< Salmos 148 >

1 Louvae ao Senhor. Louvae ao Senhor desde os céus, louvae-o nas alturas.
ကောင်းကင်ဘုံ၌ ထာဝရဘုရားကို ချီးမွမ်းကြ လော့။ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့။
2 Louvae-o, todos os seus anjos; louvae-o todos os seus exercitos.
ကောင်းကင်တမန်အပေါင်းတို့၊ ထာဝရဘုရား ကို ချီးမွမ်းကြလော့။ ကောင်းကင်ဗိုလ်ခြေအပေါင်းဘို့ ချီးမွမ်းကြလော့။
3 Louvae-o, sol e lua; louvae-o, todas as estrellas luzentes.
နေလတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ထွန်းလင်းသော ကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့။
4 Louvae-o, céus dos céus, e as aguas que estão sobre os céus.
ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ် မှာ ရေများတို့၊ ချီးမွမ်းကြလော့။
5 Louvem o nome do Senhor, pois mandou, e logo foram creados.
ထိုအရာတို့ကိုအမိန့်တော်ရှိ၍၊ ဖန်ဆင်းတော်မူ သောကြောင့်၊ ထာဝရဘုရား၏နာမတော်ကို ချီးမွမ်း ကြစေ။
6 E os confirmou para sempre, e lhes deu uma lei que não ultra-passarão.
ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည် စေတော်မူ၍၊ မပျက်ရသောဓမ္မတာကို စီရင်တော်မူ၏။
7 Louvae ao Senhor desde a terra: vós, baleias, e todos os abysmos,
မြေကြီး၌ရှိသောအရာ၊ ငါးကြီးများ၊ နက်နဲရာ အရပ်များ၊
8 Fogo e saraiva, neve e vapores, e vento tempestuoso que executa a sua palavra:
မီးနှင့်မိုဃ်းသီး၊ မိုဃ်းပွင့်နှင့်အခိုးအငွေ့၊ အမိန့် တော်ကို နားထောင်သော လေပြင်းမုန်တိုင်း၊
9 Montes e todos os outeiros, arvores fructiferas e todos os cedros:
တောင်ကြီးတောင်ငယ်ရှိသမျှ၊ အသီးကိုသီးသောအပင်၊ အာရဇ်ပင် ရှိသမျှ၊
10 As feras e todos os gados, reptis e aves voadoras:
၁၀သားရဲနှင့်သားယဉ်အပေါင်း၊ တွားတတ်သော တိရိစ္ဆာန်နှင့် ပျံတတ်သော ငှက်အစရှိသော၊
11 Reis da terra e todos os povos, principes e todos os juizes da terra:
၁၁လောကီရှင်ဘုရင်များနှင့် ပြည်သူပြည်သား အပေါင်း၊ မင်းများနှင့် လောကီတရားသူကြီးအပေါင်း၊
12 Mancebos e donzellas, velhos e creanças,
၁၂လူပျိုနှင့်အပျိုများ၊ လူအိုနှင့်လူကလေးများတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။
13 Louvem o nome do Senhor, pois só o seu nome é exaltado: a sua gloria está sobre a terra e o céu.
၁၃နာမတော်တပါးတည်းသာလျှင် မြတ်၍၊ ဘုန်းတော်သည်မြေကြီး နှင့်ကောင်းကင်အပေါ်ထက်၌ ရှိသောကြောင့်၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်း ကြစေ။
14 Elle tambem exalta o poder do seu povo, o louvor de todos os seus sanctos, dos filhos de Israel, um povo que lhe é chegado. Louvae ao Senhor.
၁၄မိမိလူစုတို့၏ဦးချိုကို ချီးမြှင့်တော်မူသဖြင့်၊ အနီးတော်၌ရှိသောလူစု၊ ဣသရေလအမျိုးသားတည်း ဟူသော မိမိသန့်ရှင်းသူအပေါင်းတို့၏ ချီးမွမ်းရာဖြစ် တော်မူ၏။ ဟာလေလုယ။

< Salmos 148 >