< Liczb 6 >

1 I rzekł Pan do Mojżesza, mówiąc:
ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ပါ ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။-
2 Powiedz synom Izraelskim, a mów do nich: Mąż albo niewiasta, gdy się odłączy, czyniąc ślub Nazarejstwa, aby byli odłączeni Panu,
ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ နာ​ဇ​ရိ​ဂိုဏ်း ဝင်​အ​ဖြစ်​ဖြင့်​အ​ထူး​အ​ဋ္ဌိ​ဋ္ဌာန်​ပြု​၍ မိ​မိ ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​လျှင်၊-
3 Od wina i mocnego napoju wstrzymywać się będzie; octu z wina, i octu z mocnego napoju pić nie będzie, i wszystkiego, co się z jagód wytłacza, nie będzie pił; także jagód winnych, świeżych ani suchych, jeść nie będzie.
ထို​သူ​သည်​သေ​ရည်​သေ​ရက်​ကို​ရှောင်​ကြဉ်​ရ မည်။ သူ​သည်​စ​ပျစ်​ရည်​ကို​မ​သောက်​ရ၊ စ​ပျစ် သီး​စိမ်း​သို့​မ​ဟုတ်​စ​ပျစ်​ခြောက်​ကို​မ​စား ရ။-
4 Po wszystkie dni Nazarejstwa swego ze wszystkiego, co wyrasta z macicy winnej, od ziarnka aż do łupiny, jeść nie będzie.
သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ်​ဖြင့်​ရှိ​နေ သ​မျှ​ကာ​လ​ပတ်​လုံး​စ​ပျစ်​သီး​စေ့၊ စ​ပျစ် သီး​ခွံ​မှ​စ​၍​စ​ပျစ်​ပင်​မှ​ရ​သ​မျှ​ကို​မ စား​ရ။
5 Po wszystkie dni ślubu Nazarejstwa swego brzytwa nie postoi na głowie jego, aż wynijdzie czas, do którego się poświęcił Panu; będzie świętym, a zapuści włos na głowie swojej.
သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ်​အ​ဋ္ဌိ​ဋ္ဌာန် ပြု​ထား​သည့်​ကာ​လ​အ​တွင်း မိ​မိ​၏​ဆံ​ပင် ကို​မ​ဖြတ်​ရ၊ မ​ရိတ်​ရ။ သူ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​အ​ဋ္ဌိ​ဋ္ဌာန် ကာ​လ​အ​တွင်း မိ​မိ​၏​ဆံ​ပင်​နှင့်​မုတ်​ဆိတ် မွေး​ကို​မ​ဖြတ်​မ​ရိတ်​ရ။-
6 Po wszystkie dni, których się odłączy Panu, do umarłego nie wnijdzie.
သူ​၏​ဆံ​ပင်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင် အား​ဆက်​ကပ်​သော​အ​မှတ်​လက္ခ​ဏာ​ဖြစ်​သည်။ ထို​ကြောင့်​သူ​သည်​မိ​မိ​ကိုယ်​ကို​မ​ညစ်​ညမ်း စေ​ရန်​လူ​သေ​အ​လောင်း​အ​နီး​သို့​မ​ချဉ်း ကပ်​ရ။ မိ​ဘ၊ ညီ​အစ်​ကို၊ နှ​မ​သေ​သော် လည်း​မ​ချဉ်း​ကပ်​ရ။-
7 Nad ojcem swym, i nad matką swą, nad bratem swym, i nad siostrą swą, nie splugawi się, gdyby zmarli; albowiem poświęcenie Boga swego ma na głowie swojej.
8 Po wszystkie dni Nazarejstwa swego świętym będzie Panu.
သူ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​ဖြစ်​သည့်​ကာ​လ ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ထား သူ​ဖြစ်​သည်။
9 I gdyby kto umarł przy nim z prędka a nagle, i splugawiłby głowę poświęcenia jego, ogoli głowę swoję w dzień oczyszczenia swego; dnia siódmego ogoli ją.
နာ​ဇ​ရိ​ဂိုဏ်း​ဝင်​တစ်​ယောက်​၏​အ​နီး​တွင် တစ် စုံ​တစ်​ယောက်​ရုတ်​တ​ရက်​သေ​ဆုံး​ခဲ့​သည်​ရှိ သော် သူ​၏​ဆက်​ကပ်​ထား​သော​ဆံ​ပင်​သည် ညစ် ညမ်း​သွား​လိမ့်​မည်။ ယင်း​သို့​ဖြစ်​လျှင်​သူ​သည် ခု​နစ်​ရက်​စောင့်​ဆိုင်း​၍ ဆံ​ပင်​နှင့်​မုတ်​ဆိတ်​မွေး ကို​ရိတ်​ရ​မည်။ ထို​အ​ခါ​သူ​သည် ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-
10 A dnia ósmego przyniesie dwie synogarlice, albo dwoje gołąbiąt do kapłana ku drzwiom namiotu zgromadzenia;
၁၀အ​ဋ္ဌ​မ​နေ့​တွင်​သူ​သည်​ချိုး​နှစ်​ကောင်​သို့ မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော် မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​ရှိ​ယဇ်​ပု​ရော​ဟိတ် ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
11 I będzie kapłan ofiarował jedno za grzech, a drugie na ofiarę całopalenia, i oczyści go od tego, czem zgrzeszył nad umarłym, a poświęci głowę jego dnia onego.
၁၁သူ​သည်​လူ​သေ​ကောင်​နှင့်​တွေ့​ထိ​၍​ညစ်​ညမ်း သွား​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ပြု​ရန် ငှက်​တစ်​ကောင်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​လည်း​ကောင်း၊ ကျန်​ငှက်​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​တွက် လည်း​ကောင်း​ပူ​ဇော်​ရ​မည်။ ထို​နေ့​တွင်​သူ​၏ ဆံ​ပင်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပြန်​လည် ဆက်​ကပ်​ရ​မည်။-
12 Potem odłączy Panu dni Nazarejstwa swego, ofiarując baranka rocznego za występek; a dni one pierwsze daremne będą, gdyż splugawione było Nazarejstwo jego.
၁၂နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ် မိ​မိ​ကိုယ်​ကို​အ​သစ် တစ်​ဖန်​ဆက်​ကပ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သော​ဆံ​ပင်​သည်​ညစ်​ညမ်း​သွား သော​ကြောင့် ယ​ခင်​အ​ဋ္ဌိ​ဋ္ဌာန်​ကာ​လ​သည်​ပျက် ပြယ်​ပြီ​ဖြစ်​၏။ သူ​သည်​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ် ပူ​ဇော်​ရန် တစ်​နှစ်​သား​သိုး​က​လေး​ကို​ယူ ခဲ့​ရ​မည်။
13 A toć jest prawo Nazarejczyka: Gdy się wypełnią dni Nazarejstwa jego, przyjdzie do drzwi namiotu zgromadzenia,
၁၃နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည်​အ​ဋ္ဌိ​ဋ္ဌာန်​ကာ​လ​ကုန် ဆုံး​သော​အ​ခါ ပြု​ရ​မည့်​ဝတ်​ကား​ဤ​သို့ တည်း။ သူ​သည်​မီး​ရှို့​ရာ​ယဇ်​အ​တွက် အ​ပြစ် အ​နာ​ကင်း​သော​တစ်​နှစ်​သား​သိုး​ထီး​က လေး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် အ​ပြစ်​အ​နာ​ကင်း​သော​သိုး​အ​မ​တစ်​ကောင်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​အ​ပြစ်​အ​နာ ကင်း​သော​သိုး​ထီး​တစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ရန် တဲ​တော်​တံ​ခါး​ဝ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
14 I ofiarować będzie ofiarę swą Panu, baranka rocznego, zupełnego jednego na ofiarę całopalenia, i owcę jednę roczną i zdrową na ofiarę za grzech, i barana jednego zupełnego na ofiarę spokojną;
၁၄
15 Przytem kosz chlebów przaśnych, z mąki pszennej, placki zagniatane z oliwą, i kreple przaśne oliwą namazane, z ofiarą ich śniedną, i z ofiarą ich mokrą.
၁၅သံ​လွင်​ဆီ​နှင့်​မုန့်​ညက်​ရော​၍​ပြု​လုပ်​သော တ​ဆေး​မဲ့​မုန့်​လုံး​များ​နှင့် သံ​လွင်​ဆီ​သုတ် သော​တ​ဆေး​မဲ့​မုန့်​ပြား​များ​ပါ​ရှိ​သည့် မုန့်​တောင်း​ကို​လည်း​ဆက်​သ​ရ​မည်။ ထို့ အ​ပြင်​ဘော​ဇဉ်​သကာ​နှင့် စ​ပျစ်​ရည် သကာ​တို့​ကို​လည်း​ဆက်​သ​ရ​မည်။
16 I będzie ofiarował kapłan przed Panem, i uczyni ofiarę za grzech jego, i całopalenie jego.
၁၆ယဇ်​ပု​ရော​ဟိတ်​သည် ထို​ပူ​ဇော်​သကာ​အား​လုံး ကို​ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​သ​၍ အ​ပြစ်​ဖြေ ရာ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို​ပူ​ဇော်​ရ​မည်။-
17 Barana także ofiarować będzie na spokojną ofiarę Panu z koszem chlebów przaśnych; także ofiarować będzie kapłan ofiarę jego śniedną i ofiarę jego mokrą.
၁၇သူ​သည်​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​သိုး​ထီး ကို​ပူ​ဇော်​သော​အ​ခါ မုန့်​တောင်း​ကို​လည်း ဆက်​သ​ရ​မည်။ တစ်​ချိန်​တည်း​တွင်​ဘော​ဇဉ် သ​ကာ​နှင့် စ​ပျစ်​ရည်​သ​ကာ​တို့​ကို​လည်း ဆက်​သ​ရ​မည်။-
18 I ogoli Nazarejczyk przede drzwiami namiotu zgromadzenia głowę Nazarejstwa swego, a wziąwszy włosy z głowy Nazarejstwa swego, włoży je na ogień, który jest pod ofiarą spokojną.
၁၈နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည်​တဲ​တော်​တံ​ခါး​ဝ တွင် မိ​မိ​၏​ဆံ​ပင်​ကို​ရိတ်​၍ မိတ်​သ​ဟာ​ယ ယဇ်​မီး​ရှို့​ရာ​မီး​ထဲ​တွင်​ထည့်​ရ​မည်။
19 Przytem weźmie kapłan łopatkę warzoną baranią, i jeden placek przaśny z kosza, i jeden krepel niekwaszony, a da w ręce Nazarejczykowe po ogoleniu Nazarejstwa jego;
၁၉ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ပြုတ်​ပြီး သော​သိုး​ပ​ခုံး​သား​နှင့်​တ​ကွ မုန့်​တောင်း​ထဲ မှ​မုန့်​တစ်​လုံး၊ မုန့်​ပြား​တစ်​ပြား​ကို နာ​ဇ​ရိ ဂိုဏ်း​ဝင်​၏​လက်​ထဲ​သို့​ထည့်​ရ​မည်။-
20 I będzie to tam i sam obracał kapłan na ofiarę obracania przed Panem; a rzecz ta poświęcona dostanie się kapłanowi, tak piersi obracania, jako i łopatka podnoszenia; a potem będzie mógł Nazarejczyk pić wino.
၂၀ယဇ်​ပု​ရော​ဟိတ်​သည် ထို​ပူ​ဇော်​သကာ​များ ကို​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဖွယ် အ​ဖြစ်​ဆက်​သ​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​များ အ​ပြင်​ပ​ညတ်​တော်​အ​ရ ယဇ်​ပု​ရော​ဟိတ် ပိုင်​သော​သိုး​၏​ရင်​ပုံ​သား​နှင့်​ပေါင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​တွက်​လှူ​ဖွယ်​ပစ္စည်း​များ ဖြစ်​သည်။ သို့​ပြီး​မှ​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​သည် စ​ပျစ်​ရည်​ကို​သောက်​နိုင်​သည်။
21 Toć jest prawo Nazarejczyka, któryby ślub uczynił, i ta ofiara jego Panu za Nazarejstwo jego, okrom tego, coby więcej uczynić mógł; według ślubu swego, który uczynił, tak uczyni według prawa Nazarejstwa swego.
၂၁ဤ​ပ​ညတ်​များ​သည်​နာ​ဇ​ရိ​ဂိုဏ်း​ဝင်​တို့ အ​တွက် ပြ​ဋ္ဌာန်း​ထား​သည့်​ပ​ညတ်​များ​ဖြစ် သည်။ သို့​ရာ​တွင်​လူ​တစ်​ဦး​သည်​နာ​ဇ​ရိ ဂိုဏ်း​ဝင်​ဖြစ်​ရန်​အ​တွက် အ​ဋ္ဌိ​ဋ္ဌာန်​ပြု​ရန်​လို အပ်​သည်​ထက်​ပို​၍​ပြု​ခဲ့​သော် ထို​အ​ဋ္ဌိ​ဋ္ဌာန် အ​တိုင်း​ဆောင်​ရွက်​စေ​ရ​မည်။
22 Potem rzekł Pan do Mojżesza, mówiąc:
၂၂အာ​ရုန်​နှင့်​သူ​၏​သား​တို့​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အောက်​ပါ​အ​တိုင်း ကောင်း​ချီး​မင်္ဂ လာ​ပေး​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ မှ​တစ်​ဆင့်​မိန့်​မှာ​တော်​မူ​၏။
23 Mów do Aarona i do synów jego, a rzecz: Tak błogosławić będziecie synom Izraelskim, mówiąc do nich:
၂၃
24 Niech ci błogosławi Pan, a niechaj cię strzeże;
၂၄ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​၍၊ စောင့်​ထိန်း​တော်​မူ​ပါ​စေ​သော။
25 Niech rozjaśni Pan oblicze swoje nad tobą, a niech ci miłościw będzie;
၂၅ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​က​ရု​ဏာ ထား​၍၊ ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။
26 Niech obróci Pan twarz swoję ku tobie, a niechaj ci da pokój.
၂၆ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကြင်​နာ စွာ​မျှော်​ကြည့်​၍ ချမ်း​မြေ့​သာ​ယာ​မှု​ပေး​တော်​မူ​ပါ​စေ​သော။
27 I będą wzywać imienia mego nad synami Izraelskimi, a Ja im błogosławić będę.
၂၇ထာ​ဝ​ရ​ဘု​ရား​က``ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကောင်း​ချီး ပေး​ရန် ငါ​၏​နာ​မ​တော်​ကို​မြွက်​ဆို​လျှင် ငါ သည်​သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။

< Liczb 6 >