< 2 Crônicas 16 >
1 No anno trigesimo sexto do reinado d'Asa, Baása, rei d'Israel, subiu contra Judah e edificou a Rama, para ninguem deixar sair nem entrar a Asa, rei de Judah.
၁ယုဒဘုရင်အာသနန်းစံသုံးဆယ့်ခြောက် နှစ်မြောက်၌ ဣသရေလဘုရင်ဗာရှာသည် ယုဒပြည်သို့ချင်းနင်းဝင်ရောက်ပြီးလျှင် ယုဒပြည်သို့ဝင်ထွက်သွားလာမှုမပြု နိုင်စေရန်ရာမမြို့ကိုတံတိုင်းကာလေသည်။-
2 Então tirou a Asa a prata e o oiro dos thesouros da casa de Deus, e da casa do rei; e enviou a Benhadad, rei da Syria, que habitava em Damasco, dizendo:
၂ထိုကြောင့်အာသသည်ဗိမာန်တော်နှင့်နန်းတော် ဘဏ္ဍာတိုက်များမှရွှေ၊ ငွေ၊ ရှိသမျှကိုယူ၍ ဒမာသက်မြို့ရှိရှုရိဘုရင်ဗင်္ဟာဒဒ်ထံသို့ ပို့၍၊-
3 Alliança ha entre mim e ti, como houve entre meu pae e teu: eis que te envio prata e oiro; vae, pois, e anniquila a tua alliança com Baása, rei d'Israel, para que se retire de sobre mim.
၃``အကျွန်ုပ်တို့သည်အကျွန်ုပ်တို့၏ခမည်း တော်များကဲ့သို့မဟာမိတ်ဖွဲ့ကြကုန်အံ့။ ဤရွှေ၊ ငွေမှာအဆွေတော်အတွက်လက် ဆောင်ဖြစ်ပါ၏။ ဗာရှာမင်းသည်မိမိစစ်တပ် များကို အကျွန်ုပ်၏နယ်မြေမှရုပ်သိမ်းသွား စေရန်အဆွေတော်သည် သူနှင့်ဖွဲ့သောမဟာ မိတ်ကိုဖျက်သိမ်း၍ကူညီပါလော့'' ဟု မှာလိုက်၏။
4 E Benhadad deu ouvidos ao rei Asa, e enviou o capitão dos exercitos que tinha, contra as cidades d'Israel, e feriram a Ijon, e a Dan, e a Abelmaim; e a todas as cidades das munições de Naphtali.
၄ဗင်္ဟာဒဒ်သည်အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိတပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသ ရေလမြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူ တို့သည်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့ နှင့်နဿလိနယ်မြေရှိပစ္စည်းသိုလှောင်ရာ မြို့အပေါင်းကိုသိမ်းယူလိုက်ကြ၏။-
5 E succedeu que, ouvindo-o Baása, deixou d'edificar a Rama; e descontinuou a sua obra.
၅ဤသတင်းကိုကြားသောအခါဗာရှာမင်း သည် ရာမမြို့တံတိုင်းကာရံမှုကိုရပ်စဲ လိုက်လေသည်။-
6 Então o rei Asa tomou a todo o Judah e levaram as pedras de Rama, e a sua madeira, com que Baása edificara; e edificou com isto a Geba e a Mispah.
၆ထိုအခါအာသမင်းသည်ယုဒပြည်တစ် လျှောက်လုံးမှ လူတို့ကိုဆင့်ခေါ်ပြီးလျှင် ရာမမြို့တံတိုင်းကာရံမှုတွင် အသုံးပြု လျက်ရှိသောကျောက်တုံးများနှင့်သစ်သား များကိုသယ်ဆောင်လာစေတော်မူ၏။ သူတို့ သည်ထိုပစ္စည်းများဖြင့် ဂေဘမြို့နှင့်မိဇပါ မြို့တို့ကိုတံတိုင်းကာကြ၏။
7 N'aquelle mesmo tempo veiu Hanani, o vidente, a Asa rei de Judah, e disse-lhe: Porquanto confiaste no rei da Syria, e não confiaste no Senhor teu Deus, portanto o exercito do rei da Syria escapou da tua mão.
၇ထိုအချိန်၌ပရောဖက်ဟာနန်သည်အာသ မင်းထံသို့သွား၍``ဘုရင်မင်းသည်မိမိ၏ ဘုရားသခင်ကိုအားကိုးမည့်အစားရှုရိ မင်းကိုအားကိုးသည်ဖြစ်၍ဣသရေလ ၏တပ်မတော်သည်ဘုရင်မင်း၏လက်မှလွတ် မြောက်သွားလေပြီ။-
8 Porventura não foram os ethiopes e os lybios um grande exercito, com muitissimos carros e cavalleiros? confiando tu porém no Senhor, elle os entregou nas tuas mãos.
၈ဆူဒန်နှင့်လိဗုအမျိုးသားတို့တွင်စစ်ရထား နှင့် မြင်းစီးသူရဲအမြောက်အမြားပါဝင် သည့်တပ်မတော်များရှိခဲ့ကြသည်မဟုတ် ပါလော။ ဘုရင်မင်းသည်ထာဝရဘုရားကို အားကိုးခဲ့သဖြင့် ကိုယ်တော်သည်ဘုရင်မင်း အားထိုတပ်မတော်တို့ကိုနှိမ်နင်းခွင့်ပေး တော်မူခဲ့၏။-
9 Porque, quanto ao Senhor, seus olhos passam por toda a terra, para mostrar-se forte para com aquelles cujo coração é perfeito para com elle; n'isto pois fizeste loucamente porque desde agora haverá guerras contra ti.
၉ထာဝရဘုရားသည်မိမိအားသစ္စာစောင့် သူတို့အားတန်ခိုးစွမ်းရည်ကိုပေးတော်မူရန် ကမ္ဘာတစ်ဝှမ်းလုံးကိုသေချာစွာကြည့်လျက် နေတော်မူ၏။ ဘုရင်မင်းသည်မိုက်မဲစွာပြု ခဲ့သည်ဖြစ်၍ ယခုမှစ၍အစဉ်စစ်ဖြစ် လျက်နေရလိမ့်မည်'' ဟုဆင့်ဆို၏။-
10 Porém Asa se indignou contra o vidente, e lançou-o na casa do tronco; porque d'isto grandemente se alterou contra elle: tambem Asa no mesmo tempo opprimiu a alguns do povo.
၁၀ထိုစကားကြောင့်အာသသည်ပရောဖက် အားအမျက်ထွက်၍ သံကြိုးများနှင့်ချည် နှောင်ထားစေ၏။ ဤအချိန်၌အာသသည် ပြည်သူအချို့ကိုနှိပ်စက်ညှဉ်းဆဲစပြု လေသည်။
11 E eis que os successos d'Asa, tanto os primeiros, como os ultimos, estão escriptos no livro dos reis de Judah e Israel.
၁၁အာသ၏လက်ထက်၌ဖြစ်ပျက်သမျှသော အမှုအရာများကို ယုဒရာဇဝင်နှင့် ဣသရေလ ရာဇဝင်တွင်မှတ်တမ်းတင်ထားသတည်း။-
12 E caiu Asa doente de seus pés no anno trinta e nove do seu reinado: grande por extremo era a sua enfermidade, e comtudo na sua enfermidade não buscou ao Senhor, mas antes aos medicos.
၁၂နန်းစံသုံးဆယ့်ကိုးနှစ်မြောက်၌အာသသည် နူနာစွဲသဖြင့် ခြေမစွမ်းမသန်ဖြစ်သောအခါ ထာဝရဘုရားအားဆည်းကပ်မည့်အစား ဆေး သမားများကိုသာလျှင်ဆည်းကပ်လေ၏။-
13 E Asa dormiu com seus paes; e morreu no anno quarenta e um do seu reinado.
၁၃နောက်နှစ်နှစ်မျှကြာသော်သူသည်ကွယ်လွန် သောအခါ၊-
14 E o sepultaram no seu sepulchro, que tinha cavado para si na cidade de David, havendo-o deitado na cama, que se enchera de cheiros e especiarias preparadas segundo a arte dos perfumistas: e fizeram-lhe queima mui grande.
၁၄ဒါဝိဒ်မြို့တွင်သူ၏အတွက်ပြုလုပ်ထား သည့်ကျောက်ဂူတွင်သင်္ဂြိုဟ်ကြ၏။ ပြည်သူတို့ သည်သင်္ဂြိုဟ်ရန်အတွက်မင်းကြီး၏အလောင်း ကို နံ့သာမျိုးများ၊ ဆီမွှေးများနှင့်မွမ်းမံ ပြင်ဆင်ကြပြီလျှင်ဝမ်းနည်းကြေကွဲသည့် အထိမ်းအမှတ်ဖြင့်မီးပုံပွဲကြီးကို ကျင်းပကြလေသည်။