< 1 Samuel 23 >

1 E foi annunciado a David, dizendo: Eis que os philisteos pelejam contra Keila, e saqueiam as eiras.
ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ကိ​လ​မြို့​ကို တိုက်​ခိုက်​၍ ရိတ်​သိမ်း​ပြီး​စ​ကောက်​သစ်​များ ကို​လု​ယူ​သော​သ​တင်း​ကို​ဒါ​ဝိဒ်​ကြား လျှင်၊-
2 E consultou David ao Senhor, dizendo: Irei eu, e ferirei a estes philisteos? E disse o Senhor a David: Vae, e ferirás aos philisteos, e livrarás a Keila.
ထာ​ဝ​ရ​ဘု​ရား​အား``ကျွန်​တော်​မျိုး​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို​သွား​ရောက်​တိုက် ခိုက်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့။ သူ​တို့​ကို တိုက်​ခိုက်​၍ ကိ​လ​မြို့​ကို​ကယ်​တင်​လော့'' ဟု​မိန့်​တော်​မူ​၏။
3 Porém os homens de David lhe disseram: Eis que tememos aqui em Judah, quanto mais indo a Keila contra os esquadrões dos philisteos.
သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အ​ပေါင်း​ပါ​တို့​က``ဤ ယု​ဒ​ပြည်​တွင်​ပင်​လျှင်​အ​ကျွန်ုပ်​တို့​ကြောက် လန့်​လျက်​နေ​ရ​ကြ​ပါ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကို​သွား​ရောက်​တိုက်​ခိုက်​ပါ​မူ ပို​၍​ပင်​အ​ခြေ အ​နေ​ဆိုး​ရွား​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​သ​ဖြင့်၊-
4 Então David tornou a consultar ao Senhor, e o Senhor lhe respondeu, e disse: Levanta-te, desce a Keila, porque te dou os philisteos na tua mão.
ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​တစ်​ဖန် လျှောက်​ထား​မေး​မြန်း​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား က``ကိ​လ​မြို့​သို့​သွား​ရောက်​တိုက်​ခိုက်​လော့။ ငါ သည်​သင့်​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ပေါ် တွင်​အောင်​ပွဲ​ခံ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-
5 Então David partiu com os seus homens a Keila, e pelejou contra os philisteos, e levou os gados, e fez grande estrago entre elles: e David livrou os moradores de Keila.
ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​သူ​၏​အ​ပေါင်း​ပါ​တို့​သည် ကိ​လ​မြို့​သို့​သွား​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ကြ​၏။ သူ​တို့​သည်​လူ​အ​မြောက်​အ​မြား ကို​သတ်​ဖြတ်​၍​သိုး​နွား​များ​ကို​သိမ်း​ယူ​ကြ​၏။ ဤ​သို့​လျှင်​ဒါ​ဝိဒ်​သည်​ကိ​လ​မြို့​ကို​ကယ်​တင် လေ​သည်။
6 E succedeu que, quando Abiathar, filho de Achimelech, fugiu para David, a Keila, desceu com o ephod na mão.
အ​ဟိ​မ​လက်​၏​သား​အ​ဗျာ​သာ​သည်​ထွက် ပြေး​လွတ်​မြာက်​ပြီး​နောက် ကိ​လ​မြို့​ရှိ​ဒါ​ဝိဒ် ထံ​သို့​ဝင်​ရောက်​လာ​သော​အ​ခါ သူ​သည်​မိ​မိ နှင့်​အ​တူ​ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​ကို​ယူ ဆောင်​လာ​ခဲ့​၏။
7 E foi annunciado a Saul que David era vindo a Keila, e disse Saul: Deus o entregou nas minhas mãos, pois está encerrado, entrando n'uma cidade de portas e ferrolhos.
ကိ​လ​မြို့​သို့​ဒါ​ဝိဒ်​ရောက်​ကြောင်း​ကို​ရှော​လု ကြား​လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား ငါ​၏​လက်​သို့​အပ်​တော်​မူ​ပြီ။ ဒါ​ဝိဒ်​သည်​မြို့ ရိုး​နှင့်​မြို့​တံ​ခါး​အ​ခိုင်​အ​မာ​ရှိ​သည့်​မြို့​ထဲ သို့​ရောက်​ခြင်း​အား​ဖြင့် ထောင်​ချောက်​တွင်း သို့​သက်​ဆင်း​လေ​ပြီ'' ဟု​ဆို​၏။-
8 Então Saul mandou chamar a todo o povo á peleja, para que descessem a Keila, para cercar a David e os seus homens.
ထို့​ကြောင့်​ရှော​လု​သည်​စစ်​သည်​တပ်​သား​များ အား​ဆင့်​ခေါ်​ပြီး​လျှင် ကိ​လ​မြို့​သို့​ချီ​တက် ၍​ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​အား​ဝိုင်း​ရံ​ရန် အ​မိန့်​ပေး​တော်​မူ​၏။
9 Sabendo pois David, que Saul maquinava este mal contra elle, disse a Abiathar, sacerdote: Traze aqui o ephod.
ဒါ​ဝိဒ်​သည်​မိ​မိ​အား ရှော​လု​တိုက်​ခိုက်​ရန်​ကြံ စည်​လျက်​နေ​ကြောင်း​ကြား​လျှင် ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​၏။-
10 E disse David: Ó Senhor, Deus de Israel, teu servo decerto tem ouvido que Saul procura vir a Keila, para destruir a cidade por causa de mim.
၁၀ထို​နောက်​ဒါ​ဝိဒ်​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ရှော​လု သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး ကြောင့်​ကိ​လ​မြို့​သို့​လာ​ရောက်​၍ မြို့​ကို​ဖျက် ဆီး​ပစ်​ရန်​ကြံ​စည်​လျက်​ရှိ​ကြောင်း​ကြား​ရ ပါ​၏။-
11 Entregar-me-hão os cidadãos de Keila na sua mão? descerá Saul, como o teu servo tem ouvido? ah Senhor Deus d'Israel! fal-o saber ao teu servo. E disse o Senhor: Descerá.
၁၁ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော်​မျိုး​အား ရှော​လု​လက်​သို့​ပေး​အပ်​ကြ​ပါ​မည်​လော။ ကျွန် တော်​မျိုး​ကြား​ရ​သည့်​အ​တိုင်း ရှော​လု​သည် အ​ကယ်​ပင်​လာ​ရောက်​ပါ​မည်​လော။ အို ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ဗျာ ဒိတ်​ပေး​သ​နား​တော်​မူ​ပါ'' ဟု​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``ရှော​လု​လာ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​လျှင်၊
12 Disse mais David: Entregar-me-hiam os cidadãos de Keila, a mim e aos meus homens, nas mãos de Saul? E disse o Senhor: Entregariam.
၁၂ဒါ​ဝိဒ်​က``ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော် မျိုး​နှင့်​အ​ပေါင်း​ပါ​တို့​အား​ရှော​လု​လက်​သို့ ပေး​အပ်​ကြ​မည်​လော'' ဟု​တစ်​ဖန်​မေး​လျှောက် ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား​က``ပေး​အပ်​ကြ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။
13 Então se levantou David com os seus homens, uns seiscentos, e sairam de Keila, e foram-se aonde poderam: e sendo annunciado a Saul, que David escapara de Keila, cessou de sair contra elle.
၁၃ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​ခြောက်​ရာ​ခန့်​ရှိ​သော​အ​ပေါင်း ပါ​တို့​သည် ချက်​ချင်း​ပင်​ကိ​လ​မြို့​မှ​ထွက်​၍​သင့် ရာ​သို့​ဆုတ်​ခွာ​သွား​ကြ​၏။ ကိ​လ​မြို့​မှ​ဒါ​ဝိဒ် ထွက်​ပြေး​သွား​ကြောင်း​ရှော​လု​ကြား​သိ​သော အ​ခါ မိ​မိ​၏​အ​ကြံ​အ​စည်​ကို​ဖျက်​သိမ်း​လိုက် လေ​သည်။
14 E David permaneceu no deserto, nos logares fortes, e ficou em um monte no deserto de Ziph: e Saul o buscava todos os dias, porém Deus não o entregou na sua mão.
၁၄ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​တောင်​ထူ ထပ်​သော​အ​ရပ်​တွင်​ပုန်း​အောင်း​လျက်​နေ​၏။ ရှော​လု​သည်​သူ့​အား​အ​ချိန်​ရှိ​သ​မျှ​ကြိုး စား​၍​ရှာ​ဖွေ​သော်​လည်း ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​အား​ရှော​လု​၏​လက်​သို့​ပေး​အပ်​တော် မ​မူ။-
15 Vendo pois David, que Saul sairá á busca da sua vida, David esteve no deserto de Ziph, n'um bosque.
၁၅ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​သက်​အန္တရာယ်​ကို ရှော​လု​ရှာ​ကြံ​ကြောင်း​သိ​မြင်​၏။ ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​ဟော​ရေ​ရှ အ​ရပ်​သို့​ရောက်​ရှိ​နေ​စဉ်၊-
16 Então se levantou Jonathan, filho de Saul, e foi para David ao bosque, e confortou a sua mão em Deus;
၁၆ယော​န​သန်​သည်​ဒါ​ဝိဒ်​ထံ​သို့​လာ​၍ ဘု​ရား​သ​ခင်​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို​စိတ်​ချ ယုံ​ကြည်​ရန်​အား​ပေး​လျက်၊-
17 E disse-lhe: Não temas, que não te achará a mão de Saul, meu pae, porém tu reinarás sobre Israel, e eu serei comtigo o segundo: o que tambem Saul meu pae, bem sabe.
၁၇``မ​ကြောက်​ပါ​နှင့်။ ငါ​၏​ခ​မည်း​တော်​ရှော​လု သည်​သင့်​အား အ​ဘယ်​သို့​မျှ​ဘေး​အန္တ​ရာယ် ပြု​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သင်​သည်​ဣ​သ ရေ​လ​ဘု​ရင်​ဖြစ်​မည်​ကို​လည်း​ကောင်း၊ ငါ သည်​သင်​၏​ညာ​လက်​ရုံး​ဖြစ်​မည်​ကို​လည်း ကောင်း​သူ​ကောင်း​စွာ​သိ​ပါ​၏'' ဟု​ပြော ကြား​၏။-
18 E ambos fizeram alliança perante o Senhor: David ficou no bosque, e Jonathan voltou para a sua casa.
၁၈ထို​နောက်​သူ​တို့​သည်​အ​ပြန်​အ​လှန်​ကတိ​သစ္စာ ပြု​ကြ​ပြီး​လျှင် ဒါ​ဝိဒ်​သည်​ဟော​ရေ​ရှ​အ​ရပ် တွင်​နေ​ရစ်​၍​ယော​န​သန်​မူ​ကား​မိ​မိ​၏​အိမ် သို့​ပြန်​လေ​၏။
19 Então subiram os zipheos a Saul, a Gibeah, dizendo: Não se escondeu David entre nós, nos logares fortes no bosque, no outeiro de Hachila, que está á mão direita de Jesimon?
၁၉ဇိ​ဖ​အ​ရပ်​မှ​လူ​အ​ချို့​တို့​သည်​ရှော​လု​ရှိ ရာ​ဂိ​ဗာ​မြို့​သို့​သွား​၍``ဒါ​ဝိဒ်​သည်​အ​ကျွန်ုပ် တို့​၏​နယ်​အ​တွင်း​ယု​ဒ​တော​ကန္တာ​ရ​တောင် ပိုင်း၊ ဟ​ခိ​လ​တောင်​ထိပ်​ပေါ်​ရှိ​ဟော​ရေ​ရှ အ​ရပ်​တွင်​ပုန်း​အောင်း​နေ​ပါ​သည်။-
20 Agora pois, ó rei, apressadamente desce conforme a todo o desejo da tua alma; por nós fica entregar-mol-o nas mãos do rei.
၂၀အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​သူ့​အား​အ​လွန် ပင်​ဖမ်း​ဆီး​ရ​မိ​လို​ကြောင်း​ကို​အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​၏​နယ် သို့​ကြွ​တော်​မူ​ပါ။ သူ့​အား​ဖမ်း​မိ​ရန်​အ​ကျွန်ုပ် တို့​တာ​ဝန်​ယူ​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​၏။
21 Então disse Saul: Bemditos sejaes vós do Senhor, porque vos compadecestes de mim.
၂၁ရှော​လု​က``ဤ​သို့​ငါ့​အ​ပေါ်​တွင်​က​ရု​ဏာ ထား​ကြ​သည့်​အ​တွက် သင်​တို့​အား​ထာ​ဝ​ရ ဘုရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။-
22 Ide pois, e diligenciae ainda mais, e sabei e notae o logar que frequenta, e quem o tenha visto ali; porque me foi dito que é astutissimo.
၂၂သင်​တို့​သည်​သွား​၍​တစ်​ဖန်​သေ​ချာ​အောင် ပြု​ကြ​လော့။ သူ​သည်​အ​ဘယ်​အ​ရပ်​တွင်​ရှိ သည်​ကို​လည်း​ကောင်း၊ ထို​အ​ရပ်​တွင်​သူ့​အား အ​ဘယ်​သူ​တွေ့​ရှိ​ခဲ့​သည်​ကို​လည်း​ကောင်း အ​သေ​အ​ချာ​စုံ​စမ်း​ကြ​လော့။ သူ​သည် အ​လွန်​ပါး​နပ်​လိမ္မာ​သည်​ဟု​ငါ​ကြား​သိ ရ​သည်။-
23 Pelo que attentae bem, e informae-vos ácerca de todos os esconderijos, em que elle se esconde; e então voltae para mim com toda a certeza, e ir-me-hei comvosco; e ha de ser que, se estiver n'aquella terra, o buscarei entre todos os milhares de Judah.
၂၃သူ​ပုန်း​အောင်း​နေ​သည့်​အ​ရပ်​များ​ကို​တိ​ကျ သေ​ချာ​စွာ​မှတ်​သား​ပြီး​မှ ငါ့​ထံ​သို့​ချက် ချင်း​သ​တင်း​ပေး​ပို့​လော့။ ထို​အ​ခါ​သင်​တို့ နှင့်​အ​တူ​ငါ​လိုက်​၍​ရှာ​ဖွေ​မည်။ ဒါ​ဝိဒ်​သည် ယု​ဒ​ပြည်​တွင်​ရှိ​နေ​သေး​လျှင် ငါ​သည်​ယု​ဒ ပြည်​တစ်​လျှောက်​လုံး​ကို​ပင်​လိုက်​လံ​ရှာ​ဖွေ ရ​စေ​ကာ​မူ​သူ့​ကို​မိ​အောင်​ဖမ်း​မည်'' ဟု မိန့်​တော်​မူ​၏။
24 Então se levantaram elles, e se foram a Ziph, diante de Saul: David porém e os seus homens estavam no deserto de Maon, na campanha, á direita de Jesimon.
၂၄သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ရှော​လု​၏​အ​လျင် ဇိ​ဖ​အ​ရပ်​သို့​ပြန်​လည်​ထွက်​ခွာ​လာ​ခဲ့​ကြ ၏။ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​သည်​ယေ​ရှိ​မုန် မြို့​တောင်​ဘက်၊ အာ​ရ​ဗာ​ချိုင့်​ဝှမ်း​ရှိ​မော​န တော​ကန္တာ​ရ​တွင်​ရှိ​နေ​ကြ​၏။-
25 E Saul e os seus homens se foram em busca d'elle; o que annunciaram a David, e desceu para aquella penha, e ficou no deserto de Maon: o que ouvindo Saul, seguiu a David para o deserto de Maon.
၂၅ရှော​လု​နှင့်​စစ်​သည်​တပ်​သား​တို့​သည်​ဒါ​ဝိဒ် ကို​ရှာ​ရန်​ထွက်​လာ​ကြ​၏။ သို့​ရာ​တွင်​ထို အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​သိ​ရ​လျှင် မော​န တော​ကန္တာ​ရ​ရှိ​ကျောက်​တောင်​သို့​သွား​ရောက် ပုန်း​အောင်း​လေ​သည်။ ဤ​အ​ကြောင်း​ကို ကြား​သော​အ​ခါ ရှော​လု​သည်​ဒါ​ဝိဒ်​ရှိ ရာ​သို့​လိုက်​၍​ရှာ​တော်​မူ​၏။-
26 E Saul ia d'esta banda do monte, e David e os seus homens da outra banda do monte: e succedeu que David se apressou a escapar de Saul; Saul porém e os seus homens cercaram a David e aos seus homens, para lançar mão d'elles.
၂၆ရှော​လု​နှင့်​တပ်​သား​များ​က​တောင်​တစ်​ဘက် တွင်​ရှိ​၍ ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​က​အ​ခြား တစ်​ဘက်​တွင်​ရှိ​ကြ​၏။ ရှော​လု​နှင့်​တပ်​သား တို့​သည်​ဒါ​ဝိဒ်​တို့​လူ​စု​အား​ဖမ်း​မိ​ခါ​နီး ပြီ​ဖြစ်​၍ ဒါ​ဝိဒ်​တို့​လူ​စု​သည်​လွတ်​မြောက် ရန်​ကြိုး​စား​နေ​စဉ်၊-
27 Então veiu um mensageiro a Saul, dizendo: Apressa-te, e vem, porque os philisteos com impeto entraram na terra.
၂၇ခြေ​လျင်​တော်​သည်​ရှော​လု​ထံ​သို့​ရောက်​ရှိ လာ​၍``ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​အ​ကျွန်ုပ် တို့​၏​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လျက်​နေ ပါ​ပြီ။ ချက်​ချင်း​ပြန်​၍​ကြွ​တော်​မူ​ပါ'' ဟု​မင်း​ကြီး​အား​လျှောက်​ထား​သ​ဖြင့်၊-
28 Pelo que Saul voltou de perseguir a David, e foi-se ao encontro dos philisteos: por esta razão aquelle logar se chamou Sela-hammahlecoth.
၂၈ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ဆက်​၍​လိုက်​လံ​ဖမ်း ဆီး​မှု​မ​ပြု​တော့​ဘဲ ဖိ​လိတ္တိ​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​ရန်​ချီ​သွား​တော်​မူ​၏။ ထို အ​ရပ်​တွင်​သူ​တို့​နှစ်​စု​အား​ခွဲ​ခြား​ထား သည်​ကို​အ​ကြောင်း​ပြု​၍ ထို​အ​ရပ်​ကို``ခွဲ ခြား​ထား​သော​တောင်'' ဟု​ခေါ်​ဝေါ်​သ​မုတ် ကြ​သ​တည်း။-
29 E subiu David d'ali, e ficou nos logares fortes de Engedi.
၂၉ဒါ​ဝိဒ်​သည်​ထို​နေ​ရာ​မှ​ထွက်​ခွာ​၍ အင်္ဂေ​ဒိ ဒေ​သ​သို့​သွား​ရောက်​ပုန်း​အောင်း​လျက်​နေ လေ​သည်။

< 1 Samuel 23 >