ တဲ တော်နှင့် မီး ရှို့ရာယဇ်ပလ္လင် သည်၊ ထို ကာလ ၌ ဂိဗောင် မြို့၌ မြင့် သောအရပ်ပေါ် မှာရှိ၏။
30 Mas Davi não pode ir ali a consultar a Deus, porque estava espantado por causa da espada do anjo do SENHOR.
၃၀ဒါဝိဒ် သည်ထာဝရဘုရား ၏ ကောင်းကင် တမန်ထား ကို ကြောက် သောကြောင့် ၊ ထိုယဇ် ပလ္လင်သို့ သွား ၍ဘုရားသခင် ကို မ မေး မလျှောက်ဝံ့။။

< 1 Crônicas 21 >