< Salmos 50 >
1 O Deus poderoso, o Senhor, falou e chamou a terra desde o nascimento do sol até ao seu ocaso.
၁တန်ခိုးကြီး သော ဘုရားသခင် တည်းဟူသောထာဝရဘုရား သည် ဗျာဒိတ် ပေးတော်မူ၏။ နေ ထွက် ရာမှ သည် နေဝင် ရာတိုင်အောင် မြေကြီး ကိုခေါ် တော်မူ၏။
2 Desde Sião, a perfeição da formosura, resplandeceu Deus.
၂အသရေ တင့်တယ်ခြင်းပြည့်စုံ ရာ ဇိအုန် တောင် ပေါ် မှာ ဘုရား သခင်၏ရောင်ခြည် တော်သည် ထွန်းပ၏။
3 Virá o nosso Deus, e não se calará; um fogo se irá consumindo diante dele, e haverá grande tormenta ao redor dele.
၃ငါ တို့၏ ဘုရား သခင်ကြွလာ တော်မူ၏။ တိတ်ဆိတ် စွာ နေတော်မ မူ။ ရှေ့ တော်၌ မီး လောင် လျက် ပတ်ဝန်းကျင် ၌ မိုဃ်းသက် မုန်တိုင်းပြင်းပြ လျက်ရှိ၏။
4 Chamará os céus lá do alto, e a terra, para julgar o seu povo.
၄မိမိ လူ တို့ကို စစ်ကြော စီရင်ခြင်းအလိုငှါ အထက် ကောင်းကင် ကို ၎င်း၊ မြေကြီး ကို ၎င်း ခေါ် တော်မူလျှက်၊
5 Ajuntai-me os meus santos, aqueles que fizeram comigo um concerto com sacrifícios.
၅ယဇ် ပူဇော်သောအားဖြင့် ၊ ငါ နှင့်ပဋိညာဉ် ဖွဲ့ သော ငါ ၏သန့်ရှင်း သူတို့ကို ငါ့ ထံသို့ စုဝေး စေကြဟု မိန့်တော်မူ၏။
6 E os céus anunciarão a sua justiça; pois Deus mesmo é o Juiz (Selah)
၆ဘုရား သခင်သည် ကိုယ်တော် တိုင် တရား ဆုံးဖြတ်တော်မူသည်ဖြစ်၍ ၊ ဖြောင့်မတ် တော်မူခြင်း အကြောင်းကို ကောင်းကင် တို့သည် ထင်ရှားစွာ ပြ ကြ လိမ့်မည်။
7 Ouve, povo meu, e eu falarei; Ó Israel, e eu protestarei contia ti: Sou Deus, sou o teu Deus.
၇ငါ ၏လူ များတို့နားထောင် ကြ။ ငါပြော မည်။ အိုဣသရေလ အမျိုး၊ သင့် တဘက် ၌ငါသက်သေ ခံမည်။ ငါသည်ဘုရား သခင်ဖြစ်၏။ သင် ၏ဘုရား သခင်ဖြစ်၏။
8 Não te repreenderei pelos teus sacrifícios, ou holocaustos, que estão continuamente perante mim.
၈မီးရှို့ သောယဇ်မှစ၍ ယဇ် ပူဇော်ခြင်းအမျိုးမျိုးအတွက် ငါသည် သင် ၌အပြစ် မ တင်။ ထိုယဇ်တို့သည် ငါ့ ရှေ့ မှာ အစဉ် ရှိကြ၏။
9 Da tua casa não tirarei bezerro nem bodes dos teus currais.
၉သင့် အိမ် ထဲ က နွား ကို၎င်း၊ သင့် ခြံ ထဲ က ဆိတ် ထီးကို၎င်းငါမ ခံမယူ။
10 Porque meu é todo o animal da selva, e o gado sobre milhares de montanhas.
၁၀တော တိရစ္ဆာန် ရှိသမျှ တို့နှင့် တထောင် သော တောင် ပေါ် မှာရှိသော တိရစ္ဆာန် တို့သည် ငါ ၏ ဥစ္စာ ဖြစ်ကြ၏။
11 Conheço todas as aves dos montes; e minhas são todas as feras do campo.
၁၁တောင် ပေါ်မှာ နေတတ်သော ငှက် အပေါင်း တို့ကို ငါသိ ၏။ တော သားရဲ တို့သည် ငါ ၌ ရှိကြ၏။
12 Se eu tivesse fome, não to diria, pois meu é o mundo e toda a sua plenitude.
၁၂ငါသည် ငတ်မွတ် လျှင် သင့် ကို မ ပြော။ လောက ဓါတ် နှင့် လောကဥစ္စာသည် ငါ ၏ ဥစ္စာဖြစ်၏။
13 Comerei eu carne de touros? ou beberei sangue de bodes?
၁၃နွား သား ကိုငါစား မည်လော။ ဆိတ် သွေး ကို ငါသောက် မည်လော။
14 Oferece a Deus sacrifício de louvor, e paga ao altíssimo os teus votos.
၁၄ကျေးဇူး ချီးမွမ်းခြင်း ယဇ်ကိုဘုရား သခင်အား ပူဇော် လော့။ သစ္စာ ဂတိထားသည်အတိုင်း ၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေ လော့။
15 E invoca-me no dia da angústia: eu te livrarei, e tu me glorificarás.
၁၅အမှု ရောက်သည်ကာလ ၌ ငါ့ ကိုပဌနာ ပြုလော့။ ငါသည် ကယ်လွှတ် မည်။ သင် သည်လည်း ငါ့ ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။
16 Mas ao ímpio diz Deus: Que fazes tu em recitar os meus estatutos, e em tomar o meu concerto na tua boca?
၁၆မတရား သောသူကို ကား ၊ သင် သည် ငါ ၏အထုံးအဖွဲ့ တို့ကို ကြားပြော ၍ ငါ ၏ပဋိညာဉ် တရားကို မြွက်ဆို ခြင်းငှါ အဘယ်သို့ ဆိုင်သနည်း။
17 Visto que aborreces a correção, e lanças as minhas palavras para detraz de ti
၁၇ဆုံးမ သွန်သင်ခြင်းကို သင် သည်မုန်း ၍ ငါ့ စကား ကို သင့် နောက် ၌ ပစ် ထားပါသည်တကား။
18 Quando vês o ladrão, consentes com ele, e tens a tua parte com adúlteros.
၁၈သင်သည် သူခိုး ကိုမြင် လျှင် ၊ သူ နှင့် သဘော တူတတ်၏။ သူ့မယားကို ပြစ်မှား သောသူတို့ နှင့် ဆက်ဆံတတ်၏။
19 Soltas a tua boca para o mal, e a tua língua compõe o engano.
၁၉သင် ၏နှုတ် ကို ဒုစရိုက် ၌ အပ်နှံ ၍ ၊ သင် ၏လျှာ ဖြင့် မုသာ ကို စီရင် တတ်၏။
20 Assentas-te a falar contra teu irmão; falas mal contra o filho de tua mãe.
၂၀သင်သည်ထိုင် လျက် ၊ ကိုယ် ညီအစ်ကို ကို ဆန့်ကျင် ဘက်ပြု၍ ပြော ဆိုတတ်၏။ ကိုယ် အမိ ၏သား ကို ဆဲရေး တတ်၏။
21 Estas coisas tens feito, e eu me calei; pensavas que era tal como tu; mas eu te arguirei, e as porei por ordem diante dos teus olhos.
၂၁ထို သို့ကျင့် ၍ ငါသည် တိတ်ဆိတ် စွာနေသောကြောင့်၊ ငါ့ ကို သင် နှင့်တူ သည်ဟု ထင် လေပြီတကား။ သင် ၏အပြစ် ကို ငါဘော်ပြ၍ ၊ သင့် မျက်မှောက် ၌ ခင်း ထားမည်။
22 Ouvi pois isto, vós que vos esqueceis de Deus; para que vos não faça em pedaços, sem haver quem vos livre.
၂၂ဘုရား သခင်ကို မေ့လျော့ သောသူတို့၊ ဤ အမှုကို ဆင်ခြင် ကြလော့။ သို့မဟုတ် သင်တို့ကိုကယ်နှုတ် သော သူမ ရှိ။ ငါသည် အပိုင်းပိုင်းဆွဲ ဖြတ်မည်။
23 Aquele que oferece o sacrifício de louvor me glorificará; e àquele que bem ordena o seu caminho eu mostrarei a salvação de Deus.
၂၃ကျေးဇူး ချီးမွမ်းခြင်းယဇ် ပူဇော်သောသူသည် ငါ ၏ဘုန်း ကို ထင်ရှားစေသောသူဖြစ်၏။ မိမိ သွားသော လမ်း ကို ဆင်ခြင်သောသူအားလည်း၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို ငါပြ မည်ဟု ဘုရား သခင်မိန့်တော်မူ၏။