< 2 Reis 24 >
1 Nos seus dias subiu Nabucodonosor, rei de Babilônia, e Joaquim ficou três anos seu servo; depois se virou, e se rebelou contra ele.
၁ယောယကိမ်မင်းလက်ထက် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ယောယကိမ်သည် သုံးနှစ် ကျွန်ခံပြီးမှ တဖန်လှန်ပြန်၍ ပုန်ကန်လေ၏။
2 E Deus enviou contra ele as tropas dos caldeus, e as tropas dos siros, e as tropas dos moabitas, e as tropas dos filhos de Ammon; e as enviou contra Judá, para o destruir, conforme a palavra do Senhor, que falara pelo ministério de seus servos, os profetas.
၂ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသော စကားတော်အတိုင်း၊ ယုဒပြည်ကို ဖျက်သိမ်းစေခြင်းငှါ၊ ခါလဒဲတပ်သား၊ ရှုရိတပ်သား၊ မောဘတပ်သား၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော် မူ၏။
3 E, na verdade, conforme o mandado do Senhor, assim sucedeu a Judá, que a tirou de diante da sua face, por causa dos pecados de Manasseh, conforme tudo quanto fizera.
၃မနောရှမင်းပြုမိသမျှသောအပြစ်၊
4 Como também por causa do sangue inocente que derramou, enchendo a Jerusalém de sangue inocente: e por isso o Senhor não quis perdoar.
၄အသေမခံထိုက်သော သူတို့ကို သတ်၍ သူတို့ အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များ ကို ထာဝရဘုရားသည် လွှတ်တော်မမူ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှါ စီရင်တော်မူသည် အတိုင်းသာ ထိုအမှုရောက်သတည်း။
5 Ora o mais dos sucessos de Joaquim, e tudo quanto fez, porventura não está escrito no livro das crônicas dos reis de Judá?
၅ယောယကိမ်ပြုမူသော အမှုအရာကြွင်းလေ သမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
6 E Joaquim dormiu com seus pais: e Joachin, seu filho, reinou em seu lugar.
၆ယောယကိမ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော် ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
7 E o rei do Egito nunca mais saiu da sua terra; porque o rei de Babilônia tomou tudo quanto era do rei do Egito, desde o rio do Egito até ao rio Euphrates.
၇အဲဂုတ္တုမြစ်မှစ၍ ဥဖရတ်မြစ်တိုင်အောင် အဲဂုတ္တုရှင်ဘုရင်ပိုင်သမျှသော မြေကို ဗာဗုလုန်ရှင်ဘုရင် သောကြောင့်၊ နောက်တဖန် အဲဂုတ္တုရှင်ဘုရင်သည် မိမိပြည်မှ မချီမထွက်ရ။
8 Tinha Joachin dezoito anos de idade quando começou a reinar, e reinou três meses em Jerusalém: e era o nome de sua mãe, Nehustha, filha de Elnathan, de Jerusalém.
၈ယေခေါနိသည် အသက်ဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သား ဧလနာ သန်၏သမီး နဟုတ္တအမည်ရှိ၏။
9 E fez o que parecia mal aos olhos do Senhor, conforme tudo quanto fizera seu pai.
၉ထိုမင်းသည် ခမည်းတော်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ဒုစရိုက်ကိုပြု၏။
10 Naquele tempo subiram os servos de Nabucodonosor, rei de Babilônia, a Jerusalém, e a cidade foi cercada.
၁၀ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ ၏။
11 Também veio Nabucodonosor, rei de Babilônia, contra a cidade, quando já os seus servos a estavam cercando.
၁၁ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက်၍၊ သူ၏ကျွန်တို့သည် မြို့ကို ဝိုင်းထား ကြသောအခါ၊
12 Então saiu Joachin, rei de Judá, ao rei de Babilônia, ele, e sua mãe, e seus servos, e seus príncipes, e seus eunucos; e o rei de Babilônia o tomou preso, no ano oitavo do seu reinado.
၁၂ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန် ရှင်ဘုရင်ထံသို့ ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံ ရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ၏။
13 E tirou dali todos os tesouros da casa do Senhor, e os tesouros da casa do rei: e fendeu todos os vasos de ouro, que fizera Salomão, rei de Israel, no templo do Senhor, como o Senhor tinha dito.
၁၃ထာဝရဘုရား မိန့်တော်မူဘူးသည်အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်း သွား၍၊ ဗိမာန်တော်အဘို့ ဣသရေလ ရှင်ဘုရင်လုပ် သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်းပိုင်းဖြတ်လေ၏။
14 E transportou a toda a Jerusalém, como também a todos os príncipes, e a todos os homens valorosos, dez mil presos, e a todos os carpinteiros e ferreiros: ninguém ficou senão o povo pobre da terra.
၁၄ယေရုရှလင်မြို့သား မှူးမတ်၊ ခွန်အားကြီးသော စစ်သူရဲတသောင်း၊ အထူးထူးအပြားပြားသော ဆရာ သမားအပေါင်းတို့ကို သိမ်းသွား၍၊ သာမညဆင်းရဲသားမှ တပါးအဘယ်သူမျှ မကျန်ကြွင်းရ။
15 Assim transportou Joachin a Babilônia; como também a mãe do rei, e as mulheres do rei, e os seus eunucos, e os poderosos da terra levou presos de Jerusalém a Babilônia.
၁၅ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရား များ၊ အရာရှိများ၊ အားကြီးသော ပြည်သားများ အပေါင်း၊
16 E todos os homens, valentes, até sete mil, e carpinteiros e ferreiros até mil, e todos os varões dextros na guerra, a estes o rei de Babilônia, levou presos para Babilônia.
၁၆စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ ရှိသမျှ၊ ခွန်အားကြီးသော လူခုနစ်ထောင်၊ အထူးထူးအပြား အပြားသော ဆရာသမားတထောင်တို့ကို ယေရုရှလင် မြို့မှ ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ၏။
17 E o rei de Babilônia estabeleceu a Mathanias, seu tio, rei em seu lugar: e lhe mudou o nome em Zedekias.
၁၇ဗာဗုလုန် ရှင်ဘုရင်သည် ယေခေါနိ ဘထွေး တော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍ ယေခေါနိ အရာ၌ နန်းတင်၏။
18 Tinha Zedekias vinte e um anos de idade quando começou a reinar, e reinou onze anos em Jerusalém: e era o nome de sua mãe Hamutal, filha de Jeremias, de Libna.
၁၈ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌တဆယ်တနှစ်စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏သမီး ဟာမု ဘာလအမည်ရှိ၏။
19 E fez o que parecia mal aos olhos do Senhor, conforme tudo quanto fizera Joaquim.
၁၉ထိုမင်းသည် ယောယကိမ်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
20 Porque assim sucedeu por causa da ira do Senhor contra Jerusalém, e contra Judá, até os rejeitar de diante da sua face: e Zedekias se rebelou contra o rei de Babilônia.
၂၀ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင် မြို့သားတို့ကို အထံတော်မှ မနှင့်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ၏။