< Zachariasza 1 >

1 Miesiąca ósmego roku wtórego Daryjusza stało się słowo Pańskie do mnie Zacharyjasza, syna Barachyjaszowego, syna Iddowego, proroka, mówiąc:
ဤ​ဗျာ​ဒိတ်​တော်​သည်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင် ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ အ​ဋ္ဌ​မ​လ​၌​ပ​ရော​ဖက် ဇာ​ခ​ရိ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော နှုတ်​က​ပတ်​တော်​ဖြစ်​သည်။ ဇာ​ခ​ရိ​ကား​ဣ​ဒေါ ၏​မြေး၊ ဗာ​ရ​ခိ​၏​သား​ဖြစ်​သ​တည်း။-
2 Rozgniewał się Pan na ojców waszych bardzo.
ထာ​ဝ​ရ​ဘု​ရား​က​ဇာ​ခ​ရိ​အား``ငါ​သည်​သင် တို့​၏​ဘိုး​ဘေး​များ​ကို​လွန်​စွာ​အ​မျက်​ထွက် တော်​မူ​ခဲ့​၏။-
3 Przetoż rzecz do nich: Tak mówi Pan zastępów: Nawróćcie się do mnie, mówi Pan zastępów, a nawrócę się do was, mówi Pan zastępów.
သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ကြ​လော့။ ငါ​သည်​လည်း​သင်​တို့​ထံ​သို့​ကြွ လာ​တော်​မူ​မည်။-
4 Nie bądźcież jako ojcowie wasi, na których wołali ojcowie pierwsi, mówiąc: Tak mówi Pan zastępów: Nawróćcież się teraz od złych dróg waszych, i od złych spraw waszych; ale nie usłuchali, ani dbali na mię, mówi Pan.
သင်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်။ ရှေး​အ​ခါ​က​ပ​ရော​ဖက်​များ သည်​သူ​တို့​အား ယုတ်​မာ​ဆိုး​ညစ်​သည့်​အ​ကျင့် များ​ကို​ရပ်​စဲ​လိုက်​ကြ​ရန်​ပြော​ကြား​သော် လည်း​သူ​တို့​သည်​နား​မ​ထောင်​ဂ​ရု​မ​စိုက် ကြ'' ဟု​မိန့်​တော်​မူ​၏။-
5 Gdzież są ojcowie wasi, i prorocy? Izali na wieki żyć będą?
``ထို​ပ​ရော​ဖက်​များ​နှင့်​သင်​တို့​၏​ဘိုး ဘေး​များ​ကား​သေ​လွန်​သွား​ကြ​လေ​ပြီ။-
6 Wszakże izali słowa moje i ustawy moje, którem rozkazał prorokom, sługom moim, nie zasięgły ojców waszych? tak, że nawróciwszy się rzekli: Jako nam Pan zastępów uczynić umyślił według dróg naszych i według uczynków naszych, tak nam uczynił.
ငါ​သည်​မိ​မိ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် သင်​တို့​၏​ဘိုး​ဘေး​တို့​အား​အ​မိန့်​ပ​ညတ် များ​နှင့်​သ​တိ​ပေး​စ​ကား​များ​ကို​မိန့်​မှာ သ​တိ​ပေး​ခဲ့​၏။ သူ​တို့​သည်​ငါ​၏​စ​ကား​ကို လျစ်​လှူ​ရှု​ခဲ့​ကြ​သ​ဖြင့် ထိုက်​သင့်​သည့် အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။ ထို​အ​ခါ​သူ တို့​သည်​နောင်​တ​ရ​၍​လာ​ကြ​၏။ အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ စိတ်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​တိုင်း သူ​တို့​အား အ​ပြစ်​နှင့်​အ​လျောက်​ဆုံး​မ​တော်​မူ​ကြောင်း ကို​လည်း​သိ​မှတ်​လာ​ကြ​ကုန်​၏'' ဟု​သူ တို့​အား​ကြား​ပြော​ရန်​မိန့်​မှာ​တော်​မူ​၏။
7 Dnia dwudziestego i czwartego jedenastego miesiąca (ten jest miesiąc Sebat) roku wtórego Daryjuszowego stało się słowo Pańskie do Zacharyjasza, syna Barachyjaszowego, syna Iddowego, proroka, mówiąc:
ဧ​က​ရာဇ်​ဘု​ရင်​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ ရှေ ဗတ်​လ​တည်း​ဟူ​သော​ဧ​က​ဒ​သ​မ​လ၊ နှစ် ဆယ့်​လေး​ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည် ညဥ့်​အ​ခါ​ငါ့​အား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု ကို​ပြ​တော်​မူ​၏။-
8 Widziałem w nocy, a oto mąż jechał na koniu rydzym, który stał między mirtami, które były w nizinie, a za nim konie rydze, czarne i białe.
ငါ​သည်​မြင်း​နီ​ကို​စီး​လျက်​နေ​သူ​ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​မြင် ရ​၏။ သူ​သည်​ချိုင့်​ဝှမ်း​ထဲ​တွင်​ရှိ​သော​ကျောက် ပန်း​ပင်​များ​အ​လယ်​တွင်​ရပ်​တန့်​လျက်​နေ​၏။ သူ​၏​နောက်​၌​မူ​မြင်း​နီ၊ မြင်း​ပြောက်​ကြား၊ မြင်း​ဖြူ​စ​သည့်​အ​ခြား​မြင်း​များ​ရှိ​၏။-
9 Tedym rzekł: Co zacz są ci, panie mój? I rzekł do mnie Anioł rozmawiający zemną: Ja tobie okażę, co zacz są.
ငါ​က​လည်း``အ​ရှင်​ဤ​မြင်း​များ​ကား အ​ဘယ်​အ​တွက်​ဖြစ်​ပါ​သ​နည်း'' ဟု​မေး လျှင် ကောင်း​ကင်​တ​မန်​က``သူ​တို့​အ​ဘယ်​အ​တွက် ဖြစ်​သည်​ကို​ငါ​ဖော်​ပြ​မည်။-
10 I odpowiedział mąż, który stał między mirtami, i rzekł: Ci są, których posłał Pan, aby przeszli ziemię.
၁၀ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို ကြည့်​ရှု​စစ်​ဆေး​ရန် သူ​တို့​ကို​စေ​လွှတ်​တော် မူ​လိုက်​၏'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။
11 I odpowiedzieli Aniołowi Pańskiemu stojącemu między mirtami, i rzekli: Przeszliśmy ziemię, a oto wszystka ziemia bezpieczeństwa i pokoju używa.
၁၁မြင်း​များ​က​လည်း``အ​ကျွန်ုပ်​တို့​သည်​ကမ္ဘာ​တစ် ဝှမ်း​လုံး​သို့​သွား​ရောက်​ခဲ့​ပြီး​ပါ​ပြီ။ ကမ္ဘာ​တစ်​ခု လုံး​ပင်​အား​ကိုး​ရာ​မဲ့​ဖြစ်​ကာ​နွံ​နာ​ကျိုး​နွံ နေ​ပါ​သည်'' ဟု​အ​စီ​ရင်​ခံ​ကြ​၏။
12 Tedy odpowiedział Anioł Pański, i rzekł: O Panie zastępów! i dokądże się nie zmiłujesz nad Jeruzalemem, i nad miastami Judzkiemi, na któreś się gniewał już siedmdziesiąt lat?
၁၂ထို​နောက်​ကောင်း​ကင်​တ​မန်​က``အို အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ မြို့​တို့​အား​ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော် မူ​သည်​မှာ ယ​ခု​အ​နှစ်​ခု​နစ်​ဆယ်​ရှိ​ပါ​ပြီ။ ထို​မြို့​အား​က​ရု​ဏာ​မ​ပြ​ဘဲ​အ​ဘယ်​မျှ ကြာ​နေ​တော်​မူ​ပါ​ဦး​မည်​နည်း'' ဟု​လျှောက်​၏။
13 I odpowiedział Pan Aniołowi onemu, który mówił zemną, słowy dobremi, słowy pociesznemi.
၁၃ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန် အား​နှစ်​သိမ့်​ဖွယ်​ရာ​စ​ကား​များ​ကို​မိန့် ကြား​တော်​မူ​သဖြင့်၊-
14 I rzekł do mnie Anioł, który mówił zemną: Wołaj a rzecz: Tak mówi Pan zastępów: Zapaliłem się za Jeruzalemem i za Syonem gorliwością wielką.
၁၄ကောင်း​ကင်​တ​မန်​သည်​လည်း​ငါ့​အား``အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​ယေ​ရု​ရှ​လင်​မြို့​တော် ကို​လွန်​စွာ​ချစ်​မြတ်​နိုး​၍​အ​ကြင်​နာ တ​ရား​ထား​ရှိ​ပါ​၏။-
15 A gniewam się bardzo na te narody, które używają pokoju; bo gdym się Ja trochę zagniewał, tedy one pomagały do złego.
၁၅ငါ​သည်​မိ​မိ​လူ​မျိုးတော်​အ​ပေါ်​သို့​သက် ရောက်​သည့်​အ​မျက်​တော်​ကို​ထိန်း​ချုပ်​လျက် နေ​စဉ်၊ ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရ​ကြ​သော လူ​မျိုး​အ​ပေါင်း​တို့​သည် ငါ့​လူ​မျိုး​တော် ခံ​စား​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​ကို​ပို​မို​ကြီး လေး​အောင်​ပြု​ကြ​၏။ ထို​ကြောင့်​ငါ​သည်​ထို လူ​မျိုး​တို့​အား​ပြင်း​စွာ​အ​မျက်​ထွက်​သ​ဖြင့်၊-
16 Przetoż tak mówi Pan: Nawróciłem się do Jeruzalemu w miłosierdziu, dom mój zbudowany będzie w niem, mówi Pan zastępów, i sznur rozciągniony będzie na Jeruzalem.
၁၆ယေ​ရု​ရှ​လင်​မြို့​ကို​က​ရု​ဏာ​ပြ​ရန်​ပြန် လာ​ခဲ့​ပေ​သည်။ ငါ​၏​ဗိ​မာန်​တော်​ကို​ပြန် လည်​ထူ​ထောင်​ကာ​ယေ​ရု​ရှ​လင်​မြို့​တော် ကို​လည်း​ပြန်​လည်​တည်​ဆောက်​ရ​ကြ​လိမ့် မည်'' ဟု​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။
17 Jeszcze wołaj, mówiąc: Tak mówi Pan zastępów: Jeszcze się osadzą miasta moje dla obfitości dobrego; bo jeszcze Pan Syon pocieszy, i obierze jeszcze Jeruzalem.
၁၇ကောင်း​ကင်​တ​မန်​က​ငါ့​အား``အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​မြို့​တော် များ​တစ်​ဖန်​ပြန်​လည်​စည်​ကား​၍​လာ​လိမ့် မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော် သည်​တစ်​ဖန်​ပြန်​လည်​ကြွ​လာ​တော်​မူ​လျက် ယေ​ရု​ရှ​လင်​မြို့​ကို​ကူ​မ​တော်​မူ​ပြီး​လျှင် မိ​မိ​ပိုင်​မြို့​တော်​အ​ဖြစ်​သိမ်း​ယူ​တော်​မူ မည်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း​ထုတ်​ဖော် ကြေ​ညာ​လော့'' ဟူ​၍​လည်း​မှာ​ကြား​ခဲ့ လေ​သည်။
18 Tedym podniósł oczy swe i ujrzałem, a oto cztery rogi.
၁၈ငါ​သည်​အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု တွင်​နွား​ဦး​ချို​လေး​ခု​ကို​တွေ့​မြင်​ရ​၏။-
19 I rzekłem do Anioła, który mówił zemną: Cóż to jest? I rzekł do mnie: Teć są rogi, które rozrzuciły Judę i Izraela i Jeruzalem.
၁၉ငါ​သည်​မိ​မိ​နှင့်​စ​ကား​ပြော​ဆို​နေ​ခဲ့​သည့် ကောင်း​ကင်​တ​မန်​အား​ထို​ဦး​ချို​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​၍​ကြည့်​၏။ ထို​ကောင်း​ကင်​တ​မန်​က``ထို​ဦး​ချို​တို့​သည် ယု​ဒ​ပြည်​သား၊ ဣ​သ​ရေ​လ​ပြည်​သား​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား​ကွဲ​လွင့်​စေ​ခဲ့ သူ​ကမ္ဘာ​တန်​ခိုး​ရှင်​များ​ကို​သ​ရုပ်​ဆောင်​ပါ သည်'' ဟု​ဆို​၏။
20 Ukazał mi też Pan czterech kowali.
၂၀ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တူ များ​ကို​ကိုင်​ဆောင်​ထား​သည့်​အ​လုပ်​သ​မား လေး​ယောက်​ကို​ပြ​တော်​မူ​၏။-
21 I rzekłem: Cóż ci idą czynić? I odpowiedział, mówiąc: Teć są rogi, które rozrzuciły Judę, tak, iż żaden nie mógł podnieść głowy swojej; przetoż ci przyszli, aby je przestraszyli, i strącili rogi tych narodów, które podniosły róg przeciwko ziemi Judzkiej, aby ją rozrzuciły.
၂၁ငါ​က​လည်း``ဤ​သူ​တို့​သည်​အ​ဘယ်​မှု​ကို ပြု​ရန်​ရောက်​ရှိ​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး လျှောက်​လေ​လျှင်၊ ကိုယ်​တော်​က``သူ​တို့​သည်​ယု​ဒ​အ​မျိုး​သား တို့​အား​ကွဲ​လွင့်​စေ​၍​အ​ကုန်​အ​စင်​ဖျက်​ဆီး ချေ​မှုန်း​ခဲ့​သည့်​လူ​မျိုး​တို့​အား တုန်​လှုပ်​ချောက် ချား​စေ​၍​ဖြို​ခွင်း​နှိမ်​နင်း​ရန်​ရောက်​ရှိ​လာ ခြင်း​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

< Zachariasza 1 >