< Salmos 71 >
1 Em ti, Senhor, confio; nunca seja eu confundido.
၁အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ်ခိုလှုံ ပါ၏။ အရှက် ကွဲခြင်းနှင့် အစဉ် ကင်းလွတ် ပါစေသော။
2 Livra-me na tua justiça, e faze-me escapar: inclina os teus ouvidos para mim, e salva-me.
၂တရား တော်နှင့်အညီ အကျွန်ုပ် ကို နှုတ်ယူ ၍ လွှတ် တော်မူပါ။ နား တော်ကို အကျွန်ုပ် ဘက်သို့ လှည့် ၍ ကယ်တင် တော်မူပါ။
3 Sê tu a minha habitação forte, à qual possa recorrer continuamente: deste um mandamento que me salva, pois tu és a minha rocha e a minha fortaleza.
၃အကျွန်ုပ် အစဉ် ရောက် ၍ နေရာ ကျသော ကျောက် ဖြစ် တော်မူပါ။ အကျွန်ုပ် ကို ကယ်တင် မည် အကြောင်း အမိန့် တော်ရှိ၍ ၊ အကျွန်ုပ် ၏ ကျောက် ၊ အကျွန်ုပ် ၏ ရဲတိုက် ဖြစ်တော်မူ၏။
4 Livra-me, meu Deus, das mãos do ímpio, das mãos do homem injusto e cruel.
၄အကျွန်ုပ် ၏ဘုရား သခင်၊ ဆိုး သောသူ ၏လက် မှ ၎င်း၊ မ တရားသောသူနှင့် ကြမ်းတမ်း သောသူ ၏လက် မှ ၎င်း အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
5 Pois tu és a minha esperança. Senhor Deus; tu és a minha confiança desde a minha mocidade.
၅အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် မြော်လင့် ရာဖြစ်တော်မူ၏။ အကျွန်ုပ် ငယ် သောအရွယ် မှစ၍ အကျွန်ုပ် ကိုးစား ရာ ဖြစ်တော်မူ၏။
6 Por ti tenho sido sustentado desde o ventre: tu és aquele que me tiraste das entranhas de minha mãe: o meu louvor será para ti constantemente.
၆အကျွန်ုပ်သည် ဘွား ကတည်း ကပင် ကိုယ်တော် ကို မှီဝဲ ပါပြီ။ အမိ ဝမ်း တွင်းမှစ၍ ကျေးဇူးတော်ကိုခံရပါပြီ။ ကိုယ်တော် ကို အစဉ် ချီးမွမ်း ပါမည်။
7 Sou como um prodígio para muitos, mas tu és o meu refúgio forte.
၇အကျွန်ုပ်သည် များစွာ သောသူတို့ ၌ အံ့ဘွယ် သော အရာကဲ့ သို့ ဖြစ် သော်လည်း ၊ ကိုယ်တော် သည် အကျွန်ုပ် ၌ ခိုင်ခံ့ သော ခိုလှုံ ရာဖြစ်တော်မူ၏။
8 Encha-se a minha boca do teu louvor da tua glória todo o dia.
၈ဂုဏ် အသရေတော်နှင့် ယှဉ်သော ထောမနာ စကားကို အကျွန်ုပ် သည် နေ့တိုင်း အစဉ်မြွက်ဆို ပါစေသော။
9 Não me rejeites no tempo da velhice; não me desampares, quando se for acabando a minha força.
၉အကျွန်ုပ် ကို အို သောအခါ ပယ် တော်မ မူပါနှင့်။ အား လျော့ သောအခါ စွန့်ပစ် တော်မ မူပါနှင့်။
10 Porque os meus inimigos falam contra mim, e os que espiam a minha alma consultam juntos,
၁၀ရန်သူ တို့သည် အကျွန်ုပ် တဘက် ၌ ပြော ဆိုကြပါ၏။ အကျွန်ုပ် အသက် ကို ချောင်း ကြည့်သောသူတို့ က၊
11 Dizendo: Deus o desamparou: persegui-o e tomai-o, pois não há quem o livre.
၁၁ဘုရား သခင်သည် သူ့ ကို စွန့်ပစ် တော်မူ၏။ လိုက် ၍ ဘမ်း ကြကုန်အံ့။ ကယ်လွှတ် သော သူမ ရှိဟု တိုင်ပင်ပြော ဆိုကြပါ၏။
12 Ó Deus, não te alongues de mim: meu Deus, apressa-te em ajudar-me.
၁၂အိုဘုရား သခင်၊ အကျွန်ုပ် နှင့် ဝေးဝေး နေတော်မ မူပါနှင့်။ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို မစ ခြင်းငှါ အလျင် အမြန်ပြုတော်မူပါ။
13 Sejam confundidos e consumidos os que são adversários da minha alma; cubram-se de opróbrio e de confusão aqueles que procuram o meu mal.
၁၃အကျွန်ုပ် အသက် ကို ရန်ဘက် ပြုသောသူတို့ သည် အရှက်ကွဲ ၍ ဆုံးရှုံး ခြင်းသို့ ရောက်ကြပါစေသော။ အကျွန်ုပ် ၌ အပြစ် ပြုခြင်းအခွင့်ကို ရှာ သောသူတို့သည် ကဲ့ရဲ့ ခြင်း၊ အသရေ ပျက်ခြင်းနှင့် မွန်း ကြ ပါစေသော။
14 Mas eu esperarei continuamente, e te louvarei cada vez mais.
၁၄အကျွန်ုပ် မူကား ၊ အစဉ် မြော်လင့် ၍ ကိုယ်တော် ကို ချီးမွမ်း သမျှ ထက် သာ၍ချီးမွမ်းပါမည်။
15 A minha boca manifestará a tua justiça e a tua salvação todo o dia, pois não conheço o número delas.
၁၅ဖြောင့်မတ် တော်မူခြင်းနှင့် ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်း အစဉ် ညွှန် ကြား ပါမည်။ ကျေးဇူးတော်တို့ကို ရေတွက် ၍ မ ကုန်နိုင်ပါ။
16 Sairei na força do Senhor Deus, farei menção da tua justiça, e só dela.
၁၆အရှင် ထာဝရဘုရား ၏ ဘုန်း တန်ခိုးတော်များကို အမှီပြု ၍ ကိုယ်တော် ၏ ဖြောင့်မတ် ခြင်းတရားကိုသာ ပြသ ပါမည်။
17 Ensinaste-me, ó Deus, desde a minha mocidade; e até aqui tenho anunciado as tuas maravilhas.
၁၇အိုဘုရား သခင်၊ ကိုယ်တော်သည် အကျွန်ုပ် ကို ငယ် သောအရွယ်မှစ၍ သွန်သင် တော်မူပါပြီ။ ယခု တိုင်အောင် အံ့ဘွယ် သော အမှုတော်တို့ကို အကျွန်ုပ်ပြ ပါပြီ။
18 Agora também, quando estou velho e de cabelos brancos, não me desampares, ó Deus, até que tenha anunciado a tua força a esta geração, e o teu poder a todos os vindouros.
၁၈တဖန်တုံ အိုဘုရား သခင်၊ အကျွန်ုပ်အသက်ကြီး ၍ ဆံပင် ဖြူသည်ကာလတိုင်အောင် ၊ ယခုလူ များတို့အား ကိုယ်တော် ၏ အစွမ်း သတ္တိကို၎င်း၊ နောက်ဖြစ် လတံ့သော သူအပေါင်း တို့အား တန်ခိုး တော်ကို၎င်း၊ အကျွန်ုပ်မ ပြ မှီတွင်၊ အကျွန်ုပ်ကို စွန့်ပစ် တော်မ မူပါနှင့်။
19 Também a tua justiça, ó Deus, está muito alta, pois fizeste grandes coisas: ó Deus, quem é semelhante a ti
၁၉အိုဘုရား သခင်၊ ဖြောင့်မတ် တော်မူခြင်းတရားသည် အလွန်မြင့် ရာသို့ မှီသည်ဖြစ်၍ ၊ ကိုယ်တော်သည် ကြီးစွာ သော အမှုတို့ကို ပြု တော်မူ၏။ အိုဘုရား သခင်၊ ကိုယ်တော် နှင့်အဘယ် သူတူ ပါသနည်း။
20 Tu, que me tens feito ver muitos males e angústias, me darás ainda a vida, e me tirarás dos abismos da terra.
၂၀ကြီးမား ကြမ်းတမ်းသော ဘေး များ ကို အကျွန်ုပ် အားပြ တော်မူပြီ။ တဖန် အသက် ကို ချမ်းသာပေး၍ ၊ မြေကြီး နက်နဲ ရာထဲက တဖန် ထမြောက် စေတော်မူမည်။
21 Aumentarás a minha grandeza, e de novo me consolarás.
၂၁အကျွန်ုပ် ကို စည်းစိမ် တိုးပွား စေ၍ ၊ တဖန် သက်သာ စေတော်မူမည်။
22 Também eu te louvarei com o saltério, bem como à tua verdade, ó meu Deus, cantarei com a harpa a ti, ó Santo de Israel.
၂၂သို့ဖြစ်၍ ၊ အကျွန်ုပ် ၏ဘုရား သခင်၊ ကိုယ်တော် နှင့် သစ္စာ တော်ကို တယော ထိုး၍ ချီးမွမ်း ပါမည်။ ဣသရေလ အမျိုး၏ သန့်ရှင်း တော်မူသောဘုရား၊ ရှေ့ တော်၌ စောင်း တီး၍ သီချင်း ဆိုပါမည်။
23 Os meus lábios exultarão quando eu te cantar, assim como a minha alma que tu remiste.
၂၃ရှေ့ တော်၌ သီချင်း ဆိုသောအခါ ၊ ရွှင်လန်း သော နှုတ် ရှိပါလိမ့်မည်။ ရွေး တော်မူသောအကျွန်ုပ် ၏ ဝိညာဉ် လည်း ရွှင်လန်းပါလိမ့်မည်။
24 A minha língua falará da tua justiça todo o dia; pois estão confundidos e envergonhados aqueles que procuram o meu mal.
၂၄အကျွန်ုပ် ၏လျှာ သည်လည်း ဖြောင့်မတ် တော်မူခြင်းတရားကို အစဉ် မြွက် ဆိုပါလိမ့်မည်။ အကြောင်း မူကား၊ အကျွန်ုပ် ၌ အပြစ် ပြုခြင်း အခွင့်ကို ရှာ သောသူတို့သည် မျက်နှာ ပျက်၍ အရှက် ကွဲခြင်းသို့ ရောက်ကြပါ၏။