< 2 Reis 25 >

1 E sucedeu que, no nono ano do seu reinado, no mês décimo, aos dez do mes, Nabucodonosor, rei de Babilônia, veio contra Jerusalém, ele e todo o seu exército, e se acampou contra ela, e levantaram contra ela tranqueiras em redor.
ဇေဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက် နေ့တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊
2 E a cidade foi sitiada até ao undécimo ano do rei Zedekias.
ဇေဒကိမင်း နန်းစံတဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။
3 Aos nove do mês quarto, quando a cidade se via apertada da fome, nem havia pão para o povo da terra.
ထိုနှစ်စတုတ္ထလကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ၊
4 Então a cidade foi arrombada, e todos os homens de guerra fugiram de noite pelo caminho da porta, entre os dois muros que estavam junto ao jardim do rei (porque os caldeus estavam contra a cidade em redor), e o rei se foi pelo caminho da campina.
ခါလဒဲ လူတို့သည်မြို့ရိုးကို ဖြိုဖောက်၍ မြို့ကို လည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့ သည် ညဉ့်အခါ ပြေး၍မြို့ရိုးနှစ်ထပ်စပ်ကြား ဥယျာဉ် တော်နားတံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။
5 Porém o exército dos caldeus perseguiu o rei, e o alcançaram nas campinas de Jericó: e todo o seu exército se dispersou dele.
ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ကို လိုက်၍ ယေရိခေါလွင်ပြင်၌ မှီသဖြင့်၊ ဇေဒကိမင်း၏ စစ်သူရဲ အပေါင်းတို့သည် လွင့်ပြေးကြ၏။
6 E tomaram o rei, e o fizeram subir ao rei de Babilônia, a Ribla: e procederam contra ele.
ရန်သူတို့သည် ရှင်ဘုရင်ကိုဘမ်းဆီး၍ ဗာဗုလုန် ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြောစီရင်သည် အတိုင်း၊
7 E aos filhos de Zedekias degolaram diante dos seus olhos: e vasaram os olhos a Zedekias, e o ataram com duas cadeias de bronze, e o levaram a Babilônia.
ဇေဒကိမင်း၏ သားတို့ကို အဘမျက်မှောက်၌ သတ်ကြ၏။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူကိုကြေးဝါးကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွား ကြ၏။
8 E no quinto mês no sétimo dia do mês (este era o ano décimo nono de Nabucodonosor rei de Babylonia), veio Nebuzaradan, capitão da guarda, servo do rei de Babilônia, a Jerusalém,
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာနန်းစံ ဆယ် ကိုးနှစ်၊ ပဥ္စမလ ခုနစ်ရက်နေ့တွင်၊ အမှုတော်ထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့ လာ၍၊
9 E queimou a casa do Senhor e a casa do rei, como também todas as casas de Jerusalém, e todas as casas dos grandes, queimou.
ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ၏။
10 E todo o exército dos caldeus, que estava com o capitão da guarda, derribou os muros em redor de Jerusalém.
၁၀ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲစစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက် ကြ၏။
11 E o mais do povo que deixaram ficar na cidade, e os rebeldes que se renderam ao rei de Babilônia, e o mais da multidão, Nebuzaradan, o capitão da guarda, levou presos.
၁၁ထိုအခါကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောသူ၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောသူ၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွား လေ၏။
12 Porém dos mais pobres da terra deixou o capitão da guarda ficar alguns para vinheiros e para lavradores.
၁၂သို့ရာတွင် စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ် စေခြင်းငှါ၊ ဆင်းရဲသားအချို့တို့ကိုထားခဲ့လေ၏။
13 Quebraram mais os caldeus as colunas de cobre que estavam na casa do Senhor, como também as bases e o mar de cobre que estavam na casa do Senhor: e levaram o seu bronze para Babilônia.
၁၃ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါ ရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဒဲလူတို့သည် ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွား ကြ၏။
14 Também tomaram as caldeiras, e as pás, e os apagadores, e os perfumadores, e todos os vasos de cobre, com que se ministrava.
၁၄အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ ကြေးဝါတန်ဆာရှိသမျှ တို့ကိုလည်း ယူသွားကြ၏။
15 Também o capitão da guarda tomou os braseiros, e as bacias, o que era de puro ouro, em ouro e o que era de prata, em prata.
၁၅ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော လင်ပန်း၊ အိုးအစရှိသော တန်ဆာများကို ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။
16 As duas colunas, um mar, e as bases, que Salomão fizera para a casa do Senhor: o cobre de todos estes vasos não tinha peso.
၁၆ဗိမာန်တော်၌ ရှောလမုန်မင်းလုပ်သော တိုင်နှစ် တိုင်၊ ရေကန်တခု၊ အခြေအမြစ်များ၌ပါသော ကြေးဝါ သည် အချိန်အားဖြင့် အတိုင်းမသိ များ၏။
17 A altura de uma coluna era de dezoito côvados, e sobre ela havia um capitel de cobre, e de altura tinha o capitel três côvados; e a rede, e as romãs em roda do capitel, tudo era de cobre; e semelhante a esta era a outra coluna com a rede.
၁၇တိုင်အမြင့်ကားတဆယ်ရှစ်တောင်ရှိ၏။ ကြေးဝါ တိုင်ထိပ်လည်း ရှိ၏။ တိုင်ထိပ်အမြင့်ကား သုံးတောင်ရှိ၍၊ ထိပ်ပတ်လည်း ကြေးဝါကွန် ရွက်၊ ကြေးဝါသလဲသီးတို့နှင့် ပြည့်စုံ၏။ အခြားသောတိုင်သည်လည်း ထိုအတူဖြစ်၍ ကွန်ရွက်နှင့် ပြည့်စုံ၏။
18 Também o capitão da guarda tomou a Seraias, primeiro sacerdote, e a Zephanias segundo sacerdote, e aos três guardas do umbral da porta.
၁၈ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်း စရာယ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ၊ ဗိမာန်တော် တံခါးမှူး သုံးယောက်တို့ကို ဘမ်းဆီးလေ၏။
19 E da cidade tomou a um eunuco, que tinha cargo da gente de guerra, e a cinco homens dos que viam a face do rei, e se acharam na cidade, como também ao escrivão-mór do exército, que registrava o povo da terra para a guerra, e a sessenta homens do povo da terra, que se acharam na cidade.
၁၉စစ်သူရဲတို့ကိုအုပ်သော ဗိုလ်တယောက်၊ မြို့ထဲ ၌တွေ့မိသော တိုင်ပင်မှူးမတ်ငါးယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သားခြောက်ဆယ်တို့ ကိုမြို့ထဲကခေါ်သွား၍၊
20 E tomando-os Nebuzaradan, o capitão da guarda, os trouxe ao rei de Babilônia, a Ribla.
၂၀ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ဆောင်ခဲ့ ပြီးလျှင်၊
21 E o rei de Babilônia os feriu e os matou em Ribla, na terra de Hamath: e Judá foi levado preso para fora da sua terra.
၂၁ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည်ရိဗလမြို့ ၌ ထိုသူတု့ကို ဒဏ်ပေး၍ ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကို ခံရ သတည်း။
22 Porém, quanto ao povo que ficava na terra de Judá, e Nabucodonosor, rei de Babilônia, deixou ficar, pôs sobre ele por maioral a Gedalias, filho de Ahikam, filho de Saphan.
၂၂ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အခွင့်နှင့် ယုဒပြည်၌ ကျန်ကြွင်းသေးသော လူတို့ကို အုပ်ရသော မင်းအရာ၌၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကို ခန့်ထားတော်မူ၏။
23 Ouvindo pois os capitães dos exércitos, eles e os seus homens, que o rei de Babilônia pusera a Gedalias por maioral, vieram a Gedalias, a Mispah, a saber: Ishmael, filho de Nethanias, e Johanan, filho de Kareath, e Seraias, filho de Tanhumeth, o netophatita, e Jazanias, filho do Maacatita, eles e os seus homens.
၂၃ဗာဗုလုန်ရှင်ဘုရင်သည် ဂေဒလိကို ပြည်အုပ် အရာ၌ခန့်ထားကြောင်းကို တပ်မှူးတို့နှင့် စစ်သူရဲများ တို့သည် ကြားသိသောအခါ၊ နာသနိသားဣရှမေလ၊ ကာရာသားယောဟနန်၊ နေတောဖတ်အမျိုး၊ တာနုမက် သားစရာယ၊ မာခလိအမျိုးသားယေဇနိတို့သည် မိမိ လူများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊
24 E Gedalias jurou a eles e aos seus homens, e lhes disse: Não temais ser servos dos caldeus: ficai na terra, e servi ao rei de Babilônia, e bem vos irá.
၂၄ဂေဒလိက၊ ခါလဒဲမင်းအမှုကို ဆောင်ရွက်ရ မည်အခွင့်ကို မစိုးရမ်ကြနှင့်။ ဤပြည်၌နေကြလော့။ ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင် ချမ်းသာရကြလိမ့်မည်ဟူ၍ ထိုသူတို့အား ကျိန်ဆိုလေ၏။
25 Sucedeu, porém, que, no sétimo mes, veio Ishmael, filho de Nethanias, o filho de Elisama, da semente real, e dez homens com ele, e feriram a Gedalias, e ele morreu, como também aos judeus, e aos caldeus que estavam com ele em Mispah.
၂၅သတ္တမလတွင်၊ ဆွေတော်မျိုးတော် ဧလိရှမာ သားသနိ၏ သားဣရှမေလသည် လူတကျိပ်နှင့်တကွ လာ၍ ဂေဒလိကို၎င်း၊ မိဇပါမြို့ ၌ ဂေဒလိထံမှာရှိသော ယုဒလူတို့နှင့် ခါလဒဲလူတို့ကို၎င်း သေအောင် လုပ်ကြံ လေ၏။
26 Então todo o povo se levantou, desde o mais pequeno até ao maior, como também os capitães dos exércitos, e vieram ao Egito, porque temiam os caldeus.
၂၆ထိုအခါ တပ်မှူးများနှင့် ပြည်သူပြည်သား အကြီးအငယ်အပေါင်းတို့သည် ခါလဒဲလူတို့ကို ကြောက် သောကြောင့် ထ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။
27 Depois disto sucedeu que, no ano trinta e sete do cativeiro de Joaquim, rei de Judá, no mês duodécimo, aos vinte e sete do mes, Evil-merodac, rei de Babilônia, levantou, no ano em que reinou, a cabeça de Joaquim, rei de Judá, da casa da prisão.
၂၇ယုဒရှင်ဘုရင် ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလနှစ်ဆယ် ခုနစ် ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမေရော ဒက်နန်းစံ စက၊ ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲက နှုတ်၍ ချမ်းသာပေးလေ၏။
28 E lhe falou benignamente: e pôs o seu trono acima do trono dos reis que estavam com ele em Babilônia.
၂၈ကောင်းမွန်စွာ နှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှာ အထံတော်၌ ရှိသောမင်း ကြီးများထိုင်ရာ ပလ္လင်တို့ထက် ချီးမြှင့်လေ၏။
29 E lhe mudou os vestidos da prisão, e de contínuo comeu pão na sua presença todos os dias da sua vida.
၂၉ယေခေါနိမင်းသည် ထောင်ထဲမှာ ဝတ်သော အဝတ်ကို လဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ်မပြတ်အထံတော်၌ စားသောက်ရ၏။
30 E, quanto à sua subsistência, pelo rei lhe foi dada subsistência continua, a porção de cada dia no seu dia, todos os dias da sua vida.
၃၀အသက်ရှည်သမျှနေ့ရက် အစဉ်မပြတ်သူ စားစရာဘို့ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ၏။

< 2 Reis 25 >