< Psalmów 86 >
1 Modlitwa Dawida. Nakłoń swego ucha, PANIE, wysłuchaj mnie, bo jestem nędzny i ubogi.
၁ကျွန်တော်မျိုးသည်အင်အားချိနဲ့လျက်ခိုကိုးရာမဲ့ ဖြစ်၍နေပါ၏။ ထို့ကြောင့် အို ထာဝရဘုရား၊ ကျွန်တော်မျိုးလျှောက်ထားသည်ကိုနားထောင်တော် မူ၍ ဖြေကြားတော်မူပါ။
2 Strzeż mojej duszy, bo jestem pobożny; mój Boże, wybaw twego sługę, który ufa tobie.
၂ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား သစ္စာစောင့်သည်ဖြစ်၍ ကျွန်တော်မျိုးအားသေဘေးမှကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားကိုး စားသော အစေခံဖြစ်သောကြောင့် ကျွန်တော်မျိုးအားကယ်တော်မူပါ။
3 Zmiłuj się nade mną, Panie, bo do ciebie codziennie wołam.
၃ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။ ကျွန်တော်မျိုးသည်အထံတော်သို့တစ်နေ့လုံး ဆုတောင်းပတ္ထနာပြုပါ၏။
4 Rozraduj duszę twego sługi, bo do ciebie, Panie, wznoszę swą duszę.
၄အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်၏ထံသို့ ဆုတောင်းသည်ဖြစ်၍ကိုယ်တော်ရှင့်အစေ ခံအား ဝမ်းမြောက်စေတော်မူပါ။
5 Bo ty, Panie, jesteś dobry i przebaczający, i pełen miłosierdzia dla wszystkich, którzy cię wzywają.
၅ကိုယ်တော်ရှင်၌ကျွန်တော်မျိုးတို့အပေါ် ကောင်းမြတ်သောသဘော၊အပြစ်လွှတ်တတ်သော သဘောရှိတော်မူပါ၏။ အထံတော်သို့ဆုတောင်းပတ္ထနာပြုသူ အပေါင်းတို့ အပေါ်ထားတော်မူသည့်ခိုင်မြဲသော မေတ္တာတော်သည်ကြွယ်ဝပါ၏။
6 Wysłuchaj, PANIE, mojej modlitwy i zważ na głos mojego błagania.
၆အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံများကို ကြားတော်မူပါ။
7 Wzywam cię w dniu mego ucisku, bo [ty] mnie wysłuchasz.
၇ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူသည်ဖြစ်၍ ဒုက္ခရောက်ချိန်များ၌ကျွန်တော်မျိုးသည် ကိုယ်တော်ကိုခေါ်ပါ၏။
8 Nie ma wśród bogów podobnego tobie, Panie, i nie ma dzieł takich jak twoje.
၈အို ဘုရားရှင်၊ ကိုယ်တော်ရှင်ကဲ့သို့သောဘုရားမရှိပါ။ ကိုယ်တော်ရှင်ပြုတော်မူသကဲ့သို့ အဘယ်ဘုရားမျှမပြုခဲ့ပါ။
9 Wszystkie narody, które stworzyłeś, przyjdą i oddadzą ci pokłon, Panie, i będą wielbić twoje imię;
၉ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည်လာ၍ရှေ့တော်တွင် ဦးညွှတ်ပျပ်ဝပ်ကြပါလိမ့်မည်။ ကိုယ်တော်ရှင်ကြီးမြတ်တော်မူပုံကို ထောမနာပြုကြပါလိမ့်မည်။
10 Bo ty jesteś wielki i czynisz cuda; tylko ty jesteś Bogiem.
၁၀ကိုယ်တော်သည်တန်ခိုးကြီးတော်မူ၍ အံ့သြဖွယ်အမှုတို့ကိုပြုတော်မူပါ၏။ ကိုယ်တော်သာလျှင်ဘုရားဖြစ်တော်မူပါ၏။
11 Naucz mnie, PANIE, twojej drogi, abym chodził w twojej prawdzie; nakłoń moje serce ku bojaźni twego imienia.
၁၁အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားကိုယ်တော်ရှင်ပြုစေ တော်မူ လိုသည့်အတိုင်းညွှန်ကြားတော်မူပါ။ ကျွန်တော်မျိုးသည်သစ္စာနှင့်လိုက်နာဆောင် ရွက်ပါမည်။ ကိုယ်တော်ရှင်အမှုတော်ကိုမမှိတ်မသုန် ဆောင်ရွက်နိုင်ရန်သွန်သင်တော်မူပါ။
12 Będę cię chwalił, Panie, mój Boże, z całego serca i będę wielbił twoje imię na wieki;
၁၂အို ဘုရားရှင်၊ ကျွန်တော်မျိုး၏ဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးသည် စိတ်နှလုံးအကြွင်းမဲ့ထောမနာပြုပါမည်။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကြီးမြတ် ပုံကို အစဉ်အမြဲထုတ်ဖော်ကြေညာပါမည်။
13 Bo wielkie jest twoje miłosierdzie dla mnie; [ty] ocaliłeś moją duszę z najgłębszego piekła. (Sheol )
၁၃ကျွန်တော်မျိုးအပေါ်၌ကိုယ်တော်ရှင် ထားတော်မူသောခိုင်မြဲသောမေတ္တာတော်သည် ကြီးမားလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမရဏာ နိုင်ငံမှ ကယ်နုတ်တော်မူပါပြီ။ (Sheol )
14 Boże, pyszni powstali przeciwko mnie i zgraja gwałtowników czyhała na moją duszę, a nie mają ciebie przed oczyma.
၁၄အို ဘုရားသခင်၊ မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအား တိုက်ခိုက်လျက်နေကြပါ၏။ ရက်စက်ကြမ်းကြုတ်သူလူတစ်စုသည် ကျွန်တော်မျိုးကို သတ်ရန်ကြိုးစားလျက်နေကြပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားပမာဏမပြုကြပါ။
15 Ale ty, Panie, jesteś Bogiem łaskawym i litościwym, nieskorym do gniewu, pełnym miłosierdzia i prawdy.
၁၅အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ချစ်ခင်ကြင်နာတတ်သောဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်အစဉ်အမြဲစိတ်ရှည် သည်းခံတော်မူပါ၏။ အစဉ်သနားလျက်သစ္စာရှိတော်မူပါ၏။
16 Spójrz na mnie i zmiłuj się nade mną, udziel swojej mocy twemu słudze i wybaw syna twojej służącej.
၁၆ကျွန်တော်မျိုးထံကြွတော်မူ၍ကျွန်တော်မျိုး အား သနားတော်မူပါ။ ကျွန်တော်မျိုးသည်မိမိ၏မိခင်နည်းတူ ကိုယ်တော်ရှင်၏အစေကိုခံပါသဖြင့် ကျွန်တော်မျိုးအားခွန်အားစွမ်းရည်ကို ပေးတော်မူပြီးလျှင်ကယ်တော်မူပါ။
17 Daj mi znak [twojej] dobroci, aby ci, którzy mnie nienawidzą, zobaczyli i zawstydzili się, że ty, PANIE, wspomogłeś mnie i pocieszyłeś.
၁၇အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကျေးဇူးပြုတော်မူကြောင်းကိုသက်သေပြ တော်မူပါ။ ကျွန်တော်မျိုးအားကိုယ်တော်ရှင်နှစ်သိမ့် မှုနှင့် ကူညီမစမှုပေးတော်မူသည်ကို ကျွန်တော်မျိုးကိုမုန်းသောသူတို့သည် မြင်ကြသောအခါအရှက်ရကြပါ လိမ့်မည်။