< 2 Reis 19 >
1 E aconteceu que Ezequias, tendo-o ouvido, rasgou os seus vestidos, e se cubriu de sacco, e entrou na casa do Senhor.
၁ထိုစကားကို ဟေဇကိ မင်းကြီး သည် ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ လျှော်တေ အဝတ်ကို ခြုံ လျက် ဗိမာန် တော်သို့သွား လေ၏
2 Então enviou a Eliakim, o mordomo, e a Sebna, o escrivão, e os anciãos dos sacerdotes, cobertos de saccos, ao propheta Isaias, filho de Amós.
၂လျှော်တေ အဝတ်ကို ဝတ် လျက်ရှိသောနန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီးရှေဗန ၊ အသက်ကြီး သော ယဇ် ပုရောဟိတ်တို့ကို အာမုတ် သား ပရောဖက် ဟေရှာယ ထံသို့ စေလွှတ် လေ၏
3 E disseram-lhe: Assim diz Ezequias: Este dia é dia de angustia, e de vituperação, e de blasphemia; porque os filhos chegaram ao parto, e não ha força para parir.
၃ဟေဇကိ မင်းမှာ ထားသော စကားဟူမူကား ၊ ယနေ့ သည် ဒုက္ခ နေ့၊ ဆုံးမ သောနေ့ ၊ ကဲ့ရဲ့ ခြင်းကိုခံရသောနေ့ ဖြစ်၏။ သားဘွား ချိန်ရောက် ၍ သား ကို ဘွား နိုင် အောင် ခွန်အား မ ရှိ
4 Bem pode ser que o Senhor teu Deus ouça todas as palavras de Rabsaké, a quem enviou o seu senhor, o rei da Assyria, para affrontar o Deus vivo, e para vituperal-o com as palavras que o Senhor teu Deus tem ouvido: faze pois oração pelo resto que se acha.
၄အသက်ရှင် တော်မူသောဘုရား သခင်ကို ကဲ့ရဲ့ စေခြင်းငှါ အာရှုရိ ရှင်ဘုရင် စေလွှတ် သော မိမိကျွန်ရာဗရှာခ စကား ကို သင် ၏ဘုရား သခင်ထာဝရဘုရား ကြား တော်မူပါစေသော။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော်တိုင်ကြား သော စကား ကို ချေတော်မူပါစေသော။ သင်သည်လည်းကျန်ကြွင်း သော လူတို့အဘို့ ဆုတောင်း ပဌနာပြုပါဟု ပြောစေခြင်းငှါ၊”
5 E os servos do rei Ezequias vieram a Isaias.
၅ဟေဇကိ မင်း စေလွှတ်သော ကျွန် တို့သည် ဟေရှာယ ထံသို့ ရောက် လာကြ၏
6 E Isaias lhes disse: Assim direis a vosso senhor: Assim diz o Senhor: Não temas as palavras que ouviste, com as quaes os servos do rei da Assyria me blasphemaram.
၆ဟေရှာယ ကလည်း၊ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ အာရှုရိ ရှင်ဘုရင် ၏ ကျွန် တို့သည် ငါ့ ကိုကဲ့ရဲ့ ၍ သင်သည်ကြား ရသော စကား ကြောင့် မ ကြောက် နှင့်
7 Eis que metterei n'elle um espirito, e elle ouvirá um arroido, e vol- tará para a sua terra: á espada o farei cair na sua terra.
၇ထိုမင်း ၌ အခြားသောစိတ် သဘောကို ငါ သွင်း ပေးမည်။ သူသည် သိတင်း ကြား ၍ မိမိ ပြည် သို့ ပြန် သွား လိမ့်မည်။ ထို ပြည် ၌ ထား ဖြင့် ငါဆုံး စေမည်ဟူသောစကားတော်ကို သင် တို့၏ သခင် အား ပြန်ကြား ကြလော့ဟုပြော ဆို၏
8 Voltou pois Rabsaké, e achou o rei da Assyria pelejando contra Libna, porque tinha ouvido que se havia partido de Lachis.
၈ထိုအခါ အာရှိုရိ ရှင် ဘုရင်သည် လာခိရှ မြို့မှ ထွက်သွား ကြောင်း ကို ရာဗရှာခ ကြား လျှင် ပြန် သွား၍ လိဗန မြို့ကို ရှင်ဘုရင်တိုက် နေသည်ကို တွေ့ လေ၏
9 E, ouvindo elle dizer de Tirhaká, rei de Cus: Eis que ha saido para te fazer guerra; tornou a enviar mensageiros a Ezequias, dizendo:
၉နောက်တဖန်ကုရှ မင်းကြီး တိရက္က သည် စစ်ချီ ၍ လာ ပြီဟု သိတင်းကြား သောအခါ ၊ ဟေဇကိ မင်းထံသို့ တမန် တို့ကို စေလွှတ် ပြန်၍၊ “
10 Assim fallareis a Ezequias, rei de Judah, dizendo: Não te engane o teu Deus, em quem confias, dizendo: Jerusalem não será entregue na mão do rei d'Assyria.
၁၀သင် တို့သည် ယုဒ မင်းကြီး ဟေဇကိ ကို ပြော ရ သော စကားဟူမူကား ၊ သင် ကိုးစား သော ဘုရားသခင် က၊ ယေရုရှလင် မြို့သည် အာရှုရိ ရှင်ဘုရင် လက် သို့ မ ရောက် ရဟူ၍သင့် ကို မ လှည့်စား စေနှင့်
11 Eis que já tens ouvido o que fizeram os reis da Assyria a todas as terras, destruindo-as totalmente, e tu te livrarás?
၁၁အာရှုရိ ရှင် ဘုရင်တို့သည် ခပ်သိမ်း သော ပြည် တို့ကို လုပ်ကြံ ၍ ရှင်းရှင်းဖျက်ဆီးကြောင်း ကို သင် သည် ကြား ရပြီ။ ကိုယ်တိုင်လွတ် လိမ့်မည်လော
12 Porventura as livraram os deuses das nações, a quem destruiram, como a Gozan e a Haran? e a Reseph, e aos filhos de Eden, que estavam em Telassar?
၁၂ငါ့ ဘိုးဘေး တို့သည် ဖျက်ဆီး သော အမျိုးသား ၊ ဂေါဇန် အမျိုးသား၊ ခါရန် အမျိုးသား၊ ရေဇပ် အမျိုးသား၊ တေလသာ မြို့၌ ရှိသောဧဒင် အမျိုးသား တို့ကို သူ တို့၏ ဘုရား များတို့သည် ကယ်ယူ ကြပြီလော။
13 Que é feito do rei de Hamath, e do rei de Arpad, e do rei da cidade de Sepharvaim, Hena e Iva?
၁၃ဟာမတ် မင်းကြီး ၊ အာပဒ် မင်းကြီး နှင့် သေဖရဝိမ် မြို့၊ ဟေန မြို့၊ ဣဝါ မြို့ကိုစိုးစံသော မင်းကြီးတို့သည် အဘယ်မှာရှိကြသနည်းဟု မှာလိုက်လေ၏
14 Recebendo pois Ezequias as cartas das mãos dos mensageiros, e lendo-as, subiu á casa do Senhor, e Ezequias as estendeu perante o Senhor.
၁၄ထိုမှာစာ ကို ဟေဇကိ မင်းသည် သံတမန် လက် မှ ခံ ယူ၍ ကြည့် ပြီးလျှင် ဗိမာန် တော်သို့သွား ၍ ထာဝရဘုရား ရှေ့ တော်၌ ဖြန့် ထားလေ၏
15 E orou Ezequias perante o Senhor, e disse: Ó Senhor Deus de Israel, que habitas entre os cherubins, tu mesmo, só tu és Deus de todos os reinos da terra: tu fizeste os céus e a terra.
၁၅ထိုအခါ ဟေဇကိ မင်းသည် ထာဝရဘုရား ရှေ့ တော်၌ လျှောက် ဆိုသည်ကား၊ ခေရုဗိမ် ပေါ်မှာ ထိုင် တော်မူသောဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရား သခင်ဖြစ်တော်မူ ၏။ ကိုယ်တော်တပါးတည်းသာလျှင်မြေကြီး ပေါ် မှာ ရှိသမျှ သော အတိုင်းတိုင်း အပြည်ပြည်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော် သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏
16 Inclina, Senhor, o teu ouvido, e ouve; abre, Senhor, os teus olhos, e olha: e ouve as palavras de Sanherib, que enviou a este, para affrontar o Deus vivo.
၁၆အိုထာဝရဘုရား ၊ နား တော်ကို လှည့် ၍ နားထောင် တော်မူပါ။ အိုထာဝရဘုရား ၊ မျက်စိ တော်ကိုဖွင့် ၍ ကြည့်ရှု တော်မူပါ။ သနာခရိပ် မင်းသည် အသက်ရှင် တော်မူ သောဘုရား သခင်ကို ကဲ့ရဲ့ ၍ပြောစေသော စကား အလုံးစုံတို့ကို မှတ် တော်မူပါ
17 Verdade é, ó Senhor, que os reis da Assyria assolaram as nações e as suas terras,
၁၇အိုထာဝရဘုရား ၊ အကယ်စင်စစ်အာရှုရိ ရှင် ဘုရင်တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့ကို ဖျက်ဆီး ၍၊ “
18 E lançaram os seus deuses no fogo; porquanto deuses não eram, mas obra de mãos de homens, madeira e pedra; por isso os destruiram.
၁၈သူ တို့၏ဘုရား များကို မီး ထဲသို့ ချ ပစ်ကြပါပြီ။ ထို ဘုရားတို့သည် ဘုရား မ ဟုတ်၊ လူ လက် ဖြင့်လုပ် သော သစ်သား နှင့် ကျောက် ဖြစ်သောကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ
19 Agora pois, ó Senhor nosso Deus, sê servido de nos livrar da sua mão: e assim saberão todos os reinos da terra que só tu és o Senhor Deus.
၁၉အိုအကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ထာဝရဘုရား တပါးသာ ဘုရား သခင်ဖြစ်တော်မူသည်ကို မြေကြီး ပေါ်မှာရှိသမျှ သော တိုင်း နိုင်ငံတို့သည် သိ မည်အကြောင်း ၊ အကျွန်ုပ် တို့ကို ထိုမင်း လက် မှ ယခု ကယ် တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဌနာပြုလေ၏
20 Então Isaias, filho de Amós, mandou dizer a Ezequias: Assim diz o Senhor Deus de Israel: O que me pediste ácerca de Sanherib, rei da Assyria, ouvi.
၂၀ထိုအခါ အာမုတ် သား ဟေရှာယ သည် ဟေဇကိ မင်းထံသို့ စေလွှတ် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်အာရှုရိ ရှင်ဘုရင် သနာခရိပ် အကြောင်း ကြောင့် ငါ့ ရှေ့ မှာ ပြု သောပဌနာစကားကို ငါကြား ရပြီ
21 Esta é a palavra que o Senhor fallou d'elle: A virgem, a filha de Sião, te despreza, de ti zomba; a filha de Jerusalem menea a cabeça por detraz de ti
၂၁ထိုမင်း၏အမှုမှာ ထာဝရဘုရား မိန့် တော်မူသော စကား ဟူမူကား ၊ ဇိအုန် သတို့သမီး ကညာ သည် သင့် ကို မထီမဲ့မြင် ပြု၍ ပြက်ယယ် ၏။ ယေရုရှလင် သတို့သမီး သည် သင့် နောက် ၌ ခေါင်း ညှိတ် ၏
22 A quem affrontaste e blasphemaste? E contra quem alçaste a voz, e ergueste os teus olhos ao alto? Contra o Sancto de Israel?
၂၂သင်သည် အဘယ်သူ ကိုကဲ့ရဲ့ ဆဲရေး သနည်း။ အဘယ်သူ ကို အော်ဟစ် ၍ မျက်နှာ ထောင်လွှား သနည်း။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ပင် ပြု ပါ သည်တကား
23 Por meio de teus mensageiros affrontaste o Senhor, e disseste: Com a multidão de meus carros subo eu ao alto dos montes, aos lados do Libano, e cortarei os seus altos cedros, e as suas mais formosas faias, e entrarei nas suas pousadas extremas, até no bosque do seu campo fertil.
၂၃သင် သည် တမန် များအားဖြင့် ထာဝရ ဘုရားကို ကဲ့ရဲ့ ၍ ၊ ငါ သည် ရထား များပြား သဖြင့် တောင် ထိပ် သို့ ၎င်း၊ လေဗနုန် တောင် အထွဋ် သို့၎င်း တက် လာပြီ။ အရပ် မြင့် သောအာရဇ် ပင်နှင့် အကောင်းဆုံး သော ထင်ရူး ပင် တို့ကို ငါခုတ်လှဲ ပြီ။ အဝေး ဆုံးသော ခိုလှုံ ရာအသီး များ သော တော ထဲသို့ ငါဝင် ပြီ
24 Eu cavei, e bebi aguas estranhas; e com as plantas de meus pés sequei todos os rios dos logares fortes.
၂၄ငါ သည် တွင်း တူး၍ မ မြည်းဘူးသော ရေ ကို သောက် ရပြီ။ ငါ ၏ ခြေဘဝါး အားဖြင့် အဲဂုတ္တု မြစ် လက်ကြားရေရှိသမျှ ကို ခန်းခြောက် စေပြီဟု သင်ဆို မိပြီ တကား
25 Porventura não ouviste que já d'antes fiz isto, e já desde os dias antigos o formei? agora porém o fiz vir, para que fosses tu que reduzisses as cidades fortes a montões desertos.
၂၅ငါသည်အထက်ကဤအမှုကို စီရင်ကြောင်းနှင့် ရှေး ကာလ ၌ ပြုပြင်ကြောင်းကို သင်သည် မ ကြား သလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့” သော မြို့ တို့ကို ဖျက်ဆီး ၍၊ ကျောက် ပုံဖြစ်စေ သောသူဖြစ် မည်အကြောင်း ငါစီရင် ခန့်ထားလေပြီ
26 Por isso os moradores d'ellas, com as mãos encolhidas, ficaram pasmados e confundidos: eram como a herva do campo, e a hortaliça verde, e o feno dos telhados, e o trigo queimado, antes que se levante.
၂၆ထိုကြောင့် မြို့သား တို့သည် အားနည်း ကြ၏။ မှိုင်တွေ ၍ စိတ်ပျက် လျက်ရှိကြ၏။ တော မြက်ပင် နှင့် စိမ်း သော စပါးပင်ကဲ့သို့၎င်း၊ အိမ်မိုး ပေါ်မှာ ပေါက်သော မြက်ပင်နှင့် မ ကြီး မှီညှိုးနွမ်း သော စပါးပင်ကဲ့သို့၎င်း ဖြစ် ကြ၏
27 Porém o teu assentar, e o teu sair, e o teu entrar, eu o sei, e o teu furor contra mim.
၂၇သင် ၏နေထိုင် ခြင်း၊ ထွက် ဝင် ခြင်း၊ ငါ ၌ အမျက် ဟုန်းခြင်းတို့ကို ငါသိ ၏
28 Por causa do teu furor contra mim, e porque a tua revolta subiu aos meus ouvidos; portanto porei o meu anzol no teu nariz, e o meu freio nos teus beiços, e te farei voltar pelo caminho por onde vieste.
၂၈ငါ၌သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကိုနှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်
29 E isto te será por signal: este anno se comerá o que nascer por si mesmo, e no anno seguinte o que d'ahi proceder; porém o terceiro anno semeae e segae, e plantae vinhas, e comei os seus fructos.
၂၉သင်မှတ်ရသောနိမိတ်လက္ခဏာဟူမူကား၊ ယခု နှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ်တွင် ထိုအတူပေါက်သော အရာများကို၎င်းသင်တို့သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကိုရိတ် ကြလော့။ စပျစ်ဥယျာဉ်ကိုလည်းစိုက်၍ အသီးကို စားကြလော့
30 Porque o que escapou da casa de Judah, e ficou de resto, tornará a lançar raizes para baixo, e dará fructo para cima.
၃၀ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသားတို့သည် တဖန် အောက်မှာအမြစ်စွဲ၍ အထက်မှာ အသီးသီးကြလိမ့်မည်
31 Porque de Jerusalem sairá o restante, e do monte de Sião o que escapou: o zelo do Senhor fará isto.
၃၁ကျန်ကြွင်း သောသူတို့သည် ယေရုရှလင် မြို့ထဲက ၎င်း ၊ ဘေးလွတ် သောသူတို့သည် ဇိအုန် တောင် ပေါ်က ၎င်း ပေါ် လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် အလိုတော် အားကြီး၍ ထို အမှုကို စီရင် တော်မူလိမ့်မည်
32 Portanto, assim diz o Senhor ácerca do rei d'Assyria: Não entrará n'esta cidade, nem lançará n'ella frecha alguma: tão pouco virá perante ella com escudo, nem levantará contra ella tranqueira alguma.
၃၂သို့ဖြစ်၍ ထာဝရဘုရား သည် အာရှုရိ ရှင်ဘုရင် ကို ရည်မှတ်၍ မိန့် တော်မူသည်ကား ၊ သူသည် ဤ မြို့ သို့ မ ဝင် ရ။ မြို့ထဲသို့မြှား ကိုမ ပစ် ရ။ မြို့ရှေ့မှာ ဒိုင်း လွှားကို မ ပြ ရ။ မြို့ပြင်မှာ မြေရိုး ကို မ ဖို့ ရ
33 Pelo caminho por onde vier por elle voltará; porém n'esta cidade não entrará, diz o Senhor.
၃၃လာ သော လမ်း ဖြင့် ပြန် သွားရမည်။ ဤ မြို့ ထဲသို့ မ ဝင် ရ
34 Porque eu ampararei a esta cidade, para a livrar, por amor de mim e por amor do meu servo David.
၃၄ငါသည် ကိုယ်မျက်နှာကို၎င်း၊ ငါ့ ကျွန် ဒါဝိဒ် ၏ မျက်နှာကို၎င်း ထောက် ၍ ဤ မြို့ ကို ကယ်တင် ခြင်းငှါ စောင့်မ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏
35 Succedeu pois que n'aquella mesma noite saiu o anjo do Senhor, e feriu no arraial dos assyrios a cento e oitenta e cinco mil d'elles; e, levantando-se pela manhã cedo, eis que todos eram corpos mortos.
၃၅ထိုညဉ့် တွင် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထွက် ၍ အာရှုရိ တပ် တွင် လူ တသိန်း ရှစ် သောင်းငါး ထောင် တို့ကို ဒဏ်ခတ် လေ၏။ နံနက် စောစောထ ချိန် ရောက်သောအခါ ၊ ထိုသူ အပေါင်း တို့သည် အသေ ကောင်ဖြစ်ကြ၏
36 Então Sanherib, rei d'Assyria, partiu, e se foi, e voltou: e ficou em Ninive.
၃၆အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်လည်း ထိုအရပ် မှ ထွက် ၍ ပြန် သွားပြီးလျှင် နိနေဝေ မြို့၌ နေ လေ၏
37 E succedeu que, estando elle prostrado na casa de Nisroch, seu deus, Adram-melech e Sarezer, seus filhos, o feriram á espada; porém elles escaparam para a terra d'Ararat: e Esar-haddon, seu filho, reinou em seu logar.
၃၇နောက် တဖန်သူ သည် မိမိ ဘုရား နိသရုတ် ၏ ဗိမာန် ၌ ကိုးကွယ် စဉ်တွင်၊ သား တော်အာဒြမ္မေလက် နှင့် ရှရေဇာ သည်ခမည်းတော် ကို ထား နှင့် သတ် ပြီးလျှင် ၊ အာရမနိ ပြည် သို့ ပြေး ကြ၏။ သား တော်ဧသရဟဒ္ဒုန် သည်လည်း ခမည်းတော် အရာ ၌ နန်းထိုင် ၏