< Ezequiel 48 >
1 E estes são os nomes das tribos: desde o fim do norte, da banda do caminho de Hethlon, vindo para Hamath, Hazer-enon, o termo de Damasco para o norte, ao pé de Hamath: e ela terá a banda do oriente e do ocidente; Dan terá uma porção.
၁ဣသရေလအမျိုးခရိုင်စုအမည်ကား၊ မြောက် ဘက်၌ဟေသလုန်လမ်းနှင့် ဟာမတ်လမ်းနား၊ ဟာဇ ရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက် ဟာမတ် မြို့နယ်တိုင်အောင်၎င်း၊ အရှေ့ဘက်မှသည် ပင်လယ် တိုင်အောင်၎င်း ဒန်ခရိုင်ရှိရမည်။
2 E junto ao termo de Dan, desde a banda do oriente até à banda do ocidente, Aser terá uma porção.
၂ဒန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည်။
3 E junto ao termo de Aser, desde a banda do oriente até à banda do ocidente, Naphtali uma porção.
၃အာရှာခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည်။
4 E junto ao termo de Naphtali, desde a banda do oriente até à banda do ocidente, Manassés uma porção.
၄နဿလိခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှည်ခရိုင်ရှိရမည်။
5 E junto ao termo de Manassés, desde a banda do oriente até à banda do ocidente, Ephraim uma porção.
၅မနာရှေခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည်။
6 E junto ao termo de Ephraim, desde a banda do oriente até à banda do ocidente, Ruben uma porção.
၆ဧဖရိမ်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည်။
7 E junto ao termo de Ruben, desde a banda do oriente até à banda do ocidente, Judá uma porção.
၇ရုဗင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်။
8 E junto ao termo de Judá, desde a banda do oriente até à banda do ocidente, será a oferta que haveis de oferecer, vinte e cinco mil canas de largura, e de comprimento como uma das demais partes, desde a banda do oriente até à banda do ocidente; e o santuário estará no meio dela.
၈ယုဒခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် သင်တို့ပူဇော်ရသော မြေကွက်ရှိရမည်။ ထိုမြေအနံကား၊ ကျူလုံးအပြန်နှစ်သောင်းငါးထောင်၊ အလျားကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင် အောင် ခရိုင်အလျားနှင့်ညီရမည်။ ထိုမြေအတွင်း၌ သန့်ရှင်းရာဌာန ရှိရမည်။
9 A oferta que haveis de oferecer ao Senhor será do comprimento de vinte e cinco mil canas, e da largura de dez mil.
၉ထာဝရဘုရားအား ပူဇော်ရသော မြေကွက် မူကား၊ အလျားနှစ်သောင်းငါးထောင်၊ အနံတသောင်း ရှိရမည်။
10 E ali será a oferta santa para os sacerdotes, para o norte vinte e cinco mil canas de comprimento, e para o ocidente dez mil de largura, e para o oriente dez mil de largura, e para o sul vinte e cinco mil de comprimento: e o santuário do Senhor estará no meio dela.
၁၀ထိုသန့်ရှင်းသော ပူဇော်သက္ကာသည် ယဇ်ပရော ဟိတ်ဘို့ ဖြစ်၍ မြောက်ဘက်၌နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌အနံတသောင်း၊ အရှေ့ဘက်၌ အနံ တသောင်း၊ တောင်ဘက်၌ အလျားနှစ်သောင်းငါးထောင် ကျယ်၍၊ ထာဝရဘုရား၏သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ်၌ ရှိရမည်။
11 E será para os sacerdotes santificados dentre os filhos de Zadoc, que guardaram a minha ordenança, que não andaram errados, quando os filhos de Israel andavam errados, como erraram os outros levitas.
၁၁ဣသရေလအမျိုးသားတို့သည် လမ်းလွှဲသော အခါ လေဝိလူကဲ့သို့ လမ်းမလွှဲ။ ငါ့အမှုကို အစဉ်ဆောင် ၍ သန့်ရှင်းသော ဇာဒုတ်သားယဇ် ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။
12 E o oferecido da oferta da terra lhes será santidade de santidades, junto ao termo dos levitas.
၁၂လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သော မြေသည် ယဇ်ပုရောဟိတ်တို့အဘို့ အလွန်သန့်ရှင်းသော မြေဖြစ်ရမည်။
13 E os levitas terão defronte do termo dos sacerdotes vinte e cinco mil canas de comprimento, e de largura dez mil: todo o comprimento será vinte e cinco mil, e a largura dez mil.
၁၃ယဇ်ပုရောဟိတ် မြေအနားမှာလေဝိ လူနေရာ မြေကွက်သည် အလျားနှစ်သောင်းငါးထောင်၊ အနံ တသောင်း ရှိရမည်။
14 E não venderão disto, nem trocarão, nem transferirão as primícias da terra, porque é santidade ao Senhor.
၁၄ထိုမြေသည် ထာဝရဘုရားအဘို့ သန့်ရှင်း သောကြောင့်၊ လေဝိလူတို့သည် မြေကို မရောင်းရ။ အဦးသီးသော အသီးကို အခြားသော ဥစ္စနှင့်မဖယ်လှယ် ရ။ အဘိုးနှင့်မရောင်းရ။
15 Porém as cinco mil, as que ficaram da largura diante das vinte e cinco mil, ficarão profanas para a cidade, para habitação e para arrabaldes; e a cidade estará no meio delas.
၁၅နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေး သော မြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည် စရာဘို့ဖြစ်၍၊ ထိုမြေအလယ်၌ မြို့တည်ရမည်။
16 E estas serão as suas medidas: a banda do norte de quatro mil e quinhentas canas, e a banda do sul de quatro mil e quinhentas, e a banda do oriente de quatro mil e quinhentas, e a banda do ocidente de quatro mil e quinhentas.
၁၆မြို့အတိုင်းအရှည်ကား၊ မြောက်ဘက်၌ လေး ထောင်ငါးရာ၊ တောင်ဘက်၌လေးထောင်ငါးရာ၊ အရှေ့ ဘက်၌ လေးထောင်ငါးရာ၊ အနောက်ဘက်၌ လေး ထောင်ငါးရာရှိရမည်။
17 E os arrabaldes da cidade serão para o norte de duzentas e cincoênta canas, e para o sul de duzentas e cincoênta, e para o oriente de duzentas e cincoênta, e para o ocidente de duzentas e cincoênta.
၁၇မြို့နယ်ကား၊ မြောက်ဘက်၌နှစ်ရာငါးဆယ်၊ တောင်ဘက်၌ နှစ်ရာငါးဆယ်၊ အရှေ့ဘက်၌ နှစ်ရာ ငါးဆယ်၊ အနောက်ဘက်၌ နှစ်ရာငါးဆယ်ရှိရမည်။
18 E, quanto ao que ficou do resto do comprimento, defronte da santa oferta, será dez mil para o oriente, e dez mil para o ocidente; e estará defronte da santa oferta; e a sua novidade será para sustento daqueles que servem a cidade.
၁၈သန့်ရှင်းသော မြေအနားမှာအလျား၌ ကြွင်း သေးသော အရှေ့ဘက်၌ တသောင်း၊ အနောက်ဘက်၌ တသောင်းကျယ်သော မြေ၌ဖြစ်သော အသီးအနှံသည်၊ မြို့အမှုကို စောင့်သောသူတို့ စားစရာဘို့ ဖြစ်ရမည်။
19 E os que servem a cidade servi-la-ão dentre todas as tribos de Israel.
၁၉မြို့အမှုစောင့်တို့ကို ဣသရေလအမျိုးအပေါင်း ထဲက ရွေးကောက်ရမည်။
20 Toda a oferta será de vinte e cinco mil canas com mais vinte e cinco mil: em quadrado oferecereis a santa oferta, com a possessão da cidade.
၂၀ပူဇော်သော မြေကွက်ပေါင်းကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံနှစ်သောင်းငါးထောင်ကျယ်၍၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော် ရမည်။
21 E o que ficou de resto será para o príncipe; desta e da outra banda da santa oferta, e da possessão da cidade, diante das vinte e cinco mil canas da oferta, até ao termo do oriente e do ocidente, diante das vinte e cinco mil, até ao termo do ocidente, defronte das porções, será para o príncipe: e a oferta santa e o santuário da casa será no meio dela.
၂၁ထိုသန့်ရှင်းသော ပူဇော်သက္ကာမြေနှင့်မြို့နယ် နှစ်ဘက်၌ ကြွင်း၍၊ အရှေ့ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ နှစ်သောင်းငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသားအဘို့ ဖြစ်ရမည်။ သန့်ရှင်းသော ပူဇော်သက္ကာမြေနှင့် အိမ်တော်၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားမှာ နေရာ ကျရမည်။
22 E desde a possessão dos levitas, e desde a possessão da cidade, no meio do que será para o príncipe, entre o termo de Judá e o termo de Benjamin, será para o príncipe.
၂၂ထိုသို့စပ်ကြားမှာကျသော လေဝိလူနေရာ အပိုင်းအခြား၊ မြို့နယ်အပိုင်းအခြား၊ ပြင်ဘက်နှစ်ဘက်၊ ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်စပ်ကြားမှာ ကျသောမြေရှိသမျှ သည် မင်းသားအဘို့ဖြစ်ရမည်။
23 E, quanto ao resto das tribos, desde a banda do oriente até à banda do ocidente, Benjamin terá uma porção.
၂၃ကြွင်းသော ဣသရေလခရိုင်ဟူမူကား၊ အရှေ့ ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင် ရှိရမည်။
24 E junto ao termo de Benjamin, desde a banda do oriente até à banda do ocidente, Simeão uma porção.
၂၄ဗယာင်္မိန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင်ရှိမောင် ခရိုင်ရှိရမည်။
25 E junto ao termo de Simeão, desde a banda do oriente até à banda do ocidente, Issacar uma porção.
၂၅ရှိမောင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါခရိုင်ရှိရမည်။
26 E junto ao termo de Issacar, desde a banda do oriente até à banda do ocidente, Zebulon uma porção.
၂၆ဣသခါခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင်ရှိရမည်။
27 E junto ao termo de Zebulon, desde a banda do oriente até à banda do ocidente, Gad uma porção.
၂၇ဇာဗုလုန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင်ရှိရမည်။
28 E junto ao termo de Gad, ao sul, da banda do sul, será o termo de Tamar até às águas da contenda de Cades, junto ao ribeiro até ao mar grande.
၂၈ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေ တိုင်အောင်၎င်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်၎င်း ရှောက်သွားရမည်။
29 Esta é a terra que sorteareis em herança às tribos de Israel; e estas são as suas porções, diz o Senhor Jehovah.
၂၉ဤရွေ့ကား၊ ဣသရေလအမျိုးအနွယ်တို့ အမွေ ခံစရာဘို့ စာရေးတံချ၍ ဝေရသောမြေ၊ ဤရွေ့ကား၊ သူတို့ ပိုင်းခြား၍ နေရသော ခရိုင်အသီးအသီး ဖြစ်သတည်းဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
30 E estas são as saídas da cidade, desde a banda do norte: quatro mil e quinhentas medidas.
၃၀မြို့မှထွက်ရာတံခါးများဟူမူကား၊ မြို့မြောက် ဘက်၌ လေးထောင်ငါးရာကျယ်၍၊
31 E as portas da cidade serão conforme os nomes das tribos de Israel: três portas para o norte: a porta de Ruben uma, a porta de Judá outra, a porta de Levi outra.
၃၁မြို့တံခါးတို့သည် ဣသရေလအမျိုးအနွယ်တို့ အမည်ကို ဆောင်လျက်၊ မြောက်ဘက်၌ ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးတည်းဟူသော တံခါးသုံးပေါက် ရှိရမည်။
32 E da banda do oriente quatro mil e quinhentas medidas, e três portas, a saber: a porta de José uma, a porta de Benjamin outra, a porta de Dan outra.
၃၂မြို့အရှေ့ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
33 E da banda do sul quatro mil e quinhentas medidas, e três portas: a porta de Simeão uma, a porta de Issacar outra, a porta de Zebulon outra.
၃၃မြို့တောင်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးတည်း ဟူသော တံခါးသုံးပေါက်ရှိရမည်။
34 Da banda do ocidente quatro mil e quinhentas medidas, e as suas três portas: a porta de Gad uma, a porta de Aser outra, a porta de Naphtali outra.
၃၄မြို့အနောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
35 Dezoito mil medidas em redor; e o nome da cidade desde aquele dia será: O Senhor está ali.
၃၅ထိုသို့ မြို့ပတ်လည်အတိုင်းအရှည်ကား၊ တသောင်းရှစ်ထောင် ရှိရလိမ့်မည်။ တည်သောနေ့မှစ၍ ထိုမြို့ကို ယေဟောဝါရှမ္မအမည်ဖြင့် ခေါ်တွင်ရလိမ့် သတည်း။