< Jeremias 46 >
1 A palavra do Senhor, que veio a Jeremias o profeta, contra as nações;
၁တပါး အမျိုးကိုရည်မှတ် ၍ ပရောဖက် ယေရမိ သို့ ရောက်လာ သော ထာဝရဘုရား ၏ နှုတ်ကပတ် တော် တည်းဟူသော၊
2 Acerca do Egito, contra o exército de faraó Necho, rei do Egito, que estava junto ao rio Euphrates em Carchemis; ao qual feriu Nabucodonozor, rei de Babilônia, no ano quarto de Joaquim, filho de Josias, rei de Judá.
၂ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း နန်းစံလေး နှစ် တွင် ၊ ကာခေမိတ် အရပ်၊ ဥဖရတ် မြစ် နား ၌ တပ်ချ၍၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံ သော အဲဂုတ္တု ရှင်ဘုရင် ဖာရော နေခေါ် ၏ စစ်သူရဲ ၊ အဲဂုတ္တု ပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ်တော်ဟူမူကား၊
3 Preparai o escudo e o pavez, e chegai-vos para a peleja.
၃ဒိုင်း လွှား တို့ကို ပြင်ဆင် ၍ ၊ စစ်တိုက် ခြင်းငှါ ချဉ်းကပ် ကြလော့။
4 Selai os cavalos, e montai, cavaleiros, e apresentai-vos com elmos: alimpai as lanças, vesti-vos de couraças.
၄မြင်းစီး သူရဲများတို့၊ မြင်း ကို ကကြိုး တန်ဆာဆင်၍ စီး ပြီးလျှင် ၊ သံ ခမောက်လုံးကို ဆောင်းလျက် ထွက် ကြလော့။ လှံ တို့ကိုပွတ် ကြလော့။ သံချပ် အင်္ကျီတို့ကို ဝတ် ကြလော့။
5 Por que razão vejo os medrosos voltando as costas? e os seus heroes são abatidos, e vão fugindo, sem olharem para traz: terror há ao redor, diz o Senhor.
၅သူ တို့သည်ကြောက်ရွံ့ ၍ ဆုတ် သွားကြသည်ကို အဘယ်ကြောင့် ငါမြင် ရသနည်း။ အားကြီး သောသူတို့ သည် ရှုံး သဖြင့် ပြန် ၍မ ကြည့်ဝံ့။ အလျင်အမြန်ပြေး ကြ ၏။ ပတ်လည် အရပ်၌ ဘေး ရှိသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
6 Não fuja o ligeiro, e não escape o herói: para a banda do norte, junto à borda do rio Euphrates tropeçaram e cairam.
၆လျင်မြန် သောသူကို မ ပြေး စေနှင့်။ အားကြီး သော သူကိုမ လွတ် စေနှင့်။ ဥဖရတ် မြစ် နား ၊ မြောက် မျက်နှာ၌ ထိမိ ၍ လဲ ကြလိမ့်မည်။
7 Quem é este que vem subindo como a corrente, cujas águas se movem como os rios?
၇နိလ မြစ်ထ သကဲ့သို့ ၎င်း ၊ မြစ် ရေ စီးသကဲ့သို့ ၎င်း တက်လာ သောဤ သူကား အဘယ်သူ နည်း။
8 O Egito vem subindo como a corrente, e as suas águas se movem como os rios; e disse: Subirei, cobrirei a terra, destruirei a cidade, e os que habitam nela.
၈အဲဂုတ္တု ပြည်သည် နိလ မြစ်ထ သကဲ့သို့ ၎င်း ၊ မြစ် ရေ စီးသကဲ့သို့ ၎င်း တက်လာ လျက်၊ ငါသည် ထ ၍ မြေကြီး ကို လွှမ်းမိုး မည်။ မြို့ နှင့်တကွ မြို့သား တို့ကို ဖျက်ဆီး မည်ဟု ပြောဆို ၏။
9 Trepai, ó cavalos, e estrondeai, ó carros, e saiam os valentes: como também os ethiopes, e os puteos, que tomam o escudo, e os lydios, que tomam e entezam o arco.
၉မြင်း များတို့၊ တက် ကြလော့။ ရထား များတို့၊ ဟုန်းဟုန်း မြည်ကြလော့။ သူရဲ များတည်းဟူသော၊ ဒိုင်း လွှားကို ကိုင် တတ်သော ကုရှ အမျိုး၊ ဖုတ အမျိုးသား၊ လေး ကိုကိုင် ၍ ပစ် တတ်သောလုဒိ အမျိုးသားတို့သည် ထွက်သွား ကြစေ။
10 Porém este dia é do Senhor Jehovah dos exércitos, dia de vingança para se vingar dos seus adversários, e devorará a espada, e fartar-se-á, e embriagar-se-á com o sangue deles, porque o Senhor Jehovah dos exércitos tem um sacrifício na terra do norte, junto ao rio de Euphrates.
၁၀ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ ရန်သူ တို့ကို ဒဏ် ပေးရသောနေ့ ၊ အမျက်တော်ကို ဖြေရသောနေ့ ရက်ဖြစ်သည်နှင့်အညီ ၊ ထား တော်သည် ကိုက်စား ၍ဝ လိမ့်မည်။ သူ တို့အသွေး နှင့် ယစ်မူး လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အဘို့ ၊ မြောက် မျက်နှာ၌ ဥဖရတ် မြစ် နား မှာ ယဇ် ပူဇော်စရာ အကြောင်း ရှိ၏။
11 Sobe a Gilead, e toma bálsamo, ó virgem filha do Egito: debalde multiplicas remédios, pois já não há cura para ti
၁၁အိုအဲဂုတ္တု သတို့သမီး ကညာ ၊ ဂိလဒ် ပြည်သို့ သွား ၍ဗာလစံစေး ကို ယူ လော့။ သင်သည်များစွာ သော ဆေး ကိုအချည်းနှီး သုံးတတ်၏။ သင် ၏အနာ မ ပျောက် နိုင်ရာ။
12 As nações ouviram a tua vergonha, e a terra está cheia do teu clamor; porque o valente chorou com o valente e cairam ambos juntamente.
၁၂သင် သည် အရှက်ကွဲ ကြောင်းကို လူမျိုး တို့သည် ကြား ကြပြီ။ သင် မြည်တမ်း သော အသံသည်မြေ တပြင်လုံး၌ နှံ့ပြား ပြီ။ သူရဲချင်း တယောက်နှင့် တယောက်ထိခိုက် ၍၊ နှစ် ယောက်တို့သည်လဲ ကြပြီဟု မိန့်တော်မူ၏။
13 A palavra que falou o Senhor a Jeremias, o profeta, acerca da vinda de Nabucodonozor, rei de Babilônia, para ferir a terra do Egito.
၁၃အဲဂုတ္တု ပြည် ကိုလုပ်ကြံ ခြင်းငှါ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လာ မည်အကြောင်းကြောင့်၊ ထာဝရဘုရား သည် ပရောဖက် ယေရမိ အား မိန့် တော်မူသော စကား ဟူမူကား၊
14 Anunciai no Egito, e fazei ouvir isto em Migdol; fazei também ouvi-lo em Noph, e em Tahpanhes: dizei: Apresenta-te, e prepara-te; porque já devorou a espada o que está ao redor de ti.
၁၄သင့် ပတ်လည် ၌နေသောသူတို့ကို ထား တော် သည် ကိုက်စား ပြီ။ ကိုယ် ကိုပြင်ဆင် ၍ မြဲမြံစွာ နေ လော့ ဟု အဲဂုတ္တု ပြည်၌ ကြွေးကြော် ကြလော့။ မိဂဒေါလ မြို့၌ သိတင်းကြား ကြလော့။ နောဖ မြို့၊ တာပနက် မြို့၌ လည်း ကြားပြော ကြလော့။
15 Porque foram derribados os teus valentes? não se puderam ter em pé, porque o Senhor os empuxou.
၁၅သင် ၏သူရဲ သည် အဘယ်ကြောင့် ရှုံး သနည်း။ ထာဝရဘုရား တွန်းချ တော်မူသောကြောင့် ၊ သူသည် မ ရပ် မနေနိုင်ရာ။
16 Multiplicou os que tropeçavam: também cairam uns sobre os outros, e disseram: Levanta-te, e voltemos ao nosso povo, e à terra do nosso nascimento, por causa da espada que oprime.
၁၆လူများတို့သည် ထိမိ ၍တယောက် အပေါ် မှာ တယောက်လဲ စေခြင်းငှါပြုတော်မူသည်ဖြစ်၍ ၊ သူတို့က၊ ထ ကြကုန်အံ့။ ညှဉ်းဆဲ တတ်သော ထား ကြောင့် ကိုယ် အမျိုး ၊ ကိုယ် နေရင်း ပြည် သို့ ပြန် ကြကုန်အံ့ဟု ပြောဆို ကြ၏။
17 Clamaram ali: faraó rei do Egito é um estrondo; deixou passar o tempo assinalado.
၁၇ရောက်ပြီးမှအဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းသည် ဆုံးရှုံးပြီ။ စည်းဝေး ရသောအချိန်ကို လွန် စေပြီဟု ဟစ် ကြ၏။
18 Vivo eu, diz o rei, cujo nome é o Senhor dos exércitos, que assim como está Tabor entre os montes, e como o Carmelo sobre o mar, certamente assim virá.
၁၈ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟု ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူသည်ကား၊ ငါ သည် အသက် ရှင်သည်ဖြစ်၍၊ တောင် တို့တွင် တာဗော် တောင် ကဲ့သို့ ၎င်း ၊ ပင်လယ် နား မှာကရမေလ တောင်ကဲ့သို့ ၎င်း ထိုမင်းသည် လာ လိမ့်မည်။
19 Prepara-te aparelhos para a ida em cativeiro, ó moradora, filha do Egito: porque Noph será tornada em desolação, e será abrazada, até que ninguém mais ai more.
၁၉နေရာ ကျသော အဲဂုတ္တု သတို့သမီး ၊ နေရာ ပြောင်းစရာဘို့ ကိုယ်အသုံး အဆောင်များကို ပြင် လော့။ အကြောင်း မူကား၊ နောဖ မြို့သည် နေ သောသူမ ရှိအောင် သုတ်သင် ဖျက်ဆီးခြင်းကိုခံရမည်။
20 Bezerra mui formosa é o Egito: já vem a destruição, ela vem do norte.
၂၀အဲဂုတ္တု ပြည်သည်အဆင်း လှသော နွားမ ဖြစ်၏။ သို့ရာတွင်၊ မြောက် မျက်နှာဘက်က နှောင့်ရှက် ခြင်း အကြောင်းပေါ်လာ ၏။
21 Até os seus mercenários no meio dela são como bezerros cevados; porém também eles viraram as costas, fugiram juntos; não estiveram firmes; porque já veio sobre eles o dia da sua ruína e o tempo da sua visitação.
၂၁သူငှါး တို့သည် သူ ၏အလယ် ၌ ဆူ အောင် ကျွေးသောနွား ကဲ့သို့ ဖြစ်သော်လည်း ၊ ပျက်စီး ခြင်းနေ့ ၊ ဆုံးမ ခြင်းကိုခံရသောအချိန် ရောက် သောကြောင့် ၊ သူတို့ သည် မ ရပ် မနေ၊ ကျောကိုလှည့် ၍ တညီတညွတ် တည်းပြေး သွားကြ၏။
22 A sua voz irá como a da serpente; porque irão com poder do exército, e virão a ela com machados como cortadores de lenha.
၂၂သစ် ခုတ် သောသူကဲ့သို့ ပုဆိန် ပါလျက်၊ လူ အလုံးအရင်းနှင့်တကွချီလာ ကြသောအခါ၊ သူ ၏စကားသံ သည် မြွေ မြည်သံကဲ့သို့ ဖြစ်လိမ့်မည်။
23 Cortaram o seu bosque, diz o Senhor, ainda que não podem contar-se; porque se multiplicaram mais do que os gafanhotos, não se podem numerar.
၂၃ထိုတောသည် အလွန် ရှုပ်သော်လည်း ၊ သူတို့ သည် ကျိုင်းကောင် ထက်မက မ ရေတွက် နိုင်အောင် များသောကြောင့်ခုတ်လှဲ ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
24 A filha do Egito está envergonhada: foi entregue na mão do povo do norte.
၂၄အဲဂုတ္တု သတို့သမီး သည် မိန်းမော တွေဝေလျက် ရှိ၏။ မြောက် မျက်နှာပြည်သား တို့ လက် သို့ ရောက် လေပြီ။
25 Diz o Senhor dos exércitos, o Deus de Israel: Eis que eu visitarei a multidão de No, e a faraó, e ao Egito, e aos seus deuses, e aos seus reis, e até ao mesmo faraó, e aos que confiam nele.
၂၅ဣသရေလ အမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ နော မြို့၌ရှိသောအမ္မုန် ဘုရားနှင့် ဖာရော ဘုရင်မှစ၍အဲဂုတ္တု ပြည်သားဘုရား များ၊ ရှင် ဘုရင်များတည်းဟူသော၊ ဖာရော ဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစား သောသူတို့ ကို ငါ ဆုံးမ မည်။
26 E os entregarei na mão dos que procuram a sua morte, na mão de Nabucodonozor, rei de Babilônia, e na mão dos seus servos; porém depois será habitada, como nos dias antigos, diz o Senhor.
၂၆သူ တို့အသက် ကို ရှာ သောသူတည်းဟူသောဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းနှင့် သူ ၏ ကျွန် တို့ လက် သို့ သူ တို့ကို ငါအပ် မည်။ ထိုနောက် မှတဖန် အဲဂုတ္တု ပြည်သည်အရင် ကဲ့သို့ စည်ပင် လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
27 Não temas pois tu, servo meu Jacob, nem te espantes, ó Israel; porque eis que te livrarei de terras de longe, como também a tua semente da terra do seu cativeiro; e Jacob voltará, e descançará, e sossegará, e não haverá quem o atemorize.
၂၇အိုငါ့ ကျွန် ယာကုပ် ၊ မ ကြောက် နှင့်။ အို ဣသရေလ အမျိုး၊ စိတ် မ ပျက်နှင့်။ သင့်ကိုဝေး သောအရပ်မှ ၎င်း ၊ သင် ၏အမျိုးသား တို့ကို သိမ်းသွား ရာ ပြည် မှ ၎င်း ငါ နှုတ်ယူ ဆောင်ခဲ့သဖြင့်၊ ယာကုပ် အမျိုးသည်ပြန်လာ ၍၊ ချောက်လှန့် သောသူမ ရှိ၊ ငြိမ်ဝပ် ချမ်းသာ စွာ နေရ လိမ့်မည်။
28 Tu não temas, servo meu, Jacob, diz o Senhor, porque estou contigo; porque farei consumação de todas as nações entre as quais te lancei; porém de ti não farei consumação, mas castigar-te-ei com medida, e não te darei de todo por inocente
၂၈ငါ့ ကျွန် ယာကုပ် မ ကြောက် နှင့်။ သင် နှင့်အတူ ငါ ရှိ၏။ သင့် ကို ငါနှင်ထုတ် သော တိုင်း နိုင်ငံရှိသမျှ တို့ကို ငါသည်ဆုံး စေသော်လည်း ၊ သင့် ကို မ ဆုံး စေ။ သို့ရာတွင်၊ ရှင်းရှင်းအပြစ် မ လွှတ်ဘဲ အတော်အတန်ဆုံးမ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။