< Gênesis 26 >
1 E havia fome na terra, além da primeira fome, que foi nos dias de Abrahão: por isso foi-se Isaac a Abimelech, rei dos philisteus, em Gerar.
၁အာဗြဟံ လက်ထက် ထိုပြည် ၌ ဖြစ် ဘူးသော အစာခေါင်းပါး ခြင်းမှတပါး ၊ နောက်တဖန်အစာခေါင်းပါး ခြင်း ရှိပြန်သည်ဖြစ်၍ ၊ ဣဇာက် သည် ဖိလိတ္တိ မင်းကြီးအဘိမလက် နေရာဂေရာ မြို့သို့ သွား လေ၏။
2 E appareceu-lhe o Senhor, e disse: Não desças ao Egypto; habita na terra que eu te disser:
၂ထာဝရဘုရား သည်လည်း သူ့ အား ထင်ရှား ၍ ၊ သင်သည် အဲဂုတ္တု ပြည်သို့ မ သွား နှင့်၊ ငါပြော လတံ့သော ပြည် ၌ နေ လော့။
3 Peregrina n'esta terra, e serei comtigo, e te abençoarei; porque a ti e á tua semente darei todas estas terras, e confirmarei o juramento que tenho jurado a Abrahão teu pae;
၃ယခု ဤပြည် ၌ တည်းခို ၍နေလော့။ သင့် ဘက် မှာ ငါနေ ၍ ကောင်းကြီး ပေးမည်။ အကြောင်းမူကား ၊ သင် နှင့် သင် ၏အမျိုးအနွယ် အား ဤ ပြည် ရှိသမျှ တို့ကို ငါပေး မည်။ သင် ၏အဘ အာဗြဟံ အား ငါကျိန်ဆို သော စကားရှိသည်အတိုင်း ငါပြု မည်။
4 E multiplicarei a tua semente como as estrellas dos céus, e darei á tua semente todas estas terras; e em tua semente serão bemditas todas as nações da terra;
၄သင် ၏အမျိုးအနွယ် ကို ကောင်းကင် ကြယ် ကဲ့သို့ များပြား စေမည်။ သင် ၏အမျိုးအနွယ် အား လည်း ၊ ဤ ပြည် ရှိသမျှ တို့ကို ငါပေး မည်။ သင် ၏အမျိုးအနွယ် အားဖြင့် လည်း ၊ လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
5 Porquanto Abrahão obedeceu á minha voz, e guardou o meu mandado, os meus preceitos, os meus estatutos, e as minhas leis.
၅အကြောင်းမူကား ၊ အာဗြဟံ သည် ငါ့ စကား ကို နားထောင် ၍ ၊ ငါ စီရင် မှာထားသော ပညတ် တရား အမျိုးမျိုးတို့ကို စောင့်ရှောက် သတည်းဟုမိန့်တော်မူ၏။
6 Assim habitou Isaac em Gerar.
၆ဣဇာက် သည် ဂေရာ မြို့၌ နေ စဉ်တွင် ၊ - မြို့သားတို့သည် သူ၏မယားအကြောင်းကို မေးသောအခါ၊ ရေဗက္ကသည် လှသောအဆင်းအရောင်ရှိသောကြောင့်၊
7 E perguntando-lhe os varões d'aquelle logar ácerca de sua mulher, disse: É minha irmã; porque temia de dizer: É minha mulher; para que porventura (dizia elle) me não matem os varões d'aquelle logar por amor de Rebecca; porque era formosa á vista.
၇ဤပြည် သားယောက်ျား တို့သည် သူ့ အကြောင်းကြောင့် ငါ့ ကိုသတ် မည်ဟုစိုးရိမ် ၍၊ သူသည် ငါ့ မယား ဖြစ်သည်ဟု မ ပြော မဆိုဝံ့၊ ငါ့ နှမ ဖြစ်သည် ဟု ပြော ဆို၏။
8 E aconteceu que, como elle esteve ali muito tempo, Abimelech rei dos philisteus olhou por uma janella, e viu, e eis que Isaac estava brincando com Rebecca sua mulher.
၈ထို မြို့၌ ကာလအတန်ကြာ နေပြီးမှ ၊ တနေ့သ၌၊ ဣဇာက် သည် မိမိ မယား ရေဗက္က နှင့် ကစား သည်။ ဖိလိတ္တိ မင်းကြီး အဘိမလက် သည် ပြတင်းပေါက် ဝက ကြည့် မြင်လျှင်၊
9 Então chamou Abimelech a Isaac, e disse: Eis que na verdade é tua mulher; como pois disseste: É minha irmã? E disse-lhe Isaac: Porque eu dizia: Para que eu porventura não morra por causa d'ella.
၉ဣဇာက် ကို ခေါ် ၍ ၊ ထို မိန်းမသည်၊ အကယ်စင်စစ် သင် ၏မယား ဖြစ်၏။ သို့ရာတွင် ၊ သူသည် ငါ့ နှမ ဖြစ်၏ဟု အဘယ် ကြောင့်သင်ပြော ရ သနည်းဟုမေး သော်၊ ဣဇာက် က၊ သူ့ အတွက် ကြောင့် ကျွန်ုပ်သေ မည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆို ၏။
10 E disse Abimelech: Que é isto que nos fizeste? Facilmente se teria deitado alguem d'este povo com a tua mulher, e tu terias trazido sobre nós um delicto.
၁၀အဘိမလက် မင်းကလည်း ၊ ငါ တို့၌ သင်ပြု သောအမှု ကား အဘယ်သို့ နည်း။ တစုံတယောက် သောသူသည်၊ သင် ၏မယား နှင့် အမှတ်တမဲ့ သင့် နေလျှင်၊ ငါ တို့ ခေါင်းပေါ် မှာ သင်သည် အပြစ် ရောက် စေလိမ့်မည် တကားဟု ဆိုပြီးမှ၊
11 E mandou Abimelech a todo o povo, dizendo: Qualquer que tocar a este varão ou a sua mulher, certamente morrerá.
၁၁ဤ လင် မယားကို ပြစ်မှား သောသူသည် ဆက်ဆက်အသေ ခံရမည်ဟု မိမိလူ အပေါင်း တို့ကို မှာ ထားသနည်း။
12 E semeou Isaac n'aquella mesma terra, e achou n'aquelle mesmo anno cem medidas, porque o Senhor o abençoava.
၁၂ထို ပြည် ၌ ဣဇာက် သည် မျိုးစေ့ကိုကြဲ ၍ ၊ တနှစ် ခြင်းတွင် အဆ တရာ သော အသီးအနှံ ကို ရလေ၏။ ထာဝရဘုရား သည်လည်း ၊ ကောင်းကြီး ပေးတော်မူသဖြင့်၊
13 E engrandeceu-se o varão, e ia-se engrandecendo, até que se tornou mui grande;
၁၃သူ သည်ကြီးပွါး ၍ ၊ အလွန် စည်းစိမ် ကြီး သည် တိုင်အောင် တိုးတက် လျက် ၊ စီးပွါးဥစ္စာများပြားစွာ ဖြစ်လေ၏။
14 E tinha possessão d'ovelhas, e possessão de vaccas, e muita gente de serviço, de maneira que os philisteus o invejavam.
၁၄သိုးစု ၊ နွားစု များ၊ ကျွန် များ နှင့် ပြည့်စုံ ကြွယ်ဝ၏။ ထိုကြောင့် ၊ ဖိလိတ္တိ လူတို့သည် သူ့ ကိုငြူစူ ကြ၏။
15 E todos os poços, que os servos de seu pae tinham cavado nos dias de seu pae Abrahão, os philisteus entulharam e encheram de terra.
၁၅အဘ အာဗြဟံ လက်ထက် ၌ ၊ အဘ ၏ကျွန် တို့ တူး သော ရေတွင်း ရှိသမျှ တို့ကို မြေ နှင့် ဖို့ ပိတ်ကြ၏။
16 Disse tambem Abimelech a Isaac: Aparta-te de nós; porque muito mais poderoso te tens feito do que nós.
၁၆အဘိမလက် မင်းကလည်း ၊ သင်သည် ငါ့ တို့ထက် တန်ခိုး ကြီး၏။ ငါ တို့ထံမှ ထွက် သွားလော့ဟု၊ ဣဇာက် ကို အမိန့် ရှိသောကြောင့်၊
17 Então Isaac foi-se d'ali e fez o seu assento no valle de Gerar, e habitou lá.
၁၇ဣဇာက် သည် ထို မြို့မှ ထွက်သွား ပြီးလျှင် ၊ ဂေရာ ချိုင့် ၌ တဲ ကို ဆောက်၍ နေ လေ၏။
18 E tornou Isaac, e cavou os poços d'agua que cavaram nos dias de Abrahão seu pae, e que os philisteus taparam depois da morte de Abrahão, e chamou-os pelos nomes que os chamara seu pae.
၁၈ထိုအခါ ဣဇာက် သည်၊ အဘ အာဗြဟံ ကျွန်တို့ တူး ၍ ၊ အဘသေ သောနောက် ၊ ဖိလိတ္တိ လူတို့ဖို့သော ရေ တွင်း တို့ကို တူး ဘော်ပြန်၍ ၊ အထက်က အဘ သမုတ် သော အမည် ဖြင့် သမုတ် လေ၏။
19 Cavaram pois os servos de Isaac n'aquelle valle, e acharam ali um poço d'aguas vivas.
၁၉ဣဇာက် ကျွန် တို့လည်း ၊ ချိုင့် ထဲ၌ တူး ၍ စမ်း ရေ တွင်း ကို တွေ့ ကြ၏။
20 E os pastores de Gerar porfiaram com os pastores de Isaac, dizendo. Esta agua é nossa. Por isso chamou o nome d'aquelle poço Esek, porque contenderam com elle.
၂၀ဂေရာ အမျိုးသားနွား ကျောင်းတို့ကလည်း ၊ ဤရေ သည် ငါ တို့ရေဖြစ်၏ဟု၊ ဣဇာက် ၏နွား ကျောင်းတို့ နှင့် လုယက် ပြော ဆိုကြ၏။ ထိုသို့ အချင်းချင်းလုယက် ကြသောကြောင့် ၊ ထိုရေတွင်း ကို ဧသက် အမည် ဖြင့်မှည့် လေ၏။
21 Então cavaram outro poço, e tambem porfiaram sobre elle: por isso chamou o seu nome Sitnah.
၂၁နောက် တဖန် အခြား သောရေတွင်း ကို တူး ပြန် ကြ၏။ ထို ရေတွင်းကို လည်း တဖန် လု ကြသောကြောင့် ၊ သိတန အမည် ဖြင့် မှည့် လေ၏။
22 E partiu d'ali, e cavou outro poço, e não porfiaram sobre elle: por isso chamou o seu nome Rehoboth, e disse: Porque agora nos alargou o Senhor, e crescemos n'esta terra.
၂၂ထို အရပ်မှ နေရာ ပြောင်း၍ ၊ အခြား သော ရေတွင်း ကို တူး ကြ၏။ ထို ရေတွင်းကို အဘယ်သူမျှမ လုယက် သောကြောင့် ၊ ငါတို့ နေစရာအခွင့်ကို ယခု ထာဝရဘုရား ပေး တော်မူပြီ ဖြစ်၍ ၊ ဤပြည် ၌ ငါ တို့သည် စီးပွါး များကြလိမ့်မည်ဟုဆို လျက် ၊ ထို ရေတွင်းကို ရဟောဘုတ် အမည် ဖြင့် မှည့် သတည်း။
23 Depois subiu d'ali a Berseba,
၂၃တဖန် ထို အရပ်မှ ဗေရရှေဘ အရပ်သို့ ပြောင်း လေ၏။
24 E appareceu-lhe o Senhor n'aquella mesma noite, e disse: Eu sou o Deus de Abrahão teu pae: não temas, porque eu sou comtigo, e abençoar-te-hei, e multiplicarei a tua semente por amor de Abrahão meu servo.
၂၄ထို နေ့ည မှာ ထာဝရဘုရား သည် ထင်ရှား ၍ ၊ ငါ သည် သင် ၏အဘ အာဗြဟံ ၏ ဘုရား ဖြစ်၏။ မ စိုးရိမ် နှင့်။ ငါ သည်သင့် ဘက် မှာရှိ၏။ ငါသည်ကောင်းကြီး ပေး မည်။ ငါ ၏ကျွန် အာဗြဟံ အတွက် ၊ သင် ၏အမျိုးအနွယ် ကို ငါများပြား စေမည်ဟု မိန့် တော်မူ၏။
25 Então edificou ali um altar, e invocou o nome do Senhor, e armou ali a sua tenda; e os servos de Isaac cavaram ali um poço.
၂၅ထို အရပ်၌ ယဇ် ပုလ္လင်ကို တည် ၍ ၊ ထာဝရ ဘုရား ၏ နာမတော် ကို ပဌနာ ပြု၏။ တဲ ကိုလည်း တည်ဆောက် ၍ ၊ ကျွန် တို့သည် ရေတွင်း ကို တူး ကြ၏။
26 E Abimelech veiu a elle de Gerar, com Ahuzzath seu amigo, e Phichol, principe do seu exercito.
၂၆ထိုအခါ အဘိမလက် မင်းသည်၊ အဆွေ တော် အဟုဇာတ် နှင့် ဗိုလ်ချုပ် မင်းဖိကောလ တို့ကို ခေါ်၍၊ ဂေရာ မြို့မှ ဣဇာက် ရှိရာသို့ သွား ၏။
27 E disse-lhes Isaac: Porque viestes a mim, pois que vós me aborreceis, e me enviastes de vós?
၂၇ဣဇာက် ကလည်း ၊ သင် တို့သည် ငါ့ ကို မြင်ပျင်း ၍ နှင်ထုတ် ပြီးမှ ၊ အဘယ်ကြောင့် လာ ကြသနည်းဟုမေး လျှင်၊
28 E elles disseram: Havemos visto, na verdade, que o Senhor é comtigo, pelo que dissemos: Haja agora juramento entre nós, entre nós e ti; e façamos concerto comtigo,
၂၈ထိုသူတို့က၊ ထာဝရဘုရား သည် သင့် ဘက် မှာ ရှိ တော်မူကြောင်း ကို၊ ငါ တို့အမှန် သိမြင် သည်ဖြစ်၍၊
29 Que nos não faças mal, como nós te não temos tocado, e como te fizemos sómente bem, e te deixámos ir em paz. Agora tu és o bemdito do Senhor
၂၉ငါ တို့သည် သင့် ကိုမ ထိ မခိုက်၊ ကျေးဇူး ကိုသာ ပြု ၍ ၊ ငြိမ်ဝပ် စွာလွှတ် လိုက်သည်နည်းတူ ၊ သင် သည်ငါတို့ကို အပြစ် မ ပြုရဟု၊ ငါ တို့တစ်ဖက် ၊ သင့် တစ်ဖက် ၊ နှစ်ဘက်သား တို့သည်၊ သစ္စာ ဂတိထား၍ မိဿဟာယ ဖွဲ့ ကြစို့။ သင် သည် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူဖြစ် ပါ၏ဟု ဆိုကြလေသော်၊
30 Então lhes fez um banquete, e comeram e beberam;
၃၀ဣဇာက်သည်၊ သူ တို့အဘို့ စားသောက်ပွဲ ကို လုပ် ၍ ၊ အတူစား သောက် ကြ၏။
31 E levantaram-se de madrugada, e juraram um ao outro; depois os despediu Isaac, e despediram-se d'elle em paz.
၃၁နံနက် စောစော ထ၍ ၊ အချင်းချင်း တ ဦးနှင့် တဦးသစ္စာ ပြုလိုက်ပြီးမှ ၊ ဣဇာက် သည် သူ့ တို့ကို လွှတ် လိုက်၍ ၊ သူတို့သည် ငြိမ်ဝပ် စွာသွား ရကြ၏။
32 E aconteceu n'aquelle mesmo dia que vieram os servos de Isaac, e annunciaram-lhe ácerca do negocio do peço, que tinham cavado; e disseram-lhe: Temos achado agua.
၃၂ထိုနေ့ ၌ ပင် ဣဇာက် ကျွန် တို့သည် လာ ၍ ၊ မိမိတို့ တူး သောတွင်း ၌ ရေ တွေ့ ကြောင်းကို ပြော ဆိုကြလျှင်၊
33 E chamou-o Seba: por isso é o nome d'aquella cidade Berseba até o dia de hoje.
၃၃ထို ရေတွင်းကို ရှေဘ အမည် ဖြင့် မှည့် လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ ကို ဗေရရှေဘ မြို့ဟု ယနေ့ တိုင်အောင် တွင်လေသတည်း။
34 Ora sendo Esaú da edade de quarenta annos, tomou por mulher a Judith, filha de Beeri, hetheo, e a Basmath filha de Elon, hetheo.
၃၄ဧသော သည် အသက် လေးဆယ် ရှိ သောအခါ ၊ ဟိတ္တိ အမျိုးသားဗေရိ ၏သမီး ယုဒိတ် ၊ ဟိတ္တိ အမျိုးသားဧလုန် ၏သမီး ဗာရှမတ် တို့နှင့် အိမ်ထောင် လေ၏။
35 E estas foram a Isaac e a Rebecca uma amargura de espirito.
၃၅ထိုမိန်းမတို့သည် ဣဇာက် နှင့် ရေဗက္က ၌ စိတ် နှလုံး ပူပန် စရာအကြောင်း ဖြစ် သတည်း။