< Romanos 15 >
1 Mas nós, que somos fortes, devemos supportar as fraquezas dos fracos, e não agradar a nós mesmos.
၁ယုံကြည်ခြင်းခိုင်မာသူငါတို့သည် ယုံကြည် ခြင်းအားနည်းသူတို့၏ဝန်များကိုကူညီ ထမ်းသင့်၏။ ငါတို့သည်ကိုယ့်အလိုကိုလိုက် ၍မလုပ်ဆောင်ရ။-
2 Portanto cada um de nós agrade ao seu proximo no que é bom para edificação.
၂ငါတို့ရှိသမျှသည်ယုံကြည်ခြင်းမခိုင်မာသေး သောညီအစ်ကိုများ၏ယုံကြည်ခြင်းခိုင်မာလာ စေရန် သူတို့၏အကျိုးကိုထောက်၍သူတို့၏ အလိုကိုလိုက်သင့်၏။-
3 Porque tambem Christo não agradou a si mesmo, mas, como está escripto: Sobre mim cairam as injurias dos que te injuriavam.
၃``ကိုယ်တော်အားလူတို့စော်ကားပြောဆိုခြင်း သည်အကယ်ပင်အကျွန်ုပ်အားစော်ကားပြောဆို ခြင်းဖြစ်ပါ၏'' ဟုကျမ်းစာတော်တွင်ဖော်ပြ ထားသည့်အတိုင်းခရစ်တော်သည်မိမိ၏ အလိုတော်ကိုလိုက်တော်မမူ။-
4 Porque todas as coisas que d'antes foram escriptas, para nosso ensino foram escriptas, para que pela paciencia e consolação das Escripturas tenhamos esperança.
၄ကျမ်းစာတော်တွင်ရေးသားဖော်ပြထားသမျှ သောအရာတို့သည် ငါတို့အားသွန်သင်ဆုံးမရန် အတွက်ဖြစ်၏။ ယင်းသို့ရေးသားဖော်ပြရခြင်း မှာငါတို့သည်ကျမ်းစာတော်မှရရှိသည့် သည်းခံ မှုနှင့်နှစ်သိမ့်မှုတို့အားဖြင့်မိမိတို့၌မျှော်လင့် ခြင်းရရှိနိုင်ကြစေရန်ပင်ဖြစ်၏။-
5 Ora o Deus de paciencia e consolação vos conceda que entre vós sintaes uma mesma coisa, segundo Jesus Christo.
၅သင်တို့အပေါင်းသည်ခရစ်တော်ယေရှု၏စံန မူနာကိုလိုက်၍တစ်စိတ်တစ်ဝမ်းတည်းရှိကြ စေရန် သည်းခံမှုနှင့်နှစ်သိမ့်မှု၏အရှင်ဘုရား သခင်သည်သင်တို့အားကူမတော်မူပါစေ သော။-
6 Para que concordes, a uma bocca, glorifiqueis ao Deus e Pae de Nosso Senhor Jesus Christo.
၆သို့မှသာသင်တို့အပေါင်းသည်တညီတညွတ် တည်းဖြင့်ငါတို့အရှင်ယေရှုခရစ်၏ခမည်း တော်ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး နိုင်ကြလိမ့်မည်။
7 Portanto recebei uns aos outros, como tambem Christo nos recebeu para gloria de Deus.
၇ထို့ကြောင့်ခရစ်တော်သည် သင်တို့ကိုလက်ခံ သကဲ့သို့ဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန် သင်တို့သည်လည်းအချင်း ချင်းတစ်ယောက်ကိုတစ်ယောက်လက်ခံကြလော့။-
8 Digo pois que Jesus Christo foi ministro da circumcisão, por causa da verdade de Deus, para confirmar as promessas feitas aos paes;
၈ဘုရားသခင်သည်ကတိတည်တော်မူသော အရှင်ဖြစ်ကြောင်းကိုပြသရန်၊ တစ်နည်းအား ဖြင့်ဘိုးဘေးတို့အားဘုရားသခင်ထားတော် မူသောကတိတော်ကိုအကောင်အထည်ဖော်ရန် ခရစ်တော်သည်ယုဒအမျိုးသားတို့၏အကျိုး ငှာဆောင်ရွက်တော်မူသည်ဟုငါဆို၏။ လူမျိုး ခြားတို့ပင်လျှင်ဘုရားသခင်၏ကရုဏာ တော်ကိုချီးကူးနိုင်ကြစေရန်အတွက်လည်း ဆောင်ရွက်တော်မူ၏။ ကျမ်းစာတော်တွင်၊ ``ထို့ကြောင့်အကျွန်ုပ်သည်လူမျိုးခြားတို့အထဲတွင် ကိုယ်တော်၏ဂုဏ်တော်ကိုချီးကူးပါမည်။ ကိုယ်တော်အားထောမနာသီချင်းဆိုပါမည်'' ဟုဖော်ပြပါရှိသည့်အတိုင်းပင်ဖြစ်ပေ သည်။-
9 E para que os gentios glorifiquem a Deus pela sua misericordia, como está escripto: Portanto eu te confessarei entre os gentios, e cantarei ao teu nome.
၉
10 E outra vez diz: Alegrae-vos, gentios, com o seu povo.
၁၀တစ်ဖန်ကျမ်းစာတော်တွင်၊ ``လူမျိုးခြားတို့၊ကိုယ်တော်၏လူစုတော်နှင့် အတူ ရွှင်လန်းဝမ်းမြောက်ကြလော့'' ဟူ၍လည်းကောင်း၊
11 E outra vez: Louvae ao Senhor, todos os gentios, e celebrae-o, todos os povos.
၁၁``လူမျိုးခြားအပေါင်းတို့၊ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးကူးကြလော့။ လူမျိုးအပေါင်းတို့၊ကိုယ်တော်၏ ဂုဏ်တော်ကိုချီးကူးကြလော့'' ဟူ၍လည်းကောင်းဖော်ပြပါရှိ၏။-
12 E outra vez diz Isaias: Uma raiz de Jessé haverá, e n'aquelle que se levantar para reger os gentios esperarão os gentios.
၁၂တစ်ဖန်ဟေရှာယက၊ ``ယေရှဲ၏သားမြေးတစ်ဦးသည်ပေါ်ထွန်း လာလိမ့်မည်။ သူသည်လူမျိုးခြားတို့ကိုအုပ်စိုးတော်မူမည် ဖြစ်၍၊ ထိုသူတို့သည်သူ့ကိုအားကိုးမျှော်လင့်ကြလိမ့်မည်'' ဟုဖော်ပြ၏။-
13 Ora o Deus de esperança vos encha de todo o gozo e paz na fé, para que abundeis em esperança pela virtude do Espirito Sancto.
၁၃သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် သင်တို့၏မျှော်လင့်ခြင်းပါရမီကြွယ်ဝစေ ခြင်းငှာ မျှော်လင့်ခြင်း၏အရှင်ဘုရားသခင် သည် သင်တို့၏ယုံကြည်မှုကြောင့်သင်တို့အား ဝမ်းမြောက်ခြင်းအမျိုးမျိုးနှင့်ငြိမ်သက်ခြင်း ကိုပေးသနားတော်မူပါစေသော။
14 Porém, meus irmãos, certo estou, a respeito de vós, que tambem vós mesmos estaes cheios de bondade, cheios de todo o conhecimento, e poderosos para tambem vos admoestardes uns aos outros.
၁၄ညီအစ်ကိုတို့၊ သင်တို့သည်ကောင်းမြတ်ခြင်း ပါရမီနှင့်လည်းကောင်း၊ အသိပညာအမျိုး မျိုးနှင့်လည်းကောင်းပြည့်စုံလျက်အချင်းချင်း သွန်သင်နိုင်ကြကြောင်းကိုငါစိတ်ချယုံ ကြည်၏။-
15 Mas, irmãos, em parte vos escrevi mais ousadamente, como trazendo-vos outra vez isto á memoria, pela graça que por Deus me foi dada;
၁၅သို့သော်ဤစာတွင်အချို့အမှုကိစ္စများနှင့် ပတ်သက်၍သင်တို့အားသတိပေးရာ၌ ငါ သည်ဘုရားသခင်ပေးသနားတော်မူသော အခွင့်ထူးကိုအကြောင်းပြု၍ရဲတင်း ပွင့်လင်းစွာရေးသားထား၏။-
16 Para que seja ministro de Jesus Christo entre os gentios, administrando o evangelho de Deus, para que seja agradavel a offerta dos gentios, sanctificada pelo Espirito Sancto.
၁၆ထိုအခွင့်ထူးမှာလူမျိုးခြားတို့အတွက်အမှု တော်ဆောင်ရန် ခရစ်တော်ယေရှု၏အစေခံဖြစ် ရသောအခွင့်ထူးပင်ဖြစ်၏။ လူမျိုးခြားတို့ သည်ဘုရားသခင်နှစ်သက်ဖွယ်ရာပူဇော် သကာအဖြစ် ဘုရားသခင်အားသန့်ရှင်းသော ဝိညာဉ်တော်ကဆက်ကပ်သူများဖြစ်လာ ကြစေရန် ငါသည်ယဇ်ပုရောဟိတ်၏လုပ်ငန်း တာဝန်ကိုထမ်းဆောင်လျက် ဘုရားသခင် ထံတော်မှသတင်းကောင်းကိုဟောပြော ကြေညာ၏။-
17 De sorte que tenho gloria em Jesus Christo nas coisas que pertencem a Deus.
၁၇ထို့ကြောင့်ငါသည်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်လျက် ဘုရားသခင်၏ အမှုတော်ကိုဆောင်ရွက်ရသည့်အတွက်ဂုဏ် ယူဝါကြွားနိုင်၏။-
18 Porque não ousaria dizer coisa alguma, que Christo por mim não tenha feito, para obediencia dos gentios, por palavra e por obras;
၁၈လူမျိုးခြားတို့သည်ဘုရားသခင်၏စကား ကိုနာခံလာကြစေရန်ငါ၏အပြောအဆို အပြုအမူများအားဖြင့်လည်းကောင်း၊ ထူး ဆန်းသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် အမှုအရာများအားဖြင့်လည်းကောင်း၊ ဘုရား သခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ခရစ်တော်ပြုတော်မူသောအရာများအကြောင်း ကိုသာလျှင်ငါရဲဝံ့စွာဖော်ပြမည်။ သို့ဖြစ်၍ ငါသည်ယေရုရှလင်မြို့မှဣလုရိပြည်အထိ ရောက်ရှိသည့်အရပ်ရပ်၌ ခရစ်တော်အကြောင်း သတင်းကောင်းကိုအကုန်အစင်ကြေညာ ခဲ့ပြီ။-
19 Pelo poder dos signaes e prodigios, pela virtude do Espirito de Deus: de maneira que desde Jerusalem, e pelos arredores, até ao Illyrico, tenho prégado o evangelho de Jesus Christo.
၁၉
20 E assim afectuosamente me esforcei em annunciar o evangelho, não onde Christo houvera sido nomeado, para não edificar sobre fundamento alheio,
၂၀သူတစ်ပါးတို့ချခဲ့သည့်တိုက်မြစ်ပေါ်တွင် ငါမတည်မဆောက်လို။ ငါ၏ဆန္ဒမှာခရစ်တော် ၏အကြောင်းကိုမကြားဘူးသေးသောအရပ် တို့တွင်သတင်းကောင်းကိုကြေညာရန်ဖြစ် သည်။-
21 Antes, como está escripto: Aquelles a quem não foi annunciado o verão, e os que não ouviram o entenderão.
၂၁ကျမ်းစာတော်တွင်၊ ``ထိုသူ၏အကြောင်းကိုအဘယ်သူမျှ မပြောဘူးသော်လည်းသူတို့သည်မြင်ကြလိမ့်မည်။ မကြားဘူးသောသူတို့သည်နားလည်ကြလိမ့်မည်'' ဟုဖော်ပြပါရှိသည်အတိုင်းဖြစ်သည်။
22 Pelo que tambem muitas vezes tenho sido impedido de ir ter comvosco.
၂၂ဤအကြောင်းကြောင့်ငါသည်အကြိမ်ကြိမ်အဖန် ဖန်ကြိုးစားသော်လည်း သင်တို့ထံသို့မရောက်နိုင် ခဲ့ပါ။-
23 Mas agora, que não tenho mais demora n'estas partes, e tendo já ha muitos annos grande desejo de ir ter comvosco.
၂၃သို့ရာတွင်ယခုအခါ၌ငါသည်ထိုဒေသများ တွင် ဆောင်ရွက်သင့်သည့်အမှုကိစ္စကိုဆောင်ရွက်ပြီး ပါပြီ။ သင်တို့ထံသို့လာရန်လွန်ခဲ့သောနှစ်ပေါင်း များစွာကပင်ဆန္ဒရှိခဲ့သည်အတိုင်း၊-
24 Quando partir para Hespanha irei ter comvosco; pois espero que de passagem vos verei e para lá serei acompanhado de vós, depois de ter gozado em parte da vossa presença.
၂၄ယခုသင်တို့ထံသို့လာရောက်နိုင်မည်ဟုမျှော်လင့် ပါ၏။ ငါသည်စပိန်ပြည်သို့ခရီးသွားစဉ်သင်တို့ ထံသို့ဝင်ရောက်လည်ပတ်ရန်အကြံရှိပါ၏။ သင် တို့ထံတွင်ခေတ္တမျှတည်းခိုလည်ပတ်ပြီးနောက် စပိန်ပြည်သို့ဆက်လက်ခရီးပြုနိုင်ရန်ငါ့အား ကူညီမစကြစေလိုပါသည်။-
25 Mas agora vou a Jerusalem para ministrar aos sanctos.
၂၅ယခုမှာမူမာကေဒေါနိပြည်နှင့်ဂရိပြည်ရှိ အသင်းတော်တို့က ယေရုရှလင်မြို့ရှိဘုရား သခင်၏လူစုတော်ထဲတွင် ဆင်းရဲသောတပည့် တော်တို့အားစေတနာအလျောက်ပေးလှူထောက် ပံ့ရန်ဆုံးဖြတ်သဖြင့် ထိုမြို့ရှိတပည့်တော်တို့ အားထောက်ပံ့ရန်ငါသွားမည်။-
26 Porque pareceu bem á Macedonia e á Achaia fazerem uma collecta para os pobres d'entre os sanctos que estão em Jerusalem.
၂၆
27 Porque lhes pareceu bem, e são-lhes devedores. Porque, se os gentios foram participantes dos seus bens espirituaes, devem tambem ministrar-lhes os temporaes.
၂၇ယင်းသို့သူတို့ဆုံးဖြတ်ကြသည်မှာမိမိတို့စေ တနာအလျောက်သာလျှင်ဖြစ်ပေသည်။ အမှန်အား ဖြင့်ဆိုသော်ထိုဆင်းရဲသောသူတို့အားကူညီ မစရန်သူတို့မှာတာဝန်ရှိ၏။ ယုဒအမျိုးသား တို့သည်မိမိတို့ခံစားရသည့်ဝိညာဉ်ဆုကျေးဇူး များကိုလူမျိုးခြားတို့အားဝေမျှကြသည်ဖြစ်ရာ လူမျိုးခြားတို့ကလည်းယုဒအမျိုးသားတို့အား စားဝတ်နေရေးကိစ္စတွင်အကူအညီပေးသင့် ကြပေသည်။-
28 Assim que, concluido isto, e havendo-lhes consignado este fructo, de lá, passando por vós, irei a Hespanha.
၂၈သို့ဖြစ်၍ငါသည်ကောက်ခံရရှိသမျှသောအလှူ ငွေကိုထိုသူတို့အားပေးအပ်ရန်ကိစ္စပြီးစီးအောင် ဆောင်ရွက်ပြီးနောက်စပိန်ပြည်သို့ခရီးသွားမည်။ လမ်းကြုံကြိုက်၍သင်တို့ထံသို့ဝင်ရောက်လည်ပတ် မည်။-
29 E bem sei que, chegando a vós, chegarei com a plenitude da benção do evangelho de Christo.
၂၉သင်တို့ထံလာသောအခါခရစ်တော်၏ကောင်းချီး မင်္ဂလာအပြည့်အစုံနှင့်ငါရောက်လာမည်ကိုငါ သိ၏။
30 E rogo-vos, irmãos, por nosso Senhor Jesus Christo e pelo amor do Espirito, que combataes comigo em orações por mim a Deus;
၃၀ညီအစ်ကိုတို့၊ ငါတို့အရှင်ယေရှုခရစ်နှင့် ဝိညာဉ်တော်ကငါတို့အားပေးသနားတော်မူ သောမေတ္တာကိုအကြောင်းပြု၍ ငါ့အတွက်ငါ နှင့်အတူဘုရားသခင်ထံတော်သို့စိတ်အား ထက်သန်စွာဆုတောင်းပတ္ထနာပြုရန်သင်တို့ အားငါတိုက်တွန်းနှိုးဆော်ပါ၏။-
31 Para que seja livre dos rebeldes que estão na Judéa, e que esta minha administração, que em Jerusalem faço, seja acceite aos sanctos;
၃၁ငါသည်ယုဒပြည်ရှိမယုံကြည်သူတို့၏ဘေး ရန်မှလွတ်မြောက်နိုင်စေရန်နှင့်ငါ၏ကူညီဆောင် ရွက်မှုကို ယေရုရှလင်မြို့ရှိဘုရားသခင်၏ လူစုတော်ကဝမ်းသာစွာလက်ခံနိုင်ကြစေရန် ဆုတောင်းပတ္ထနာပြုကြလော့။-
32 Para que, pela vontade de Deus, chegue a vós com alegria, e possa recreiar-me comvosco.
၃၂သို့ဖြစ်၍ဘုရားသခင်အလိုတော်ရှိလျှင်ငါ သည်ဝမ်းမြောက်စွာသင်တို့ထံသို့လာ၍ သင်တို့ နှင့်အတူပျော်ရွှင်စွာနားနေခွင့်ကိုရရှိပါလိမ့် မည်။-
33 E o Deus de paz seja com todos vós. Amen.
၃၃ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့အပေါင်းတို့နှင့်အတူရှိတော်မူပါ စေသော။ အာမင်။