< Josué 6 >

1 Ora Jericó cerrou-se, e estava cerrada por causa dos filhos d'Israel: nenhum sahia nem entrava.
ထိုအခါ ဣသရေလအမျိုးသားတို့ကြောင့်၊ ယေ ရိခေါမြို့သည် ကျပ်တည်းစွာ ပိတ်ထားလျက် ရှိ၍၊ ထွက် သောသူ၊ ဝင်သောသူ တစုံတယောက်မျှမရှိသည်နှင့်အညီ၊
2 Então disse o Senhor a Josué: Olha, tenho dado na tua mão a Jericó e ao seu rei, os seus valentes e valorosos.
ထာဝရဘုရားက၊ ကြည့်ရှုလော့။ ယေရိခေါမြို့၊ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ်သူရဲတို့ ကို သင့်လက်၌ ငါအပ်လေပြီ။
3 Vós pois, todos os homens de guerra, rodeareis a cidade, cercando a cidade uma vez: assim fareis por seis dias.
သို့ဖြစ်၍ မြို့ကိုလှည့်ပတ်ရကြမည်။ ဣသရေလ စစ်သူရဲအပေါင်းတို့သည် ခြောက်ရက်ပတ်လုံးလှည့်ပတ် ခြင်းအမှုကို ပြုရကြမည်။
4 E sete sacerdotes levarão sete buzinas de carneiros diante da arca, e no setimo dia rodeareis a cidade sete vezes: e os sacerdotes tocarão as buzinas.
ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် သေတ္တာ တော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်ရကြမည်။ သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ် ၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည်။
5 E será que, tocando-se longamente a buzina de carneiro, ouvindo vós o sonido da buzina, todo o povo gritará com grande grita: e o muro da cidade cairá abaixo de si, e o povo subirá n'elle, cada qual em frente de si.
ယုဘိလတံပိုးတို့ကို ရှည်သောအသံနှင့် မှုတ်၍၊ တံပိုးသံကိုကြားလျှင် လူအပေါင်းတို့သည် ကျယ်သောအ သံနှင့် ကြွေးကြော်၍၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲရလိမ့် မည်။ ထိုအခါ လူများတို့သည် တည့်တည့်တက်ရကြမည် ဟု ယောရှုအား မိန့်တော်မူ၏။
6 Então chamou Josué, filho de Nun, aos sacerdotes, e disse-lhes: Levae a arca do concerto; e sete sacerdotes levem sete buzinas de carneiros, diante da arca do Senhor.
နုန်၏သား ယောရှုသည် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍၊ သင်တို့သည် ပဋိညာဉ် သေတ္တာတော်ကို ထမ်း သွားသဖြင့်၊ ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ခုနစ် ယောက်တို့သည် ယုဘိလတံပိုးခုနစ်လုံးကို ဆောင်သွား ကြလော့ဟူ၍၎င်း၊
7 E disse ao povo: Passae e rodeae a cidade; e quem estiver armado, passe diante da arca do Senhor.
လူများတို့အားလည်း၊ သင်တို့သွား၍ မြို့ကိုလှည့် ပတ်ကြလော့။ လက်နက်ကိုင်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ သွားကြလော့ဟူ၍၎င်းမှာထားလေ ၏။
8 E assim foi, como Josué dissera ao povo, que os sete sacerdotes, levando as sete buzinas de carneiros diante do Senhor, passaram, e tocaram as buzinas: e a arca do concerto do Senhor os seguia.
ယောရှုသည် လူများတို့အား မှာထားပြီးမှ၊ ယု ဘိလတံပိုး ခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ်ခု နစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ တံပိုးမှုတ် လျက်သွားကြ၏။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်သည် သူတို့နောက်သို့ လိုက်လေ၏။
9 E os armados iam adiante dos sacerdotes, que tocavam as buzinas: e a rectaguarda seguia após da arca, andando e tocando as buzinas.
တံပိုးမှုတ်သော ယဇ်ပုရောဟိတ်တို့ရှေ့မှာ လက် နက်ကိုင်တို့သည် သွား၍၊ ယဇ်ပုရောဟိတ်များ တံပိုးမှုတ် လျက်သွားကြစဉ်၊ နောက်တပ်သားတို့သည် သေတ္တာ တော်နောက်သို့ လိုက်ကြ၏။
10 Porém ao povo Josué tinha dado ordem, dizendo: Não gritareis, nem fareis ouvir a vossa voz, nem sairá palavra alguma da vossa bocca, até ao dia que eu vos diga: Gritae. Então gritareis.
၁၀ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေ ခြင်းငှါ ငါမှာထားသောနေ့မရောက်မှီတွင် မကြွေးကြော် ရ၊ အသံတစုံတခုကိုမျှ မပြုရ၊ စကားတခွန်းကိုမျှ မပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အား မှာနှင့်လေပြီ။
11 E fez a arca do Senhor rodeiar a cidade, rodeiando-a uma vez: e vieram ao arraial, e passaram a noite no arraial.
၁၁ထိုသို့ ထာဝရဘုရား၏ သေတ္တာတော်သည် မြို့ ကိုတကြိမ်လှည့်ပတ်ဝိုင်းသွားပြီးလျှင်၊ တပ်ထဲသို့ ဝင်ပြန်၍ ညဉ့်ကိုလွန်စေကြ၏။
12 Depois Josué se levantou de madrugada, e os sacerdotes levaram a arca do Senhor.
၁၂နံနက်စောစော ယောရှုသည်ထ၍ ယဇ်ပုရော ဟိတ်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းယူ ကြ၏။
13 E os sete sacerdotes, que levavam as sete buzinas de carneiros diante da arca do Senhor, iam andando, e tocavam as buzinas, e os armados iam adiante d'elles, e a rectaguarda seguia atraz da arca do Senhor; os sacerdotes iam andando e tocando as buzinas.
၁၃ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ယုဘိလ တံပိုးခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ် ခုနှစ် ယောက်တို့သည် သွားမြဲသွား၍ တံပိုးမှုတ်ကြ၏။ လက် နက်ကိုင်တို့သည် သူတို့ရှေ့မှာသွား၍ ယဇ်ပုရောဟိတ် များ တံပိုးမှုတ်လျက် သွားကြစဉ်၊ နောက်တပ်သားတို့ သည် ထာဝရဘုရား၏ သေတ္တာတော်နောက်သို့ လိုက်ကြ ၏။
14 Assim rodeiaram outra vez a cidade no segundo dia e tornaram para o arraial: e assim fizeram seis dias.
၁၄ဒုတိယနေ့၌ မြို့ကိုတကြိမ်လှည့်ပတ်ပြီးမှ တပ် ထဲသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ၏။
15 E succedeu que ao setimo dia madrugaram ao subir da alva, e da mesma maneira rodeiaram a cidade sete vezes: n'aquelle dia sómente rodeiaram a cidade sete vezes.
၁၅သတ္တမနေ့ နံနက်စောစော မိုဃ်းလင်းစက ထ၍ အရင်နည်းတူ၊ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ကြ ၏။ ထိုနေ့၌သာ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ရ ကြ၏။
16 E succedeu que, tocando os sacerdotes a setima vez as buzinas, disse Josué ao povo: Gritae; porque o Senhor vos tem dado a cidade.
၁၆သတ္တမအကြိမ်တွင် ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်သောအခါ၊ ယောရှုက၊ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် သင်တို့အား မြို့ကို ပေးတော်မူမည်။
17 Porém a cidade será anathema ao Senhor, ella e tudo quanto houver n'ella: sómente a prostituta Rahab viverá, ella e todos os que com ella estiverem em casa; porquanto escondeu os mensageiros que enviámos.
၁၇မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို ကျိန်၍ ထာဝရ ဘုရား၌ အပ်ရမည်။ သို့ရာတွင် ပြည်တန်ဆာရာခပ်သည် ငါတို့စေလွှတ်သော တမန်တို့ကို ဝှက်ထားသောကြောင့်၊ သူနှင့်တကွ သူ၏အိမ်၌ ရှိသမျှတို့အား အသက်ချမ်းသာ ပေးရမည်။
18 Tão sómente guardae-vos do anathema, para que não vos mettaes em anathema tomando d'ella, e assim façaes maldito o arraial de Israel, e o turbeis.
၁၈သင်တို့သည် ကျိန်အပ်သောအရာကို သတိနှင့် ရှောင်ကြလော့။ သို့မဟုတ် ထိုအရာကို သိမ်းယူလျှင် မိမိ တို့ကို၎င်း၊ ဣသရေလတပ်ကို၎င်း အကျိန်ခံစေ၍၊ နှောင့် ရှက်မည်ကို စိုးရိမ်စရာရှိ၏။
19 Porém toda a prata, e o oiro, e os vasos de metal, e de ferro, são consagrados ao Senhor: irão ao thesouro do Senhor.
၁၉ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိ သမျှတို့ကို၎င်း၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည် မှာထားလေ၏။
20 Gritou pois o povo, tocando os sacerdotes as buzinas: e succedeu que, ouvindo o povo o sonido da buzina, gritou o povo com grande grita; e o muro caiu abaixo, e o povo subiu á cidade, cada qual em frente de si, e tomaram a cidade.
၂၀ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကို ကြား၍ ကျယ်သောအသံ နှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင် ပြီးလျှင် သိမ်းယူကြ၏။
21 E, tudo quanto na cidade havia, destruiram totalmente ao fio da espada, desde o homem até á mulher, desde o menino até ao velho, e até ao boi e gado miudo, e ao jumento.
၂၁မြို့ထဲ၌ ရှိသမျှသော ယောက်ျား၊ မိန်းမ၊ အကြီး အငယ်၊ သိုး၊ နွား၊ မြည်းရှိသမျှတို့ကို ထားနှင့် ရှင်းရှင်းဖျက် ဆီးကြ၏။
22 Josué, porém, disse aos dois homens que tinham espiado a terra: Entrae na casa da mulher prostituta, e tirae de lá a mulher com tudo quanto tiver, como lhe tendes jurado.
၂၂ထိုပြည်ကို စူးစမ်းသော လူနှစ်ယောက်တို့အား ယောရှုက၊ သင်တို့သည် ကျိန်ဆိုသည်အတိုင်း၊ ပြည်တန် ဆာမိန်းမအိမ်သို့ သွား၍၊ သူနှင့်တကွ သူ၌ရှိသမျှတို့ကို ဆောင်ခဲ့ကြလော့ဟု မှာလိုက်သည်အတိုင်း၊
23 Então entraram os mancebos espias, e tiraram a Rahab, e a seu pae, e a sua mãe, e a seus irmãos, e a tudo quanto tinha; tiraram tambem a todas as suas familias, e pozeram-n'os fóra do arraial d'Israel.
၂၃တံလျှိုလုပ်သောလုလင်တို့သည် ဝင်၍၊ ရာခပ် နှင့်သူ့မိဘ၊ သူ့မောင်များ၊ သူ၌ရှိသမျှတို့ကို၎င်း၊ သူ့ပေါက် ဘော်အပေါင်းတို့ကို၎င်း ထုတ်ဆောင်ခဲ့၍၊ ဣသရေလတပ် ပြင်မှာ ထားပြီးလျှင်၊
24 Porém a cidade e tudo quanto havia n'ella queimaram-n'o a fogo: tão sómente a prata, e o oiro, e os vasos de metal e de ferro, deram para o thesouro da casa do Senhor.
၂၄မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို မီးရှို့ကြ၏။ သို့ရာ တွင် ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာတို့ကို၎င်း၊ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ၏။
25 Assim deu Josué vida á prostituta Rahab, e á familia de seu pae, e a tudo quanto tinha; e habitou no meio de Israel até ao dia de hoje: porquanto escondera os mensageiros que Josué tinha enviado a espiar a Jericó.
၂၅ယောရှုသည်လည်း၊ ပြည်တန်ဆာ ရာခပ်နှင့် သူ့ပေါက်ဘော်၊ သူ၌ရှိသမျှတို့ကို အသက်ချမ်းသာပေး၍၊ သူသည် ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ၏။ အကြောင်းမူကား၊ ယေရိခေါမြို့ကို စူးစမ်း စေခြင်းငှါ၊ ယောရှုစေလွှတ်သော တမန်တို့ကို သူသည် ဝှက်ထားသောကြောင့်တည်း။
26 E n'aquelle tempo Josué os esconjurou, dizendo: Maldito diante do Senhor seja o homem que se levantar e reedificar esta cidade de Jericó: no seu primogenito a fundará, e no seu filho mais novo lhe porá as portas.
၂၆ထိုအခါ ယောရှုက၊ အကြင်သူသည် ထ၍ ယေရိခေါမြို့ကို တည်ပြန်၏။ ထိုသူသည် ထာဝရဘုရား ရှေ့တော်၌ ကျိန်အပ်သောသူဖြစ်ပါစေ။ သူသည် သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍ သားထွေးလက်ထက် ၌ မြို့တံခါးတို့ကို ထောင်ပါစေဟု ကျိန်ဆို၏။
27 Assim era o Senhor com Josué: e corria a sua fama por toda a terra.
၂၇ထိုသို့ ထာဝရဘုရားသည် ယောရှုနှင့်အတူ ရှိတော်မူ၍၊ သူ၏ သိတင်းသည် တပြည်လုံး၌ နှံ့ပြားကျော် စောလေ၏။

< Josué 6 >