< II Kronik 33 >

1 Manasses miał dwanaście lat, kiedy zaczął królować, i królował pięćdziesiąt pięć lat w Jerozolimie.
မ​နာ​ရှေ​သည်​ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက် ချိန်​၌​အ​သက်​တစ်​ဆယ့်​နှစ်​နှစ်​ရှိ​၏။ သူ​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​ငါး​ဆယ့်​ငါး​နှစ်​နန်း​စံ ရ​လေ​သည်။-
2 Czynił on to, co złe w oczach PANA, według obrzydliwości tych narodów, które PAN wypędził przed synami Izraela.
မ​နာ​ရှေ​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ချီ​တက် စဉ်​က ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော​လူ မျိုး​တို့​၏​အ​ကျင့်​ဋ္ဌ​လေ့​များ​ကို​ယူ​၍​ကိုယ် တော်​အား​ပြစ်​မှား​၏။-
3 Odbudował bowiem wyżyny, które zburzył jego ojciec Ezechiasz, wznosił ołtarze dla Baalów, posadził gaje i oddawał pokłon całemu zastępowi nieba, i służył im.
မိ​မိ​၏​ခ​မည်း​တော်​ဟေ​ဇ​ကိ​ဖျက်​သိမ်း​ခဲ့​သည့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ပြန်​လည်​တည် ဆောက်​လေ​သည်။ ဗာ​လ​ဘု​ရား​အား​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၍ ဣ​သ​ရေ​လ ဘု​ရင်​အာ​ဟပ်​နည်း​တူ​အာ​ရှ​ရ​ဘု​ရား​မ​၏ တံ​ခွန်​တိုင်​များ​စိုက်​ထူ​၍​ကြယ်​နက္ခတ်​များ ကို​ဝတ်​ပြု​ရှိ​ခိုး​၏။-
4 Zbudował też ołtarze w domu PANA, o którym PAN powiedział: W Jerozolimie będzie moje imię na wieki.
ကိုယ်​တော်​အား​ထာ​ဝ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တော်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ရာ ဗိ​မာန်​တော်​တွင်​ရုပ်​တု​များ​ကို​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၏။-
5 Ponadto zbudował ołtarze całemu zastępowi nieba w obydwu dziedzińcach domu PANA.
ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ထပ်​တွင်​ကြယ်​နက္ခတ် များ​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​များ​ကို​ဆောက် လုပ်​၏။-
6 Przeprowadził swoich synów przez ogień w dolinie syna Hinnom. Uprawiał wróżbiarstwo, czary i magię, ustanowił czarowników i czarnoksiężników. Bardzo dużo złego czynił w oczach PANA, pobudzając go do gniewu.
မိ​မိ​၏​သား​တော်​များ​ကို​ဟိန္နုံ​ချိုင့်​တွင်​မီး​ဖြင့် ပူ​ဇော်​၏။ မင်း​ကြီး​သည်​နတ်​ဝိဇ္ဇာ​အ​တတ်​နှင့်​မှော် အ​တတ်​များ​ကို​ကျင့်​သုံး​၍​ဗေ​ဒင်​ဆရာ​နှင့်​နတ် ဝင်​သည့်​သူ​တို့​ထံ​မှ​အ​ကြံ​ဉာဏ်​များ​ကို​တောင်း ယူ​တတ်​လေ​သည်။ သူ​သည်​ထာ​ဝရ​ဘုရား​အား လွန်​စွာ​ပြစ်​မှား​၍​အ​မျက်​တော်​ကို​လှုံ့​ဆော် ပေး​၏။-
7 Postawił też posąg rzeźbiony, który wykonał, w domu Bożym, o którym Bóg powiedział do Dawida i do jego syna Salomona: W tym domu i w Jerozolimie, które wybrałem spośród wszystkich pokoleń Izraela, umieszczę swoje imię na wieki;
သူ​သည်​ရုပ်​တု​တစ်​ခု​ကို​ဗိ​မာန်​တော်​တွင်​ထား ၏။ ထို​ဗိ​မာန်​တော်​နှင့်​ပတ်​သက်​၍​ထာ​ဝရ​ဘုရား က​ဒါ​ဝိဒ်​နှင့်​သား​တော်​ရှော​လ​မုန်​အား``ဣ​သ ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​နွယ်​တို့​၏​နယ်​မြေ ရှိ​သ​မျှ​အ​နက် ငါ​ရွေး​ချယ်​တော်​မူ​သော ယေ​ရု​ရှ​လင်​မြို့​ရှိ​ဤ​ဗိ​မာန်​တော်​၌ ငါ့​ကို အ​စဉ်​အ​မြဲ​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ​မည်။-
8 A już nie dopuszczę, by noga Izraela opuściła ziemię, którą przeznaczyłem waszym ojcom, jeśli tylko pilnie będą przestrzegali wszystkiego, co im nakazałem, [według] całego prawa, nakazów i ustaw [przekazanych] przez Mojżesza.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏ အမိန့်​တော်​ရှိ​သ​မျှ​ကို​လိုက်​နာ​၍ မော​ရှေ ပေး​အပ်​သည့်​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း ကြ​လျှင် ငါ​သည်​သူ​တို့​ကို​ဘိုး​ဘေး​တို့ အား​ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​တော်​မှ​နှင် ထုတ်​တော်​မူ​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​ခဲ့​၏။-
9 Manasses zwiódł Judę i mieszkańców Jerozolimy tak, że postępowali gorzej niż narody, które PAN wytracił przed synami Izraela.
မ​နာ​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ချီ​တက်​စဉ်​က ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော် မူ​လိုက်​သည့်​လူ​မျိုး​တို့​ထက်​ပို​၍​ပြစ်​မှား စေ​ရန် ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရှေ့ ဆောင်​လမ်း​ပြ​၏။
10 [Chociaż] bowiem PAN mówił do Manassesa i do jego ludu, oni nie słuchali.
၁၀ထာ​ဝရ​ဘု​ရား​သည်​မ​နာ​ရှေ​နှင့်​ပြည်​သူ​တို့ အား သ​တိ​ပေး​တော်​မူ​သော်​လည်း​သူ​တို့ သည်​နား​မ​ထောင်​ကြ။-
11 Dlatego PAN sprowadził na nich dowódców wojska króla Asyrii, którzy pojmali Manassesa spośród cierni, zakuli go w łańcuchy i zaprowadzili do Babilonu.
၁၁သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​အာ​ရှု​ရိ​တပ် မ​တော်​နှင့်​တပ်​မှူး​တို့​အား​ယု​ဒ​ပြည်​သို့​ချင်း နင်း​ဝင်​ရောက်​ခွင့်​ပြု​တော်​မူ​၏။ သူ​တို့​သည်​မ​နာ ရှေ​ကို​သံ​ချိပ်​များ​ဖြင့်​ဆွဲ​ချိပ်​ဖမ်း​ဆီး​ကာ သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ပြီး​လျှင်​ဗာ​ဗု​လုန် မြို့​သို့​ခေါ်​ဆောင်​သွား​ကြ​၏။-
12 Kiedy znalazł się w ucisku, modlił się do PANA, swego Boga, i bardzo się ukorzył przed Bogiem swoich ojców;
၁၂မင်း​ကြီး​သည်​ဆင်း​ရဲ​ဒုက္ခ​ရောက်​သော​အ​ခါ မာန်​မာ​န​ကျိုး​၍ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​ပြီး​လျှင်​ကူ​မ တော်​မူ​ရန်​အ​သ​နား​ခံ​တော်​မူ​၏။-
13 I modlił się do niego. A on dał się przebłagać, wysłuchał jego modlitwy i przywrócił go do Jerozolimy, do jego królestwa. Wtedy Manasses uznał, że PAN [jest] Bogiem.
၁၃ဘု​ရား​သ​ခင်​သည်​မ​နာ​ရှေ​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ သူ့​အား​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​လည်​သွား​ရောက်​အုပ်​စိုး​ခွင့် ကို​ပေး​တော်​မူ​၏။ ထို​အ​ခါ​မှ​ထာ​ဝရ​ဘု​ရား သည်​ဘု​ရား​မှန်​ကြောင်း​မ​နာ​ရှေ​သေ​ချာ စွာ​သိ​လေ​၏။
14 Potem zbudował zewnętrzny mur miasta Dawida, na zachód w kierunku Gichonu, w dolinie, aż do wejścia do Bramy Rybnej, otoczył [nim] Ofel i wzniósł go bardzo wysoko. Ustanowił też dowódców we wszystkich warownych miastach Judy.
၁၄ထို​နောက်​မ​နာ​ရှေ​သည်​ဒါ​ဝိဒ်​မြို့​တော်​အ​ရှေ့ ဘက်​ဂိ​ဟုန်​စမ်း​ချောင်း​အ​နီး​ချိုင့်​ဝှမ်း​တစ်​နေ ရာ​မှ မြောက်​ဘက်​ငါး​တံ​ခါး​နှင့်​သြ​ဖေ​လ​ဟု ခေါ်​တွင်​သည့်​အ​ရပ်​တိုင်​အောင်​အ​ပြင်​မြို့​ရိုး ကို​မြှင့်​တင်​လိုက်​လေ​သည်။ မင်း​ကြီး​သည်​ယု​ဒ ပြည်​တံ​တိုင်း​ကာ​ရံ​ထား​သည့်​မြို့​ရှိ​သ​မျှ​တွင် လည်း​တပ်​မှူး​တစ်​ယောက်​ကို​တပ်​စု​တစ်​စု​နှင့် တ​ကွ​ခန့်​ထား​တော်​မူ​၏။-
15 Usunął również cudzych bogów i posąg z domu PANA oraz wszystkie ołtarze, które zbudował na górze domu PANA i w Jerozolimie, następnie wyrzucił poza miasto.
၁၅သူ​သည်​လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​နှင့်​မိ​မိ ထား​ရှိ​ခဲ့​သည့်​ရုပ်​တု​ကို​ဗိ​မာန်​တော်​ထဲ​မှ လည်း​ကောင်း၊ ရုပ်​တု​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​များ ကို​ဗိ​မာန်​တော်​တည်​ရာ​တောင်​ကုန်း​နှင့်​ယေ​ရု ရှ​လင်​မြို့​ရှိ​အ​ခြား​အ​ရပ်​များ​မှ​လည်း ကောင်း​ဖယ်​ရှား​တော်​မူ​၏။ မင်း​ကြီး​သည် ထို​အ​ရာ​အ​ပေါင်း​ကို​မြို့​ပြင်​သို့​ထုတ်​ပစ် ပြီး​လျှင်၊-
16 Odnowił ołtarz PANA i złożył na nim ofiary pojednawcze i dziękczynne, a nakazał Judzie służyć PANU, Bogu Izraela.
၁၆ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ယဇ် ပလ္လင်​ကို​ပြန်​လည်​ပြင်​ဆင်​ပြီး​နောက်​မိတ်​သ​ဟာ ယ​ယဇ်​နှင့်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ်​များ ကို​ပူ​ဇော်​တော်​မူ​၏။ ယု​ဒ​ပြည်​သူ​အ​ပေါင်း သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ရန် အ​မိန့်​ပေး​တော်​မူ​၏။-
17 Lud jednak jeszcze składał ofiary na wyżynach, ale tylko PANU, swemu Bogu.
၁၇ပြည်​သူ​တို့​သည်​အ​ခြား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​များ​၌​လည်း​ဆက်​လက်​၍ ယဇ်​များ​ကို ပူ​ဇော်​ကြ​သော်​လည်း​ထာ​ဝရ​ဘု​ရား​ကို​သာ ပူ​ဇော်​ကြ​ခြင်း​ဖြစ်​၏။
18 A pozostałe dzieje Manassesa, jego modlitwa do swojego Boga i słowa widzących, którzy przemawiali do niego w imię PANA, Boga Izraela, [są zapisane] w księdze królów Izraela.
၁၈မ​နာ​ရှေ​ဆောင်​ရွက်​ခဲ့​သော​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ထံ​တော်​သို့​တင်​လျှောက်​သည့်​ဆု​တောင်း​ပတ္ထ နာ​နှင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် ပ​ရော​ဖက်​တို့​သူ့​အား​ပြန်​ကြား​သော​ဗျာ ဒိတ်​စ​ကား​များ​ကို​လည်း​ကောင်း​ဣသ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​၏။-
19 Jego modlitwa, to, [jak] został wysłuchany, każdy jego grzech, [każde] przewinienie oraz miejsca, na których zbudował wyżyny i wystawił gaje i posągi, zanim się ukorzył, są zapisane w księgach widzących.
၁၉မင်း​ကြီး​၏​ဆု​တောင်း​ပတ္ထနာ​နှင့်​ထာ​ဝရ​ဘု​ရား နား​ညောင်း​တော်​မူ​ပုံ၊ သူ​ကူး​လွန်​သည့်​အ​ပြစ် ဒု​စ​ရိုက်​များ​နှင့်​မ​ကောင်း​မှု​များ၊ သူ​တည် ဆောက်​ခဲ့​သည့်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ နှင့်​တည်​လုပ်​ခဲ့​သည့် အာ​ရှ​ရ​ဘု​ရား​မ​၏ တံ​ခွန်​တိုင်​များ​နှင့်​သူ​ဝတ်​ပြု​ကိုး​ကွယ်​သည့် ရုပ်​တု​များ​အ​ကြောင်း​ကို ပ​ရော​ဖက်​များ ၏​အတ္ထု​ပ္ပတ္တိ​တွင်​အ​ကုန်​အ​စင်​မှတ်​တမ်း တင်​ထား​သ​တည်း။-
20 Potem Manasses zasnął ze swoimi ojcami i pogrzebano go w jego domu, a jego syn Amon królował w jego miejsce.
၂၀မ​နာ​ရှေ​ကွယ်​လွန်​သော​အ​ခါ​သူ့​အား​နန်း တော်​ထဲ​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သား​တော် အာ​မုန်​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
21 Amon miał dwadzieścia dwa lata, kiedy zaczął królować, i królował dwa lata w Jerozolimie.
၂၁အာ​မုန်​သည်​အ​သက်​နှစ်​ဆယ့်​နှစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင် မြို့​တွင်​နှစ်​နှစ်​မျှ​နန်း​စံ​ရ​လေ​သည်။-
22 I czynił to, co złe w oczach PANA, tak jak czynił jego ojciec Manasses. Amon bowiem składał ofiary wszystkim posągom, które sporządził jego ojciec Manasses, i służył im.
၂၂သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​မ​နာ​ရှေ​ကဲ့​သို့​ပင် ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား​၍​ခ​မည်း​တော်​ကိုး ကွယ်​ခဲ့​သည့်​ရုပ်​တု​များ​ကို​ပင်​ကိုး​ကွယ်​၏။-
23 A nie ukorzył się przed PANEM, tak jak ukorzył się jego ojciec Manasses. Przeciwnie, Amon grzeszył coraz bardziej.
၂၃သို့​ရာ​တွင်​သူ​သည်​ခ​မည်း​တော်​ကဲ့​သို့​စိတ်​နှ​လုံး နှိမ့်​ချ​၍​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​မ​ချဉ်း ကပ်။ ခ​မည်း​တော်​ထက်​ပင်​ပို​၍​အ​ပြစ်​ကူး လွန်​တော်​မူ​၏။
24 I jego słudzy sprzysięgli się przeciwko niemu, i zabili go w jego domu.
၂၄အာ​မုန်​၏​မှူး​မတ်​တို့​သည်​လျှို့​ဝှက်​ကြံ​စည် ကာ​သူ့​အား​နန်း​တော်​တွင်​လုပ်​ကြံ​ကြ​၏။-
25 Ale lud tej ziemi zabił wszystkich, którzy sprzysięgli się przeciw królowi Amonowi, a potem ustanowił jego syna Jozjasza królem w jego miejsce.
၂၅သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​က​အာ​မုန်​အား လုပ်​ကြံ​သူ​တို့​ကို​ကွပ်​မျက်​ပြီး​လျှင် သူ​၏ သား​တော်​ယော​ရှိ​အား​နန်း​တင်​ကြ​လေ သည်။

< II Kronik 33 >