< Wyjścia 7 >

1 I PAN powiedział do Mojżesza: Oto ustanowiłem cię bogiem dla faraona, a twój brat Aaron będzie twoim prorokiem.
ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ​ဂျစ်​ဘု​ရင် ၏​ရှေ့​တွင်​သင်​သည်​ဘု​ရား​ကဲ့​သို့​လည်း​ကောင်း၊ သင်​၏​အစ်​ကို​အာ​ရုန်​သည်​သင့်​ကိုယ်​စား​ပြော ဆို​ရ​သော​ပ​ရော​ဖက်​ကဲ့​သို့​လည်း​ကောင်း​ငါ ဖြစ်​စေ​မည်။-
2 Ty powiesz wszystko, co ci rozkażę. A twój brat Aaron będzie mówił do faraona, aby wypuścił synów Izraela ze swojej ziemi.
ငါ​သည်​သင့်​အား​မိန့်​ကြား​သ​မျှ​ကို​အာ​ရုန် အား​ပြော​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွင့်​ပြု​စေ​ရန် သူ သည်​ဖာ​ရော​ဘု​ရင်​အား​လျှောက်​ထား​ရ​မည်။-
3 A ja zatwardzę serce faraona i pomnożę moje znaki i cuda w ziemi Egiptu.
သို့​ရာ​တွင်​ငါ​သည်​ဘု​ရင်​အား​ခေါင်း​မာ​စေ သ​ဖြင့် နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ် ရာ​အ​မှု​တို့​ကို​ငါ​ပြ​သော်​လည်း၊-
4 Faraon was nie posłucha, lecz [ja] położę moją rękę na Egipcie i wyprowadzę moje zastępy, mój lud, synów Izraela, z ziemi Egiptu przez wielkie sądy.
သူ​သည်​သင်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ဘဲ​နေ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​ပြည်​တွင်​ငါ​၏​တန်​ခိုး​ကို ပြ​၍ ပြည်​သူ​ပြည်​သား​တို့​ကို​ပြင်း​ထန်​စွာ ဒဏ်​ခတ်​လျက် ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ခြေ​အ​ပေါင်း တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​မည်။-
5 A Egipcjanie poznają, że ja jestem PAN, gdy wyciągnę rękę na Egipt i wyprowadzę synów Izraela spośród nich.
ထို​သို့​အီ​ဂျစ်​အ​မျိုး​သား​တို့​အား​တန်​ခိုး ကို​ပြ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ထုတ် ဆောင်​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​အီ​ဂျစ်​အ​မျိုး​သား​တို့​သိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
6 Mojżesz i Aaron uczynili więc, jak im PAN przykazał; tak właśnie uczynili.
မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဘု​ရင်​အား​လျှောက် ထား​ကြ​၏။-
7 Mojżesz miał osiemdziesiąt lat, a Aaron osiemdziesiąt trzy lata, gdy mówili do faraona.
ဘု​ရင်​ထံ​သို့​ဝင်​၍​လျှောက်​ထား​ချိန်​၌​မော​ရှေ သည် အ​သက်​ရှစ်​ဆယ်၊ အာ​ရုန်​သည်​အ​သက်​ရှစ် ဆယ်​သုံး​နှစ်​ရှိ​ကြ​သ​တည်း။
8 Wtedy PAN powiedział do Mojżesza i Aarona:
ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား၊-
9 Gdy faraon powie wam: Uczyńcie [jakiś] cud, wtedy powiesz do Aarona: Weź swą laskę i rzuć ją przed faraonem, a zamieni się w węża.
``အ​ကယ်​၍​ဖာ​ရော​ဘု​ရင်​က`ငါ​ယုံ​နိုင်​ရန် နိ​မိတ်​လက္ခ​ဏာ​ကို​ပြ​လော့' ဟု​ဆို​လျှင်​သင် သည်​အာ​ရုန်​အား`ဘု​ရင်​ရှေ့​၌​သင်​၏​တောင် ဝှေး​ကို​ပစ်​ချ​ရန်​ပြော​လော့။ တောင်​ဝှေး​သည် မြွေ​ဖြစ်​လိမ့်​မည်'' ဟူ​၍​မိန့်​တော်​မူ​၏။-
10 Mojżesz i Aaron przyszli do faraona i uczynili tak, jak PAN rozkazał. Aaron rzucił swoją laskę przed faraonem i jego sługami, a ona zamieniła się w węża.
၁၀မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဘု​ရင်​ထံ​သို့​ဝင်​ကြ ၏။ ထို​နောက်​အာ​ရုန်​သည်​သူ​၏​တောင်​ဝှေး​ကို ဘု​ရင်​နှင့်​မှူး​မတ်​များ​ရှေ့​တွင်​ပစ်​ချ​လိုက် ရာ​တောင်​ဝှေး​သည်​မြွေ​ဖြစ်​လေ​၏။-
11 Wtedy faraon wezwał mędrców i czarowników. I ci egipscy czarownicy uczynili to samo swoimi czarami.
၁၁ထို​အ​ခါ​ဘု​ရင်​သည်​သူ​၏​ပ​ညာ​ရှိ​များ​နှင့် မှော်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​၍၊ သူ​တို့​သည် မှော်​အ​တတ်​ဖြင့်​အ​လား​တူ​ပ​ညာ​စွမ်း​ကို ပြ​ကြ​၏။-
12 Każdy z nich rzucił swoją laskę, a zamieniły się w węże. Lecz laska Aarona pożarła ich laski.
၁၂ထို​သူ​တို့​သည်​မိ​မိ​တို့​၏​တောင်​ဝှေး​များ​ကို ပစ်​ချ​ရာ တောင်​ဝှေး​များ​သည်​မြွေ​ဖြစ်​ကြ ကုန်​၏။ သို့​ရာ​တွင်​အာ​ရုန်​၏​မြွေ​က​ထို​သူ တို့​၏​မြွေ​များ​ကို​မျို​လိုက်​လေ​၏။-
13 Serce faraona stało się jednak zatwardziałe i nie posłuchał ich, jak PAN zapowiedział.
၁၃ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​ခေါင်း​မာ​လျက်​နေ​လေ​၏။
14 Potem PAN powiedział do Mojżesza: Serce faraona jest zatwardziałe, wzbrania się wypuścić lud.
၁၄ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဘု​ရင် သည်​အ​လွန်​ခေါင်း​မာ​လျက်​ရှိ​၏။ သူ​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​မ​လွှတ်​ဘဲ​နေ​၏။-
15 Idź do faraona rankiem, kiedy wyjdzie nad wodę. Staniesz naprzeciwko niego nad brzegiem rzeki i weźmiesz do ręki laskę, która się zamieniła w węża;
၁၅နံ​နက်​တွင်​ဘု​ရင်​သည်​နိုင်း​မြစ်​ကမ်း​သို့​ဆင်း သော​အ​ခါ​သူ့​ထံ​သို့​သွား​လော့။ မြွေ​အ​ဖြစ် သို့​ပြောင်း​ခဲ့​သော​တောင်​ဝှေး​ကို​ယူ​ဆောင်​၍ မြစ်​ကမ်း​ပေါ်​တွင်​စောင့်​နေ​လော့။-
16 I powiesz mu: PAN, Bóg Hebrajczyków, posłał mnie do ciebie, mówiąc: Wypuść mój lud, aby mi służył na pustyni, a oto dotąd nie posłuchałeś.
၁၆ဘု​ရင်​အား`ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က မိ​မိ​၏​လူ​မျိုး​တော် သည်​တော​ကန္တာ​ရ​တွင်​မိ​မိ​အား​ဝတ်​ပြု​နိုင်​ရန် သွား​ခွင့်​ပေး​ရန် ကျွန်ုပ်​ကို​ပြော​ခိုင်း​သည်။ သို့​ရာ တွင်​ကိုယ်​တော်​သည်​ယ​ခု​တိုင်​အောင်​အ​မိန့် တော်​ကို​မ​လိုက်​နာ​ပါ။-
17 [Dlatego] tak mówi PAN: Po tym poznasz, że ja [jestem] PAN. Oto uderzę laską, która [jest] w mojej ręce, w wody, które [są] w rzece, a one zamienią się w krew.
၁၇အ​ရှင်​မင်း​ကြီး၊ ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း ယ​ခု​ငါ​ပြု မည့်​အ​မှု​ဖြင့်​သင်​သိ​ရ​လိမ့်​မည်​ဟု​မိန့်​တော် မူ​ပြီ။ ကျွန်ုပ်​သည်​ဤ​တောင်​ဝှေး​နှင့်​မြစ်​ရေ​ကို ရိုက်​သ​ဖြင့်​ရေ​သည်​သွေး​ဖြစ်​လိမ့်​မည်။-
18 Ryby, które są w rzece, pozdychają i rzeka będzie cuchnąć. Egipcjanie się zmęczą [poszukiwaniem] wody z rzeki do picia.
၁၈မြစ်​ထဲ​ရှိ​ငါး​တို့​သေ​၍​မြစ်​ရေ​သည်​နံ​စော် သ​ဖြင့်၊ အီ​ဂျစ်​ပြည်​သား​တို့​သည်​ထို​ရေ​ကို မ​သောက်​သုံး​နိုင်​ဖြစ်​ရ​လိမ့်​မည်' ဟု​ဘု​ရင် ကို​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
19 PAN mówił dalej do Mojżesza: Powiedz Aaronowi: Weź swoją laskę i wyciągnij rękę nad wody Egiptu, nad ich rzeki, nad ich strugi, nad ich jeziora i nad wszelkie zbiorowiska wód, a one zamienią się w krew. Krew będzie na całej ziemi Egiptu, tak w [naczyniach] drewnianych, jak i w kamiennych.
၁၉တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​ကို​မိန့်​တော် မူ​သည်​မှာ ``အာ​ရုန်​အား သင်​သည်​အီ​ဂျစ်​ပြည် တွင်​ရှိ​သ​မျှ​သော မြစ်၊ ချောင်း၊ အင်း၊ အိုင်​ရေ လှောင်​ကန်​တို့​၏​ရေ​ပေါ်​၌ တောင်​ဝှေး​ကို​ကိုင်​၍ လက်​ဆန့်​လော့။ တစ်​ပြည်​လုံး​တွင်​သစ်​သား​ခွက်၊ ကျောက်​ခွက်​တို့​ပါ​မ​ကျန်​ရှိ​သ​မျှ​သော​ရေ တို့​သည်​သွေး​ဖြစ်​လိမ့်​မည်' ဟု​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
20 Mojżesz i Aaron uczynili tak, jak PAN rozkazał. [Aaron] podniósł laskę i uderzył wody rzeki na oczach faraona i jego sług. I wszystkie wody rzeki zamieniły się w krew.
၂၀မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။ အာ​ရုန်​သည်​ဘု​ရင်​နှင့်​သူ​၏​မှူး​မတ်​များ​၏ ရှေ့​တွင်​တောင်​ဝှေး​ကို​မြှောက်​၍ မြစ်​ရေ​ကို​ရိုက် ရာ​မြစ်​ရေ​သည်​သွေး​ဖြစ်​လေ​၏။-
21 Ryby, które były w rzece, pozdychały i rzeka zaczęła cuchnąć, tak że Egipcjanie nie mogli pić z niej wody. A krew była w całej ziemi Egiptu.
၂၁မြစ်​ထဲ​၌​ရှိ​သော​ငါး​တို့​သည်​သေ​ကုန်​၏။ ရေ သည်​အ​လွန်​အ​နံ့​ဆိုး​သ​ဖြင့် အီ​ဂျစ်​ပြည် သား​တို့​သည်​ထို​ရေ​ကို​မ​သောက်​သုံး​နိုင် ကြ​ချေ။ အီ​ဂျစ်​တစ်​ပြည်​လုံး​နေ​ရာ​အ​နှံ့ တွင်​သွေး​နှင့်​ပြည့်​လေ​၏။-
22 Lecz egipscy czarownicy uczynili to samo swoimi czarami. Pozostało więc zatwardziałe serce faraona i nie posłuchał ich, jak PAN zapowiedział.
၂၂သို့​ရာ​တွင်​အီ​ဂျစ်​မှော်​ဆ​ရာ​တို့​က​လည်း၊ မိ​မိ​တို့​၏​အ​တတ်​ဖြင့်​ရေ​ကို​သွေး​ဖြစ်​စေ ကြ​ရာ​ဘု​ရင်​သည် ယ​ခင်​နည်း​တူ​ခေါင်း​မာ မြဲ​ခေါင်း​မာ​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​သည်​မော​ရှေ နှင့်​အာ​ရုန်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ဘဲ​နေ​လေ​၏။-
23 Faraon odwrócił się i poszedł do swego domu, i tego również nie wziął sobie do serca.
၂၃ဘု​ရင်​သည်​ထို​အ​မှု​အ​ရာ​ကို​အ​ရေး​မ ကြီး​သော​ကိစ္စ​ဟူ​၍ သ​ဘော​ပိုက်​ကာ​နန်း တော်​သို့​ပြန်​သွား​လေ​၏။-
24 I wszyscy Egipcjanie kopali wokół rzeki [w poszukiwaniu] wody do picia, bo nie mogli pić wody z rzeki.
၂၄အီ​ဂျစ်​ပြည်​သား​တို့​သည်​မြစ်​ရေ​ကို​မ​သောက် သုံး​နိုင်​ကြ​သ​ဖြင့်၊ မြစ်​ကမ်း​တစ်​လျှောက် တွင်​သောက်​ရေ​အ​တွက်​တွင်း​တူး​ကြ​၏။
25 I upłynęło siedem dni od chwili, gdy PAN uderzył rzekę.
၂၅ထာ​ဝ​ရ​ဘု​ရား​သည်​မြစ်​ကို​သွေး​ဖြစ်​စေ ပြီး​နောက် ခု​နစ်​ရက်​ကြာ​လေ​၏။

< Wyjścia 7 >