< Gênesis 5 >
1 Este é o livro das gerações de Adão. No dia em que Deus criou o homem, à semelhança de Deus o fez
၁အာဒံ၏သားစဉ်မြေးစက် စာရင်းဟုမူကား၊ လူကို ဖန်ဆင်းတော်မူသော ကာလ၌၊ မိမိပုံသဏ္ဍာန်နှင့် အညီ၊ ဘုရားသခင် ဖန်ဆင်းတော်မူ၏။
2 Macho e fêmea os criou; e os abençoou, e chamou o seu nome Adão, no dia em que foram criados.
၂လူယောက်ျားလူမိန်းမကို ဖန်ဆင်း၍၊ ကောင်းကြီးပေးတော်မူ၏။ ဖန်ဆင်းသောနေ့၌လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ၏။
3 E Adão viveu cento e trinta anos, e gerou um filho à sua semelhança, conforme à sua imagem e chamou o seu nome Seth.
၃အာဒံသည် အသက်တရာ့သုံးဆယ်ရှိသော်၊ မိမိ ပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်းသားကိုမြင်ရ၍ ရှေသ အမည်ဖြင့် မှည့်လေ၏။
4 E foram os dias de Adão, depois que gerou a Seth, oitocentos anos: e gerou filhos e filhas.
၄ရှေသကို ဘွားမြင်သောနောက် အာဒံသည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
5 E foram todos os dias que Adão viveu, novecentos e trinta anos; e morreu.
၅အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ် စေ့သော် သေလေ၏။
6 E viveu Seth cento e cinco anos, e gerou a Enos.
၆ရှေသသည် အသက်တရာငါးနှစ်ရှိသော်၊ သားဧနုတ်ကို မြင်လေ၏။
7 E viveu Seth, depois que gerou a Enos, oitocentos e sete anos, e gerou filhos e filhas.
၇ဧနုတ်ဘွားမြင်သောနောက်၊ ရှေသသည် အနှစ် ရှစ်ရာခုနှစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ ၏။
8 E foram todos os dias de Seth novecentos e doze anos; e morreu.
၈ရှေလသည် အသက်နှစ်ပေါင်းကိုးရာ တဆယ်နှစ်နှစ်စေ့သော် သေလေ၏။
9 E viveu Enos noventa anos; e gerou a Cainan.
၉ဧနုတ်သည် အသက်ကိုးဆယ်ရှိသော်၊ သား ကာဣနန်ကို မြင်လေ၏။
10 E viveu Enos, depois que gerou a Cainan, oitocentos e quinze anos; e gerou filhos e filhas.
၁၀ကာဣနန်ဘွားမြင်သောနောက်၊ ဧနုတ်သည် အနှစ်ရှစ်ရာတဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများ ကို မြင်လေ၏။
11 E foram todos os dias de Enos novecentos e cinco anos; e morreu.
၁၁ဧနုတ်သည် အသက်နှစ်ပေါင်းကိုးရာငါးနှစ် စေ့သော်သေလေ၏။
12 E viveu Cainan, setenta anos; e gerou a Mahalalel.
၁၂ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော်၊ သားမဟာလေလကို မြင်လေ၏။
13 E viveu Cainan, depois que gerou a Mahalalel, oitocentos e quarenta anos; e gerou filhos e filhas.
၁၃မဟာလေလဘွားမြင်သောနောက်၊ ကာဣနန်သည် အနှစ်ရှစ်ရာလေးဆယ်အသက်ရှင်၍၊ သားသမီး များကို မြင်လေ၏။
14 E foram todos os dias de Cainan novecentos e dez anos; e morreu.
၁၄ကာဣနန်သည် အသက်နှစ်ပေါင်းကိုးရာ တဆယ့်စေ့သော် သေလေ၏။
15 E viveu Mahalalel sessenta e cinco anos; e gerou a Jared.
၁၅မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ် ရှိသော်၊ သားယာရက်ကို မြင်လေ၏။
16 E viveu Mahalalel, depois que gerou a Jared, oitocentos e trinta anos; e gerou filhos e filhas.
၁၆ယာရက်ဘွားမြင်သောနောက် မဟာလေလသည် အနှစ်ရှစ်ရာသုံးဆယ်အသက်ရှင်၍ သားသမီးများကို မြင်လေ၏။
17 E foram todos os dias de Mahalalel oitocentos e noventa e cinco anos; e morreu.
၁၇မဟာလေလသည် အသက်နှစ်ပေါင်းရှစ်ရာ ကိုးဆယ့်ငါးနှစ်စေ့သော် သေလေ၏၊
18 E viveu Jared cento e sessenta e dois anos; e gerou a Enoch.
၁၈ယာရက်သည် အသက်တရာခြောက်ဆယ်နှစ်နှစ် ရှိသော် သားနောက်ကိုမြင်လေ၏။
19 E viveu Jared, depois que gerou a Enoch, oitocentos anos; e gerou filhos e filhas.
၁၉ဧနောက်ဘွားမြင်သောနောက် ယာရက်သည် အနှစ်ရှစ်ရာ အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။
20 E foram todos os dias de Jared novecentos e sessenta e dois anos; e morreu.
၂၀ယာရက်သည် အသက်နှစ်ပေါင်းကိုးရာ ခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။
21 E viveu Enoch sessenta e cinco anos; e gerou a Methusala.
၂၁ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ် ရှိသော် သားမသုရှလကို မြင်လေ၏။
22 E andou Enoch com Deus, depois que gerou a Methusala, trezentos anos; e gerou filhos e filhas.
၂၂မသုရှလဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍ သားသမီးများကို မြင်လေ၏။
23 E foram todos os dias de Enoch trezentos e sessenta e cinco anos.
၂၃ဧနောက်အသက်နှစ်ပေါင်းသုံးရာ ခြောက်ဆယ် ငါးနှစ်တည်း၊
24 E andou Enoch com Deus; e não estava mais; porquanto Deus para si o tomou.
၂၄ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ အကြောင်းမူကား၊ ဘုရား သခင် သိမ်းယူတော်မူသောကြောင့်တည်း။
25 E viveu Methusala cento e oitenta e sete anos; e gerou a Lamech.
၂၅မသုရှလသည် အသက်တရာ့ရှစ်ဆယ်ခုနစ်နှစ် ရှိသော်၊ သား လာမက်ကို မြင်လေ၏။
26 E viveu Methusala, depois que gerou a Lamech, setecentos e oitenta e dois anos; e gerou filhos e filhas.
၂၆လာမက်ဘွားမြင်သောနောက်၊ မသုရှလသည် အနှစ်ခုနှစ်ရာ ရှစ်ဆယ်နှစ်နှစ်အသက်ရှင်၍ သားသမီး များကို မြင်လေ၏။
27 E foram todos os dias de Methusala novecentos e sessenta e nove anos; e morreu.
၂၇မသုရှလသည် အသက်နှစ်ပေါင်းကိုးရာ ခြောက် ဆယ်ကိုးနှစ်စေ့သော် သေလေ၏။
28 E viveu Lamech cento e oitenta e dois anos; e gerou um filho,
၂၈လာမက်သည် အသက်တရားရှစ်ဆယ်နှစ်နှစ် ရှိသော် သားကို မြင်၍၊
29 E chamou o seu nome Noé, dizendo: Este nos consolará acerca de nossas obras, e do trabalho de nossas mãos, por causa da terra que o Senhor amaldiçoou.
၂၉ဤသူသည်ကား၊ ထာဝရဘုရားကျိန်တော်မူသော မြေ၌လုပ်၍ ပင်ပန်းစွာ ခံရသောငါတို့အား သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍ သူ့ကိုနောဧ ဟူသော အမည်ဖြင့် မှည့်လေ၏။
30 E viveu Lamech, depois que gerou a Noé, quinhentos e noventa e cinco anos; e gerou filhos e filhas.
၃၀နောဧဘွားမြင်သောနောက်၊ လာမက်သည် အနှစ်ငါးရာကိုးဆယ်ငါးနှစ်အသက်ရှင်၍ သားသမီးများ ကို မြင်လေ၏။
31 E foram todos os dias de Lamech setecentos e setenta e sete anos; e morreu.
၃၁လာမက်သည် အသက်နှစ်ပေါင်း ခုနှစ်ရာ ခုနစ်ဆယ် ခုနစ်နှစ် စေ့သော်သေလေ၏။
32 E era Noé da idade de quinhentos anos; e gerou Noé a Sem, Cão, e Japhet.
၃၂နောဧသည် အသက်ငါးရာရှိ၏။ နောဧ သားကား ၊ ရှေးမ၊ ဟာမ၊ ယာဖက်တည်း။