< Salmos 103 >
1 Bendize, ó alma minha ao Senhor, e tudo o que há em mim, bendiga o seu santo nome.
၁အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေး လော့။ ငါ ၏ အထဲ မှာ ရှိသမျှ တို့၊ သန့်ရှင်း သော နာမ တော်ကို ကောင်းကြီးပေးကြလော့။
2 Bendize, ó alma minha, ao Senhor, e não te esqueças de nenhum de seus benefícios.
၂အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ ကျေးဇူး တော်အပေါင်း ကို မ မေ့လျော့ နှင့်။
3 O que perdôa todas as tuas iniquidades, que sara todas as tuas enfermidades,
၃သင် ၏အပြစ် အလုံးစုံ တို့ကို ဖြေလွှတ် ၍၊ သင် ၏ အနာ ရောဂါရှိသမျှ တို့ကိုလည်း ပျောက် စေတော်မူ၏။
4 Que redime a tua vida da perdição; que te coroa de benignidade e de misericórdia,
၄သင် ၏အသက် ကို ဖျက်ဆီး ခြင်းထဲက ရွေး ၍ ကျေးဇူးတော်၊ ကရုဏာ တော်များနှင့် သင် ၏ခေါင်းကို ပတ်ရစ် တော်မူ၏။
5 Que farta a tua boca de bens, de sorte que a tua mocidade se renove como a da águia.
၅သင့်ကို အသက်ကြီးစဉ်၊ ကောင်း သောအရာနှင့် ရောင့်ရဲ စေတော်မူသဖြင့်၊ သင် ၏အရွယ် သည် ရွှေလင်းတ ၏အရွယ်ကဲ့သို့ ပြုပြင် ခြင်းရှိ၏။
6 O Senhor faz justiça e juízo a todos os oprimidos.
၆ထာဝရဘုရား သည် ညှဉ်းဆဲ ခြင်းကိုခံရသမျှ သောသူတို့ အဘို့ တရား ပေး၍ စီရင် ဆုံးဖြတ်တော်မူ၏။
7 Fez conhecidos os seus caminhos a Moisés, e os seus feitos aos filhos de Israel.
၇ဘာသာ ဓလေ့တော်တို့ကို မောရှေ ၌ ၎င်း၊ စီရင် တော်မူသောအမှု အရာတို့ကို ဣသရေလ အမျိုးသား တို့၌ ၎င်း ပြ တော်မူပြီ။
8 Misericordioso e piedoso é o Senhor; longânimo e grande em benignidade.
၈ထာဝရဘုရား သည် သနား တတ်သောသဘော၊ ကျေးဇူး ပြုတတ်သောသဘော၊ စိတ်ရှည် ၍ ၊ ကရုဏာ ကြွယ်ဝ သော သဘောရှိတော်မူ၏။
9 Não reprovará perpetuamente, nem para sempre reterá a sua ira.
၉အစဉ် မပြတ်အပြစ်တင် တော်မူသည်မဟုတ်။ အငြိုး ကို အမြဲ ထားတော်မူသည်မဟုတ်။
10 Não nos tratou segundo os nossos pecados, nem nos recompensou segundo as nossas iniquidades.
၁၀ငါ တို့ပြစ်မှား ခြင်းနှင့် အလျောက်ငါ တို့၌ ပြု တော် မ မူတတ်။ ငါ တို့၌ ဒုစရိုက် ရှိသည်အတိုင်း အပြစ် ကိုပေး တော်မ မူတတ်၊
11 Pois assim como o céu está elevado acima da terra, assim é grande a sua misericórdia para com os que o temem.
၁၁မြေကြီး ပေါ် တွင် ကောင်းကင် အမြင့် ရှိသည် အတိုင်း ၊ ထာဝရ ဘုရားကို ကြောက်ရွံ သောသူတို့ ၌ ကရုဏာ တော်သည် အားကြီး ပေ၏။
12 Assim como está longe o oriente do ocidente, assim afasta de nós as nossas transgressões.
၁၂အရှေ့ မျက်နှာစွန်းသည် အနောက် မျက်နှာစွန်း နှင့် ဝေး သည်အတိုင်း ၊ ငါ တို့အပြစ် များကို ငါ တို့နှင့် ဝေး စေ တော်မူ၏။
13 Assim como um pai se compadece de seus filhos, assim o Senhor se compadece daqueles que o temem.
၁၃အဘ သည်သား တို့ကို သနား စုံမက်သည်နည်းတူ ၊ ထာဝရဘုရား သည် ကြောက်ရွံ့ သောသူတို့ကို သနား စုံမက်တော်မူ၏။
14 Pois ele conhece a nossa estrutura, lembra-se de que somos pó.
၁၄အကြောင်း မူကား၊ ငါ တို့ကိုယ် ခန္ဓါကို သိ တော်မူ ၏။ ငါ တို့သည် မြေမှုန့် ဖြစ်ကြောင်း ကို အောက်မေ့ တော်မူ ၏။
15 Enquanto ao homem, os seus dias são como a erva, como a flor do campo assim floresce.
၁၅လူ တို့၏ နေ့ရက် ကာလသည် မြက်ပင် ကဲ့သို့ ဖြစ်၏။ လူသည် လယ်ပြင် ၌ရှိသောပန်းပွင့် ကဲ့သို့ ပွင့် တတ်၏။
16 Passando por ela o vento, logo se vai, e o seu lugar não será mais conhecido.
၁၆လေ သည် လွန် သွားလျှင် အပွင့်ပျောက် ၍ ၊ သူ ၏နေရာ သည် နောက် တဖန် သူ့ ကိုမ သိ ရာ။
17 Mas a misericórdia do Senhor é desde a eternidade e até à eternidade sobre aqueles que o temem, e a sua justiça sobre os filhos dos filhos;
၁၇ထာဝရဘုရား ၏ကရုဏာ တော်မူကား ၊ ကြောက်ရွံ့ သောသူတို့ အပေါ် သို့ ကာလ အစဉ်အဆက် သက်ရောက် တတ်၏။
18 Sobre aqueles que guardam o seu concerto, e sobre os que se lembram dos seus mandamentos para os cumprirem.
၁၈သစ္စာ တော်ကိုစောင့် ၍ ပညတ် တော်တို့ကို ကျင့် ခြင်းငှါ ၊ သတိပြု သောသူတို့၏ သား စဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
19 O Senhor tem estabelecido o seu trono nos céus, e o seu reino domina sobre tudo.
၁၉ထာဝရဘုရား သည် ပလ္လင် တော်ကို ကောင်းကင် ဘုံ၌ တည် တော်မူ၍ ၊ အာဏာ တော်သည် ခပ်သိမ်း သော အရပ်တို့ကို နှံ့ပြား၏။
20 Bendizei ao Senhor, todos os seus anjos, vós que excedeis em força, que guardais os seus mandamentos, obedecendo à voz da sua palavra.
၂၀တန်ခိုး ကြီး၍ နှုတ်ကပတ် တော်အသံ ကို နားထောင် လျက် ၊ အမိန့် တော်အတိုင်း ဆောင်ရွက် သော ကောင်းကင် တမန်တော်တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။
21 Bendizei ao Senhor, todos os seus exércitos, vós, ministros seus, que executais o seu beneplácito.
၂၁အလို တော်သို့လိုက် သော အမှုတော် ထမ်း၊ ကောင်းကင်ဗိုလ်ခြေ တော်အပေါင်း တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။
22 Bendizei ao Senhor, todas as suas obras, em todos os lugares do seu domínio; bendize, ó alma minha, ao Senhor.
၂၂နိုင်ငံ တော်အရပ်ရပ် ၌ စီရင် ဖန်ဆင်းတော်မူသမျှ တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။ အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။