< Salmos 130 >

1 Das profundezas a ti clamo, ó Senhor.
အိုထာဝရဘုရား၊ နက်နဲရာထဲက ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။
2 Senhor, escuta a minha voz: sejam os teus ouvidos atentos à voz das minhas suplicas.
အို ထာဝရဘုရား၊ အကျွန်ုပ်၏ စကားသံကို ကြား၍၊ အကျွန်ုပ်ဆုတောင်းပဌနာပြုသံကို နားညောင်း တော်မူပါ။
3 Se tu, Senhor, observares as iniquidades, Senhor, quem subsistirá?
အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူသည် ခံရပ်နိုင်ပါမည်နည်း။
4 Porém contigo está o perdão, para que sejas temido.
ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်း ရှိစေ ခြင်းငှါ၊ အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။
5 Aguardo ao Senhor; a minha alma o aguarda, e espero na sua palavra.
ထာဝရဘုရားကို ငါစောင့်လျက်နေ၏။ ငါ့ဝိညာဉ် သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမြော် လင့်၏။
6 A minha alma aguarda ao Senhor, mais do que os guardas pela manhã, mais do que aqueles que vigiam pela manhã.
နံနက်ကိုမြော်လင့်သော သူတို့ထက်မက၊ ငါ့ဝိညာဉ်သည် ဘုရားရှင်ကို မြော်လင့်လျက်နေ၏။
7 Espere Israel no Senhor, porque no Senhor há misericórdia, e nele há abundante redenção.
ဣသရေလအမျိုးသည် ထာဝရဘုရားကို မြော် လင့်ပါစေ။ အကြောင်းမူကား၊ ထာဝရဘုရား၌ ကရုဏာ ရှိ၏။ များစွာသော ရွေးနှုတ်ခြင်းကျေးဇူးရှိ၏။ ဣသရေလ အမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့ အထဲက ရွေးနှုတ်တော်မူလိမ့်မည်။
8 E ele remirá a Israel de todas as suas iniquidades.

< Salmos 130 >