< Amós 4 >
1 Ouvi esta palavra, vós, vaccas de Basan, vós, que estaes no monte de Samaria, vós, que opprimis aos pobres, que quebrantaes os necessitados, vós, que dizeis a seus senhores: Dae cá, para que bebamos.
၁ဆင်းရဲသောသူတို့ကို ညှဉ်းဆဲလျက်၊ ငတ်မွတ်သောသူတို့ကိုနှိပ်စက်လျက်၊ မိမိသခင်တို့အား ငါတို့ သောက်ဘို့ယူခဲ့ကြဟုဆိုတတ်လျက်၊ ရှမာရိတောင်ပေါ်မှာနေသော ဗာရှန်နွားတို့၊ ဤစကားတော်ကိုနားထောင် ကြလော့။
2 Jurou o Senhor Jehovah, pela sua sanctidade, que eis que dias estão para vir sobre vós, em que vos levarão com anzoes e a vossos descendentes com anzoes de pesca.
၂အရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်း ပါရမီတော်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ သင်တို့ကို ငါးမျှားနှင့်၎င်း၊ သင်တို့သားမြေးတို့ကိုပိုက်ကွန်နှင့်၎င်း ဘမ်းဆီးယူသွားရသောကာလ ရောက်လိမ့်မည်။
3 E saireis pelas brechas, uma após outra, e lançareis fóra o que levastes para o palacio, disse o Senhor.
၃သင်တို့သည် အသီးအသီးကိုယ်စီတွေ့သော အပေါက်ဖြင့်ထွက်၍ ရဲတိုက်ထဲသို့ ချခြင်းကိုခံရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
4 Vinde a Beth-el, e transgredi, em Gilgal augmentae as transgressões, e de manhã trazei os vossos sacrificios, e os vossos dizimos ao terceiro dia.
၄ဗေသလမြို့သို့သွား၍ ပြစ်မှားကြလော့။ ဂိလဂါလမြို့သို့လည်းသွား၍ များစွာသောပြစ်မှားခြင်းခြင်းကို ပြုကြလော့။ နံနက်တိုင်းပူဇော်သောယဇ်ကို၎င်း၊ သုံးနှစ်တခါ ဥစ္စာဆယ်ဘို့တဘို့ကို၎င်း ဆောင်ခဲ့ကြလော့။
5 E queimae o sacrificio de louvores do pão levedado, e apregoae os sacrificios voluntarios, fazei-o ouvir; porque assim o quereis, ó filhos de Israel, disse o Senhor Jehovah.
၅လုယူသောဥစ္စာထဲကကျေးဇူးချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ကြလော့။ အလိုလိုပြုသော ပူဇော်သက္ကာ များကိုလည်း ကြားပြော၍ကြော်ငြာစေကြလော့။ အိုဣသရေလအမျိုးသားတို့၊ ထိုသို့ပြုရာတွင် သင်တို့သည် မွေ့လျော်တတ်ကြသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
6 Por isso tambem vos dei limpeza de dentes em todas as vossas cidades, e falta de pão em todos os vossos logares; comtudo não vos convertestes a mim, disse o Senhor.
၆ငါသည်လည်း၊ သင်တို့မြို့ရွာရှိသမျှတို့၌ သွားတို့၏ စင်ကြယ်ခြင်းကို၎င်း၊ သင်တို့နေရာအရပ်ရှိသမျှတို့၌ အစာခေါင်းပါးခြင်းကို၎င်းပေးသော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြဟုထာဝရဘုရားမိန့်တော်မူ၏။
7 Além d'isso, retive de vós a chuva, faltando ainda tres mezes até á sega; e fiz chover sobre uma cidade, e sobre outra cidade não fiz chover; sobre um campo choveu, mas o outro, sobre o qual não choveu, se seccou.
၇စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကိုငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက် နေရ၏။
8 E andaram vagabundas duas ou tres cidades a uma cidade, para beberem agua, mas não se saciaram: comtudo não vos convertestes a mim, disse o Senhor.
၈ထိုသို့မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
9 Feri-vos com queimadura, e com ferrugem; a multidão das vossas hortas, e das vossas vinhas, e das vossas figueiras, e das vossas oliveiras, comeu a locusta; comtudo não vos convertestes a mim, disse o Senhor.
၉လေထိ၍အပင်သေခြင်း၊ အရည်ယို၍ သေခြင်းဘေးဖြင့် ငါသည်ဒဏ်ခတ်လေပြီ။ သင်တို့၌ များပြားသောလယ်ယာ၊ စပျစ်ဥယျာဉ်၊ သင်္ဘောသဖန်းပင်၊ သံလွင်ပင်တို့ကို ကျိုင်းကောင်တို့သည် ကိုက်စားကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
10 Enviei a peste contra vós, á maneira do Egypto: os vossos mancebos matei á espada, e os vossos cavallos deixei levar presos, e o fedor dos vossos exercitos fiz subir aos vossos narizes; comtudo não vos convertestes a mim, disse o Senhor.
၁၀အဲဂုတ္တုပြည်ခံရသော ကာလနာဘေးကို သင်တို့ရှိရာသို့ ငါစေလွှတ်လေပြီ။ လုလင်တို့ကို ထားဖြင့် ကွပ်မျက်စေပြီ။ မြင်းတို့ကိုသိမ်းသွားစေပြီ။ သင်တို့တပ်၌ ပုပ်စပ်သောအနံ့ကို သင်တို့နှာခေါင်း၌လှိုင်စေပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရားမိန့်တော်မူ၏။
11 Subverti a alguns d'entre vós, como Deus subverteu a Sodoma e Gomorrah, sendo vós como um tição arrebatado do incendio; comtudo não vos convertestes a mim, disse o Senhor.
၁၁ဘုရားသခင်သည် သောဒုံမြို့နှင့် ဂေါမောရမြို့ကို မှောက်လှန်သကဲ့သို့၊ သင်တို့အချို့ကိုငါမှောက်လှန်၍ သင်တို့သည် မီးထဲကနှုတ်သောထင်းစကဲ့သို့ ဖြစ်ကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
12 Portanto, assim te farei, ó Israel! Porquanto pois isto te farei, prepara-te, ó Israel, a encontrares o teu Deus.
၁၂သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ အထက်က ပြုသကဲ့သို့ သင်တို့၌ငါပြုဦးမည်။ ထိုသို့ပြုမည်ဖြစ်သော ကြောင့်၊ အိုဣသရေလအမျိုး၊ သင်၏ဘုရားသခင်နှင့် တွေ့ခြင်းငှါ ကိုယ်ကိုပြင်ဆင်လော့။
13 Porque eis que o que fórma os montes, e cria o vento, e declara ao homem qual seja o seu pensamento, o que faz da manhã trevas, e piza os altos da terra, o Senhor Deus dos Exercitos é o seu nome.
၁၃တောင်တို့ကို လုပ်၍လေကိုဖန်ဆင်းထသော၊ လူစိတ်အကြံအစည်ကို လူအားဘော်ပြထသော၊ နံနက် အလင်းကို အမိုက်ဖြစ်စေထသော၊ မြင့်သောမြေအရပ်တို့ကို နင်းသောသူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။