< Levítico 23 >
1 Depois falou o Senhor a Moisés, dizendo:
၁တဖန် မောရှေ အား ထာဝရဘုရား က၊
2 Fala aos filhos de Israel, e dize-lhes: As solenidades do Senhor, que convocareis, serão santas convocações: estas são as minhas solenidades:
၂သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် စီရင် ရသောဓမ္မစည်းဝေး ခြင်းတည်းဟူသောငါ ထာဝရဘုရား ၏ ပွဲတော် များဟူမူကား၊
3 Seis dias obra se fará, mas ao sétimo dia será o sábado do descanço, santa convocação; nenhuma obra fareis; sábado do Senhor é em todas as vossas habitações.
၃ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်သည် ငြိမ်ဝပ် စွာနေရသော ဥပုသ် နေ့၊ ဓမ္မ စည်းဝေး ခြင်းကို ပြုရသောနေ့ဖြစ်၏။ ထို နေ့၌ သင်တို့သည် အလုပ် မ လုပ် ရကြ။ သင် တို့နေရာ အရပ် ရပ်၌ ထာဝရဘုရား ၏ ဥပုသ်နေ့ဖြစ်၏။
4 Estas são as solenidades do Senhor, as santas convocações, que convocareis ao seu tempo determinado;
၄အချိန် တန်မှ သင်တို့ကြော်ငြာ ရသော ဓမ္မစည်းဝေး ခြင်းတည်းဟူသောထာဝရဘုရား ၏ ပွဲတော် များ ဟူမူကား ၊
5 No mês primeiro, aos quatorze do mes, pela tarde, é a pascoa do Senhor.
၅ပဌမ လ ဆယ် လေး ရက်နေ့ ညဦး ယံ၌ ၊ ထာဝရဘုရား ၏ ပသခါ ပွဲဖြစ်၏။
6 E aos quinze dias deste mês é a festa dos asmos do Senhor: sete dias comereis asmos.
၆၎င်း လ ဆယ် ငါး ရက် နေ့၌ ထာဝရဘုရား အဘို့ အဇုမပွဲကို ခံရကြမည်။ ခုနစ် ရက် ပတ်လုံးတဆေး မဲ့မုန့် ကို စား ရကြမည်။
7 No primeiro dia tereis santa convocação: nenhuma obra servil fareis;
၇ပဌမ နေ့ ၌ ဓမ္မစည်းဝေး ခြင်းကို ပြု ရမည်။ လောကီအလုပ် ကို မ လုပ် ရ။
8 Mas sete dias oferecereis oferta queimada ao Senhor: ao sétimo dia haverá santa convocação: nenhuma obra servil fareis.
၈ခုနှစ် ရက် ပတ်လုံးထာဝရဘုရား အား မီး ဖြင့်ပူဇော်သက္ကာကို ပြု ရမည်။ သတ္တမ နေ့ ၌ လည်း ဓမ္မစည်းဝေး ခြင်းကို ပြုရမည်။ လောကီအလုပ် ကို မ လုပ် ရဟု မိန့် တော်၏။
9 E falou o Senhor a Moisés, dizendo:
၉တဖန် မောရှေ အား ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
10 Fala aos filhos de Israel, e dize-lhes: Quando houverdes entrado na terra, que vos hei de dar, e segardes a sua sega, então trareis um molho das primícias da vossa sega ao sacerdote:
၁၀သင်တို့သည် ငါ ပေး သော ပြည် သို့ ရောက် ၍ စပါးကိုရိတ် သောအခါ ၊ အဦး ရိတ် သော ကောက်လှိုင်း တစည်းကို ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့ရမည်။
11 E ele moverá o molho perante o Senhor, para que sejais aceitos: ao seguinte dia do sábado o moverá o sacerdote.
၁၁သင် တို့သည် စိတ် တော်နှင့် တွေ့ခြင်းငှါ ယဇ် ပုရောဟိတ်သည် ဥပုသ် နေ့လွန်မှ၊ နက်ဖြန် နေ့တွင် ထိုကောက်လှိုင်း ကို ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရမည်။
12 E no dia em que moverdes o molho, preparareís um cordeiro sem mancha, de um ano, em holocausto ao Senhor,
၁၂ကောက်လှိုင်း ကို ချီလွှဲ သောနေ့ ၌ အခါ မလည်အပြစ် မပါသော သိုးသငယ် အထီးကို ထာဝရဘုရား အဘို့ မီး ရှို့ရာယဇ်ပြု၍ ပူဇော် ရမည်။
13 E a sua oferta de manjares, duas dizimas de flor de farinha, amassada com azeite, para oferta queimada em cheiro suave ao Senhor, e a sua libação de vinho, o quarto de um hin.
၁၃ထိုယဇ်နှင့်ဆိုင်သောဘောဇဉ်ပူဇော်သက္ကာ ကား၊ ထာဝရဘုရား အား မွှေးကြိုင် ရာဘို့ မီး ဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသောဆီ နှင့် ရော သော မုန့်ညက် နှစ် ဩမဲဖြစ်ရမည်။ သွန်း လောင်းရာ ပူဇော်သက္ကာကား၊ စပျစ်ရည် သုံးလောဃ ဖြစ်ရမည်။
14 E não comereis pão, nem trigo tostado, nem espigas verdes, até aquele mesmo dia em que trouxerdes a oferta do vosso Deus: estatuto perpétuo é por vossas gerações, em todas as vossas habitações.
၁၄သင် တို့၏ ဘုရား သခင်ထံတော်သို့ ပူဇော် သက္ကာကို ဆောင် ခဲ့သောနေ့မ ရောက်မှီ၌၊ မုန့် ၊ ဆန် လှော်၊ စိမ်း သောအသီးအနှံကို မ စား ရ။ သင် တို့နေရာ အရပ်ရပ် ၌ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသော ပညတ် တော်ဖြစ်သတည်း။
15 Depois para vós contareis desde o dia seguinte ao sábado, desde o dia em que trouxerdes o molho da oferta movida: sete semanas inteiras serão.
၁၅ချီလွှဲ ရာ ပူဇော်သက္ကာကောက်လှိုင်း ကို ဆောင် ခဲ့သောနေ့ ၊ ဥပုသ် နေ့အလွန် နက်ဖြန် နေ့က စ၍သီတင်းခုနစ် သီတင်းစေ့ အောင် ရေတွက် ရမည်။
16 Até ao dia seguinte, ao sétimo sábado, contareis cincoênta dias: então oferecereis nova oferta de manjares ao Senhor.
၁၆သတ္တမ ဥပုသ် နေ့အလွန် နက်ဖြန် နေ့အထိ အရက် ငါး ဆယ်တိုင်တိုင်ရေတွက် ပြီးလျှင် ၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ အသစ် ကို ဆက် ရကြမည်။
17 Das vossas habitações trareis dois pães de movimento: de duas dizimas de farinha serão, levedados se cozerão: primícias são ao Senhor.
၁၇ထာဝရဘုရား အဘို့ အဦး သီးသော အသီး၊ တဆေး ဖြင့် ဖောင်းကြွသော မုန့်ညက် နှစ် ဩမဲနှင့် လုပ်သော ချီလွှဲ ရာမုန့် နှစ် လုံးကို သင် တို့အိမ် မှ ထုတ် ဆောင်ခဲ့၍၊
18 Também com o pão oferecereis sete cordeiros sem mancha, de um ano, e um novilho, e dois carneiros; holocausto serão ao Senhor, com a sua oferta de manjares, e as suas libações, por oferta queimada de cheiro suave ao Senhor.
၁၈ထိုမုန့် နှင့်တကွ အခါ မလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်၊ နွား သငယ် အထီးတကောင်၊ ဆိတ် နှစ် ကောင်ကို ဆက် ၍၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်း လောင်းရာ ပူဇော်သက္ကာနှင့်တကွ ၊ ထာဝရဘုရား အား မွှေးကြိုင် ရာဘို့ မီး ဖြင့်ပြုသောပူဇော်သက္ကာ တည်းဟူသောမီး ရှို့ရာယဇ်ကို ထာဝရဘုရား အား ပူဇော်ရမည်။
19 Também oferecereis um bode para expiação do pecado, e dois cordeiros de um ano por sacrifício pacífico.
၁၉အပြစ် ဖြေရာယဇ်ဘို့ ဆိတ် သငယ် တကောင် ကို၎င်း၊ မိဿဟာယ ယဇ်ဘို့ အခါ မလည်သော သိုးသငယ် နှစ် ကောင်ကို၎င်း ပူဇော် ၍
20 Então o sacerdote os moverá com o pão das primícias por oferta movida perante o Senhor, com os dois cordeiros: santidade serão ao Senhor para o sacerdote.
၂၀ယဇ် ပုရောဟိတ်သည် အဦး သီးသော အသီးမုန့် နှင့်တကွ ချီလွှဲ သဖြင့် ၊ သိုး သငယ်နှစ် ကောင်ပါ လျက်၊ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရာ ပူဇော်သက္ကာ ပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရား ရှေ့ မှာ သန့်ရှင်း သော အရာဖြစ် သတည်း။
21 E naquele mesmo dia apregoareis que tereis santa convocação: nenhuma obra servil fareis: estatuto perpétuo é em todas as vossas habitações pelas vossas gerações.
၂၁ထို နေ့ ၌ လည်း ဓမ္မစည်းဝေး ခြင်းကို စီရင် ရကြမည်။ လောကီအလုပ် ကို မ လုပ် ရ။ သင် တို့နေရာ အရပ်ရပ် ၌ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် ဖြစ်သတည်း။
22 E, quando segardes a sega da vossa terra, não acabarás de segar os cantos do teu campo, nem colhereis as espigas caídas da tua sega; para o pobre e para o estrangeiro as deixarás: Eu sou o Senhor vosso Deus.
၂၂ကိုယ် မြေ ၌ ဖြစ်သောစပါးကိုရိတ် သောအခါ ၊ လယ် ထောင့် တို့ကို အကုန်အစင်မ ရိတ် ရ။ သိမ်း ရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍ မ ကောက် မသိမ်းရ။ ထိုအရာကို ဆင်းရဲ သောသူ ဧည့်သည် အာဂန္တု အဘို့ ချန် ခြွင်းရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
23 E falou o Senhor a Moisés, dizendo:
၂၃တဖန် မောရှေ အား ထာဝရဘုရား က၊
24 Fala aos filhos de Israel, dizendo: No mês sétimo, ao primeiro do mes, tereis descanço, memória da jubilação, santa convocação.
၂၄သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် သတ္တမ လ ၊ ပဌမ နေ့ရက်၌ တံပိုးမှုတ် ပွဲ၊ ဓမ္မစည်းဝေး ခြင်းကို ပြုရသော ဥပုသ် နေ့ကို စောင့်ရကြမည်။
25 Nenhuma obra servil fareis, mas oferecereis oferta queimada ao Senhor.
၂၅လောကီအလုပ် ကို မ လုပ် ရ။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက် ရမည်ဟု မိန့် တော်မူ၏။
26 Falou mais o Senhor a Moisés, dizendo:
၂၆တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
27 Mas aos dez deste mês sétimo será o dia da expiação: tereis santa convocação, e afligireis as vossas almas; e oferecereis oferta queimada ao Senhor.
၂၇သတ္တမ လ ၊ ဒသမ နေ့သည်လည်း အပြစ် ဖြေရာနေ့ ၊ ဓမ္မ စည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံ စွာကျင့် ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။
28 E naquele mesmo dia nenhuma obra fareis, porque é o dia da expiação, para fazer expiação por vós perante o Senhor vosso Deus.
၂၈ထို နေ့ ၌ အဘယ် အလုပ် ကိုမျှ မ လုပ် ရ။ သင် တို့ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ကိုယ်အပြစ် ဖြေခြင်းကို ပြုရသောနေ့ ဖြစ်၏။
29 Porque toda a alma, que naquele mesmo dia se não afligir, será extirpada do seu povo.
၂၉ထို နေ့ ၌ ခြိုးခြံ စွာ မ ကျင့်သောသူ မည်သည် ကား၊ မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံရမည်။
30 Também toda a alma, que naquele mesmo dia fizer alguma obra, aquela alma eu destruirei do meio do seu povo.
၃၀ထို နေ့ ၌ အလုပ် တစုံ တခုကို လုပ် သော သူ မည်သည်ကို၊ သူ ၏အမျိုး မှ ငါပယ်ရှား ဖျက်ဆီးမည်။
31 Nenhuma obra fareis: estatuto perpétuo é pelas vossas gerações em todas as vossas habitações.
၃၁အဘယ် အလုပ် ကိုမျှ မ လုပ် ရ။ သင် တို့နေရာ အရပ်ရပ် ၌ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော်ဖြစ်သတည်း။
32 Sábado de descanço vos será; então afligireis as vossas almas: aos nove do mês à tarde, de uma tarde a outra tarde, celebrareis o vosso sábado.
၃၂ထို နေ့သည် ငြိမ်ဝပ် စွာ နေရသောနေ့၊ ခြိုးခြံ စွာကျင့်ရသောနေ့ဖြစ်၏။ နဝမ နေ့ ညဦး မှစ၍ နက်ဖြန်ညဦး တိုင်အောင် ဥပုသ် စောင့် ရမည်ဟု မိန့် တော်မူ၏။
33 E falou o Senhor a Moisés, dizendo:
၃၃တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
34 Fala aos filhos de Israel, dizendo: Aos quinze dias deste mês sétimo será a festa dos tabernáculos ao Senhor por sete dias.
၃၄သင်တို့သည် သတ္တမ လ ၊ ဆယ် ငါး ရက် နေ့မှစ၍ခုနှစ် ရက် ပတ်လုံးထာဝရဘုရား အဘို့ သကေနေ ပွဲ ကိုခံရကြမည်။
35 Ao primeiro dia haverá santa convocação: nenhuma obra servil fareis.
၃၅ပဌမ နေ့ ၌ ဓမ္မစည်းဝေး ခြင်းကို ပြုရမည်။ အလုပ် ကို မ လုပ် ရ။
36 Sete dias oferecereis ofertas queimadas ao Senhor: ao dia oitavo tereis santa convocação, e oferecereis ofertas queimadas ao Senhor: dia de proibição é, nenhuma obra servil fareis.
၃၆ခုနစ် ရက် ပတ်လုံးထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။ အဋ္ဌမ နေ့ ၌ လည်း၊ ဓမ္မစည်းဝေး ခြင်းကို ပြု ၍ ၊ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။ထူးဆန်းသောစည်းဝေး ခြင်းဖြစ်၍ လောကီ အလုပ်ကိုမ လုပ် ရ။
37 Estas são as solenidades do Senhor, que apregoareis para santas convocações, para oferecer ao Senhor oferta queimada, holocausto e oferta de manjares, sacrifício e libações, cada qual em seu dia próprio:
၃၇ဤရွေ့ကား ၊ ထာဝရဘုရား ၏ဥပုသ် နေ့၊ ထာဝရဘုရား အား ဆက်ကပ် ရသော အလှူဒါန၊ သစ္စာဂတိ နှင့်ဆိုင်သောပူဇော်သက္ကာ ၊ အလိုလို ပြုသောပူဇော်သက္ကာမှတပါး၊ နေ့ရက်အသီးသီးတို့၌ထာဝရဘုရားအား မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ မီးရှို့ ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ ၊ ယဇ် ပူဇော်ခြင်း၊ သွန်းလောင်း ရာပူဇော်သက္ကာကိုပြုစေခြင်းငှါစီရင်ရသောဓမ္မ စည်းဝေးခြင်း၊ ထာဝရဘုရား ၏ပွဲ တော်များဖြစ်သတည်း။
38 Além dos sábados do Senhor, e além dos vossos dons, e além de todos os vossos votos, e além de todas as vossas ofertas voluntárias que dareis ao Senhor.
၃၈
39 Porém aos quinze dias do mês sétimo, quando tiverdes recolhido a novidade da terra, celebrareis a festa do Senhor por sete dias; ao dia primeiro haverá descanço, e ao dia oitavo haverá descanço.
၃၉ထိုမှတပါး၊ သင် တို့သည် မြေ အသီး အနှံကို သိမ်းယူ သောနောက် ၊ သတ္တမ လ ဆယ် ငါး ရက် နေ့မှစ၍ခုနှစ် ရက် ပတ်လုံးထာဝရဘုရား အား ပွဲ ခံကြရမည်။ ပဌမ နေ့ နှင့် အဋ္ဌမ နေ့ ၌ ဥပုသ် စောင့်ရကြမည်။
40 E ao primeiro dia tomareis para vós ramos de formosas árvores, ramos de palmas, ramos de árvores espessas, e salgueiros de ribeiras; e vos alegrareis perante o Senhor vosso Deus por sete dias.
၄၀ပဌမ နေ့ ၌ ကောင်းမွန် သော သစ်သီး ၊ စွန်ပလွံ ခက် ၊ မိုဃ်းမခ ပင် အစရှိသော အရွက်များ သော အပင် ၏ အကိုင်း အခက်တို့ကိုယူ ၍ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ရက် ပတ်လုံးရွှင်လန်း ခြင်းကို ပြုရကြမည်။
41 E celebrareis esta festa ao Senhor por sete dias cada ano: estatuto perpétuo é pelas vossas gerações; no mês sétimo a celebrareis.
၄၁ထိုပွဲတော် ကို တနှစ် တနှစ်လျှင် ခုနစ် ရက် ပတ်လုံးထာဝရဘုရား အဘို့ ခံရ ကြမည်။ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမ လ ၌ ခံရ ကြမည်။
42 Sete dias habitareis debaixo de tendas: todos os naturais em Israel habitarão em tendas:
၄၂ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သောအခါ၊
43 Para que saibam as vossas gerações que eu fiz habitar os filhos de Israel em tendas, quando os tirei da terra do Egito; Eu sou o Senhor vosso Deus.
၄၃သစ်ခက်တဲ ၌ နေ စေကြောင်းကို သင် တို့အမျိုး အစဉ်အဆက်တို့သည် သိမှတ် မည်အကြောင်း ၊ ဣသရေလ အမျိုးသား အပေါင်း တို့သည် သစ်ခက်တဲ ၌ ခုနှစ် ရက် ပတ်လုံးနေ ရကြမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
44 Assim pronunciou Moisés as solenidades do Senhor aos filhos de Israel.
၄၄မောရှေ သည်လည်း ၊ ထာဝရဘုရား ၏ ပွဲတော် များကို ဣသရေလ အမျိုးသား တို့အား ပြန်ကြား လေ၏။