< 2 Reis 6 >
1 E disseram os filhos dos profetas a Eliseo: Eis que o lugar em que habitamos diante da tua face, nos é estreito.
၁ပရောဖက် အမျိုးသား တို့က၊ ကိုယ်တော် နှင့်အတူ ယခု နေ သောအရပ် သည် ကျဉ်းမြောင်း ပါ၏
2 Vamos pois até ao Jordão, e tomemos de lá, cada um de nós, uma viga, e façamo-nos ali um lugar, para habitar ali: e disse ele: Ide.
၂အကျွန်ုပ် တို့သည် ယော်ဒန် မြစ်နား သို့ သွား ပါ ရစေ။ ထို အရပ်၌ ဝိုင်း၍ သစ်သားကိုခုတ်ပြီးလျှင်၊ ကိုယ်နေ စရာဘို့ လုပ် ပါရစေဟု ဧလိရှဲ ထံ ၌ အခွင့်တောင်း လျှင်၊ သွား ကြလော့ဟု အခွင့် ပေး၏
3 E disse um: Serve-te de ires com os teus servos. E disse: Eu irei.
၃အချို့ကလည်း မ ငြင်းပါနှင့်။ ကိုယ်တော် ကျွန် တို့နှင့် ကြွ တော်မူပါဟု တောင်းပန် လျှင် ၊ ငါ သွား မည်ဟု ဝန်ခံ သည်အတိုင်း၊ “
4 E foi com eles: e, chegando eles ao Jordão, cortaram madeira.
၄သူ တို့နှင့်အတူ လိုက် လေ၏။ ယော်ဒန် မြစ်နား သို့ ရောက် သောအခါ သစ်သား ကိုခုတ် ကြ၏
5 E sucedeu que, derrubando um deles uma viga, o ferro caiu na água: e clamou, e disse: Ai, meu senhor! porque era emprestado.
၅တယောက် သောသူသည် ခုတ် စဉ်တွင် ၊ ရေ ထဲသို့ ပုဆိန် ကျ ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထို” ပုဆိန်သည် ငှါး ခဲ့သောဥစ္စာ ဖြစ်ပါ၏ဟု အော်ဟစ် လျှင်၊ “
6 E disse o homem de Deus: Onde caiu? E mostrando-lhe ele o lugar, cortou um pão, e o lançou ali, e fez nadar o ferro.
၆ဘုရားသခင် ၏လူ က၊ အဘယ် မှာကျ သနည်းဟုမေး သော် ၊ ကျရာအရပ် ကိုပြ ပြီးမှ၊ ဒုတ် ကိုခုတ် ၍ ထို အရပ်၌ ချ သဖြင့် ပုဆိန် သည် ပေါ လောနေ၏
7 E disse: Levanta-o. Então ele estendeu a sua mão e o tomou.
၇ဆယ်ယူ လော့ဟု ဧလိရှဲဆို သည်အတိုင်း ၊ တပည့် သည် လက် ကို ဆန့် ၍ ဆယ်ယူ ၏
8 E o rei da Síria fazia guerra a Israel: e consultou com os seus servos, dizendo: Em tal e em tal lugar estará o meu acampamento.
၈တဖန် ရှုရိ ရှင် ဘုရင်သည် ဣသရေလ ပြည်ကို စစ် တိုက်၍ ၊ ဤ မည်သောအရပ် ၌ ငါ တို့သည် တပ်ချ ကြ ကုန်အံ့ဟု ကျွန် တို့နှင့် တိုင်ပင် သောအခါ၊””
9 Mas o homem de Deus enviou ao rei de Israel, dizendo: Guarda-te de passares por tal lugar; porque os siros desceram ali.
၉ဘုရားသခင် ၏လူ သည် ဣသရေလ ရှင်ဘုရင် ထံသို့ လူကိုစေလွှတ် ၍ ၊ ဤ မည်သောအရပ် ကို သတိ ပြုပါ။ ထို အရပ်သို့ ရှုရိ လူတို့သည် လာ ကြပြီဟု၊”
10 Pelo que o rei de Israel enviou àquele lugar, de que o homem de Deus lhe dissera, e de que o tinha avisado, e se guardou ali, não uma nem duas vezes.
၁၀သတိ ပေးသောအရပ် သို့ ဣသရေလ ရှင် ဘုရင် သည် လူ ကိုစေလွှတ် ၍ တကြိမ် နှစ်ကြိမ် မက ရန်သူတို့ကို ရှောင် လေ၏
11 Então se turbou com este incidente o coração do rei da Síria, e chamou os seus servos, e lhes disse: Não me fareis saber quem dos nossos é pelo rei de Israel?
၁၁ထို အကြောင်း ကြောင့် ရှုရိ ရှင် ဘုရင်သည် စိတ် ပူပန် ၍ ကျွန် တို့ကို ခေါ် ပြီးလျှင် ၊ ငါ တို့တွင် အဘယ်သူ သည် ဣသရေလ ရှင်ဘုရင် ဘက်၌ နေသည်ကို ငါ့ အား မ ပြ ဘဲနေကြသနည်း ဟုမေး သော်၊
12 E disse um dos seus servos: Não, ó rei meu senhor; mas o profeta Eliseo, que está em Israel, faz saber ao rei de Israel as palavras que tu falas na tua câmara de dormir.
၁၂ကျွန် တယောက် က ၊ ထိုသို့မ ဟုတ်ပါ အရှင် မင်းကြီး ၊ ကိုယ်တော် စက် တော်မူခန်း ထဲ ၌မိန့် တော်မူသော စကား ကိုပင်၊ ဣသရေလ ပြည်၌ ရှိသောပရောဖက် ဧလိရှဲ သည်၊ ဣသရေလ ရှင်ဘုရင် အား ပြန် ပြောတတ်ပါသည် ဟု လျှောက် လေ၏
13 E ele disse: vai, e vê onde ele está, para que envie, e mande traze-lo. E fizeram-lhe saber, dizendo: Eis que está em Dothan.
၁၃ရှင် ဘုရင်ကလည်း ၊ သူ သည်အဘယ် အရပ်၌ ရှိသည်ကို သွား ၍ ချောင်းကြည့် လော့။ သူ့ ကို ဘမ်းဆီး စေခြင်းငှါ ငါစေလွှတ် မည်ဟု မိန့် တော်မူပြီးမှ ၊ ဒေါသန် မြို့ ၌ ရှိပါသည်ဟု လျှောက် လေ၏
14 Então enviou para lá cavalos, e carros, e um grande exército, os quais vieram de noite, e cercaram a cidade.
၁၄ထို မြို့သို့ မြင်း စီးသူရဲ၊ ရထား စီးသူရဲ၊ ဗိုလ်ခြေ များ ကို စေလွှတ် သဖြင့် ၊ ညဉ့် အခါရောက် ၍ မြို့ ကို ဝိုင်း ကြ၏
15 E o moço do homem de Deus se levantou mui cedo, e saiu, e eis que um exército tinha cercado a cidade com cavalos e carros; então o seu moço lhe disse: Ai, meu senhor! que faremos?
၁၅နံနက်စောစောဘုရား သခင့်လူ ၏ ကျွန် သည် ထ ၍ ပြင်သို့ ထွက် သောအခါ ၊ မြင်း စီးသူရဲ၊ ရထား စီးသူရဲ၊ ဗိုလ်ခြေ တို့သည် မြို့ ကို ဝိုင်း လျက် ရှိကြသည်ဖြစ်၍၊ အိုသခင် ၊ အဘယ်သို့ ပြု ရပါမည်နည်းဟု မိမိ သခင် အား ဆို ၏
16 E ele disse: Não temas; porque mais são os que estão conosco do que os que estão com eles.
၁၆ဧလိရှဲကမ စိုးရိမ် နှင့်။ ငါ တို့ဘက် ၌ နေသောသူတို့ သည် ရန်သူ တို့ဘက် ၌ နေသော သူတို့ထက်သာ၍ များ ကြသည်ဟု ဆို လျက်၊ “
17 E orou Eliseo, e disse: Senhor, peço-te que lhe abras os olhos, para que veja. E o Senhor abriu os olhos do moço, e viu; e eis que o monte estava cheio de cavalos e carros de fogo, em redor de Eliseo.
၁၇အိုထာဝရဘုရား ၊ ဤသူသည် မြင် နိုင်မည် အကြောင်း သူ ၏မျက်စိ ကို ဖွင့် တော်မူပါဟု ဆုတောင်း သည်အတိုင်း ၊ ထာဝရဘုရား သည် ထိုလုလင် ၏ မျက်စိ ကို ဖွင့် တော်မူသဖြင့် ၊ ဧလိရှဲ ပတ်လည် ၌ တတောင် လုံး သည်မီး မြင်း ၊ မီးရထား နှင့် ပြည့် သည်ကို မြင် လေ၏
18 E, como desceram a ele, Eliseo orou ao Senhor, e disse: Fere, peço-te, esta gente de cegueira. E feriu-a de cegueira, conforme a palavra de Eliseo.
၁၈ရှုရိလူ တို့သည် ရောက် လာသောအခါ ၊ ဧလိရှဲ က၊ အိုထာဝရ ဘုရား ၊ ဤ သူ တို့၏ မျက်စိ မမြင်စေခြင်းငှါ ၊ ဒဏ်ခတ် တော်မူပါဟု ဆုတောင်း သည်အတိုင်း ၊ ဒဏ်ခတ် တော်မူ၏
19 Então Eliseo lhes disse: Não é este o caminho, nem é esta a cidade; segui-me, e guiar-vos-ei ao homem que buscais. E os guiou a Samaria.
၁၉ဧလိရှဲ ကလည်း ၊ ဤ လမ်း မ ဟုတ်။ ဤ မြို့ လည်း မ ဟုတ်။ ငါ့ နောက် သို့လိုက် ကြ။ သင်တို့ရှာ သောသူ ရှိရာသို့ ငါပို့ မည်ဟု ဆို လျက် ရှမာရိ မြို့သို့ ပို့ လေ၏
20 E sucedeu que, chegando eles a Samaria, disse Eliseo: Ó Senhor, abre a estes os olhos para que vejam. O Senhor lhes abriu os olhos, para que vissem, e eis que estavam no meio de Samaria.
၂၀မြို့ထဲသို့ ရောက် ပြီးမှ ဧလိရှဲ က၊ အိုထာဝရဘုရား ၊ ဤသူတို့သည် မြင် နိုင်မည်အကြောင်း သူ တို့၏ မျက်စိ ကို ဖွင့် တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ သူ တို့၏မျက်စိ ကို ဖွင့် တော်မူသဖြင့် ၊ သူတို့သည် မြင် ၍ ရှမာရိ မြို့ထဲမှာ ရှိ သည်ဟု သိကြ၏
21 E, quando o rei de Israel os viu, disse a Eliseo: feri-los-ei, feri-los-ei, meu pai?
၂၁ဣသရေလ ရှင်ဘုရင် ကလည်း ၊ အဘ ၊ ထိုသူ တို့ကိုထားနှင့် သတ် ရပါမည်လော ဟု ဧလိရှဲ အား မေး လျှင်၊
22 Mas ele disse: Não os ferirás; feririas tu os que tomasses prisioneiros com a tua espada e com o teu arco? põe-lhes diante pão e água, para que comam e bebam, e se vão para seu senhor.
၂၂မ သတ် ပါနှင့်။ ထား နှင့် ခုတ် လျက် ၊ လေး နှင့် ပစ်လျက်စစ်တိုက်၍ ဘမ်းမိသောသူတို့ကိုသတ် ရမည် လော။ သူတို့ရှေ့မှာ မုန့် နှင့် ရေ ကိုထည့် ၍သူတို့သည် စား သောက် ပြီးမှ ၊ မိမိ တို့သခင် ထံသို့ သွား ပါစေဟု ဆို လျှင်၊
23 E apresentou-lhes um grande banquete, e comeram e beberam; e os despediu e foram para seu senhor: e não entraram mais tropas de siros na terra de Israel.
၂၃များ စွာသော စားစရာ ကို ပြင်ဆင် ၍ စား သောက် စေပြီးမှ လွှတ် လိုက်သဖြင့် ၊ သူတို့သည် မိမိ တို့ သခင် ထံသို့ ပြန် သွားကြ၏။ ထိုနောက်မှရှုရိ လူ တို့သည် အလို အလျောက်တပ်ဖွဲ့၍ ဣသရေလ ပြည် သို့ မ လာ ကြ
24 E sucedeu, depois disto, que Ben-hadad, rei da Síria, ajuntou todo o seu exército: e subiu, e cercou a Samaria.
၂၄နောက် တဖန်ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် ဗိုလ်ခြေ အပေါင်း ကို စုဝေး စေသဖြင့် စစ်ချီ ၍ ရှမာရိ မြို့ကို ဝိုင်း ထား၏
25 E houve grande fome em Samaria, porque eis que a cercaram, até que se vendeu uma cabeça dum jumento por oitenta peças de prata, e a quarta parte dum cabo desterco de pombas por cinco peças de prata.
၂၅ကြာမြင့်စွာဝိုင်း ထားသောကြောင့် ၊ ရှမာရိ မြို့၌ အလွန် အစာခေါင်းပါး ၍ ၊ မြည်း ခေါင်း တလုံးကို ငွေ ရှစ် ဆယ်နှင့် ၎င်း၊ ပဲကြမ်း တ ပြည်ကို ငွေ ငါး ကျပ်နှင့် ၎င်း ရောင်းရ ၏
26 E sucedeu que, passando o rei pelo muro, uma mulher lhe bradou, dizendo: Acode-me, ó rei meu senhor.
၂၆ဣသရေလ ရှင် ဘုရင်သည် မြို့ရိုး ပေါ် မှာ ရှောက်သွား စဉ်၊ မိန်းမ တယောက်ကအရှင် မင်းကြီး ၊ ကယ်မ တော်မူပါဟု အော်ဟစ် ၏
27 E ele lhe disse: Se o Senhor te não acode, de onde te acudirei eu? da eira ou do lagar?
၂၇ရှင်ဘုရင်က၊ ထာဝရဘုရား ကယ်မ တော်မ မူလျှင် ၊ ငါသည် အဘယ်သို့ ကယ်မ နိုင်မည်နည်း။ စပါး နယ်ရာတလင်း၊ စပျစ်သီး နယ်ရာ ကျင်းထဲက ကယ်မရမည်လော ဟူ၍၎င်း၊”
28 Disse-lhe mais o rei: Que tens? E disse ela: Esta mulher me disse: Dá cá o teu filho, para que hoje o comamos, e amanhã comeremos o meu filho.
၂၈သင် ၌ အဘယ် သို့ဖြစ်သနည်းဟူ၍၎င်း မေး လျှင်၊ မိန်းမက၊ ဤ မိန်းမ သည်ကျွန်မ ဆီ သို့လာ၍၊ သင့် သား ကို ယနေ့ ငါတို့စား ဘို့အပ် ပါ။ နက်ဖြန် နေ့၌ ငါ့ သား ကို စား ရမည်ဟုဆို သည်အတိုင်း၊”
29 Cozemos pois o meu filho, e o comemos; mas dizendo-lhe eu ao outro dia: Dá cá o teu filho, para que o comamos; escondeu o seu filho.
၂၉ကျွန်မ ၏သား ကို ပြုတ် ၍ စား ကြပါ၏။ နက်ဖြန် နေ့၌ ကျွန်မ က ၊ သင် ၏သား ကို ငါတို့စား ဘို့ အပ် ပါဟု တောင်းသော်၊” သူသည် မိမိ” သား ကို ဝှက် ထားပါသည်ဟု လျှောက် လေ၏
30 E sucedeu que, ouvindo o rei as palavras desta mulher, rasgou os seus vestidos, e ia passando pelo muro; e o povo viu que eis que trazia cilício por dentro, sobre a sua carne.
၃၀ရှင် ဘုရင်သည် ထိုမိန်းမ ၏စကား ကို ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် လေ၏။ မြို့ရိုး ပေါ် မှာ ရှောက်သွား စဉ် လူ တို့သည်ကြည့် ၍ ၊ အတွင်း ၌ လျှော်တေ အဝတ်ဖြင့် ဝတ်တော်မူကြောင်းကိုသိမြင် ရကြ၏
31 E disse: Assim me faça Deus, e outro tanto, se a cabeça de Eliseo, filho de Saphat, hoje ficar sobre ele.
၃၁ရှင်ဘုရင်ကလည်း၊ ရှာဖတ် သား ဧလိရှဲ ၏ ဦးခေါင်း သည် ယနေ့ သူ့ ကိုယ်နှင့် မ ကွာဘဲနေလျှင် ၊ ထာဝရဘုရား သည် ထိုမျှမက ၊ ငါ ၌ ပြု တော်မူပါစေသော ဟု ဆို ၏
32 Estava então Eliseo assentado em sua casa, e também os anciãos estavam assentados com ele. E enviou o rei um homem de diante de si; mas, antes que o mensageiro viesse a ele, disse ele aos anciãos: Vistes como o filho do homicida mandou tirar-me a cabeça? olhai pois que, quando vier o mensageiro lhe fecheis a porta, e o empuxeis para fora com a porta; porventura não vem o ruído dos pés de seu senhor após ele?
၃၂ဧလိရှဲ သည် မိမိ အိမ် ၌ ထိုင် ၍ အသက် ကြီးသူတို့ သည် သူ နှင့်အတူ ထိုင် ကြစဉ်၊ ရှင်ဘုရင်သည် မိမိ ရှေ့ မှာ လူ တယောက်ကို စေလွှတ် ၏။ ထိုတမန် မ ရောက် မှီ ဧလိရှဲက၊ လူသတ် ၏သား သည် ငါ့ လည်ပင်း ကို ဖြတ် စေခြင်းငှါ ၊ စေလွှတ် သည်ကို သိမြင် ကြသလော။ ထိုတမန်” ရောက် သောအခါ ၊ တံခါး ကိုပိတ် ၍ ၊ တံခါး နား မှာသူ့ ကို ဆီးတား ကြလော့။ သူ့ နောက် မှာသူ့ သခင် ခြေ သံ မ မြည် သလော ဟု၊”
33 E, estando ele ainda falando com eles, eis que o mensageiro descia a ele; e disse: Eis que este mal vem do Senhor, que mais pois esperaria do Senhor?
၃၃အသက်ကြီး သူတို့အား ပြော စဉ်တွင်၊” ထိုတမန်” သည် ရောက် လာ၏။ ရှင်ဘုရင်ကိုယ်တိုင်ရောက်လျှင်၊ ဤ အမှုသည် ထာဝရဘုရား စီရင်သော အမှုဖြစ်၏။ ထာဝရဘုရား ကျေးဇူးကို အဘယ် ကြောင့်မြော်လင့် ရသေးသနည်းဟုဆို သော်၊ “