< Josué 13 >
1 Era, porém, Josué já velho, entrado em dias; e disse-lhe o Senhor: Já estás velho, entrado em dias; e ainda muitíssima terra ficou para possuir.
၁ယောရှု သည် အို ၍ အသက် ကြီးရင့် သောအခါ ၊ ထာဝရဘုရား က၊ သင် သည် အို ၍ အသက် ကြီးရင့် ပြီ။ သိမ်းယူ ရမည့်မြေ လည်း အများ ကျန် သေး၏။
2 A terra que fica de resto é esta: todos os termos dos philisteus, e toda a Gesuri;
၂ကျန် သောမြေ ဟူမူကား ၊ ဖိလိတ္တိ ပြည် မှစ၍ ဂေရှုရိ ပြည်တရှောက်လုံး၊
3 Desde Sihor, que está defronte do Egito, até ao termo de Ekron para o norte, que se conta ser dos cananeus: cinco príncipes dos philisteus, o gazeu, e o asdodeu, o ascalonita, o getheu, e o ekroneu, e os aveus;
၃အဲဂုတ္တု ပြည်အရှေ့ ၊ ရှိဟောရ မြစ်မှစ၍ မြောက် မျက်နှာ၌ ဧကြုန် မြို့နယ် တိုင်အောင် ၊ ခါနနိ လူနေသောပြည်၊ ဖိလိတ္တိ မင်း ငါး ပါးတည်းဟူသောဂါဇသိ လူ၊ အာဇောတိ လူ၊ ဧရှကလောနိ လူ၊ ဂိတ္တိ လူ၊ ဧကြောနိ လူနှင့်တကွ ၊ အာဝိ လူနေသောပြည်၊
4 Desde o sul, toda a terra dos cananeus, e Meara, que é dos sidôneos; até Aphek: até ao termo dos amorreus;
၄တောင် မျက်နှာမှစ၍ အာမောရိ ပြည် အာဖက် မြို့တိုင်အောင် ၊ ခါနနိ ပြည် တရှောက်လုံး နှင့် ဇိဒုန် ပြည် အနားမှာရှိသော မာရာ ပြည်၊
5 Como também a terra dos gibleus, e todo o líbano para o nascente do sol, desde Baal-gad, ao pé do monte Hermon, até à entrada de Hamath;
၅နေ ထွက် ရာဘက်၊ ဟေရမုန် တောင် ခြေရင်း ၌ ဗာလဂဒ် မြို့မှစ၍ ဟာမတ် ပြည်အဝင်တိုင်အောင် ဂေဗလ ပြည် ၊ လေဗနုန် ပြည် တရှောက်လုံး ကျန်သတည်း။
6 Todos os que habitam nas montanhas desde o líbano até Misrephoth-main, todos os sidôneos; eu os lançarei de diante dos filhos de Israel: tão somente faze que a terra caia a Israel em sorte por herança, como já to tenho mandado.
၆လေဗနုန် တောင်မှစ၍ မိသရဖေါသမိမ် မြို့တိုင်အောင် ၊ တောင် ပေါ်၌နေ သောသူနှင့် ဇိဒေါနိ လူအပေါင်း တို့ကို ဣသရေလ အမျိုးသားရှေ့ မှ ငါနှင်ထုတ် မည်။ သို့ဖြစ်၍ ငါမှာ ထားသည်အတိုင်း စာရေးတံ ပြုလျက် ထိုမြေကို ဣသရေလ လူတို့အား အမွေ ဝေဖန်လော့။
7 Reparte pois agora esta terra por herança às nove tribos e à meia tribo de Manasseh;
၇ယခု မှာ ဤ ပြည် ကို ဣသရေလအမျိုး ကိုး မျိုးနှင့် မနာရှေ အမျိုး တဝက် တို့အား အမွေ ဝေဖန် လော့။
8 Com quem os rubenitas e os gaditas já receberam a sua herança; a qual lhes deu Moisés de além do Jordão para o oriente; como já lhes tinha dado Moisés, servo do Senhor,
၈ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေအမျိုးတဝက်တို့သည် ယော်ဒန် မြစ်အရှေ့ ဘက် ၊ မောရှေ ပေး သည်အတိုင်း မိမိ တို့အမွေ မြေကို ခံ ကြပြီဟု မိန့်တော်မူ၏။
9 Desde Aroer, que está à borda do ribeiro de Arnon, e a cidade que está no meio do vale, e toda a campina de Medeba até Dibon;
၉ထာဝရဘုရား ၏ကျွန် မောရှေ ပေး သော မြေဟူမူကား ၊ အာနုန် မြစ် နား ၌ ရှိသော အာရော် မြို့၊ မြစ် အကွေ့ ၌ ရှိသမျှသော မြို့ တို့နှင့်တကွ ၊ ဒိဘုန် မြို့တိုင်အောင် မေဒဘ လွင်ပြင်တရှောက်လုံး၊
10 E todas as cidades de Sehon, rei dos amorreus, que reinou em Hesbon, até ao termo dos filhos de Ammon;
၁၀အမ္မုန် ပြည် စွန်းတိုင်အောင် ၊ ဟေရှဘုန် မြို့၌ မင်းပြု သောအာမောရိ ရှင်ဘုရင် ရှိဟုန် အစိုးရသောမြို့ ရှိသမျှ၊
11 E Gilead, e o termo dos gesureus, e dos maacateus, e todo o monte Hermon, e toda a Basan até Salcha:
၁၁ဂိလဒ် ပြည်၊ ဂေရှုရိ လူ၊ မာခါသိ လူနေသောပြည် ၊ ဟေရမုန် တောင် ရှိသမျှ ၊ သာလက ပြည်တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး၊
12 Todo o reino de Og em Basan, que reinou em Astaroth e em Edrei; este ficou do resto dos gigantes que Moisés feriu e expeliu.
၁၂အလွန် ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူ၊ အာရှတရုတ် မြို့၊ ဧဒြိ မြို့၌ မင်းပြု သော ဗာရှန် ရှင်ဘုရင်ဩဃ ၏ နိုင်ငံ တရှောက်လုံး ပါသတည်း။ ထိုမင်း တို့ကို မောရှေ သည် လုပ်ကြံ ၍ ပယ်ရှား လေ၏။
13 Porém os filhos de Israel não expeliram os gesureus, nem os maacateus; antes Gesur e Maacath habitaram no meio de Israel até ao dia de hoje.
၁၃သို့ရာတွင် ဣသရေလ လူတို့သည် ဂေရှုရိ လူ၊ မာခါသိ လူတို့ကို မ နှင်ထုတ် ကြ။ ထိုလူမျိုးတို့သည် ယနေ့ တိုင်အောင် ဣသရေလ အမျိုးသားတို့နှင့်အတူ နေ ကြ၏။
14 Tão somente à tribo de Levi não deu herança: os sacrifícios queimados do Senhor Deus de Israel são a sua herança, como já lhe tinha dito.
၁၄လေဝိ အမျိုး အား အမွေ ကိုမ ပေး။ ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား အား မီး ဖြင့်ပူဇော်သောယဇ်တို့သည် အမိန့် တော်ရှိသည်အတိုင်း သူ တို့အမွေ ဖြစ်သတည်း။
15 Assim Moisés deu à tribo dos filhos de Ruben, conforme as suas famílias.
၁၅မောရှေ သည်၊ ရုဗင် အမျိုးသား အဆွေအမျိုး အသီးအသီး တို့အား အမွေပေး သောပြည်များဟူမူကား၊
16 E foi o seu termo desde Aroer, que está à borda do ribeiro de Arnon, e a cidade que está no meio do vale, e toda a campina até Medeba;
၁၆အာနုန် မြစ် နား ၌ ရှိသော အာရော် မြို့ ၊ မြစ် အကွေ့ ၌ ရှိသမျှသော မြို့ တို့နှင့်တကွ ၊ မေဒဘ လွင်ပြင်တရှောက်လုံး၊
17 Hesbon e todas as suas cidades, que estão na campina: Dibon, e Bamoth-baal, e Beth-baal-meon;
၁၇ဟေရှဘုန် မြို့နှင့်တကွလွင်ပြင် ၌ ရှိသမျှ သော မြို့ ၊ ဒိဘုန် မြို့၊ ဗာမုတ်ဗာလ မြို့၊ ဗက်ဗာလမောင် မြို့၊
18 E Jahsa, e Kedemoth, e Mephaat;
၁၈ယဟာဇ မြို့၊ ကေဒမုတ် မြို့၊ မေဖတ် မြို့၊
19 E Kiriathaim, e Sibma, e Zereth, e Hassahar, no monte do vale;
၁၉ကိရယသိမ် မြို့၊ စိဗမာ မြို့၊ ချိုင့် တွင်တောင် ပေါ် မှာရှိသော ဇာရက်ရှာဟာ မြို့၊
20 E Beth-peor, e Asdoth-pisga, e Beth-jesimoth;
၂၀ဗက်ပေဂုရ မြို့၊ အာဇုတ် ပိသကာ မြို့၊ ဗက်ယေရှိမုတ် မြို့၊
21 E todas as cidades da campina, e todo o reino de Sehon, rei dos amorreus, que reinou em Hesbon, a quem Moisés feriu, como também aos príncipes de Midian, Evi, e Rekem, e Sur, e Hur, e Reba, príncipes de Sehon, moradores da terra.
၂၁လွင်ပြင် ၌ရှိသမျှ သော မြို့ တို့နှင့်တကွ ၊ ဟေရှဘုန် မြို့၌ မင်းပြု ရသော အာမောရိ ရှင်ဘုရင် ရှိဟုန် ၏နိုင်ငံ တရှောက်လုံး ကိုပေးသတည်း။ ထိုရှင် ဘုရင်ကို၎င်း ၊ ထိုရှင်ဘုရင်ချီးမြှောက်၍ သူ့ပြည် ၌နေ သောမိဒျန် မင်းကြီး ငါးပါး၊ ဧဝိ ၊ ရေကင် ၊ ဇုရ ၊ ဟုရ ၊ ရေဘ တို့ကို၎င်း၊ မောရှေ သည် လုပ်ကြံ လေ၏။
22 Também os filhos de Israel mataram à espada a Balaão, filho de Beor, o adivinho, como os mais que por eles foram mortos.
၂၂ပရောဖက် လုပ်သော ဗောရ သား ဗာလမ် ကိုလည်း ၊ အသေခံ ရသောသူ တို့နှင့်ရော ၍ ဣသရေလ လူတို့သည် ထား နှင့် ကွပ်မျက် ကြ၏။
23 E foi o termo dos filhos de Ruben o Jordão e o seu termo; esta é a herança dos filhos de Ruben, segundo as suas famílias, as cidades, e as suas aldeias.
၂၃ရုဗင် အမျိုးသား နေရာအပိုင်း အခြားကား၊ ယော်ဒန် မြစ်နှင့် မြစ်ကမ်းပါး တည်း။ ဤရွေ့ကား၊ ရုဗင် အမျိုးသား အဆွေ အမျိုးအလိုက် အမွေခံ ရသောမြို့ ရွာ များပေတည်း။
24 E deu Moisés à tribo de Gad, aos filhos de Gad, segundo as suas famílias.
၂၄မောရှေ သည် ဂဒ် အမျိုးသား အဆွေ အမျိုးအသီး အသီးတို့အား အမွေပေး သော ပြည်များဟူမူကား၊
25 E foi o seu termo Jaezer, e todas as cidades de Gilead, e metade da terra dos filhos de Ammon, até Aroer, que está defronte de Rabba;
၂၅ယာဇာ မြို့ မှစ၍ ဂိလဒ် မြို့ ရှိသမျှ တို့နှင့်တကွ ၊ ရဗ္ဗာ မြို့ရှေ့ ၌ ရှိသော အာရော် မြို့တိုင်အောင် အမ္မုန် ပြည် တဝက်၊
26 E desde Hesbon até Ramath-mispe, e Bethonim: e desde Mahanaim até ao termo de Debir;
၂၆ဟေရှဘုန် မြို့မှစ၍ ရာမတ် မိဇပါ မြို့၊ ဗေတောနိမ် မြို့တိုင်အောင်၎င်း ၊ မဟာနိမ် မြို့မှစ၍ ဒေဗိရ မြို့နယ် တိုင်အောင် ၎င်း ပါသောပြည်၊
27 E no vale Beth-aram, e Beth-nimra, e Succoth, e Saphon, que ficara do resto do reino do rei de Sehon em Hesbon, o Jordão e o seu termo, até à extremidade do mar de Cinnereth de além do Jordão para o oriente.
၂၇ချိုင့် ၌ လည်း ၊ ဗေသာရံ မြို့၊ ဗက်နိမရ မြို့၊ သုကုတ် မြို့၊ ဇာဖုန် မြို့အစရှိသော ယော်ဒန် မြစ်အရှေ့ ဘက် ယော်ဒန် မြစ်အပိုင်း အခြား၊ ဂင်္နေသရက် အိုင် နား တိုင်အောင် ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ပိုင်သော နိုင်ငံ ကျန်ကြွင်း သမျှကိုပေးသတည်း။
28 Esta é a herança dos filhos de Gad, segundo as suas famílias, as cidades e as suas aldeias.
၂၈ဤရွေ့ကား၊ ဂဒ် အမျိုးသား အဆွေအမျိုး အလိုက် အမွေခံ ရသောမြို့ ရွာ များပေတည်း။
29 Deu também Moisés herança à meia tribo de Manasseh, que ficou à meia tribo dos filhos de Manasseh, segundo as suas famílias,
၂၉မောရှေ သည် မနာရှေ အမျိုး တဝက် အား အမွေပေး ၍ ၊ မနာရှေ အမျိုးသား တဝက် သည် အဆွေအမျိုး အလိုက် အမွေခံရသောပြည်များဟူမူကား၊
30 De maneira que o seu termo foi desde Mahanaim, todo o Basan, todo o reino de Og, rei de Basan, e todas as aldeias de Jair, que estão em Basan, sessenta cidades,
၃၀မဟာနိမ် မြို့မှစ၍ ဗာရှန် ပြည်တည်းဟူသောဗာရှန် ရှင်ဘုရင် ဩဃ ၏ နိုင်ငံ တရှောက်လုံး ၊ ဗာရှန် ပြည်၌ ပါသော ယာဣရ မြို့ခြောက် ဆယ်ကို အမွေခံရသတည်း။
31 E metade de Gilead, e Astaroth, e Edrei, cidades do reino de Og, em Basan, aos filhos de Machir, filho de Manasseh, a saber, à metade dos filhos de Machir, segundo as suas famílias.
၃၁ဂိလဒ် ပြည်တဝက် ၊ ဗာရှန် ပြည်၌ ဩဃ ၏ နိုင်ငံ အဝင်၊ အာရှတရုတ် မြို့နှင့် ဧဒြိ မြို့တို့ကို မနာရှေ သား မာခိရ ၏ သား မြေးတဝက် အဆွေ အမျိုးအလိုက် ပိုင်ရကြ၏။
32 Isto é o que Moisés repartiu em herança nas campinas de Moab, de além do Jordão de Jericó para o oriente.
၃၂ဤရွေ့ကား၊ မောရှေ သည် ယော်ဒန် မြစ်အရှေ့ ၊ ယေရိခေါ မြို့တစ်ဘက် ၊ မောဘ လွင်ပြင် ၌ အမွေ ဝေဖန်သော ပြည်များပေတည်း။
33 Porém à tribo de Levi Moisés não deu herança: o Senhor Deus de Israel é a sua herança, como já lhe tinha dito.
၃၃လေဝိ အမျိုး အား အမွေ ကိုမ ပေး။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် အမိန့် တော်ရှိသည်အတိုင်း သူ တို့အမွေ ဖြစ်တော်မူသတည်း။