< Provérbios 22 >
1 Mais digno de ser escolhido é o bom nome do que as muitas riquezas; e a graça é melhor do que a riqueza e o ouro.
၁ကောင်းသောအသရေ ကို များစွာ သော ဥစ္စာ ထက် သာ၍ရွေး စရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူး သည် ရွှေ ငွေ ထက် သာ၍ကောင်း ၏။
2 O rico e o pobre se encontraram: a todos os fez o Senhor.
၂ငွေ ရတတ်သောသူနှင့် ဆင်းရဲ သောသူတို့သည် တွေ့ကြုံ ကြ၏။ ထိုသူ အပေါင်း တို့ကို ထာဝရဘုရား ဖန်ဆင်း တော်မူ၏။
3 O avisado vê o mal, e esconde-se; mas os simples passam, e pagam a pena.
၃သမ္မာ သတိရှိသောသူသည် အမှု ကိုမြော်မြင် ၍ ပုန်း နေတတ်၏။ ဉာဏ် တိမ်သောသူမူကား ၊ အစဉ်အတိုင်း သွား ၍ အမှု နှင့်တွေ့တတ်၏။
4 O galardão da humildade com o temor do Senhor são riquezas, a honra e a vida.
၄စိတ် နှိမ့်ချခြင်း၊ ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းကျေးဇူး ကြောင့် စည်းစိမ် ၊ ဂုဏ် အသရေ၊ အသက် ကို ရတတ်၏။
5 Espinhos e laços há no caminho do perverso: o que guarda a sua alma retira-se para longe dele.
၅သဘော ကောက်သောလူ သွားရာလမ်း ၌ ၊ ဆူး ပင်များနှင့် ကျော့ကွင်း များရှိတတ်၏။ မိမိ စိတ် ဝိညာဉ်ကို စောင့်ရှောက် သောသူမူကားဝေး စွာ ရှောင်သွားလိမ့်မည်။
6 Instrui ao menino conforme o seu caminho; e até quando envelhecer não se desviará dele.
၆သူငယ် သွားရာလမ်း ဝ ၌ ဆုံးမ သွန်သင်လော့။ သို့ပြုလျှင် သူသည်အို သောအခါ ထို လမ်းမှ မ လွှဲ၊ လိုက် သွားလိမ့်မည်။
7 O rico domina sobre os pobres, e o que toma emprestado servo é do que empresta.
၇ငွေ ရတတ်သောသူသည် ဆင်းရဲ သောသူကို အစိုးရ ၏။ ချေးငှါးယူ သောသူသည် ချေးငှါး ပေးသောသူ ၌ ကျွန် ဖြစ်၏။
8 O que semear a perversidade segará males; e a vara da sua indignação se acabará.
၈ဒုစရိုက် မျိုးစေ့ကို ကြဲ သောသူသည် ဒုက္ခ စပါးကိုရိတ် ရမည်။ ဒေါသ စိတ်ရှိ၍ ဒဏ် ပေးနိုင်သော တန်ခိုးလည်း ပျောက် လိမ့်မည်။
9 O que é de bons olhos será abençoado, porque deu do seu pão ao pobre.
၉ကရုဏာ မျက်စိ ရှိသောသူ သည် ဆင်းရဲ သောသူတို့ ကိုကျွေး သောကြောင့် မင်္ဂလာ ရှိလိမ့်မည်။
10 Lança fora ao escarnecedor, e se irá a contenda; e cessará o pleito e a vergonha.
၁၀မထီမဲ့မြင် ပြုသောသူကိုနှင်ထုတ် လော့။ သို့ပြုလျှင် ရန်မာန် လည်း ထွက်သွား လိမ့်မည်။ ရန်တွေ့ ခြင်းနှင့် ကဲ့ရဲ့ ခြင်းလည်း ငြိမ်း လိမ့်မည်။
11 O que ama a pureza do coração, e tem graça nos seus lábios, seu amigo será o rei
၁၁စိတ် နှလုံးဖြူစင် ခြင်းကို နှစ်သက် သောသူသည် လျောက်ပတ် သောစကား ကို ပြောတတ်၍၊ ရှင် ဘုရင်နှင့် မိတ်ဆွေ ဖွဲ့ရလိမ့်မည်။
12 Os olhos do Senhor conservam o conhecimento, mas as palavras do iníquo transtornará.
၁၂ထာဝရဘုရား ၏ မျက်စိ တော်သည် ပညာ အတတ်ကို စောင့် ၏။ ပြစ်မှား သောသူ၏စကား ကိုကား ချေ တော်မူ၏။
13 Diz o preguiçoso: Um leão está lá fora; serei morto no meio das ruas
၁၃ပျင်းရိ သောသူက၊ အိမ် ပြင်မှာခြင်္သေ့ ရှိ၏။ လမ်း သို့ ထွက်လျှင် ငါသေ လိမ့်မည်ဟု ဆို တတ်၏။
14 Cova profunda é a boca das mulheres estranhas; aquele contra quem o Senhor se irar, cairá nela.
၁၄အမျိုး ပျက်သော မိန်းမ၏နှုတ် သည် နက် သော မြေတွင်း ဖြစ်၏။ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသောသူသည် ထို မြေတွင်းထဲသို့ ကျ လိမ့်မည်။
15 A estultícia está ligada no coração do menino, mas a vara da correção a afugentará dele.
၁၅မိုက် သောသဘောသည် သူငယ် ၏ စိတ် နှလုံးထဲမှာ ထုပ် ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမ သော ကြိမ်လုံး သည် ထို သဘောကို ဝေး စွာ နှင်တတ်၏။
16 O que oprime ao pobre para se engrandecer a si, ou o que dá ao rico, certamente empobrecerá.
၁၆ကိုယ် စီးပွါး အဘို့ ဆင်းရဲသား တို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေ ရတတ်သောသူတို့ အား ပေး သောသူသည် ဆင်းရဲ ခြင်းသို့ အမှန်ရောက်လိမ့်မည်။
17 Inclina a tua orelha, e ouve as palavras dos sábios, e aplica o teu coração à minha ciência.
၁၇သင် ၏နား ကိုညွှတ် ၍ ပညာရှိ စကား ကို နားထောင် လော့။ ငါ့ ပညာ အတတ်ကို လည်း စိတ် နှလုံး၌ စွဲလမ်း လော့။
18 Porque é coisa suave, se as guardares nas tuas entranhas, se aplicares todas elas aos teus lábios.
၁၈သင် ၏နှလုံး ၌ သွင်းမိ နိုင်လျှင် သာယာ သော အကျိုးရှိလိမ့်မည်။ သင် ၏နှုတ် ၌ လည်း အစဉ် အသင့်ရှိ လိမ့်မည်။
19 Para que a tua confiança esteja no Senhor: a ti tas faço saber hoje; tu também a outros as faze saber.
၁၉သင် သည်ထာဝရဘုရား ၌ ခိုလှုံ မည်အကြောင်း ၊ သင့် ကိုယ်တိုင်ကိုယနေ့ ငါသွန်သင် ၏။
20 Porventura não te escrevi excelentes coisas, acerca de todo o conselho e conhecimento?
၂၀
21 Para fazer-te saber a certeza das palavras da verdade, para que possas responder palavras de verdade aos que te enviarem.
၂၁သင် သည် သမ္မာ တရားစကား စစ် ကိုသိ မည် အကြောင်း နှင့်၊ သင့် ထံသို့စေလွှတ် သော သူတို့အား ၊ သမ္မာ စကား ကို ပြန် ပြောနိုင်မည်အကြောင်း သတိပေးလျက်၊ ပညာ အတတ်ကို ပြသလျက် ၊ ထူးဆန်းသော အရာတို့ကို ငါရေး ၍ ပေးလိုက်သည် မဟုတ်လော။
22 Não roubes ao pobre, porque é pobre, nem atropeles na porta ao aflito.
၂၂ဆင်းရဲသောသူ၏ဆင်းရဲကိုထောက်၍၊ သူ၏ ဥစ္စာ ကို မ လုမယူနှင့်။ ဒုက္ခိတ သတ္တဝါကို မြို့ တံခါးဝ၌ မ ညှဉ်းဆဲ နှင့်။
23 Porque o Senhor defenderá a sua causa em juízo, e aos que os roubam lhes roubará a alma.
၂၃အကြောင်း မူကား၊ ထာဝရဘုရား သည် သူ တို့ အမှု ကို စောင့် တော်မူမည်။ သူတို့ဥစ္စာကို လုယူ သောသူ တို့ ၏ အသက် ကို လုယူ တော်မူမည်။
24 Não acompanhes com o iracundo, nem andes com o homem colérico.
၂၄စိတ်တို သောသူ ကို မိတ်ဆွေ မ ဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူ နှင့်အတူ မ လိုက် နှင့်။
25 Para que não aprendas as suas veredas, e tomes um laço para a tua alma.
၂၅လိုက်လျှင် သူ ၏ထုံးစံ ဓလေ့တို့ကိုသင် ၍ ၊ ကိုယ် အသက် ကျော့မိ ရာ ဖြစ် လိမ့်မည်။
26 Não estejas entre os que dão a mão, e entre os que ficam por fiadores de dívidas.
၂၆လက်ဝါး ချင်းရိုက် သောလူစုနှင့် သူ့ကြွေး ကို အာမခံ သော လူစုထဲ သို့ မ ဝင် နှင့်။
27 Se não tens com que pagar, porque tirariam a tua cama de debaixo de ti?
၂၇သင် ၌ ပေး ရန် မ ရှိလျှင် ၊ သင့် အိပ်ရာ ကို အဘယ်ကြောင့် ယူသွား စေချင်သနည်း။
28 Não removas os limites antigos que fizeram teus pais.
၂၈ဘိုးဘေး စိုက် ဘူးသော မြေမှတ်တိုင် တို့ကို မ ရွှေ့ နှင့်။
29 Viste a um homem ligeiro na sua obra? perante reis será posto: não será posto perante os de baixa sorte.
၂၉ဆောင်ရွက်စရာအမှု ကို ကြိုးစား ၍ ပြီးစီးစေ တတ်သောသူ ရှိ သလော။ ထိုသူသည် သာမည လူ၏ အမှု ကို မ ဆောင်ရွက် ၊ ရှင်ဘုရင် ၏ အမှု တော်ကို ဆောင်ရွက် ရ၏။