< Ezequiel 8 >

1 Sucedeu pois, no sexto ano, no mês sexto, no quinto dia do mes, estando eu assentado na minha casa, e os anciãos de Judá assentados diante de mim, que ali a mão do Senhor Jehovah caiu sobre mim.
ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ချိန်​ခြောက်​နှစ်​မြောက်၊ ဆ​ဋ္ဌ​မ​လ၊ ပဉ္စ​မ​နေ့​၌​ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည်​ငါ​၏​အိမ်​တွင်​ထိုင်​၍​ငါ​နှင့်​စ​ကား​ပြော​လျက်​နေ​ကြ​စဉ် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ရုတ်​တ​ရက်​ငါ​၏​အ​ပေါ်​သို့​ကျ​ရောက်​လာ​၏။-
2 E olhei, e eis uma semelhança como aspecto de fogo; desde o aspecto dos seus lombos, e daí para baixo, era fogo; e dos seus lombos e daí para cima como aspecto de um resplandor como de cor de âmbar;
ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မီး​လျှံ​တောက်​နေ​သော​လူ​ပုံ​သဏ္ဌာန်​တစ်​ခု​ကို​မြင်​ရ​၏။ သူ​၏​ခါး​မှ​ခြေ​ဖျား​အ​ထိ​အောက်​ပိုင်း​တစ်​ခု​လုံး​သည်​မီး​နှင့်​တူ​၍ အ​ထက်​ပိုင်း​တစ်​ခု​လုံး​မှာ​တိုက်​ချွတ်​ထား​သည့်​ကြေး​ဝါ​သ​ဖွယ်​တောက်​ပ​လျက်​နေ​၏။-
3 E estendeu a forma de uma mão, e me tomou pelos cabelos da minha cabeça; e o espírito me levantou entre a terra e o céu, e me trouxe a Jerusalém em visões de Deus, até à entrada da porta do pátio de dentro, que olha para o norte, onde estava o assento da imagem dos ciúmes, que provoca a ciúmes
သူ​သည်​လက်​နှင့်​တူ​သော​အ​ရာ​ကို​ဆန့်​၍​ငါ​၏​ဦး​ဆံ​ကို​ဆွဲ​ကိုင်​လိုက်​၏။ ထို​နောက်​ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​၌​ဝိ​ညာဉ်​တော်​သည်​ငါ့​အား​လေ​ထဲ​သို့​ချီ​ပင့်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မြောက်​မျက်​နှာ​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​နေ​ရာ​တွင်​ဘု​ရား​သ​ခင်​ရှု​စိမ့်​တော်​မ​မူ​လို​သည့်​ရုပ်​တု​တစ်​ခု​ရှိ​သ​တည်း။
4 E eis que a glória do Deus de Israel estava ali, conforme o aspecto que eu tinha visto no vale.
ငါ​သည်​ခေ​ဗာ​မြစ်​အ​နီး​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မြင်​ရ​သည်​နည်း​တူ ဤ​အ​ရပ်​တွင်​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​၏။-
5 E disse-me: Filho do homem, levanta agora os teus olhos para o caminho do norte. E levantei os meus olhos para o caminho do norte, e eis que da banda do norte, à porta do altar, estava esta imagem de ciúmes na entrada.
ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ မြောက်​ဘက်​သို့​ကြည့်​လော့'' ဟု​မိန့်​တော်​မူ​သ​ဖြင့်​ကြည့်​လိုက်​သော​အ​ခါ တံ​ခါး​ဝ​အ​နီး​ယဇ်​ပလ္လင်​ဘေး​တွင်​ဘု​ရား​သ​ခင်​ရှု​စိမ့်​တော်​မ​မူ​လို​သည့်​ရုပ်​တု​ကို​ငါ​မြင်​ရ​၏။
6 E disse-me: Filho do homem, vês tu o que eles estão fazendo? as grandes abominações que a casa de Israel faz aqui, para que me alongue do meu santuário? porém ainda tornarás a ver maiores abominações.
ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ထို​သူ​တို့​ပြု​နေ​သည့်​အ​မှု​ကို​သင်​မြင်​သ​လော။ ဤ​အ​ရပ်​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​နေ​ကြ​သည့်​စက်​ဆုပ်​ဖွယ်​ရာ​များ​ကို​ကြည့်​လော့။ သူ​တို့​သည်​ငါ့​အား​သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့်​ဝေး​သည်​ထက်​ဝေး​အောင်​နှင်​ထုတ်​လျက်​နေ​ကြ​၏။ သင်​သည်​ထို​အ​ရာ​တို့​ထက်​ပို​၍​ရှက်​ကြောက်​ဖွယ်​ကောင်း​သည့်​အ​ရာ​တို့​ကို​မြင်​ရ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
7 E levou-me à porta do átrio: então olhei, e eis que havia um buraco na parede.
ကိုယ်​တော်​သည်​ငါ့​အား​အ​ပြင်​တံ​တိုင်း​အ​ဝင်​ဝ​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် တံ​တိုင်း​တွင်​ရှိ​သော​အ​ပေါက်​တစ်​ခု​ကို​ပြ​တော်​မူ​၏။-
8 E disse-me: Filho do homem, cava agora naquela parede. E cavei na parede, e eis que havia uma porta.
ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တံ​တိုင်း​ကို​ဤ​နေ​ရာ​မှ​တူး​ဖောက်​လိုက်​လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​တူး​ဖောက်​လိုက်​သော​အ​ခါ​တံ​ခါး​တစ်​ခု​ကို​မြင်​ရ​၏။-
9 Então me disse: Entra, e vê as malignas abominações que eles fazem aqui.
ကိုယ်​တော်​သည်​ငါ့​အား``အ​ထဲ​သို့​ဝင်​၍​ထို​သူ​တို့​ပြု​နေ​ကြ​သည့်​ဆိုး​ညစ်​စက်​ဆုပ်​ဖွယ်​သော​အ​မှု​တို့​ကို​ကြည့်​လော့'' ဟု​မိန့်​တော်​မူ​လျှင်၊-
10 E entrei, e olhei, e eis que toda a forma de réptis, e bestas abomináveis, e de todos os ídolos da casa de Israel, estavam pintados na parede em todo o redor.
၁၀ငါ​သည်​အ​ထဲ​သို့​ဝင်​၍​ကြည့်​၏။ တံ​တိုင်း​နံ​ရံ​များ​တွင်​တွား​သွား​သော​သတ္တ​ဝါ​ရုပ်​များ၊ အ​ခြား​မ​သန့်​စင်​သည့်​တိ​ရစ္ဆာန်​ရုပ်​များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့်​အ​ခြား​ရုပ်​တု​ပုံ​များ​ကို​ရေး​ဆွဲ​ထား​၏။-
11 E setenta homens dos anciãos da casa de Israel, com Jaazanias, filho de Saphan, que estava no meio deles, estavam em pé diante deles, e cada um tinha na mão o seu incensário; e subia uma espessa nuvem de incenso.
၁၁ထို​အ​ရပ်​တွင်​ရှာ​ဖန်​၏​သား​ယာ​ဇ​ညာ​အ​ပါ​အ​ဝင် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ်​ဆယ်​ရှိ​၏။ သူ​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​လင်​ပန်း​တစ်​ချပ်​စီ​ကိုင်​ထား​ကြ​၏။ နံ့​သာ​ပေါင်း​မှ​မီး​ခိုး​တို့​သည်​လည်း​အ​ထက်​သို့​တက်​၍​နေ​၏။-
12 Então me disse: Viste, porventura, filho do homem, o que os anciãos da casa de Israel fazem nas trevas, cada um nas suas câmaras pintadas de imagens? porque dizem: O Senhor não nos vê; já desamparou o Senhor a terra.
၁၂ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​လျှို့​ဝှက်​စွာ​ပြု​လျက်​နေ​ကြ​သော​အ​မှု​ကို​သင်​မြင်​သ​လော။ သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ပိုင်​ရုပ်​တု​များ​ရှိ​သော​အ​ခန်း​ထဲ​၌​ကိုး​ကွယ်​ဝတ်​ပြု​နေ​ကြ​၏။ သူ​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​မ​မြင်။ ကိုယ်​တော်​သည်​ငါ​တို့​ပြည်​ကို​စွန့်​တော်​မူ​လေ​ပြီ' ဟု​ဆင်​ခြေ​ပေး​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
13 E disse-me: Ainda tornarás a ver maiores abominações, que estes fazem.
၁၃ထို​နောက်​ထာ​ဝရ​ဘု​ရား​က``သူ​တို့​သည်​ဤ​ထက်​ပို​မို​စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​များ​ပြု​ကြ​သည်​ကို​သင်​မြင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်၊-
14 E levou-me à entrada da porta da casa do Senhor, que está da banda do norte, e eis ali estavam mulheres assentadas chorando a Tammuz.
၁၄ငါ့​အား​ဗိ​မာန်​တော်​မြောက်​တံ​ခါး​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​နောက်​တမ္မုဇ​နတ်​ဘု​ရား​ကွယ်​လွန်​သ​ဖြင့် ငို​ကြွေး​နေ​ကြ​သော​အ​မျိုး​သ​မီး​တို့​ကို​ပြ​တော်​မူ​၏။
15 E disse-me: Viste porventura isto, filho do homem? ainda tornarás a ver abominações maiores do que estas.
၁၅ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ထို​အ​ခြင်း​အ​ရာ​ကို​မြင်​သ​လော။ ထို​ထက်​ပင်​ပို​၍​စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​သင်​မြင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
16 E levou-me para o átrio interior da casa do Senhor, e eis que estavam à entrada do templo do Senhor, entre o pórtico e o altar, quase vinte e cinco homens, voltadas as costas para o templo do Senhor, e virados os rostos para o oriente; e eles adoravam o sol virados para o oriente.
၁၆သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား ဗိ​မာန်​တော်​အ​တွင်း​တံ​တိုင်း​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ဗိ​မာန်​တော်​အ​ဝင်​ဝ​အ​နီး​ယဇ်​ပလ္လင်​နှင့်​ဆင်​ဝင်​စပ်​ကြား​၌ လူ​နှစ်​ဆယ့်​ငါး​ယောက်​ခန့်​ရှိ​၏။ သူ​တို့​သည်​ဗိ​မာန်​တော်​ကို​ကျော​ခိုင်း​လျက်​အ​ရှေ့​ဘက်​သို့​မျက်​နှာ​မူ​လျက် ထွက်​ပြူ​လာ​သော​နေ​မင်း​အား​ရှိ​ခိုး​နေ​ကြ​၏။
17 Então me disse: Viste isto, filho do homem? há porventura coisa mais leviana para a casa de Judá, do que fazer tais abominações, que fazem aqui? havendo enchido a terra de violência, tornam a irritar-me; porque eis que eles chegam o ramo ao nariz.
၁၇ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​ချင်း​လူ​သား၊ ထို​အ​ချင်း​အ​ရာ​ကို​သင်​မြင်​သ​လော။ ဤ​ယု​ဒ​အမျိုး​သား​တို့​သည်​သင်​မြင်​ခဲ့​ရ​သ​မျှ​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကို​ပြု​ရ​သည်​မှာ​အ​သေး​အ​ဖွဲ​သာ​ဖြစ်​၍ သူ​တို့​သည်​တိုင်း​ပြည်​တစ်​ခု​လုံး​ကို​အ​ကြမ်း​ဖက်​မှု​များ​ဖြင့်​ပြည့်​နှက်​စေ​လေ​ပြီ။ ထို​မျှ​မ​က​ဗိ​မာန်​တော်​သို့​လာ​ရောက်​၍​ဤ​အ​မှု​များ​ကို​ပြု​ရ​ခြင်း​အား​ဖြင့် သူ​တို့​သည်​ငါ့​အား​ပို​၍​ပင်​အ​မျက်​ထွက်​စေ​၏။-
18 Pelo que também eu usarei com eles de furor; o meu olho não poupará, nem me apiedarei: e, ainda que me gritem aos ouvidos com grande voz, contudo não os ouvirei.
၁၈သူ​တို့​သည်​သစ်​ခက်​ကို​နှာ​ခေါင်း​တွင်​ကပ်​လျက် ငါ့​အား​စော်​ကား​ကြ​ပုံ​ကို​ကြည့်​လော့။ ငါ​၏​အ​မျက်​ဒဏ်​ကို​သူ​တို့​သည်​အ​ပြည့်​အ​ဝ​ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သို့​မျှ​လည်း​က​ရု​ဏာ​ပြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ငါ့​ထံ​သို့​အ​စွမ်း​ကုန်​အော်​ဟစ်​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​မည်​ဖြစ်​သော်​လည်း ငါ​သည်​နား​ညောင်း​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

< Ezequiel 8 >