< Amós 2 >
1 Assim diz o Senhor: Por três transgressões de Moab, e por quatro, não o afastarei, porque queimou os ossos do rei de Edom, até os tornar em cal.
၁တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ မောဘ ပြည်သည် ဧဒုံ ရှင်ဘုရင် ၏ အရိုး တို့ကို ထုံး ဖြစ် စေခြင်းငှါမီး နှင့် ဖုတ်သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည်ဒဏ် မ ပေးဘဲမနေ။
2 Por isso porei fogo a Moab, e consumirá os palácios de Querioth: e Moab morrerá com grande estrondo, com alarido, com sonido de buzina.
၂မောဘ ပြည်အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ကေရုတ် မြို့၏ဘုံ ဗိမာန်တို့ကို လောင် စေမည်။ ကြီးသော အသံ ဗလံ ပြုခြင်း၊ အော်ဟစ် ခြင်း၊ တံပိုး မှုတ်ခြင်းနှင့်တကွ မောဘ ပြည်သည် ဆုံးရှုံး ရလိမ့်မည်။
3 E exterminarei o juiz do meio dele, e a todos os seus príncipes com ele matarei, diz o Senhor.
၃မောဘ ပြည်အလယ် ၌ တရားသူကြီး ကို ငါပယ်ဖြတ် ၍ ၊ သူ နှင့်တကွ မှူးမတ် အပေါင်း တို့ကို ကွပ်မျက် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
4 Assim diz o Senhor: Por três transgressões de Judá, e por quatro, não o afastarei, porque rejeitaram a lei do Senhor, e não guardaram os seus estatutos, e as suas mentiras os enganaram, após as quais andaram seus pais.
၄တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယုဒ အမျိုးသည် ထာဝရဘုရား စီရင် တော်မူချက်တို့ကို မ စောင့် ၊ ပညတ် တရားတော်ကို စွန့်ပစ် ၍ ၊ ဘိုးဘေး တို့ လိုက် ဘူးသော မိစ္ဆာဒိဌိ အားဖြင့် မှားယွင်း သော အပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည်ဒဏ် မ ပေးဘဲမနေ။
5 Por isso porei fogo a Judá, e consumirá os palácios de Jerusalém.
၅ယုဒ ပြည်အပေါ် သို့ မီး ကိုလွှတ် ၍ ၊ ယေရုရှလင် မြို့၏ ဘုံ ဗိမာန်တို့ကို လောင် စေမည်။
6 Assim diz o Senhor: Por três transgressões de Israel, e por quatro, não o afastarei, porque vendem o justo por dinheiro, e o necessitado por um par de sapatos,
၆တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုးသည် ဖြောင့်မတ် သောသူကို ငွေ နှင့် ၎င်း ၊ ဆင်းရဲ သောသူကို ခြေနင်း တရံနှင့် ၎င်း ရောင်း သောအပြစ် ၊
7 Suspirando pelo pó da terra sobre a cabeça dos pobres, e pervertem o caminho dos mansos; e o homem e seu pai entram a uma mesma moça, para profanarem o meu santo nome.
၇ဆင်းရဲ သောသူတို့ ၏ခေါင်း ကို မြေမှုန့် နှင့် ဖုံးလွှမ်းစေခြင်းငှါအလွန်အလိုကြီး၍၊ နှိမ့်ချ သောသူကို မတရားသဖြင့် စီရင်သောအပြစ်၊ ငါ ၏နာမ မြတ် ကို ရှုတ်ချ ခြင်းငှါ အဘ နှင့် သား သည် တဦးတည်းသောမိန်းမ ကို ပေါင်းဘော်သောအပြစ်၊
8 E se deitam junto a qualquer altar sobre as roupas empenhadas, e bebem o vinho dos multados na casa de seus deuses.
၈ပေါင် ထားသောအဝတ် ကို ခပ်သိမ်း သော ယဇ် ပလ္လင်တို့အနား ၌ ခင်း ၍အိပ်သောအပြစ်၊ လျော်ပြစ်ငွေကို ဝယ်သောစပျစ်ရည် ကို သူတို့ဘုရား၏အိမ်၌ သောက်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
9 Não obstante eu ter destruído o amorreu diante deles, cuja altura foi como a altura dos cedros, e foi forte como os carvalhos; mas destruí o seu fruto por cima, e as suas raízes por baixo.
၉အာရဇ် ပင်အရပ် နှင့်အမျှ မြင့် ၍ သပိတ် ပင်ကဲ့သို့ ခိုင်မာ သောအာမောရိ အမျိုးကို သင်တို့ရှေ့ မှာ ငါ ပယ်ရှား ၍၊ အထက် ၌ သူ ၏အသီး ကို၎င်း ၊ အောက် ၌ သူ ၏အမြစ် ကို၎င်းငါ ဖျက်ဆီး ပြီ။
10 Também vos fiz subir da terra do Egito, e quarenta anos vos guiei no deserto, para que possuisseis a terra do amorreu.
၁၀သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ယူ ၍ အာမောရိ ပြည် ကို ဝင်စား စေခြင်းငှါ ၊ အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် ပြီ။
11 E a alguns dentre vossos filhos suscitei para profetas, e alguns dentre os vossos mancebos para nazireus; e não é isto assim, filhos de Israel? diz o Senhor.
၁၁သင် တို့သား အချို့ကို ပရောဖက် အရာ၊ လုလင် အချို့ကို နာဇရိ လူအရာ ၌ ငါခန့်ထား ပြီ။ အိုဣသရေလ အမျိုးသား တို့၊ ဤ စကားမှန် သည် မဟုတ် လောဟု ထာဝရဘုရား မေး တော်မူ၏။
12 Mas vós aos nazireus destes vinho a beber, e aos profetas mandastes, dizendo: Não profetizareis.
၁၂သင်တို့မူကား ၊ နာဇရီ လူသောက် ဘို့ စပျစ်ရည် ကိုပေးကြပြီ။ ပရောဖက် တို့ကိုလည်း ၊ ပရောဖက် ပြု၍ မ ဟော ကြနှင့်ဟု မြစ်တား ကြပြီ။
13 Eis que eu vos apertarei no vosso lugar como se aperta um carro cheio de manolhos.
၁၃ထိုကြောင့်၊ လှည်း သည် အပြည့် တင်သော ကောက်လှိုင်း ၏ဖိစီး ခြင်းကိုခံရသကဲ့သို့ ၊ သင် တို့၏နေရာ အရပ်ကို ငါ ဖိစီး မည်။
14 Assim que perecerá a fugida ao ligeiro; nem o forte corroborará a sua força, nem o valente livrará a sua vida.
၁၄အပြေး ကောင်းသောသူသည် ပြေး သောအခွင့်ကို မရ။ ခွန်အား ကြီးသောသူသည် မိမိ ခွန်အား ကို ထုတ် ရ သောအခွင့်မ ရှိရ။ သူရဲ သည် ကိုယ်ကို မ ကယ်လွှတ် ရ။
15 E não ficará em pé o que leva o arco, nem o ligeiro de pés se livrará, nem tão pouco o que vai montado a cavalo livrará a sua alma.
၁၅လေး ကိုကိုင် သောသူသည်မ ရပ် ရ။ လျင်မြန် သောခြေ သည် သူရဲသည် ကိုယ်ကို မ ကယ်လွှတ် ရ။ မြင်းစီး သူရဲသည်လည်း ကိုယ်ကို မ ကယ်လွှတ် ရ။
16 E o mais animoso entre os valentes fugirá nu naquele dia, disse o Senhor.
၁၆ရဲရင့် သော သူရဲ သည် ထိုနေ့ ၌ အဝတ် မပါဘဲ ပြေး သွားရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။