< Deuteronômio 7 >

1 Quando o Senhor teu Deus te tiver introduzido na terra, a qual vaes a possuir, e tiver lançado fóra muitas gentes de diante de ti, os hetheos, e os girgaseos, e os amorrheos, e os cananeos, e os phereseos, e os heveos, e os jebuseos, sete gentes mais numerosas e mais poderosas do que tu;
သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင် သွား ၍ ဝင်စား လတံ့သော ပြည် သို့ သင့် ကို ဆောင် သွင်း လျက် ၊ ဟိတ္တိ လူ၊ ဂိရဂါရှိ လူ၊ အာမောရိ လူ၊ ခါနာနိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတည်းဟူသော၊ သင့် ထက် ကြီးမြင့် များပြား သော လူမျိုး ခုနစ် မျိုးတို့ကို သင့် ထံ က နှင်ထုတ် ၍၊
2 E o Senhor teu Deus as tiver dado diante de ti, para as ferir, totalmente as destruirás; não farás com ellas concerto, nem terás piedade d'ellas;
တဖန် သင့် လက်၌ အပ် တော်မူသောအခါ၊ သူ တို့ ကို လုပ်ကြံ ၍ အကုန်အစင်သုတ်သင် ပယ်ရှင်းရမည်။ သူ တို့နှင့် မိဿဟာယ မ ဖွဲ့ ရ၊ ကရုဏာ ကို မ ပြရ။
3 Nem te aparentarás com ellas: não darás tuas filhas a seus filhos, e não tomarás suas filhas para teus filhos;
သူ တို့နှင့် စုံဘက် ခြင်းကို မ ပြုရ။ သင် ၏သမီး ကို သူ ၏သား နှင့်၎င်း၊ သင်၏သားကို သူ၏သမီးနှင့်၎င်း ထိမ်းမြားပေးစားခြင်းကို မပြုရ။
4 Pois fariam desviar teus filhos de mim, para que servissem a outros deuses; e a ira do Senhor se accenderia contra vós, e depressa vos consumiria.
အကြောင်း မူကား၊ သူတို့သည် သင် ၏သား ကို ငါ ၌ မဆည်းမကပ်စေဘဲ၊ အခြား တပါးသော ဘုရား အား ဝတ်ပြု စေခြင်းငှာသွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက် ထွက် ၍ သင် တို့ကို ချက်ခြင်း ဖျက်ဆီး တော်မူလိမ့်မည်။
5 Porém assim lhes fareis: Derrubareis os seus altares, quebrantareis as suas estatuas; e cortareis os seus bosques, e queimareis a fogo as suas imagens d'esculptura.
သို့ဖြစ်၍ ၊ သူ တို့၌ အဘယ်သို့ပြု ရမည်နည်း ဟူမူကား ၊ သူ တို့ယဇ် ပလ္လင်များကို ဖျက် ရမည်။ ရုပ်တု များကို ဖြိုချ ရမည်။ အာရှရ ပင်များကို ခုတ် လှဲရမည်။ ထုသောရုပ်တု ဆင်းတုများကို မီးရှို့ ရမည်။
6 Porque povo sancto és ao Senhor teu Deus: o Senhor teu Deus te escolheu, para que lhe fosses o seu povo proprio, de todos os povos que sobre a terra ha.
အကြောင်း မူကား၊ သင် သည် သင် ၏ ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သောအမျိုး ဖြစ်၏။ မြေကြီး ပေါ် မှာ ရှိသမျှ သော လူမျိုး ထက် သင် ၏ဘုရားသခင် ထာဝရဘုရား ပိုင် ထိုက်သော အမျိုး ဖြစ် စေခြင်းငှာ သင့် ကို ရွေးချယ် တော်မူပြီ။
7 O Senhor não tomou prazer em vós, nem vos escolheu, porque a vossa multidão era mais do que a de todos os outros povos, pois vós ereis menos em numero do que todos os povos:
သင် သည် အခြားသောလူမျိုး ထက် သာ၍များ သောကြောင့် ၊ ထာဝရဘုရား သည် သင့် ကို ချစ် ၍ ရွေးချယ် တော်မူသည်မ ဟုတ်။ သင် သည် အခြားသော လူမျိုး တကာ တို့ထက် သာ၍နည်း ၏။
8 Mas porque o Senhor vos amava, e para guardar o juramento que jurára a vossos paes, o Senhor vos tirou com mão forte e vos resgatou da casa da servidão, da mão de Pharaó, rei do Egypto.
ထာဝရဘုရား သည် သင့် ကိုချစ် သောကြောင့် ၎င်း ၊ သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော အကျိန် ကို မ ဖျက်လိုသောကြောင့် ၎င်း၊ ကျွန် ခံနေရာ အဲဂုတ္တု ပြည်ကို အစိုးရ သောဖါရော ဘုရင်လက် မှ အားကြီး သော လက် တော်နှင့် သင့် ကို ရွေးနှုတ် ဆောင်ယူခဲ့တော်မူပြီ။
9 Saberás pois que o Senhor teu Deus é Deus, o Deus fiel, que guarda o concerto e a misericordia até mil gerações aos que o amam e guardam os seus mandamentos;
သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် မှန်သောဘုရား ၊ သစ္စာ စောင့်သောဘုရား ၊ ကိုယ်တော် ကို ချစ် ၍ ပညတ် တော်တို့ကို စောင့်ရှောက် သောသူတို့ ၏ အမျိုး အစဉ်အဆက် အထောင် အသောင်းတိုင်အောင် ပဋိညာဉ် စကားတည် ၍ ကရုဏာ ကို ပြသောဘုရား၊
10 E dá o pago em sua cara a qualquer dos que o aborrecem, fazendo-o perecer: não dilatará ao que o aborrece; em sua cara lh'o pagará.
၁၀ကိုယ်တော် ကို မုန်း သောသူတို့ကို ဖျက်ဆီး ခြင်းငှာ ၊ သူ တို့မျက်မှောက် ၌ အပြစ် ပေးသော ဘုရားဖြစ်တော်မူ ကြောင်းကို သိမှတ်လော့။ ကိုယ်တော် ကို မုန်း သောသူတို့ ကို အား မ နာဘဲ၊ သူ တို့မျက်မှောက် ၌ အပြစ် ပေး တော်မူမည်။
11 Guarda pois os mandamentos, e os estatutos e os juizos que hoje te mando fazer.
၁၁သို့ဖြစ်၍ ယနေ့ငါ ထား သော စီရင် ထုံးဖွဲ့ချက်၊ ပညတ် တရားတို့ကို ကျင့် အံ့သောငှာ စောင့်ရှောက် ရမည်။
12 Será pois que, se, ouvindo estes juizos, os guardardes e fizerdes, o Senhor teu Deus te guardará o concerto e a beneficencia que jurou a teus paes,
၁၂ထို ပညတ် တို့ကို သင်သည် ကျင့်ဆောင် အံ့သောငှာနားထောင် လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပဋိညာဉ် နှင့် ကရုဏာ တော်ကို စောင့် တော်မူမည်။
13 E amar-te-ha, e abençoar-te-ha, e te fará multiplicar, e abençoará o fructo do teu ventre, e o fructo da tua terra, o teu grão, e o teu mosto, e o teu azeite, e a criação das tuas vaccas, e o rebanho do teu gado miudo, na terra que jurou a teus paes dar-te
၁၃သင့် ကိုချစ် သဖြင့် ကောင်းကြီး ပေး၍ များပြား စေတော်မူမည်။ သင့် အား ပေး ခြင်းငှာ ၊ သင် ၏ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပြည် ၌ သင် ဘွားမြင် သော သား တို့ကို၎င်း ၊ သင် ၏မြေ အသီးအနှံ ၊ စပါး ၊ စပျစ်ရည် ၊ ဆီ ၊ နွား အစီး အပွား၊ သိုး စုတို့ကို၎င်းကောင်းကြီး ပေး တော်မူမည်။
14 Bemdito serás mais do que todos os povos: nem macho nem femea entre ti haverá esteril, nem entre os teus animaes.
၁၄သင်သည် လူမျိုး တကာ တို့ထက် သာ၍ကောင်းကြီး ခံရသောသူဖြစ် ၍၊ သင် ၌ မြုံ သော ယောက်ျားမိန်းမတယောက်မျှ၊ တိရစ္ဆာန် တွင် မြုံသော အထီးအမ တကောင်မျှမ ရှိ ရ။
15 E o Senhor de ti desviará toda a enfermidade: sobre ti não porá nenhuma das más doenças dos egypcios, que bem sabes, antes as porá sobre todos os que te aborrecem.
၁၅ထာဝရဘုရား သည်လည်း ၊ အနာ ရောဂါရှိသမျှ တို့ကို သင့် ဆီ က ပယ်ရှား ၍ ၊ သင်သိ သော အဲဂုတ္တု ပြည်၏ အနာ ဆိုးကို သင် ၌ စွဲ စေတော်မ မူ။ သင့် ကိုမုန်း သောသူ အပေါင်း တို့၌ စွဲ စေတော်မူမည်။
16 Pois consumirás a todos os povos que te der o Senhor teu Deus: o teu olho não os poupará: e não servirás a seus deuses, pois isto te seria por laço
၁၆သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင် ၌ အပ်ပေး တော်မူသောလူမျိုး အပေါင်း ကို ဖျက်ဆီး ရမည်။ သင် ၏မျက်စိ သည် သူ တို့ကို မ သနား ရ။ သူ တို့ ဘုရား အား ဝတ် မ ပြုရ။ ဝတ်ပြုလျှင်၊ ထိမိ ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည်။
17 Se disseres no teu coração: Estas gentes são mais numerosas do que eu; como as poderei lançar fóra?
၁၇ထို လူမျိုး တို့သည် ငါ့ ထက် သာ၍များ ၏။ ငါသည် သူ တို့ကို အဘယ်သို့ နှင်ထုတ် နိုင် မည်နည်းဟု သင် သည် စိတ် ထဲမှာ အောက်မေ့ လျက်၊
18 D'ellas não tenhas temor: não deixes de te lembrar do que o Senhor teu Deus fez a Pharaó e a todos os egypcios,
၁၈သူ တို့ကို မ ကြောက် ရ။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဖါရော ဘုရင်နှင့် အဲဂုတ္တု ပြည် တပြည်လုံး ၌ ပြု တော်မူသောအမှု ကို၎င်း၊
19 Das grandes provas a que viram os teu olhos, e dos signaes, e maravilhas, e mão forte, e braço estendido, com que o Senhor teu Deus te tirou: assim fará o Senhor teu Deus com todos os povos, diante dos quaes tu temes.
၁၉ကိုယ်တိုင် မြင် ၍ ကြီးစွာ သော စုံစမ်း ခြင်းတို့ကို၎င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှုတ်ဆောင် သောအခါ ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ် သော အမှုတို့ကို၎င်း၊ အားကြီး သော လက်ရုံး တော်ကို ဆန့် တော်မူခြင်းကို၎င်းစေ့စေ့အောက်မေ့ရမည်။ ထိုနည်းတူ ၊ သင် ကြောက် တတ်သော လူမျိုး ရှိသမျှ တို့၌ သင် ၏ ဘုရား သခင်ထာဝရဘုရား ပြု တော်မူမည်။
20 E mais o Senhor teu Deus entre elles mandará vespões, até que pereçam os que ficarem, e se escondam de diante de ti.
၂၀ထို မှတပါး၊ ကျန်ကြွင်း ၍ ပုန်းရှောင် လျက်နေ သောသူတို့ သည် မ ပျက်စီး မှီတိုင်အောင်၊ သင် ၏ ဘုရား သခင် ထာဝရဘုရား သည် ပျားတူ များကို သူ တို့တွင် စေလွှတ် တော်မူမည်။
21 Não te espantes diante d'elles: porque o Senhor teu Deus está no meio de ti, Deus grande e terrivel.
၂၁သူ တို့ကြောင့် ထိတ်လန့် ခြင်း မ ရှိရ။ အကြောင်း မူကား၊ တန်ခိုးကြီး ၍ ကြောက်မက် ဘွယ်သောသင် ၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့တွင် ရှိတော်မူ ၏။
22 E o Senhor teu Deus lançará fóra estas gentes pouco a pouco de diante de ti: não poderás destruil-as todas de prompto, para que as feras do campo se não multipliquem contra ti.
၂၂သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ထို လူမျိုး တို့ကို သင့် ထံ က တရွေ့ရွေ့ နှင်ထုတ် တော်မူလိမ့်မည်။ တော သားရဲ တို့သည် သင့် တဘက် ၌ များပြား မည်ကို စိုးရိမ်၍၊ သူ တို့ကို ချက်ခြင်း မ ပယ် မရှားသင့်။
23 E o Senhor t'as dará diante de ti, e as fará pasmar com grande pasmo, até que sejam destruidas.
၂၃သို့ရာတွင် သင် ၏ ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို သင် ၌ အပ် ၍ ၊ သူ တို့ မ ပျက်စီး မှီတိုင်အောင်၊ ကြီး စွာသော ပျက်စီး ခြင်းကို စီရင် တော်မူမည်။
24 Tambem os seus reis te entregará na mão, para que desfaças os seus nomes de debaixo dos céus: nenhum homem parará diante de ti, até que os destruas.
၂၄သူ တို့ရှင် ဘုရင်များကိုလည်း သင့် လက် ၌ အပ် တော်မူသဖြင့် ၊ သူ တို့ဘွဲ့နာမ ကိုပင် ကောင်းကင် အောက် မှာ ပယ်ရှင်း ရမည်။ သူ တို့ကို မ ဖျက်ဆီး မှီ တိုင်အောင်သင့် ရှေ့ မှာ အဘယ်သူ မျှမ ရပ် မနေနိုင်ရာ။
25 As imagens d'esculptura de seus deuses queimarás a fogo; a prata e o oiro que estão sobre ellas não cobiçarás, nem os tomarás para ti, para que te não enlaces n'elles; pois abominação é ao Senhor teu Deus.
၂၅သူ တို့ထုသော ရုပ်တု ဆင်းတုဘုရား များကို မီးရှို့ ရမည်။ ရုပ်တုဆင်းတု၌ ပါသောရွှေ ငွေ ကို မ တပ်မက် ရ၊ မသိမ်းမယူရ။ ယူ လျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် စက်ဆုပ် ရွံရှာတော်မူ၏။
26 Não metterás pois abominação em tua casa, para que não sejas anathema, assim como ella: de todo a detestarás, e de todo a abominarás, porque anathema é.
၂၆စက်ဆုပ် ရွံရှာဘွယ်သောအရာကို သင့် အိမ် ထဲသို့ မ သွင်း ရ။ သွင်းလျှင် ၊ သင်သည် ထို အရာကဲ့သို့ ကျိန် အပ် သောအရာ ဖြစ် မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာ ကို သင် သည် အကြွင်းမဲ့စက်ဆုပ် ရွံရှာရမည်။ ကျိန် အပ် သော အရာပင်ဖြစ်ပေ၏။

< Deuteronômio 7 >