< Jeremias 52 >

1 Era Zedekias da edade de vinte e um annos quando começou a reinar, e reinou onze annos em Jerusalem: e o nome de sua mãe era Hamutal, filha de Jeremias, de Libna.
ဇေဒကိ မင်းသည် အသက် နှစ်ဆယ် တ နှစ် ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တ နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ လိဗန မြို့သူယေရမိ သမီး ဟာမုတလ ဖြစ်သတည်း။
2 E fez o que era mal aos olhos do Senhor, conforme tudo o que fizera Joaquim.
ထိုမင်းသည်ယောယကိမ် မင်းပြု သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ဒုစရိုက် ကိုပြု ၏။
3 Porque succedeu, por causa da ira do Senhor contra Jerusalem e Judah, até que elle os lançou de diante d'elle, que se rebellou Zedekias contra o rei de Babylonia.
ထာဝရဘုရား သည် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို အထံ တော်မှ မ နှင်ထုတ် မှီတိုင်အောင်အမျက်ထွက် တော်မူ၍၊ ဇေဒကိ မင်းသည် ဗာဗုလုန် ရှင်ဘုရင် ကို ပုန်ကန် လေ၏။
4 E aconteceu, no anno nono do seu reinado, no mez decimo, no decimo dia do mez, que veiu Nabucodonozor, rei de Babylonia, contra Jerusalem, elle e todo o seu exercito, e se acamparam contra ella, e levantaram contra ella tranqueiras ao redor.
ဇေဒကိမင်းနန်းစံ ကိုး နှစ် ၊ ဒသမ လ ဆယ် ရက် နေ့တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွယေရုရှလင် မြို့သို့ စစ်ချီ သဖြင့် ၊ မြို့ပတ်လည် ၌ တပ်ချ ၍ မြေကတုပ် တို့ကို တူးလုပ် ပြီးမှ ၊
5 Assim esteve cercada a cidade, até ao anno undecimo do rei Zedekias.
ဇေဒကိ မင်း နန်းစံတဆယ် တ နှစ် တိုင်အောင် မြို့ ကိုဝိုင်း ထားလေ၏။
6 No mez quarto, aos nove do mez, quando já a fome prevaleceu na cidade, e o povo da terra não tinha pão,
ထိုနှစ်၊ စတုတ္ထ လ ကိုး ရက်နေ့တွင် ၊ မြို့ ထဲမှာ အလွန်အစာအာဟာရ ခေါင်းပါးသဖြင့် ၊ မြို့သူ မြို့သားတို့ သည် စားစရာ မ ရှိ သောအခါ ၊
7 Então a cidade foi arrombada, e todos os homens de guerra fugiram, e sairam da cidade de noite, pelo caminho da porta, entre os dois muros que estavam junto ao jardim do rei (porque os chaldeos estavam contra a cidade ao redor), e foram-se pelo caminho da campina.
ခါလဒဲ လူတို့သည် မြို့ရိုးကို ဖြို ဖေါက်၍ ၊ မြို့ကိုလည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲ အပေါင်း တို့သည် ညဉ့် အခါပြေး ၍၊ မြို့ရိုး နှစ်ထပ်စပ်ကြား ၊ ဥယျာဉ် တော်နား တံခါးဝ ဖြင့် ထွက် ပြီးမှ လွင်ပြင် သို့သွား ကြ၏။
8 Porém o exercito dos chaldeos seguiu o rei, e alcançaram a Zedekias nas campinas de Jericó, e todo o seu exercito se espalhou d'elle.
ခါလဒဲ စစ်သူရဲ တို့သည် ရှင်ဘုရင် ဇေဒကိ ကို လိုက် ၍၊ ယေရိခေါ လွင်ပြင် ၌ မှီ သဖြင့် ဇေဒကိ မင်း၏ စစ်သူရဲ အပေါင်း တို့သည် လွင့် ပြေးကြ၏။
9 E prenderam o rei, e o fizeram subir ao rei de Babylonia, a Ribla, na terra de Hamath, o qual pronunciou juizos contra elle.
ရန်သူတို့သည် ရှင်ဘုရင် ကို ဘမ်းဆီး ၍ ၊ ဗာဗုလုန် ရှင်ဘုရင် ရှိရာ ဟာမတ် ပြည် ရိဗလ မြို့သို့ ဆောင်သွား ကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိ၏အမှုကို စစ်ကြော စီရင်၍၊
10 E o rei de Babylonia degolou os filhos de Zedekias diante dos seus olhos, e tambem degolou a todos os principes de Judah em Ribla.
၁၀ဇေဒကိ မင်း၏သား တို့ကို အဘမျက်မှောက် ၌ သတ် လေ၏။ ရိဗလ မြို့မှာ ယုဒ မှူးမတ် အပေါင်း တို့ကိုလည်း သတ် လေ၏။
11 E cegou os olhos a Zedekias, e o atou com duas cadeias de bronze; e o rei de Babylonia o levou a Babylonia, e o poz na casa do carcere até ao dia da sua morte.
၁၁ဇေဒကိ မျက်စိ ကိုလည်း ဖေါက် ပြီးမှ ၊ သူ့ ကို ကြေးဝါ ကြိုးနှင့် ချည်နှောင် ၍ ဗာဗုလုန် မြို့သို့ ယူသွား သဖြင့် ၊ သေ သည်တိုင်အောင် ထောင် ထဲမှာ လှောင်ထား လေ၏။
12 E no quinto mez, no decimo dia do mez (este era o decimo nono anno do rei Nabucodonozor, rei de Babylonia), veiu Nebuzaradan, capitão da guarda, que assistia na presença do rei de Babylonia, a Jerusalem.
၁၂ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံတဆယ် ကိုး နှစ် ၊ ပဉ္စမ လ ဆယ် ရက်နေ့တွင် ၊ အမှု တော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် ယေရုရှလင် မြို့ သို့ လာ ၍၊
13 E queimou a casa do Senhor, e a casa do rei; e tambem a todas as casas de Jerusalem, e a todas as casas dos grandes queimou a fogo.
၁၃ဗိမာန် တော်၊ နန်း တော်၊ မင်း အိမ် ၊ ဆင်းရဲသားအိမ် ရှိသမျှ တို့ကို မီး ရှို့ လေ၏။
14 E todo o exercito dos chaldeos, que estava com o capitão da guarda, derribou a todos os muros de Jerusalem ao redor.
၁၄ကိုယ်ရံတော်မှူး ၌ ပါသောခါလဒဲ စစ်သူရဲ အပေါင်း တို့သည် ယေရုရှလင် မြို့ရိုး ရှိသမျှ တို့ကို ဖြိုဖျက် ကြ၏။
15 E dos mais pobres do povo, e o resto do povo, que deixaram ficar na cidade, e os rebeldes que se haviam passado ao rei de Babylonia, e o resto da multidão, Nebuzaradan, capitão da guarda, levou presos.
၁၅ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် မြို့ ထဲမှာ ကျန်ကြွင်း သောဆင်းရဲသား ၊ ဗာဗုလုန် ရှင်ဘုရင် ဘက်သို့ ကူး သွားနှင့်သောမြို့သား၊ ကြွင်း သမျှသောသူတို့ ကို သိမ်း သွားလေ၏။
16 Mas dos mais pobres da terra deixou Nebuzaradan, capitão da guarda, ficar alguns, para serem vinhateiros e lavradores.
၁၆သို့ရာတွင် ၊ စပျစ် ဥယျာဉ်ကိုပြုစု၍ လယ် လုပ်စေခြင်းငှါ၊ ဆင်းရဲသား အချို့တို့ကို ထား ခဲ့လေ၏။
17 Quebraram mais os chaldeos as columnas de bronze, que estavam na casa do Senhor, e as bases, e o mar de bronze, que estavam na casa do Senhor, e levaram todo o bronze para Babylonia.
၁၇ဗိမာန် တော်၌ ကြေးဝါ တိုင် တို့ကို၎င်း ၊ ကြေးဝါ ရေကန် ကို၎င်း၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကို၎င်း၊ ခါလဒဲ လူတို့သည်ချိုးဖဲ့ ၍ ၊ ကြေးဝါ ရှိသမျှ ကို ဗာဗုလုန် မြို့သို့ ယူသွား ကြ၏။
18 Tambem tomaram os caldeirões, e as pás, e os garfos, e as bacias, e os perfumadores, e todos os vasos de bronze, com que se ministrava.
၁၈အိုးကင်း ၊ တူးရွင်းပြား ၊ မီးညှပ် ၊ အိုး ၊ ဇွန်း မှစ၍အမှု တော်ထမ်းစရာ၊ ကြေးဝါ တန်ဆာ ရှိသမျှ တို့ကိုလည်း ယူ သွားကြ၏။
19 E tomou o capitão da guarda os copos, e os incensarios, e as bacias, e os caldeirões e os castiçaes, e os perfumadores, e as galhetas: assim o que era de puro oiro em oiro, como o que era de prata maciça em prata.
၁၉ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသောအင်တုံ ၊ လင်ပန်း ၊ အိုး ၊ အိုးကင်း ၊ မီးခုံ ၊ ဇွန်း ၊ ဖလား များကို၊ ရွှေ ဖြစ်စေ ၊ ငွေ ဖြစ်စေ၊ ကိုယ်ရံတော်မှူး သည် ယူ သွား လေ၏။
20 As duas columnas, o unico mar, e os doze bois de bronze, que estavam no logar das bases, que fizera o rei Salomão para a casa do Senhor: o bronze d'elles, de todos estes vasos, não tinha peso.
၂၀ဗိမာန် တော်၌ ရှောလမုန် မင်းကြီး လုပ် သော တိုင် နှစ် တိုင်၊ ရေကန် တ ခု၊ ရေကန်ခံစရာအခြေအမြစ် ကြေးဝါနွား တဆယ် နှစ် ခု၌ပါသောကြေးဝါ သည် အချိန် အားဖြင့်အတိုင်းမသိ များ၏။
21 Quanto ás columnas, a altura de uma columna era de dezoito covados, e um fio de doze covados a cercava; e era a sua grossura de quatro dedos, e era oca.
၂၁တိုင် အမြင့် ကား၊ တဆယ် ရှစ် တောင် ရှိ၏။ လုံးပတ် မူကား ၊ တဆယ် နှစ် တောင် ရှည်သော ကြိုးတပတ် ရှိ၏။ ခေါင်းပွ ဖြစ်၍ဒု လေး သစ်ရှိ၏။
22 E havia sobre ella um capitel de bronze, e a altura do capitel era de cinco covados, e a rede e as romãs em roda do capitel tudo era de bronze; e similhante a esta era o da outra columna, com as romãs.
၂၂ကြေးဝါ တိုင် ထိပ်လည်း ရှိ၏။ တိုင် ထိပ်အမြင့် ကား၊ ငါး တောင် ရှိ၍ ထိပ် ပတ်လည် ကြေးဝါ ကွန်ရွက် ၊ ကြေးဝါသလဲသီး တို့နှင့်ပြည့်စုံ၏။ အခြား သော တိုင် သည် လည်း၊ ထိုအတူ ဖြစ်၍ သလဲသီး တို့နှင့်ပြည့်စုံ၏။
23 E havia noventa e seis romãs em cada banda: as romãs todas eram um cento, em roda da rede.
၂၃တိုင်တမျက်နှာ၌ သလဲသီး ကိုးဆယ် ခြောက် လုံး စီရှိ ၍၊ ကွန်ရွက် တဘက် ၌ သလဲသီး ပေါင်း တရာ ရှိသတည်း။
24 Tomou tambem o capitão da guarda a Seraias, o sacerdote primeiro, e a Sofonias, o sacerdote segundo, e aos tres guardas do umbral da porta.
၂၄ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယဇ်ပုရောဟိတ် မင်းစရာယ ၊ ဒုတိယ ယဇ်ပုရောဟိတ် ဇေဖနိ ၊ ဗိမာန် တော်တံခါးမှူး သုံး ယောက်တို့ကို ဘမ်းဆီး လေ၏။
25 E da cidade tomou a um eunucho que tinha cargo da gente de guerra, e a sete homens dos que viam a face do rei, que se acharam na cidade, como tambem o escrivão-mór do exercito, que registrava o povo da terra para a guerra, e a sessenta homens do povo da terra, que se acharam no meio da cidade.
၂၅စစ်သူရဲ တို့ကို အုပ် သောဗိုလ် တ ယောက်၊ မြို့ ထဲ၌ တွေ့ မိသော တိုင်ပင် မှူးမတ်ခုနှစ် ယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော် သော တပ် စာရေးကြီး တယောက်၊ မြို့ ထဲ ၌ တွေ့ မိသော ပြည်သား ခြောက်ဆယ် တို့ကို မြို့ ထဲက ခေါ် သွား၍၊
26 Tomando-os pois Nebuzaradan, capitão da guarda, os trouxe ao rei de Babylonia, a Ribla.
၂၆ဗာဗုလုန် ရှင်ဘုရင် ရှိရာ ရိဗလ မြို့သို့ ဆောင် ခဲ့ပြီးလျှင် ၊
27 E o rei de Babylonia os feriu e os matou em Ribla, na terra de Hamath: assim Judah foi levado da sua terra em captiveiro.
၂၇ဗာဗုလုန် ရှင်ဘုရင် သည် ဟာမတ် ပြည် ရိဗလ မြို့ ၌ ထိုသူ တို့ကို ဒဏ်ပေး ၍ ကွပ်မျက် လေ၏။ ထိုသို့ ယုဒ အမျိုးသည် မိမိ ပြည် မှ သိမ်း သွားခြင်းကိုခံရသတည်း။
28 Este é o povo que Nabucodonozor levou captivo no setimo anno: tres mil e vinte e tres judeos.
၂၈နေဗုခဒ်နေဇာ မင်းသိမ်း သွားသော လူ ဟူမူကား၊ နန်းစံခုနစ် နှစ် တွင် ၊ ယုဒ အမျိုးသားသုံး ထောင် နှစ်ဆယ် သုံး ယောက်တို့ကို သိမ်းသွားလေ၏။
29 No anno decimo oitavo de Nabucodonozor levou elle em captiveiro de Jerusalem oitocentas e trinta e duas almas.
၂၉တဆယ် ရှစ် နှစ် တွင် ၊ လူရှစ် ရာ သုံးဆယ် နှစ် ယောက်တို့ကို ယေရုရှလင် မြို့မှ သိမ်းသွားလေ၏။
30 No anno vinte e tres de Nabucodonozor, levou Nebuzaradan, capitão da guarda, em captiveiro dos judeos, setecentas e quarenta e cinco almas: todas as almas são quatro mil e seiscentas.
၃၀နှစ်ဆယ် သုံး နှစ် တွင် ။ ကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် ယုဒ အမျိုးသားခုနှစ် ရာ လေးဆယ် ငါး ယောက်တို့ကို သိမ်း သွား၏။ လူ အပေါင်း ကား၊ လေး ထောင် ခြောက် ရာ ရှိသတည်း။
31 Succedeu pois no anno trigesimo setimo do captiveiro de Joaquim, rei de Judah, no mez duodecimo, aos vinte e cinco do mez, que exalçou Evil-merodach, rei de Babylonia, no anno primeiro do seu reinado, a cabeça de Joaquim, rei de Judah, e o tirou da casa da prisão;
၃၁ယုဒ ရှင်ဘုရင် ယေခေါနိ သည် အချုပ် ခံရသောသက္ကရာဇ် သုံးဆယ် ခုနစ် နှစ်၊ ဒွါဒသမ လ နှစ်ဆယ် ငါး ရက်နေ့တွင် ၊ ဗာဗုလုန် ရှင်ဘုရင် ဧဝိလမရောဒက် နန်းစံ စက ယုဒ ရှင်ဘုရင် ယေခေါနိ ကို ထောင် ထဲက နှုတ် ၍ ချမ်းသာ ပေး လေ၏။
32 E fallou com elle benignamente, e poz o seu throno acima dos thronos dos reis que estavam com elle em Babylonia;
၃၂ကောင်းမွန် စွာ နှုတ်ဆက် ၍ သူ ၏ပလ္လင် ကို ဗာဗုလုန် မြို့မှ အထံ တော်၌ ရှိသောမင်းကြီး များထိုင်ရာပလ္လင် တို့ ထက် ချီးမြှင့် လေ၏။
33 E lhe mudou os vestidos da sua prisão; e comeu pão sempre na sua presença, todos os dias da sua vida.
၃၃ယေခေါနိမင်းသည် ထောင် ထဲမှာဝတ်သော အဝတ် ကိုလဲ ၍ ၊ အသက် ရှည်သမျှ ကာလ ပတ်လုံးအစဉ်မပြတ် အထံ တော်၌ စားသောက် ရ၏။
34 E, quanto á sua pitança, foi-he dada pitança ordinaria do rei de Babylonia, porção quotidiana, no seu dia, até o dia da sua morte, todos os dias da sua vida.
၃၄မ သေ မှီတိုင်အောင်အသက် ရှည်သမျှ နေ့ ရက်အစဉ်မပြတ် သူ စားစရာ ဘို့၊ ဗာဗုလုန် ရှင်ဘုရင် ပေး သနား တော်မူ၏။

< Jeremias 52 >