< Oséias 8 >
1 Põe a trombeta á tua bocca; elle vem como a aguia contra a casa do Senhor, porque traspassaram o meu concerto, e se rebellaram contra a minha lei.
၁ထာဝရဘုရားက``တံပိုးခရာမှုတ်၍ သတိပေးလော့၊ ရန်သူများသည်သိမ်းငှက် သဖွယ် ငါ၏နိုင်ငံတော်ကိုထိုးသုတ်လျက် ရှိကြပြီ။ ငါ၏လူမျိုးတော်သည်ငါနှင့် ပြုလုပ်သောပဋိညာဉ်ကိုချိုးဖောက်၍ ငါ၏လူမျိုးတော်သည်ငါနှင့်ပညတ်ကို ပစ်ပယ်ကြပြီ။-
2 Então a mim clamarão: Deus meu! nós, Israel, te conhecemos.
၂ငါ့အားသူတို့၏ဘုရားသခင်ဟူ၍လည်း ကောင်း၊ သူတို့သည်ငါ၏လူမျိုးတော်ဟူ၍ လည်းကောင်း၊ သူတို့သည်ငါ့ကိုသိသည် ဟူ၍လည်းကောင်းဆိုကြသော်လည်း၊-
3 Israel rejeitou o bem: o inimigo perseguil-o-ha.
၃သူတို့သည်မွန်မြတ်သောအရာကိုစွန့်ပစ် ကြပြီဖြစ်၍ ရန်သူများသည်သူတို့ကို လိုက်လံတိုက်ခိုက်ကြလိမ့်မည်။
4 Elles fizeram reis, porém não de mim: constituiram principes, porém eu não o soube: da sua prata e do seu oiro fizeram idolos para si, para serem destruidos.
၄` ``ငါ၏လူမျိုးတော်သည်မိမိတို့၏ဆန္ဒ အလျောက်ရှင်ဘုရင်များကိုရွေးချယ်တင် မြှောက်ခဲ့ကြ၏။ ငါ၏သဘောတူညီချက် မရဘဲခေါင်းဆောင်များကိုခန့်ထားကြ၏။ မိမိတို့၏ရွှေငွေနှင့်ရုပ်တုများကိုသွန်း လုပ်သဖြင့် မိမိတို့၏ပျက်စီးရာပျက်စီး ကြောင်းကိုသာဖန်တီးကြ၏။-
5 O teu bezerro, ó Samaria, te rejeitou: a minha ira se accendeu contra elles; até quando serão elles incapazes da innocencia?
၅ရှမာရိမြို့သားတို့ကိုးကွယ်သောရွှေနွား ရုပ်ကိုငါစက်ဆုတ်ရွံရှာတော်မူ၏။ သူတို့ အားငါအမျက်ထွက်တော်မူ၏။ သူတို့ သည်မည်သည့်အခါမှရုပ်တုကိုးကွယ်မှု ကိုစွန့်ကြမည်နည်း။-
6 Porque tambem isso é de Israel, um artifice o fez, e não é Deus, mas em pedaços será desfeito o bezerro de Samaria.
၆ဣသရေလအမျိုးသားလက်မှုပညာ သည်သွန်းလုပ်သောရုပ်တုသည်ဘုရား မဟုတ်။ ရှမာရိမြို့သားတို့ကိုးကွယ်သော ရွှေနွားရုပ်သည်အစိတ်စိတ်အမြွှာမြွှာ ဖြစ်ရလိမ့်မည်။-
7 Porque vento semearam, e segarão tormenta: seara não haverá, a herva não dará farinha: se a der, tragal-a-hão os estrangeiros.
၇သူတို့သည်လေကိုကြဲသဖြင့်မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်။ လယ်စပါးမရင့်မှည့် လျှင်ဆန်စပါးကိုမရနိုင်။ ထိုလယ်မှဆန် စပါးထွက်သည့်တိုင်အောင်အခြားနိုင်ငံ သားတို့စားသုံးကြလိမ့်မည်။-
8 Israel foi tragado: agora entre as nações será tido como um vaso em que ninguem tem prazer.
၈ဣသရေလနိုင်ငံသည်အခြားနိုင်ငံများ နှင့်မထူးခြားပေ။ အသုံးမကျသော အိုးကွဲနှင့်တူ၏။-
9 Porque subiram á Assyria, como um jumento montez, por si só: mercou Ephraim amores.
၉ဣသရေလပြည်သူတို့သည်ထိန်းချုပ်၍ မရသောမြည်းရိုင်းကဲ့သို့စိတ်ထင်ရာပြု လုပ်တတ်၏။ သူတို့သည်အာရှုရိပြည်သို့ သွား၍အကူအညီတောင်းခံကြ၏။ အခ ကြေးငွေပေး၍အခြားနိုင်ငံ၏ကာကွယ် ပေးမှုကိုခံယူကြ၏။-
10 Ainda que elles merquem entre as nações, agora as congregarei: já começaram a ser diminuidos por causa da carga do rei dos principes.
၁၀သို့ရာတွင်ငါသည်ယခုသူတို့အားစုရုံး စေ၍အပြစ်ဒဏ်စီရင်မည်။ မကြာမီသူ တို့သည်အာရှုရိဧကရာဇ်၏ နှိပ်စက်ညှင်း ပန်းခြင်းဒဏ်ကိုအလူးအလဲခံရကြ လိမ့်မည်။
11 Porquanto Ephraim multiplicou os altares para peccar; teve altar para peccar.
၁၁``အပြစ်ဖြေရန်အတွက်ဣသရေလပြည် သားတို့ယဇ်ပလ္လင်များများတည်ဆောက် လေလေ အပြစ်ပြုရာနေရာများလေလေ ဖြစ်လာလေပြီ။-
12 Escrevi-lhe as grandezas da minha lei, porém essas são estimadas como coisa estranha.
၁၂ငါသည်သူတို့အတွက်များစွာသောပညတ် များကိုရေးချပေးသော်လည်းသူတို့က ထိုပညတ်များသည်သူတို့နှင့်မဆိုင်၊ ထူး ဆန်းသည်ဟူ၍ပစ်ပယ်ကြ၏။-
13 Quanto aos sacrificios dos meus dons, sacrificam carne, e a comem, mas o Senhor não se deleitou n'elles: agora se lembrará da sua injustiça, e visitará os seus peccados: elles voltarão para o Egypto.
၁၃သူတို့သည်ငါ့အားယဇ်ပူဇော်၍ယဇ်ကောင် ၏အသားကိုစားကြ၏။ သို့ရာတွင်ငါ ထာဝရဘုရားသည်သူတို့၏အပြုအစု ကိုနှစ်သက်တော်မမူ၊ ယခုငါသည်သူတို့ ၏အပြစ်ကိုသတိရ၍အပြစ်အတွက် ဒဏ်စီရင်မည်။ သူတို့ကိုအီဂျစ်ပြည်သို့ ပြန်ပို့မည်။
14 Porque Israel se esqueceu do seu Creador, e edificou templos, e Judah multiplicou cidades fortes; mas eu enviarei um fogo contra as suas cidades, que consumirá os seus palacios.
၁၄``ဣသရေလပြည်သားတို့သည်နန်းတော် များကိုတည်ဆောက်ကြသော်လည်းသူတို့ ကိုဖန်ဆင်းသောအရှင်အားမေ့လျော့လျက် ရှိကြ၏။ ယုဒပြည်သားတို့သည်ခိုင်ခံ့ သောမြို့များကိုတည်ကြ၏။ သို့ရာတွင် ငါသည်သူတို့၏နန်းတော်များနှင့်မြို့ များပေါ်သို့လောင်မီးကျစေမည်။